စာချုပ်တစ်စောင်ချုပ်ဆိုမည်ဆိုလျှင် အသိသက်သေများလက်မှတ်မစုံလျှင် တရား၀င်ပါသလား။

စာချုပ်တစ်စောင်ချုပ်ဆိုမည်ဆိုလျှင် အသိသက်သေများလက်မှတ်မစုံလျှင် တရား၀င်ပါသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
6 Nov 2020 12:43 pm တွင် တင်ခဲ့သည်
4311 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အရောင်းအ၀ယ်စာချုပ်၊ အငှားစာချုပ်များ၊ အမွေစာချုပ်များ၊ မွေးစားစာချုပ်များနှင့် သေတမ်းစာများတွင် အသိသက်သေများပါ လက်မှတ်ရေးထိုးရန်နှင့် လက်ဗွေနှိပ်ရန် လိုအပ်ကြောင်း သက်သေခံဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနှင့် ပဋိညာဉ်ဥပဒေတို့တွင် ပြဌာန်းထားသည်။

ဥပဒေအရ အသိသက်သေ လက်မှတ်ထိုးရန် လိုအပ်သည့် စာတမ်းအမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က ချုပ်ဆိုခဲ့ကြောင်း ၀န်ခံလျှင် ယင်းစာတမ်း အမှတ်အသားချုပ်ဆိုခြင်းနှင့် ပက်သက်၍ ထင်ရှားအောင် သက်သေခံတင်ပြရန် မလိုတော့ပေ။ ၀န်ခံချက်သည် လုံလောက်သော သက်သေခံချက်ဖြစ်သည်။

စာချုပ်ချုပ်ဆိုခြင်းနှင့် စာချုပ်တွင်သက်သေလက်မှတ်ထိုးခြင်းတို့မှာ မတူညီသဖြင့် ဥပဒေအရ အသိသက်သေလက်မှတ်ထိုးရန်လိုအပ်သည့် စာတမ်းအမှတ်အသားကို ဥပဒေပြဌာန်းချက်နှင့် အညီ အသိသက်သေ လက်မှတ်ရေးထိုးထားခြင်း မရှိပါက ၎င်းစာတမ်းအမှတ်အသားကို ချုပ်ဆိုကြောင်း ၀န်ခံသည့်တိုင်အောင် တရား၀င်စာချုပ်စာတမ်းမဖြစ်ပါ။

ဥပဒေနှင့်အညီ အသိသက်သေ လက်မှတ်ရေးထိုးထား ပြီး စာချုပ်စာတမ်းကိုချုပ်ဆိုသူက ချုပ်ဆိုကြောင်း ၀န်ခံလျှင် သက်သေခံဥပဒေပုဒ်မ (၇၀)အရ စာချုပ်ချုပ်ဆိုခြင်းမှန်ကန်ကြောင်း လုံလောက်သည့်သက်သေခံချက်ဖြစ်သည်။

အကယ်၍ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၀န်ခံစေကာမူ အသိသက်သေလက်မှတ်ရေးထိုးထားခြင်းမရှိ၍ တရားမ၀င်ပါဟု ထုချေလာခဲ့ပါက စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၀န်ခံသည်ဆိုရုံဖြင့် တရား၀င်စာချုပ်စာတမ်း ဖြစ်မလာနိုင်ပါ။

မရွှေ့ပြောင်းနိုင်သော ပစ္စည်း အရောင်းအ၀ယ်စာချုပ်စာတမ်းဖြစ်လျှင် စာချုပ်ချုပ်ဆိုပြီး ၄လအတွင်း မှတ်ပုံတင်ရမည်။ ထိုစာချုပ်တွင် ၂ဦးထက်ပိုသူများက လက်မှတ်ရေးထိုးရမည်ဟု စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေ ပုဒ်မ ၂၁နှင့် ၂၂တွင် ပြဌာန်းထားသည်။

အနှစ်ချုပ်အားဖြင့်

၁။ စာချုပ်တွင် လက်မှတ်ရေးထိုးထားသော သက်သေများခေါ်ယူ စစ်ဆေးခြင်းမပြုနိုင်လျှင် ထိုစာချုပ်မှာ သက်သေခံမ၀င်ပါ။ (သက်သေခံဥပဒေပုဒ်မ ၆၈)

၂။ စာချုပ်တွင် အသိသက်သေများ၏ လက်မှတ်မပြည့်စုံက ထိုစာချုပ်ကို တရား၀င်စာချုပ်စာတမ်းဟု မသတ်မှတ်ပါ။ (သက်သေခံဥပဒေပုဒ်မ ၇၀)

၃။ ဥပဒေအရ ဆောင်ရွက်စေရမည့် ကိစ္စတွင် လက်မှတ်မစုံခြင်း ပေါ့လျော့ခြင်းကြောင့် တရားစွဲဆိုမရနိုင်သည့် စာချုပ်က တန်ဖိုးမည်မျှပါရှိချုပ်ဆိုထားပါစေ။ တန်ဖိုးမရှိပါ။ (ပဋိညာဉ် ဥပဒေပုဒ်မ ၂(ဆ)၊ (ည))

၄။ လက်မှတ်ထိုးတာအပြင် လက်ဗွေပါ နှိပ်ရန်။ (သက်သေခံဥပဒေပုဒ်မ ၇၃) တို့အရ စာချုပ်တစ်စောင်ချုပ်ဆိုမည်ဆိုပါက အရေးကြီးသည့်အချက်များထဲတွင် အသိသက်သေပါစုံလင်စွာ လက်မှတ်ရေးထိုးမှသာ တရား၀င်စာချုပ်စာတမ်းဖြစ်ကြောင်း သတိပြုဆောင်ရွက်စေလိုပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုမည္ဆိုလွ်င္ အသိသက္ေသမ်ားလက္မွတ္မစုံလွ်င္ တရား၀င္ပါသလား။

အေရာင္းအ၀ယ္စာခ်ဳပ္၊ အငွားစာခ်ဳပ္မ်ား၊ အေမြစာခ်ဳပ္မ်ား၊ ေမြးစားစာခ်ဳပ္မ်ားႏွင့္ ေသတမ္းစာမ်ားတြင္ အသိသက္ေသမ်ားပါ လက္မွတ္ေရးထိုးရန္ႏွင့္ လက္ေဗြႏွိပ္ရန္ လိုအပ္ေၾကာင္း သက္ေသခံဥပေဒ၊ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒႏွင့္ ပဋိညာဥ္ဥပေဒတို႔တြင္ ျပဌာန္းထားသည္။

ဥပေဒအရ အသိသက္ေသ လက္မွတ္ထိုးရန္ လိုအပ္သည့္ စာတမ္းအမွတ္အသားကို ခ်ဳပ္ဆိုသူကိုယ္တိုင္က ခ်ဳပ္ဆိုခဲ့ေၾကာင္း ၀န္ခံလွ်င္ ယင္းစာတမ္း အမွတ္အသားခ်ဳပ္ဆိုျခင္းႏွင့္ ပက္သက္၍ ထင္႐ွားေအာင္ သက္ေသခံတင္ျပရန္ မလိုေတာ့ေပ။ ၀န္ခံခ်က္သည္ လုံေလာက္ေသာ သက္ေသခံခ်က္ျဖစ္သည္။

စာခ်ဳပ္ခ်ဳပ္ဆိုျခင္းႏွင့္ စာခ်ဳပ္တြင္သက္ေသလက္မွတ္ထိုးျခင္းတို႔မွာ မတူညီသျဖင့္ ဥပေဒအရ အသိသက္ေသလက္မွတ္ထိုးရန္လိုအပ္သည့္ စာတမ္းအမွတ္အသားကို ဥပေဒျပဌာန္းခ်က္ႏွင့္ အညီ အသိသက္ေသ လက္မွတ္ေရးထိုးထားျခင္း မ႐ွိပါက ၎စာတမ္းအမွတ္အသားကို ခ်ဳပ္ဆိုေၾကာင္း ၀န္ခံသည့္တိုင္ေအာင္ တရား၀င္စာခ်ဳပ္စာတမ္းမျဖစ္ပါ။

ဥပေဒႏွင့္အညီ အသိသက္ေသ လက္မွတ္ေရးထိုးထား ၿပီး စာခ်ဳပ္စာတမ္းကိုခ်ဳပ္ဆိုသူက ခ်ဳပ္ဆိုေၾကာင္း ၀န္ခံလွ်င္ သက္ေသခံဥပေဒပုဒ္မ (၇၀)အရ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမွန္ကန္ေၾကာင္း လုံေလာက္သည့္သက္ေသခံခ်က္ျဖစ္သည္။

အကယ္၍ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ၀န္ခံေစကာမူ အသိသက္ေသလက္မွတ္ေရးထိုးထားျခင္းမ႐ွိ၍ တရားမ၀င္ပါဟု ထုေခ်လာခဲ့ပါက စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ၀န္ခံသည္ဆို႐ုံျဖင့္ တရား၀င္စာခ်ဳပ္စာတမ္း ျဖစ္မလာႏိုင္ပါ။

မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္း အေရာင္းအ၀ယ္စာခ်ဳပ္စာတမ္းျဖစ္လွ်င္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ၄လအတြင္း မွတ္ပုံတင္ရမည္။ ထိုစာခ်ဳပ္တြင္ ၂ဦးထက္ပိုသူမ်ားက လက္မွတ္ေရးထိုးရမည္ဟု စာခ်ဳပ္စာတမ္းမွတ္ပုံတင္ ဥပေဒ ပုဒ္မ ၂၁ႏွင့္ ၂၂တြင္ ျပဌာန္းထားသည္။

အႏွစ္ခ်ဳပ္အားျဖင့္

၁။ စာခ်ဳပ္တြင္ လက္မွတ္ေရးထိုးထားေသာ သက္ေသမ်ားေခၚယူ စစ္ေဆးျခင္းမျပဳႏိုင္လွ်င္ ထိုစာခ်ဳပ္မွာ သက္ေသခံမ၀င္ပါ။ (သက္ေသခံဥပေဒပုဒ္မ ၆၈)

၂။ စာခ်ဳပ္တြင္ အသိသက္ေသမ်ား၏ လက္မွတ္မျပည့္စုံက ထိုစာခ်ဳပ္ကို တရား၀င္စာခ်ဳပ္စာတမ္းဟု မသတ္မွတ္ပါ။ (သက္ေသခံဥပေဒပုဒ္မ ၇၀)

၃။ ဥပေဒအရ ေဆာင္႐ြက္ေစရမည့္ ကိစၥတြင္ လက္မွတ္မစုံျခင္း ေပါ့ေလ်ာ့ျခင္းေၾကာင့္ တရားစြဲဆိုမရႏိုင္သည့္ စာခ်ဳပ္က တန္ဖိုးမည္မွ်ပါ႐ွိခ်ဳပ္ဆိုထားပါေစ။ တန္ဖိုးမ႐ွိပါ။ (ပဋိညာဥ္ ဥပေဒပုဒ္မ ၂(ဆ)၊ (ည))

၄။ လက္မွတ္ထိုးတာအျပင္ လက္ေဗြပါ ႏွိပ္ရန္။ (သက္ေသခံဥပေဒပုဒ္မ ၇၃) တို႔အရ စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုမည္ဆိုပါက အေရးႀကီးသည့္အခ်က္မ်ားထဲတြင္ အသိသက္ေသပါစုံလင္စြာ လက္မွတ္ေရးထိုးမွသာ တရား၀င္စာခ်ဳပ္စာတမ္းျဖစ္ေၾကာင္း သတိျပဳေဆာင္႐ြက္ေစလိုပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service