ပုံစံ (၁၀၅)ကျပြီးသော ရွာမြေကိုတိုးချဲ့ခြင်း

ပုံစံ (၁၀၅)ကျပြီးသော ရွာမြေကိုတိုးချဲ့ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
6 Nov 2020 1:02 pm တွင် တင်ခဲ့သည်
2020 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

စာရေးသူသည် ပုံစံ(၁၀၅)ဆိုသည်မှာ ဟူသော ခေါင်းစဉ်ဖြင့် (၂၀၁၅)ခုနှစ်ထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပုံစံ(၁၀၅)ရရုံနှင့်ကျရုံဖြင့် မြို့/ရွာမြေတိုးချဲ့ခြင်း၊ အိမ်ယာဆောက်လုပ် နေထိုင်ခြင်း၊ အကွက်ရိုက်၍ ရောင်းချခြင်းလုံး၀ပြုလုပ်၍ မရပေ။ ပုံစံ(၁၀၅)ဆိုသည်မှာ- လယ်ယာမြေပေါ်တွင် ဆောင်ရွက်မည့်ကိစ္စရပ်အတွက် အမှုတွဲ(သို့) လုပ်ငန်းစာတွဲတည်ဆောက်ရန် (မြေပုံရေးကူးခွင့် လျှောက်ထားပြီးမှ) ပူးတွဲတင်ပြရသော သက်သေခံမြေပုံသာဖြစ်သဖြင့် ခွင့်ပြုမိန့်မဟုတ်ပါ။ မသိနားမလည်သော သူများက ပုံစံ(၁၀၅)ပြလျှင် ပိုင်ဆိုင်မှုအထောက်အထားတစ်ရပ်ဟု ယခုထိ ထင်မြင်ယူဆ နေကြသည်။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိရန်အတွက်ဆိုလျှင် အရေးကြီးဆုံးအချက်မှာ အမှုတွဲ(သို့)လုပ်ငန်းစာတွဲတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) မုချပါရှိရမည်ဖြစ်သည်။ ၎င်းလက်မှတ်သည် လျှောက်ထားသည့်ကိစ္စရပ်တိုင်းတွင် အရေးပါသည်။

ပုံစံ(၇)ရပြီး၍ ရွာမြေကို တိုးချဲ့ခြင်း(သို့) အခြားနည်းအသုံးပြုခြင်း

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ဟူသည် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ပြုမိန့် မဟုတ်သဖြင့် ပုံစံ(၇)ရပြီးပြီဆိုရုံမျှနှင့် ရွာမြေတိုးချဲ့၍မရပေ။ လယ်ယာမြေကို အခြားနည်းအသုံးပြုလိုက (ဥပမာ- ရွာမြေတိုးချဲ့လိုပါက) လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်လွှာ (ပုံစံ-၁၄)အား ဖြည့်စွက်ရေးသား၍ သက်သေခံမြေပုံ(မြေစာရင်းပုံစံ-၁၀၅)နှင့်ပတ်ဝန်းကျင်ပြမြေပုံ၊ ပုံစံ(၇)၊ အခြားလိုအပ်သည့် အထောက်အထားများနှင့်အတူ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူးရုံးသို့ လျှောက်ထားရမည်။ ထိုအခါ၎င်းရုံးမှ လယ်မြေဆိုလျှင် ပုဒ်မ၃၀-က၊ လယ်မြေမှတစ်ပါး အခြားလယ်ယာမြေဆိုလျှင် ပုဒ်မ-၃၀(ခ)အမှုတွဲဖွင့်လှစ် ဆောင်ရွက်ပြီးနောက် အထက်အဆင့်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အဆင့်ဆင့်ပေးပို့တင်ပြကြရသည်။ အမှုတွဲပြည့်စုံမှန်ကန်ပြီး အောက်ခြေလယ်ယာစီမံခန့်ခွဲမှုအဖွဲ့မှ အဆင့်ဆင့်ထောက်ခံတင်ပြလာပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေအားအခြားနည်း အသုံးပြုရန်ခွင့်ပြုမိန့်(ပုံစံ-၁၅)ထုတ်ပေးမည် ဖြစ်၍ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး အခြားလယ်ယာမြေအား အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုမိန့်၊ ပုံစံ (၁၅-က)ထုတ်ပေးမည်ဖြစ်ပါသည်။

ပုံစံ- ၁၅ (သို့) ပုံစံ-၁၅(က) လက်ဝယ်ပိုင်ဆိုင်ရရှိတော့မှ ရွာမြေတိုးချဲ့ခြင်း ပြုလုပ်နိုင်ပေမည်။ သို့ဖြစ်၍ ထန်းတပင်အနောက်ပိုင်းတက္ကသိုလ်အနီး၊ ရွှေပြည်သာ၊ လှည်းကူး၊မှော်ဘီ၊စသည့် မြို့နယ်ရှိ ရပ်ကွက်များတွင် (၂၀×၆၀)ပေ၊ (၄၀×၆၀)ပေ မြေကွက်များအား ဈေးပေါသည်ဟုထင်မြင်ပြီး လိုက်လံဝယ်ယူသူများအနေနှင့် မြေကွက်ရိုက်၍ ရောင်းချသူ(သို့) လယ်မြေပိုင်ရှင်၏ လက်ဝယ်တွင် လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်၊ ပုံစံ- ၁၅ (သို့) ပုံစံ-၁၅(က) လက်မှတ်ကိုင်ဆောင်ပြသနိုင်မှသာ ဝယ်ယူသင့်ပါကြောင်း လယ်ယာမြေဥပဒေစာစုများမှ ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုံစံ (၁၀၅)က်ၿပီးေသာ ရြာေျမကိုတိုးခ်ဲ႕ျခင္း

စာေရးသူသည္ ပုံစံ(၁၀၅)ဆိုသည္မွာ ဟူေသာ ေခါင္းစဥ္ျဖင့္ (၂၀၁၅)ခုႏွစ္ထုတ္ ဂ်ာနယ္တစ္ေစာင္တြင္ ေရးသားေဖာ္ျပခဲ့ၿပီးျဖစ္ပါသည္။ ပုံစံ(၁၀၅)ရ႐ုံႏွင့္က်႐ုံျဖင့္ ၿမိဳ႕/႐ြာေျမတိုးခ်ဲ႕ျခင္း၊ အိမ္ယာေဆာက္လုပ္ ေနထိုင္ျခင္း၊ အကြက္႐ိုက္၍ ေရာင္းခ်ျခင္းလုံး၀ျပဳလုပ္၍ မရေပ။ ပုံစံ(၁၀၅)ဆိုသည္မွာ- လယ္ယာေျမေပၚတြင္ ေဆာင္႐ြက္မည့္ကိစၥရပ္အတြက္ အမႈတြဲ(သို႔) လုပ္ငန္းစာတြဲတည္ေဆာက္ရန္ (ေျမပုံေရးကူးခြင့္ ေလွ်ာက္ထားၿပီးမွ) ပူးတြဲတင္ျပရေသာ သက္ေသခံေျမပုံသာျဖစ္သျဖင့္ ခြင့္ျပဳမိန႔္မဟုတ္ပါ။ မသိနားမလည္ေသာ သူမ်ားက ပုံစံ(၁၀၅)ျပလွ်င္ ပိုင္ဆိုင္မႈအေထာက္အထားတစ္ရပ္ဟု ယခုထိ ထင္ျမင္ယူဆ ေနၾကသည္။ လယ္ယာေျမကို အျခားနည္းအသုံးျပဳခြင့္ ရရွိရန္အတြက္ဆိုလွ်င္ အေရးႀကီးဆုံးအခ်က္မွာ အမႈတြဲ(သို႔)လုပ္ငန္းစာတြဲတြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပုံစံ(၇) မုခ်ပါရွိရမည္ျဖစ္သည္။ ၎လက္မွတ္သည္ ေလွ်ာက္ထားသည့္ကိစၥရပ္တိုင္းတြင္ အေရးပါသည္။

ပုံစံ(၇)ရၿပီး၍ ႐ြာေျမကို တိုးခ်ဲ႕ျခင္း(သို႔) အျခားနည္းအသုံးျပဳျခင္း

လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပုံစံ(၇)ဟူသည္ လယ္ယာေျမကို အျခားနည္းအသုံးျပဳခြင့္ျပဳမိန႔္ မဟုတ္သျဖင့္ ပုံစံ(၇)ရၿပီးၿပီဆို႐ုံမွ်ႏွင့္ ႐ြာေျမတိုးခ်ဲ႕၍မရေပ။ လယ္ယာေျမကို အျခားနည္းအသုံးျပဳလိုက (ဥပမာ- ႐ြာေျမတိုးခ်ဲ႕လိုပါက) လယ္ယာေျမကို အျခားနည္းျဖင့္ အသုံးျပဳခြင့္ေလွ်ာက္လႊာ (ပုံစံ-၁၄)အား ျဖည့္စြက္ေရးသား၍ သက္ေသခံေျမပုံ(ေျမစာရင္းပုံစံ-၁၀၅)ႏွင့္ပတ္၀န္းက်င္ျပေျမပုံ၊ ပုံစံ(၇)၊ အျခားလိုအပ္သည့္ အေထာက္အထားမ်ားႏွင့္အတူ သက္ဆိုင္ရာၿမိဳ႕နယ္ဦးစီးဌာနမႉး႐ုံးသို႔ ေလွ်ာက္ထားရမည္။ ထိုအခါ၎႐ုံးမွ လယ္ေျမဆိုလွ်င္ ပုဒ္မ၃၀-က၊ လယ္ေျမမွတစ္ပါး အျခားလယ္ယာေျမဆိုလွ်င္ ပုဒ္မ-၃၀(ခ)အမႈတြဲဖြင့္လွစ္ ေဆာင္႐ြက္ၿပီးေနာက္ အထက္အဆင့္လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕သို႔ အဆင့္ဆင့္ေပးပို႔တင္ျပၾကရသည္။ အမႈတြဲျပည့္စုံမွန္ကန္ၿပီး ေအာက္ေျခလယ္ယာစီမံခန႔္ခြဲမႈအဖြဲ႕မွ အဆင့္ဆင့္ေထာက္ခံတင္ျပလာပါက ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕သည္ လယ္ေျမအားအျခားနည္း အသုံးျပဳရန္ခြင့္ျပဳမိန္႔(ပုံစံ-၁၅)ထုတ္ေပးမည္ ျဖစ္၍ တိုင္းေဒသႀကီး (သို႔) ျပည္နယ္အစိုးရအဖြဲ႕သည္ လယ္ေျမမွတစ္ပါး အျခားလယ္ယာေျမအား အျခားနည္းျဖင့္အသုံံးျပဳရန္ ခြင့္ျပဳမိန္႔၊ ပုံစံ (၁၅-က)ထုတ္ေပးမည္ျဖစ္ပါသည္။

ပုံစံ- ၁၅ (သို႔) ပုံစံ-၁၅(က) လက္၀ယ္ပိုင္ဆိုင္ရရွိေတာ့မွ ရြာေျမတိုးခ်ဲ႕ျခင္း ျပဳလုပ္ႏိုင္ေပမည္။ သို႔ျဖစ္၍ ထန္းတပင္အေနာက္ပိုင္းတကၠသိုလ္အနီး၊ ေရႊျပည္သာ၊ လွည္းကူး၊ေမွာ္ဘီ၊စသည့္ ၿမိဳ႕နယ္ရွိ ရပ္ကြက္မ်ားတြင္ (၂၀×၆၀)ေပ၊ (၄၀×၆၀)ေပ ေျမကြက္မ်ားအား ေစ်းေပါသည္ဟုထင္ျမင္ၿပီး လိုက္လံ၀ယ္ယူသူမ်ားအေနႏွင့္ ေျမကြက္႐ိုက္၍ ေရာင္းခ်သူ(သို႔) လယ္ေျမပိုင္ရွင္၏ လက္၀ယ္တြင္ လယ္ယာေျမအား အျခားနည္းျဖင့္ အသုံံးျပဳရန္ ခြင့္ျပဳမိန္႔၊ ပုံစံ- ၁၅ (သို႔) ပုံစံ-၁၅(က) လက္မွတ္ကိုင္ေဆာင္ျပသႏိုင္မွသာ ၀ယ္ယူသင့္ပါေၾကာင္း လယ္ယာေျမဥပေဒစာစုမ်ားမွ ေကာက္ႏုတ္ေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service