အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းနှင့်လိုက်နာရန် အချက်များ

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းနှင့်လိုက်နာရန် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
3 Nov 2020 12:16 pm တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

တစ်နေ့က ငယ်သူငယ်ချင်း တစ်ဦး စာရေးသူထံ ရောက်လာပြီး -

''ယခုနေတဲ့ အဆောက်အအုံနဲ့ တိုက်ခန်းတွေကဆွေးနေတယ်။အချို့က ပြောတော့ ပြင်ဆင်ခွင့် လျှောက်ထားလို့ ရတယ်ဆိုတာ ဟုတ်သလား၊ ဘယ်လို ဆောင်ရွက်ရတယ်ဆိုတဲ့ကိစ္စတွေ သိထားချင်လို့ သူငယ်ချင်းဆီလာခဲ့တာ'' ဟု ပြောပါသည်။

''သူငယ်ချင်း ပြောစကားအရ ဆိုရင်အဆောက်အအုံ တစ်ခုလုံး ဟောင်းနွမ်း၊ ဆွေးနေတယ်လို့သဘောရတယ်''

''ဟုတ်တယ်၊ လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်က ဆောက်ထားတဲ့ ကန်ထရိုက်တိုက်ခန်းတွေ ဖြစ်တယ်''

''အထပ်ဘယ်နှထပ်ရှိလဲ''

''ခြောက်ထပ်ရှိမယ် ထင်တယ်။ခေါင်မိုးထပ်မှာလည်း လူနေခန်းထပ်ပြီး ဖွဲ့စည်းထားတာရှိတယ်''

''ကန်ထရိုက်တာ တစ်ခြမ်း၊ မြေရှင် တစ်ခြမ်းရင်ခွဲဆောက်ထားတယ်ဆိုတော့အခန်းအရေအတွက်က ....''

''အဲဒီ ပုံစံမဟုတ်ဘူး သူငယ်ချင်း။တစ်လွှာချင်း၊ ဘေးလှေခါး အတက်နဲ့ ခြောက်လွှာ၊အပေါ်ဆုံး အခန်းပါဆိုတော့ ခုနစ်ခန်းပေါ့''ဟုစာရေးသူ၏ စကားမဆုံးမီတွင် သူငယ်ချင်းဖြစ်သူ က ရှင်းပြခြင်းဖြစ်သည်။

''အိမ်တိုင်တွေက ကွန်ကရစ်တိုင်တွေပဲလား''

''မဟုတ်ဘူး။သစ်ရိုင်းတွေနဲ့ ဆောက်ထားတာဆိုတော့ တိုင်တွေ ကခြလိုက်ချင်နေပြီ။ကြမ်းခင်းတွေကလည်း သစ်သားကြမ်းခင်းတွေ''

''အင်းပေါ့လေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်ခန့် က ဆောက်လုပ်ထားတယ်ဆိုတော့ သစ်သားခင်းတွေပဲ ဖြစ်မှာပေါ့''

''နောက်ဘက် ရေချိုးခန်း၊ ရေအိမ်ခန်းရှိတဲ့ အခြမ်းဘက် ဆိုရင် အပေါ်ကြမ်းခင်းကနေ ရေအမြဲ စိမ့်ကျနေတာ။ ကြမ်းခင်း ဘိလပ်မြေလည်း အမြဲကွာကျနေတာဆိုတော့ ပြိုများကျလာရင် ဒုက္ခပဲလို့ တွေးမိတယ်''

''ဘေးနံရံတွေကလည်း ရေစိမ့်ပြီလား''

''ရေစိမ့်ကျနေရုံ မဟုတ်ဘူး။မိုးတွင်းဆိုရင် ဘေးအုတ်နံရံတွေက ရေတွေစိမ့်ပြီး၊ရေစီးကြောင်းတွေ စီးကျနေတာ''

''သူငယ်ချင်း ပြောပုံအရတော့ အဆောက်အအုံကအတော်လေး ဆွေးမြည့်နေတဲ့ သဘောဖြစ်နေတယ်''အချို့က အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်နိုင်တဲ့ အခြေအနေရောက်နေပြီလို့ပြောကြတယ်''

''ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်း ရှိတဲ့ အဆောက်အအုံ ပြင်ဆင်ခွင့်နဲ့ ပတ်သက်လို့ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံလျှောက်ထားရတယ်''

''ပြင်ဆင်မယ့် အပိုင်းကို ပုံဆွဲ ပြီး တင်ပြရမှာလား''

''ဥပဒေအရဆိုရင် အဆောက်အအုံ ပြင်ဆင်ခြင်းနဲ့ ပတ်သက်လို့ သုံးမျိုးရှိတယ်။ပထမအချက်က အသေးစားပြင်ဆင်ခွင့်၊ဒုတိယပိုင်းက အကြီးစား ပြင်ဆင်ခွင့်၊တတိယအခြေအနေကတော့ အဆောက်အအုံ တစ်ခုလုံးကို ဖြိုဖျက်ပြီး အသစ်ဆောက်လုပ်ခွင့်ဆိုပြီး ရှိတယ်သူငယ်ချင်း''

''အဆောက်အအုံ တစ်ခုလုံးကို ခိုင်ခန့်အောင် ပြန်ပြင်မယ် ဆိုရင်တော့ အသေးစား ပြင်ဆင်ခွင့်တော့ ရမယ်မထင်ဘူး''

''အသေးစားပြင်ဆင်ခွင့်မှာ တိုက်ခန်းရဲ့ ဝဲယာအုတ်နံရံကို ပလာစတာခွာပြီး ပြန်ချောမယ်၊ ဆေးသုတ်မယ်၊ခေါင်းမိုးသွပ်လဲမယ်၊ တိုက်ခန်းအတွင်း အထပ်သားနဲ့အခန်းဖွဲ့မယ်စတဲ့ အသေးစားကိစ္စတွေ ပြင်ဆင်မှုကိုအသေးစား ပြင်ဆင်မှုလို့ သတ်မှတ်ထားတယ်။အဆောက်အအုံတစ်ခုလုံးကို ပြင်ဆင်မယ်ဆိုရင်တော့အကြီးစားပြင်ဆင်ခွင့်ကို လျှောက်ထားရတယ်''

''အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပေးတာ ရှိတယ်လို့ ပြောကြသူတွေလည်းရှိတယ်။အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်တဲ့ ကိစ္စကဘယ်လိုဆိုတာ ရှင်းပြပါဦး''

''ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၅၁ မှာ လူနေထိုင် အသုံးပြုရန် မသင့်လျော်သည့် အဆောက်အအုံ ဖြစ်ပြီး အန္တရာယ်ဖြစ်စေနိုင်ပါက ဘေးအန္တရာယ်ရှိအဆောက်အအုံ အဖြစ် သတ်မှတ်ခြင်း၊ယင်း အဆောက်အအုံမှာ နေထိုင်အသုံးပြုသူများကိုဖယ်ရှားရန် ညွှန်ကြားခြင်း၊အဆောက်အအုံအား ဖျက်သိမ်းခြင်း၊အသစ်ပြန်လည်တည်ဆောက်ခြင်း ကိစ္စရပ်များကိုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကဆောင်ရွက်နိုင်တယ် လို့ ပြဋ္ဌာန်းထားတယ်။

ဒါကြောင့်သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အ အုံ) က လာရောက် စစ်ဆေးပြီး လူနေရန် မသင့်လျော်တော့ဘဲ အန္တရာယ်ရှိနိုင်တဲ့ အဆောက်အအုံဖြစ်ရင် အန္တရာယ်ရှိ အဆောက် အအုံအဖြစ် သတ်မှတ်ပေးမှာ ဖြစ်တယ်''

''အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပေးပေမယ့် နေထိုင်သူတွေက ဆင်းမပေးဘဲ နေနိုင်သမျှ ဆက်နေရင် ဘာဖြစ်နိုင်သလဲ''

''ပုဒ်မ ၅၂ မှာ ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို နေထိုင်သူတို့က လိုက်နာရန် ပျက် ကွက်လျှင်ပျက်ကွက်သူထံ မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေး အဖွဲ့က ရက်ပေါင်း ၃ဝ အတွင်း ဖျက်သိမ်းရှင်းလင်းဖယ်ရှားပေးရန် အမိန့်ထုတ်ဆင့်နိုင်တယ်။ထုတ်ဆင့်တဲ့ အမိန့်ကို လိုက်နာရန် ပျက်ကွက် ငြင်းဆိုရင်ဖျက်သိမ်း ရှင်းလင်းရေးအဖွဲ့က နေထိုင်အသုံးပြုသူအပါအဝင် အဆောက်အအုံနဲ့ ပစ္စည်းများကို ဖျက်သိမ်းဖယ်ရှားနိုင်တယ်။ဖျက်သိမ်းဖယ်ရှားခြင်းအောင်မြင်နိုင်ရန် အတွက်သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ လုံခြုံရေးနဲ့အခြားအကူအညီတွေ တောင်းခံနိုင်တယ်လို့ပြဋ္ဌာန်းထားတယ်''

''ပြင်ဆင်ဆောက်လုပ်ခွင့်ပြုတဲ့အခါမှာ အချိန်ကာလ သတ်မှတ်ပေးတာရှိသလား၊ သတ်မှတ်ထားတဲ့ စည်းကမ်း ထက်ကျော်လွန် ဆောက်လုပ်တဲ့ ကိစ္စရပ်တွေ ရှိခဲ့ရင် ဘယ်လို အရေးယူတာတွေ ရှိသလဲ''

''ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၁ မှာ အဆောက်အအုံပြင်ဆင် ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ တားမြစ်ချက်တွေကို ပြဋ္ဌာန်းထားတယ်။ခွင့်ပြုသတ်မှတ်ထားတဲ့ ပုံစံ အချက်အလက်များထက်ကျော်လွန်ပြီး ဆောင်ရွက်ပိုင်ခွင့် မရှိပါဘူး။ဆောင်ရွက်ပါက ကျော်လွန် ဆောက်လုပ်ထားတဲ့အပိုင်းကိုပြန်လည်ဖျက်သိမ်းအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မည်သူမျှ လူနေထိုင်ခြင်းမပြုရန် တားမြစ်ချက် သင်္ကေတ အမှတ်အသား ရေးမှတ်ထားတဲ့ အဆောက်အအုံ၊ ဒါမှမဟုတ် အဆောက်အအုံရဲ့ တစ်စိတ်တစ်ဒေသအတွင်း ဝင်ရောက် နေထိုင်ခြင်းမပြုလုပ်ရလို့ တားမြစ်ထားပါတယ်။ တစ်ဆက်တည်းမှာပဲ ဖြိုဖျက်ထားတဲ့ အန္တရာယ်ရှိ အဆောက်အအုံတည်ရှိရာ မြေကွက်အတွင်းကိုလည်း ဝင်ရောက်နေထိုင်ခြင်း မပြုရလို့ တားမြစ်ထားပါတယ်''

''တားမြစ်ထားတဲ့ အချက်တွေကို မလိုက်နာရင် ဘယ်လို အရေးယူနိုင်သလဲ''

''သက်ဆိုင်ရာ စည်ပင်သာယာရေး ဌာနမှ ဥပဒေတားမြစ် ချက်တွေအပေါ် မလိုက်နာ ပျက်ကွက်သူအား တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' လို့ ဆွေးနွေးပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အႏၲရာယ္ရွိ အေဆာက္အအံုအျဖစ္ သတ္မွတ္ျခင္းႏွင့္လိုက္နာရန္ အခ်က္မ်ား

တစ္ေန႔က ငယ္သူငယ္ခ်င္း တစ္ဦး စာေရးသူထံေရာက္လာၿပီး -

''ယခုေနတဲ့ အေဆာက္အအုံနဲ႔ တုိက္ခန္းေတြကေဆြးေနတယ္။အခ်ဳိ႕က ေျပာေတာ့ ျပင္ဆင္ခြင့္ ေလွ်ာက္ထားလုိ႔ ရတယ္ဆုိတာ ဟုတ္သလား၊ ဘယ္လုိ ေဆာင္ရြက္ရတယ္ဆုိတဲ့ကိစၥေတြ သိထားခ်င္လုိ႔ သူငယ္ခ်င္းဆီလာခဲ့တာ'' ဟု ေျပာပါသည္။

''သူငယ္ခ်င္း ေျပာစကားအရ ဆုိရင္အေဆာက္အအုံ တစ္ခုလုံး ေဟာင္းႏြမ္း၊ ေဆြးေနတယ္လုိ႔သေဘာရတယ္''

''ဟုတ္တယ္၊ လြန္ခဲ့တဲ့ အႏွစ္ ၃ဝ ေလာက္ကေဆာက္ထားတဲ့ ကန္ထ႐ုိက္တုိက္ခန္းေတြ ျဖစ္တယ္''

''အထပ္ဘယ္ႏွထပ္ရွိလဲ''

''ေျခာက္ထပ္ရွိမယ္ ထင္တယ္။ေခါင္မုိးထပ္မွာလည္း လူေနခန္းထပ္ၿပီး ဖြဲ႔စည္းထားတာရွိတယ္''

''ကန္ထ႐ုိက္တာ တစ္ျခမ္း၊ ေျမရွင္ တစ္ျခမ္းရင္ခြဲေဆာက္ထားတယ္ဆုိေတာ့အခန္းအေရအတြက္က ....''

''အဲဒီ ပုံစံမဟုတ္ဘူး သူငယ္ခ်င္း။တစ္လႊာခ်င္း၊ ေဘးေလွခါး အတက္နဲ႔ ေျခာက္လႊာ၊အေပၚဆုံး အခန္းပါဆုိေတာ့ ခုနစ္ခန္းေပါ့''ဟုစာေရးသူ၏ စကားမဆုံးမီတြင္ သူငယ္ခ်င္းျဖစ္သူ ကရွင္းျပျခင္းျဖစ္သည္။

''အိမ္တုိင္ေတြက ကြန္ကရစ္တုိင္ေတြပဲလား''

''မဟုတ္ဘူး။သစ္႐ုိင္းေတြနဲ႔ ေဆာက္ထားတာဆုိေတာ့ တုိင္ေတြ ကျခလုိက္ခ်င္ေနၿပီ။ၾကမ္းခင္းေတြကလည္း သစ္သားၾကမ္းခင္းေတြ''

''အင္းေပါ့ေလ၊ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃ဝ ေက်ာ္ခန္႔ ကေဆာက္လုပ္ထားတယ္ဆုိေတာ့ သစ္သားခင္းေတြပဲျဖစ္မွာေပါ့''

''ေနာက္ဘက္ ေရခ်ဳိးခန္း၊ ေရအိမ္ခန္းရွိတဲ့ အျခမ္းဘက္ဆုိရင္ အေပၚၾကမ္းခင္းကေန ေရအၿမဲ စိမ့္က်ေနတာ။ၾကမ္းခင္း ဘိလပ္ေျမလည္း အၿမဲကြာက်ေနတာဆုိေတာ့ ၿပိဳမ်ားက်လာရင္ ဒုကၡပဲလုိ႔ ေတြးမိတယ္''

''ေဘးနံရံေတြကလည္း ေရစိမ့္ၿပီလား''

''ေရစိမ့္က်ေန႐ုံ မဟုတ္ဘူး။မုိးတြင္းဆုိရင္ ေဘးအုတ္နံရံေတြက ေရေတြစိမ့္ၿပီး၊ေရစီးေၾကာင္းေတြ စီးက်ေနတာ''

''သူငယ္ခ်င္း ေျပာပုံအရေတာ့ အေဆာက္အအုံကအေတာ္ေလး ေဆြးျမည့္ေနတဲ့ သေဘာျဖစ္ေနတယ္''အခ်ဳိ႕က အႏၲရာယ္ရွိ အေဆာက္အအုံအျဖစ္သတ္မွတ္ႏုိင္တဲ့ အေျခအေနေရာက္ေနၿပီလုိ႔ေျပာၾကတယ္''

''ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး နယ္နမိတ္အတြင္းရွိတဲ့ အေဆာက္အအုံ ျပင္ဆင္ခြင့္နဲ႔ ပတ္သက္လုိ႔ရန္ကုန္ၿမိဳ႕ေတာ္ စည္ ပင္သာယာေရး ေကာ္မတီအင္ဂ်င္နီယာဌာန (အေဆာက္အအုံ) ထံေလွ်ာက္ထားရတယ္''

''ျပင္ဆင္မယ့္ အပိုင္းကို ပုံဆြဲ ၿပီး တင္ျပရမွာလား''

''ဥပေဒအရဆုိရင္ အေဆာက္အအုံ ျပင္ဆင္ျခင္းနဲ႔ ပတ္သက္လုိ႔ သုံးမ်ဳိးရွိတယ္။ပထမအခ်က္က အေသးစားျပင္ဆင္ခြင့္၊ဒုတိယပိုင္းက အႀကီးစား ျပင္ဆင္ခြင့္၊တတိယအေျခအေနကေတာ့ အေဆာက္အအုံ တစ္ခုလုံးကို ၿဖိဳဖ်က္ၿပီး အသစ္ေဆာက္လုပ္ခြင့္ဆုိၿပီး ရွိတယ္သူငယ္ခ်င္း''

''အေဆာက္အအုံ တစ္ခုလုံးကို ခုိင္ခန္႔ေအာင္ ျပန္ျပင္မယ္ဆုိရင္ေတာ့ အေသးစား ျပင္ဆင္ခြင့္ေတာ့ ရမယ္မထင္ဘူး''

''အေသးစားျပင္ဆင္ခြင့္မွာ တုိက္ခန္းရဲ႕ ဝဲယာအုတ္နံရံကို ပလာစတာခြာၿပီး ျပန္ေခ်ာမယ္၊ ေဆးသုတ္မယ္၊ေခါင္းမုိးသြပ္လဲမယ္၊ တုိက္ခန္းအတြင္း အထပ္သားနဲ႔အခန္းဖြဲ႔မယ္စတဲ့ အေသးစားကိစၥေတြ ျပင္ဆင္မႈကိုအေသးစား ျပင္ဆင္မႈလုိ႔ သတ္မွတ္ထားတယ္။အေဆာက္အအုံတစ္ခုလုံးကို ျပင္ဆင္မယ္ဆုိရင္ေတာ့အႀကီးစားျပင္ဆင္ခြင့္ကို ေလွ်ာက္ထားရတယ္''

''အႏၲရာယ္ရွိ အေဆာက္အအုံအျဖစ္ သတ္မွတ္ေပးတာရွိတယ္လုိ႔ ေျပာၾကသူေတြလည္းရွိတယ္။အႏၲရာယ္ရွိ အေဆာက္အ အုံအျဖစ္ သတ္မွတ္တဲ့ ကိစၥကဘယ္လုိဆုိတာ ရွင္းျပပါဦး''

''ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးဥပေဒ ပုဒ္မ ၅၁ မွာလူေနထုိင္ အသုံးျပဳရန္ မသင့္ေလ်ာ္သည့္ အေဆာက္အအုံျဖစ္ၿပီး အႏၲရာယ္ျဖစ္ေစႏိုင္ပါက ေဘးအႏၲရာယ္ရွိအေဆာက္အအုံ အျဖစ္ သတ္မွတ္ျခင္း၊ယင္း အေဆာက္အအုံမွာ ေနထုိင္အသုံးျပဳသူမ်ားကိုဖယ္ရွားရန္ ၫႊန္ၾကားျခင္း၊အေဆာက္အအုံအား ဖ်က္သိမ္းျခင္း၊အသစ္ျပန္လည္တည္ေဆာက္ျခင္း ကိစၥရပ္မ်ားကိုရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီကေဆာင္ရြက္ႏုိင္တယ္ လုိ႔ ျပ႒ာန္းထားတယ္။

ဒါေၾကာင့္သက္ဆုိင္ရာ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန (အေဆာက္အ အုံ) ကလာေရာက္ စစ္ေဆးၿပီး လူေနရန္ မသင့္ေလ်ာ္ေတာ့ဘဲ အႏၲရာယ္ရွိႏုိင္တဲ့ အေဆာက္အအုံျဖစ္ရင္ အႏၲရာယ္ရွိအေဆာက္ အအုံအျဖစ္ သတ္မွတ္ေပးမွာ ျဖစ္တယ္''

''အႏၲရာယ္ရွိ အေဆာက္အအုံအျဖစ္ သတ္မွတ္ေပးေပမယ့္ေနထုိင္သူေတြက ဆင္းမေပးဘဲ ေနႏုိင္သမွ် ဆက္ေနရင္ဘာျဖစ္ႏုိင္သလဲ''

''ပုဒ္မ ၅၂ မွာ ပုဒ္မ ၅၁ ပါ ျပ႒ာန္းခ်က္ တစ္ရပ္ရပ္ကိုေနထုိင္သူတုိ႔က လုိက္နာရန္ ပ်က္ ကြက္လွ်င္ပ်က္ကြက္သူထံ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၏ဖ်က္သိမ္းဖယ္ရွားရွင္းလင္းေရး အဖြဲ႔က ရက္ေပါင္း ၃ဝ အတြင္း ဖ်က္သိမ္းရွင္းလင္းဖယ္ရွားေပးရန္ အမိန္႔ထုတ္ဆင့္ႏုိင္တယ္။ထုတ္ဆင့္တဲ့ အမိန္႔ကို လုိက္နာရန္ ပ်က္ကြက္ ျငင္းဆုိရင္ဖ်က္သိမ္း ရွင္းလင္းေရးအဖြဲ႔က ေနထုိင္အသုံးျပဳသူအပါအဝင္ အေဆာက္အအုံနဲ႔ ပစၥည္းမ်ားကို ဖ်က္သိမ္းဖယ္ရွားႏုိင္တယ္။ဖ်က္သိမ္းဖယ္ရွားျခင္းေအာင္ျမင္ႏုိင္ရန္ အတြက္သက္ဆုိင္ရာတုိင္းေဒသႀကီး အစုိးရအဖြဲ႔ထံမွ လုံၿခံဳေရးနဲ႔အျခားအကူအညီေတြ ေတာင္းခံႏုိင္တယ္လုိ႔ျပ႒ာန္းထားတယ္''

''ျပင္ဆင္ေဆာက္လုပ္ခြင့္ျပဳတဲ့အခါမွာ အခ်ိန္ကာလသတ္မွတ္ေပးတာရွိသလား၊ သတ္မွတ္ထားတဲ့ စည္းကမ္းထက္ေက်ာ္လြန္ ေဆာက္လုပ္တဲ့ ကိစၥရပ္ေတြ ရွိခဲ့ရင္ ဘယ္လုိ အေရးယူတာေတြ ရွိသလဲ''

''ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ ၆၁ မွာအေဆာက္အအုံျပင္ဆင္ ေဆာက္လုပ္ျခင္းနဲ႔ ပတ္သက္လုိ႔တားျမစ္ခ်က္ေတြကို ျပ႒ာန္းထားတယ္။ခြင့္ျပဳသတ္မွတ္ထားတဲ့ ပုံစံ အခ်က္အလက္မ်ားထက္ေက်ာ္လြန္ၿပီး ေဆာင္ရြက္ပိုင္ခြင့္ မရွိပါဘူး။ေဆာင္ရြက္ပါက ေက်ာ္လြန္ ေဆာက္လုပ္ထားတဲ့အပိုင္းကိုျပန္လည္ဖ်က္သိမ္းအေရးယူ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ မည္သူမွ် လူေနထုိင္ျခင္းမျပဳရန္ တားျမစ္ခ်က္သေကၤတ အမွတ္အသား ေရးမွတ္ထားတဲ့ အေဆာက္အအုံ၊ဒါမွမဟုတ္ အေဆာက္အအုံရဲ႕ တစ္စိတ္တစ္ေဒသအတြင္း ဝင္ေရာက္ ေနထုိင္ျခင္းမျပဳလုပ္ရလုိ႔ တားျမစ္ထားပါတယ္။တစ္ဆက္တည္းမွာပဲ ၿဖိဳဖ်က္ထားတဲ့ အႏၲရာယ္ရွိအေဆာက္အအုံတည္ရွိရာ ေျမကြက္အတြင္းကိုလည္းဝင္ေရာက္ေနထုိင္ျခင္း မျပဳရလုိ႔ တားျမစ္ထားပါတယ္''

''တားျမစ္ထားတဲ့ အခ်က္ေတြကို မလုိက္နာရင္ ဘယ္လုိအေရးယူႏုိင္သလဲ''

''သက္ဆုိင္ရာ စည္ပင္သာယာေရး ဌာနမွ ဥပေဒတားျမစ္ခ်က္ေတြအေပၚ မလုိက္နာ ပ်က္ကြက္သူအား တရားစြဲဆုိအေရးယူ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္'' လုိ႔ ေဆြးေႏြးေပးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service