အိမ်မှာဖုန်ထူနေတိုင်း မကောင်းဘူးလို့ မဆိုသာပါဘူး

အိမ်မှာဖုန်ထူနေတိုင်း မကောင်းဘူးလို့ မဆိုသာပါဘူး - Property Knowledge in Myanmar from iMyanmarHouse.com
6 Nov 2020 12:50 pm တွင် တင်ခဲ့သည်
660 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

နေအိမ်ကို သပ်သပ်ရပ်ရပ်လေးထားရတာက စိတ်ကျေနပ်မှုရစေတဲ့ အချက်တစ်ခုပါ။ အပြင်ကပြန်လာလို့ အိမ်ကလေး ရှင်းပြီး သပ်ရပ်နေရင် စိတ်ထဲမှာ ကြည်လင်နေတယ်နော်။ ဖုန်လေးတွေကင်းပြီး သပ်ရပ်နေတဲ့ အိမ်လေးကစိတ်ကျေနပ်မှုအပြည့်အဝရစေတာမှန်ပေမယ့် တစ်ခါတလေ ဖုန်ထူနေတာကလည်း ကျန်းမာရေးအတွက်ကောင်းပါတယ်နော်။

ဖုန်ထူနေတာကကောင်းတယ်လို့ပြောရတဲ့ အကြောင်းအရင်း

လေ့လာမှုအသစ်တစ်ရပ်အရ သိရှိရတာက အိမ်မှာထူနေတဲ့ဖုန်တွေမှာရှိနေတဲ့ ဘက်တီးရီးယားလေးတွေက ပတ်ဝန်းကျင်လေထုထဲမှာရှိနေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဖုန်တွေက အန္တရာယ်ရှိစေနိုင်တယ်ဆိုပေမယ့် ကင်ဆာဖြစ်စေတဲ့ အရာတေါကိုတော့ တိုက်ဖျက်နိုင်စွမ်းရှိနေပါတယ်။

နေထိုင်ရာ အိမ်ထဲကနေရာအနှံ့အပြားမှာ မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးတွေအများကြီးရှိနေပါတယ်။ရောဂါပိုးတိုင်း ကအန္တရာယ်ရှိတယ်လို့ မဆိုသာပေမယ့် အချို့သောရောဂါပိုးတွေကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ သွားပွတ်တံထည့်တဲ့ခွက်တွေ၊ ပန်းကန်ဆေးတဲ့ရေမြှုပ် ကနေစလို့ အိမ်သုံးပစ္စည်းတော်တော်များများမှာ မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားလေးတွေ အများအပြားရှိနေတတ်ပါတယ်။ ဒီလိုရောဂါပိုးတွေထဲကမှာ အိမ်ထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေထဲမှာ ရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့Staphylococcusနဲ့Streptococcus တို့လိုဘက်တီးရီးယားတွေက ကိုယ်ခံအားနည်းနေသူတွေအတွက် ရန်သူဖြစ်နေပေမယ့် ကိုယ်ခံအားသာကောင်းနေမယ်ဆိုရင် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ မိတ်ဆွေလေးတွေဖြစ်စေမှာ အသေအချာပါ။ သူတို့က ပတ်ဝန်းကျင်မှာရှိနေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်စွမ်းအပြည့်အဝရှိနေပါတယ်။

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုအရကတော့ ဖုန်မှုန့်တွေထဲမှာပါတဲ့Staphylococcusနဲ့Streptococcus တို့လိုဘက်တီးရီးယားတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ phthalatesတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ဖုန်မှုန့်တွေထဲက ဘက်တီးရီးယားတွေကနေ့စဉ်ထိတွေ့နေတဲ့ ပလပ်စတစ်တွေ၊ ဗီနိုင်း၊ ပလပ်စတစ်အရုပ်တွေ၊ ပစ္စည်းထုပ်ပိုးထားတဲ့ ပလပ်စတစ်တွေ၊ အစွန်းချွတ်ဆေးတွေ၊ ဆပ်ပြာမှုန့် နဲ့ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

ဒီလေ့လာမှုလုပ်ဖို့အတွက်နေအိမ်ကော်ဇောတွေက ဖုန်မှုန့်တွေနဲ့ ဖုန်မှုန့်ထဲမှာရှင်သန်နေတဲ့ ဘက်တီးရီးယားတွေကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအတွက်နေအိမ်တွေကနေကော်ဇောတွေကို အလျဉ်းသင့်သလိုရယူစုဆောင်းခဲ့တာပါ။ ဒီလေ့လာမှုအတွင်းတွေ့ရှိရတာကနေအိမ်အတွင်းပိုင်းက အရာတွေမှာရှိနေတဲ့ ဖုန်မှုန့်တွေနဲ့ ဒီဖုန်မှုန့်တွေထဲမှာ ရှင်သန်နေတဲ့ ဘက်တီးရီးယားလေးတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေကို ထိထိရောက်ရောက် နှိမ်နှင်းပေးနိုင်တယ်ဆိုတဲ့အချက်ပါ။

ဒါကြောင့် ကိုယ်ခံအားကောင်းဖို့က အဓိကကျပြီး ကိုယ်ခံအားသာကောင်းနေမယ်ဆိုရင် ဖုန်မှုန့်ထဲမှာပါတဲ့ ဘက်တီးရီးယားတွေက ရန်သူမဖြစ်ဘဲ မိတ်ဆွေဖြစ်နိုင်ပါတယ်နော်။ ဒါကြောင့်အသန့်ကြိုက်လွန်းပြီး ဖုန်တွေရှင်းနေမယ့်အစား အာဟာရြပည့်ဝအောင်စား၊ သင့်တင့်လျောက်ပတ်တဲ့လေ့ကျင့်ခန်းလုပ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်ချိန်ထားပြီး ကိုယ်ခံအားကောင်းအောင်ထိန်းသိမ်းပါလို့ပြောပါရစေနော် ………

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

အိမ္မွာဖုန္ထူေနတိုင္း မေကာင္းဘူးလို႔ မဆိုသာပါဘူး

ေနအိမ္ကို သပ္သပ္ရပ္ရပ္ေလးထားရတာက စိတ္ေက်နပ္မႈရေစတဲ့ အခ်က္တစ္ခုပါ။ အျပင္ကျပန္လာလို႔ အိမ္ကေလး ႐ွင္းၿပီး သပ္ရပ္ေနရင္ စိတ္ထဲမွာ ၾကည္လင္ေနတယ္ေနာ္။ ဖုန္ေလးေတြကင္းၿပီး သပ္ရပ္ေနတဲ့ အိမ္ေလးကစိတ္ေက်နပ္မႈအျပည့္အဝရေစတာမွန္ေပမယ့္ တစ္ခါတေလ ဖုန္ထူေနတာကလည္း က်န္းမာေရးအတြက္ေကာင္းပါတယ္ေနာ္။

ဖုန္ထူေနတာကေကာင္းတယ္လို႔ေျပာရတဲ့ အေၾကာင္းအရင္း

ေလ့လာမႈအသစ္တစ္ရပ္အရ သိ႐ွိရတာက အိမ္မွာထူေနတဲ့ဖုန္ေတြမွာ႐ွိေနတဲ့ ဘက္တီးရီးယားေလးေတြက ပတ္ဝန္းက်င္ေလထုထဲမွာ႐ွိေနတဲ့ ကင္ဆာျဖစ္ေစတဲ့ ဓါတုပစၥည္းေတြကို တိုက္ဖ်က္ေပးႏိုင္တယ္လို႔ေတြ႕႐ွိခဲ့ရပါတယ္။ ဖုန္ေတြက အႏၲရာယ္႐ွိေစႏိုင္တယ္ဆိုေပမယ့္ ကင္ဆာျဖစ္ေစတဲ့ အရာေတါကိုေတာ့ တိုက္ဖ်က္ႏိုင္စြမ္း႐ွိေနပါတယ္။

ေနထိုင္ရာ အိမ္ထဲကေနရာအႏွံ႔အျပားမွာ မ်က္စိနဲ႔ မျမင္ရတဲ့ေရာဂါပိုးေတြအမ်ားႀကီး႐ွိေနပါတယ္။ေရာဂါပိုးတိုင္း ကအႏၲရာယ္႐ွိတယ္လို႔ မဆိုသာေပမယ့္ အခ်ိဳ႕ေသာေရာဂါပိုးေတြကေတာ့ က်န္းမာေရးကိုထိခိုက္ေစႏိုင္ပါတယ္။ သြားပြတ္တံထည့္တဲ့ခြက္ေတြ၊ ပန္းကန္ေဆးတဲ့ေရျမႇဳပ္ ကေနစလို႔ အိမ္သုံးပစၥည္းေတာ္ေတာ္မ်ားမ်ားမွာ မ်က္စိနဲ႔မျမင္ႏိုင္တဲ့ေရာဂါပိုးမႊားေလးေတြ အမ်ားအျပား႐ွိေနတတ္ပါတယ္။ ဒီလိုေရာဂါပိုးေတြထဲကမွာ အိမ္ထဲမွာ႐ွိေနတဲ့ ဖုန္မႈန္႔ေတြထဲမွာ ႐ွိေနတဲ့ သာမန္မ်က္စိနဲ႔ မျမင္ႏိုင္တဲ့Staphylococcusနဲ႔Streptococcus တို႔လိုဘက္တီးရီးယားေတြက ကိုယ္ခံအားနည္းေနသူေတြအတြက္ ရန္သူျဖစ္ေနေပမယ့္ ကိုယ္ခံအားသာေကာင္းေနမယ္ဆိုရင္ ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးတဲ့ မိတ္ေဆြေလးေတြျဖစ္ေစမွာ အေသအခ်ာပါ။ သူတို႔က ပတ္ဝန္းက်င္မွာ႐ွိေနတဲ့ ကင္ဆာျဖစ္ေစတဲ့ ဓါတုပစၥည္းေတြကို တိုက္ဖ်က္ေပးႏိုင္စြမ္းအျပည့္အဝ႐ွိေနပါတယ္။

မၾကာေသးခင္ကျပဳလုပ္ခဲ့တဲ့ေလ့လာမႈအရကေတာ့ ဖုန္မႈန္႔ေတြထဲမွာပါတဲ့Staphylococcusနဲ႔Streptococcus တို႔လိုဘက္တီးရီးယားေတြက ကင္ဆာျဖစ္ေစႏိုင္တဲ့ ဓါတုပစၥည္းတစ္မ်ိဳးျဖစ္တဲ့ phthalatesေတြကိုတိုက္ဖ်က္ေပးႏိုင္ပါတယ္။ ဖုန္မႈန္႔ေတြထဲက ဘက္တီးရီးယားေတြကေန႔စဥ္ထိေတြ႕ေနတဲ့ ပလပ္စတစ္ေတြ၊ ဗီႏိုင္း၊ ပလပ္စတစ္အ႐ုပ္ေတြ၊ ပစၥည္းထုပ္ပိုးထားတဲ့ ပလပ္စတစ္ေတြ၊ အစြန္းခြၽတ္ေဆးေတြ၊ ဆပ္ျပာမႈန္႔ နဲ႔ အိမ္သန္႔႐ွင္းေရးသုံးပစၥည္းေတြမွာပါတဲ့ ကင္ဆာျဖစ္ေစႏိုင္တဲ့ အရာေတြကို တိုက္ဖ်က္ေပးႏိုင္စြမ္း႐ွိပါတယ္။

ဒီေလ့လာမႈလုပ္ဖို႔အတြက္ေနအိမ္ေကာ္ေဇာေတြက ဖုန္မႈန္႔ေတြနဲ႔ ဖုန္မႈန္႔ထဲမွာ႐ွင္သန္ေနတဲ့ ဘက္တီးရီးယားေတြကိုေလ့လာခဲ့ပါတယ္။ ဒီေလ့လာမႈအတြက္ေနအိမ္ေတြကေနေကာ္ေဇာေတြကို အလ်ဥ္းသင့္သလိုရယူစုေဆာင္းခဲ့တာပါ။ ဒီေလ့လာမႈအတြင္းေတြ႕႐ွိရတာကေနအိမ္အတြင္းပိုင္းက အရာေတြမွာ႐ွိေနတဲ့ ဖုန္မႈန္႔ေတြနဲ႔ ဒီဖုန္မႈန္႔ေတြထဲမွာ ႐ွင္သန္ေနတဲ့ ဘက္တီးရီးယားေလးေတြက ကင္ဆာျဖစ္ေစႏိုင္တဲ့ ဓါတုပစၥည္းေတြကို ထိထိေရာက္ေရာက္ ႏွိမ္ႏွင္းေပးႏိုင္တယ္ဆိုတဲ့အခ်က္ပါ။

ဒါေၾကာင့္ ကိုယ္ခံအားေကာင္းဖို႔က အဓိကက်ၿပီး ကိုယ္ခံအားသာေကာင္းေနမယ္ဆိုရင္ ဖုန္မႈန္႔ထဲမွာပါတဲ့ ဘက္တီးရီးယားေတြက ရန္သူမျဖစ္ဘဲ မိတ္ေဆြျဖစ္ႏိုင္ပါတယ္ေနာ္။ ဒါေၾကာင့္အသန္႔ႀကိဳက္လြန္းၿပီး ဖုန္ေတြ႐ွင္းေနမယ့္အစား အာဟာျ႐ပည့္ဝေအာင္စား၊ သင့္တင့္ေလ်ာက္ပတ္တဲ့ေလ့က်င့္ခန္းလုပ္၊ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အိပ္စက္ခ်ိန္ထားၿပီး ကိုယ္ခံအားေကာင္းေအာင္ထိန္းသိမ္းပါလို႔ေျပာပါရေစေနာ္ ………

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service