ကြောင်လျှာသီးဆေးဖက်ဝင်ပုံနှင့် စားကောင်းသောကြောင်လျှာသီးသုပ်နည်း
ကြောင်လျှာသီးဆေးဖက်ဝင်ပုံနှင့် စားကောင်းသောကြောင်လျှာသီးသုပ်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Nov 2020 12:18 pm တွင် တင်ခဲ့သည်
16436 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
-မြန်မာ့ဆေးဝါးပင်များ အဘိဓာန်တွင် ကြောင်လျှာသီးသည် ဖန်ခါးသောအရသာရှိ၍ ပူ၏။ စပ်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ နှလုံး၊ လည်ပင်းကို အကျိုးပြု၏။ ဝမ်းမီးကိုတောက်စေ၏။ လေသလိပ်ကို နိုင်၏။ မြင်းသရိုက်ဝမ်းသက်၊ အဖျား၊ အစာ မကြေ၊ နူနာ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားကိုတိုးပွားစေ ၏ဟု ဆိုထားပါတယ်။
-ရှုတော်မူဆေးကျမ်းတွင် ကြောင်လျှာသီး အနုသည် ခါး၏။ ဖန်၊ ချို အရသာလည်းရှိ၏။ ဝမ်းမီးကိုတောက်စေတတ်၏။ မြင်းသရိုက် နာ၊ ပိုးနာမျိုးတို့ကိုနိုင်၏ဟု ဆိုထားပါတယ်။ à သက်စောင့်ဆေးအဘိဓာန်တွင် ကြောင် လျှာသီးသည် ချို၊ ဖန်၊ ခါးရှိ၏။ နှုတ်ကိုမြိန်စေ ၏။ ကျက်လွယ်၊ ကြေလွယ်၏။ လေပျက် စေ၏။ ပိုးနာ၊ နားအူနာတို့ကို ချမ်းသာစေ၏ ဟု ဆိုထားပါတယ်။
-ဇီဝိတဝဃုနဆေးကျမ်းတွင် ကြောင်လျှာ သီးသည် အေး၏၊ ခါး၏၊ အတန်ငယ်ဆိမ့်၏။ လေကိုဖြောင့်စေတတ်၏။ အိပ်ပျော်စေတတ်၏။ မီး၌အတန်ငယ်အုံး၍ လက်သုပ်ပြုပြီး စားက အထူးသင့်လျော်၏ဟုဆိုထားပါတယ်။
-သဘာဝဓမ္မအလင်းတွင် ကြောင်လျှာသီး သည် အကြောင်းသီတငြိမ်းရန်၊ ဥဏှ တေဇောဓာတ်စာ၊ ဥဏှဝါယောဓာတ်စာ၊ အရသာခါးဆိမ့်၊ အကျိုးသွားဆီးနည်း၊ ဓာတ်ချုပ်၊ လေသက်ဟုဆိုထားပါတယ်။
-လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များ ပေါင်းချုပ်တွင် ကြောင်လျှာသီးသည် ဆိမ့်၊ ဖန်၊ ခါးသောအရသာရှိ၏။ အသီးစိမ်းသည် ပူစပ်အရသာရှိပြီး အစာကြေစေနိုင်၏။ လေသလိပ်ကိုနိုင်၏။ ပင်စည်သည် အနည်းငယ်ပူခါးစပ်ပြီး ဒေါသသုံးပါးကိုငြိမ်းစေ၏။ နှုတ်မမြိန်နာ၊ ပန်းနာ၊ ချောင်းဆိုး၊ အစာမကြေ ရောဂါ၊ ခံတွင်းခြောက်ကွဲနာများကို ပျောက်ကင်းစေနိုင်၏ဟု ဆိုထားပါတယ်။ကြောင်လျှာသီးနှင့် ကျန်းမာရေး အသီး၊ အပွင့်၊ အမြစ်၊ အခေါက်တို့ကို စားဖွယ်၊သောက်ဖွယ်၊ ဆေးသုံးဖွယ်အဖြစ် အသုံးပြုနိုင်ပါတယ်။
ပင်စည်အခေါက်၏အသုံးဝင်ပုံ
- ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် သို့မဟုတ် သဘာဝပျားရည်စစ်စစ်တို့နှင့် ရောစပ်၍သောက်ပါက ပန်းနာချောင်းဆိုး ရောဂါကို ပျောက်စေပါတယ်။ - အခေါက်မှုန့်ကိုရေနွေးတွင် နှစ်နာရီခန့် စိမ်၍စစ်ပြီး နံနက်၊ ညသောက်ခြင်းဖြင့် အစာမကြေရောဂါပျောက်ပါတယ်။
- ကြောင်လျှာအခေါက်နှင့် အရွက်တို့ကို ရေစိမ်၍ ၎င်းရေဖြင့် ပလုတ်ကျင်းပေးပါက ခံတွင်းခြောက်ကွဲနာပျောက်စေပါတယ်။
- သားဖွားပြီးနာကျင်ကိုက်ခဲသည့် ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက် ရောဂါများအတွက် ကြောင်လျှာခေါက်မှုန့်တစ်ဆ၊ ချင်းခြောက် မှုန့်တစ်ဆ၊ ထန်းလျက်နှစ်ဆတို့ကိုရော၍ နံနက်၊ နေ့၊ ည သုံးကြိမ်သောက်ပါ။
- အခေါက်ကို အဆစ်အမျက်ကိုက်ဖျား ရောဂါ၊ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းကိုက် ရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။
အရွက်၏အသုံးဝင်ပုံ
- ကြောင်လျှာရွက်ကိုအရည်ညှစ်၍ သောက် ပါက ဘိန်းအဆိပ်ကိုပြေစေနိုင်ပါတယ်။
- ကြောင်လျှာရွက်ကို ပြုတ်၍စားပေးခြင်း ဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပါတယ်။
အပွင့်၏အသုံးဝင်ပုံ
- ကြောင်လျှာပွင့်ကိုသုပ်စားခြင်း၊ ရေနွေး ဖြောပြီး မြှုပ်တို့စားခြင်းဖြင့် နှုတ်ကိုမြိန်စေပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ နားလေးခြင်း၊ နားလေထွက်ခြင်း၊ နားအူခြင်း တို့ကို သက်သာပျောက်ကင်းစေပါတယ်။ ဝမ်းကိုက်ရောဂါကိုလည်း ပျောက်ကင်းစေပါတယ်။
အသီး၏အသုံးဝင်ပုံ
- အသီးကိုပြုတ်၍လည်းကောင်း၊ ဖုတ်၍ လည်းကောင်း စားခြင်းဖြင့်အစာမကြေရောဂါ၊ လည်ပင်းကြီးရောဂါ၊ လေသလိပ်ရောဂါ၊ လေထိုးလေအောင့်ရောဂါနှင့် မြင်းသရိုက် ရောဂါ ပျောက်စေပါတယ်။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်စေပါတယ်။
- ကြက်သားနှင့်ချက်စားပါက ပန်းနာရောဂါ ပျောက်စေပါတယ်။
- ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါ ပျောက်စေပါတယ်။ အားဖြစ်စေပြီး အစာ မကြေရောဂါ၊ ဝမ်းပျက်ရောဂါပျောက်စေပါ တယ်။
- ပုစွန်ဖြင့်ချက်စားပါက နှလုံးလေရိုက် ရောဂါ၊ နှလုံးတုန်၊ ရင်တုန်ရောဂါ ပျောက်စေပါတယ်။
- ငါးသလောက်ဖြင့်ချက်စားပါက အဖော ရောဂါကိုကျစေ၍ လူကိုဝဖြိုးစေပြီး နှလုံး အားနည်းခြင်းကို သက်သာပျောက်ကင်းစေ ပါတယ်။
- ငါးမြွေထိုးနှင့်ချက်စားပါက ဒူလာ သွေးဝမ်း၊ မီးယပ်သွေးဝမ်းနှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေပါတယ်။
- နားပင်းသူများ ကြောင်လျှာသီးကို သံပရာရည်နှင့် သုပ်စားပါ။
- ကြောင်လျှာသီး၏ ခါးသောအရသာက ခန္ဓာကိုယ်ထဲမှအဆီပိုတွေကို ချေဖျက်ပေး ရုံတင်မက ဆီးချိုသွေးချိုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
- မှိုအရေပြားရောဂါမဖြစ်အောင် ခါးသက် သက်အရသာရှိသော ကြောင်လျှာသီးကို ပို၍စားပေးပါ။
- ကြောင်လျှာသီးကဲ့သို့ ခါးသောအသီးအနှံ တွေက ရာသီဖျားဖြစ်သော အအေးမိ၊ တုပ်ကွေး စတဲ့ပြင်ပရောဂါပိုးများ ကူးစက် ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
- ရှေးတိုင်းရင်းသမားတော်များက နားလေ ထွက်၊ နားအူခြင်းအတွက် ကြောင်လျှာသီးနုကိုညှစ်ပြီး ရလာသောအရည်ကို ကြေးဇွန်းတွင်ထည့်၍ ပူနွေးအောင်ပြုလုပ်ကာနားတွင်ခတ်ပေးခြင်း၊ ကျပ်ပေးခြင်းပြုလုပ်၍ကုသခဲ့ကြပါတယ်။
အမြစ်၏အသုံးဝင်ပုံ
- အမြစ်ကိုသွေး၍လိမ်းခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်းကိုပျောက်ကင်းစေပါတယ်။
- လေဖြတ်၍ တစ်ခြမ်းသေ၊ တစ်ပိုင်းသေ၊ ထုံကျဉ်နာ၊ ချည့်နဲ့သောသူများ ကြောင်လျှာပင်၏အမြစ်ခေါက်ကို သွေးလိမ်းပေးပါ။
-ဖောရောင်ခြင်းအတွက် အမြစ်ခေါက်ကို သွေးလိမ်းပေးပါက သက်သာပျောက်ကင်းစေပါတယ်။
- နားတွင်အနာဖြစ်ပါက ကြောင်လျှာအမြစ် မှုန့်ကို နှမ်းဆီနှင့်မီးတွင်ချက်ပြီး ၎င်းအရည် ခပ်နွေးနွေးကို နားကျပ်ပေးပါ။ နားရောဂါများ ပျောက်ကင်းစေနိုင်ပါတယ်။
ကြောင်လျှာသီးသုပ်နည်း
လိုအပ်သည့်အမယ်များကတော့ ကြောင်လျှာသီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ ငံပြာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ၊ သံပရာရည်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သွန်ဖြူကို အခွံနွှာပြီး ဆီချက် ချက်ထားပါ။ ပြီးလျှင်ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးပြီး ရေဆေးပြီး ရေစစ်ထားပါ။ မြေပဲလှော်ပြီးသားကို ထောင်းထားပါ။
ပြီးနောက် ကြောင်လျှာသီးကို ရေဆေးပြီးပါးပါးလှီးကာ ဆားနှင့် အလယ်အဆံထွက်သည်အထိနယ်ပြီး ရေနှစ်ကြိမ်လောက်ဆေးပြီး ရေညှစ်ထားပါ။
ပြီးလျှင် ရေညှစ်ထားသော ကြောင်လျှာသီးကို ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆီချက်၊ မြေပဲလှော်ထောင်း၊ ပုစွန်ခြောက်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်နှင့် သံပရာရည်တို့ညှစ်ထည့်ပြီး သမအောင်နယ်ပေးပါ။
ငရုတ်သီးမှုန့်ကို နောက်ဆုံးမှထည့်ပြီးလျှင် အရသာရှိသော ကြောင်လျှာသီးသုပ်ကို အသင့်သုံးဆောင်နိုင်ပါပြီ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: သမားတော်တိုင်းရင်းဆေး
[Zawgyi]
အရွက်၏အသုံးဝင်ပုံ
အပွင့်၏အသုံးဝင်ပုံ
အသီး၏အသုံးဝင်ပုံ
အမြစ်၏အသုံးဝင်ပုံ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
MIngalardon Garden City
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service