အိမ်ငှားစာချုပ်မချုပ်ခင် အိမ်ငှားတိုင်း မေးသင့်တဲ့ မေးခွန်း(၃)ခု

အိမ်ငှားစာချုပ်မချုပ်ခင် အိမ်ငှားတိုင်း မေးသင့်တဲ့ မေးခွန်း(၃)ခု - Property Knowledge in Myanmar from iMyanmarHouse.com
2 Nov 2020 12:25 pm တွင် တင်ခဲ့သည်
4522 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

တကယ်လို့ သင်သာ အိမ်ငှားတစ်ယောက်ရဲ့အခွင့်အရေးရပိုင်ခွင့်တွေကို အစကတည်း က/မ ငှားရမ်းခင်ကတည်းက သိထားမယ်ဆိုရင် ငှားပြီးနောက် အိမ်ရှင်အိမ်ငှားမရှင်းမရှင်းလုပ်ခဲ့ခြင်းရဲ့ရလဒ် အကျပ်အတည်းဆိုတာ ပေါ်လာတော့မှာ မဟုတ်ပါဘူး။

အိမ်ငှားမယ့်သူဟာ ကိုယ်လိုချင်တဲ့ ပတ်ဝန်းကျင်မှာ ဈေးနှုန်းမှန်နဲ့ သင့်တော်တဲ့ အိမ်ခန်းကို တွေ့ပြီဆိုတာနဲ့ အငှားစာချုပ်ကို ချုပ်ချင်မှာပါပဲ။ ဒါပေမဲ့ ဒီလို စာချုပ်မချုပ်ခင် သင့်အနေနဲ့ မေးရမယ့် မေးကိုမေးသင့်တဲ့ မေးခွန်း(၃)ခွန်း ရှိလို့ နေပါတယ်။

၁။ ငှားရမ်းမယ့် ဒီအိမ်ဒီအခန်းဟာ တရားဝင်ရဲ့လား?

ဒါတွေကတော့ တရားမဝင်မှုကို ရိပ်စားမိနိုင်တဲ့ လက္ခဏာတစ်ချို့ပါ။

• အိမ်ငှားခအရမ်းကိုသက်သာနေတာ

• မြေအောက်ခန်း၊ ထပ်ခိုး၊ သို့မဟုတ် ဂိုဒေါင်ခန်း

• ပြတင်းပေါက်လုံးဝမရှိခြင်း သို့မဟုတ် ပြတင်းပေါက်အလွန်သေးငယ်ခြင်း

၂။ အိမ်မွေးတိရစာ္ဆန်မွေးမြူမှုဆိုင်ရာ မူဝါဒတွေ အိမ်ငှားစာချုပ်ထဲမှာ အသေးစိတ်ဖော်ပြထားရဲ့လား?

သင့်အိမ်ရှင်က ရပါတယ် သူတို့လေး(တိရစာ္ဆန်လေး)တွေကိုပါ တစ်ပါတည်းခေါ်ယူလာလို့ရပါတယ် မွေးလို့ရပါတယ်လို့ ပါးစပ်က ပြောတိုင်း အတည်လို့ မမှတ်လိုက်ပါနဲ့။ နောက်ပိုင်းကျ စိတ်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ သူ့အိမ်မှာ တိရစာ္ဆန်မထားပါနဲ့။ ဒါမှမဟုတ် အဲ့အတွက် အပိုထပ်ဆောင်းအခကြေးငွေ ပေးရမယ်တို့လို့မျိုး ပြောလာနိုင်တယ်လေ။ ဒီတော့ သူတို့လေးတွေရှိတဲ့ အိမ်ငှားတွေ ဒါလေးတွေ ဂရုပြုပါ။

• သင့်အချစ်တော်တိရစာ္ဆန်လေးတွေပါ သင်တို့နဲ့အတူ အဲ့အိမ်မှာ နေလို့ရတယ်ဆိုတာ အငှားစာချုပ်မချုပ်မီ သေချာပါစေ။

• ဒီ့အတွက် အခကြေးငွေ သက်သက်ထပ်ဆောင်းပေး ရရင် ပေးရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပေးရတာကိုပါ အကြောင်းအရင်းနဲ့တကွ စာချုပ်ထဲ ထည့်ရေးပါ။

• တကယ်လို့များ စာချုပ်အချက်အလက်ထဲမှာက တိရစာ္ဆန်မမွေးရဆိုတဲ့ အချက်ပါနေမယ်။ ဒါပေမဲ့ အိမ်ရှင်ကတော့ ရပါတယ် မွေးပါလို့ ပါးစပ်ကခွင့်ပြုနေမယ်။ ဒီလိုအခြေအနေနဲ့ ကြုံရရင်တော့ စာချုပ်ကိုပြင်ဆင်တည်းဖြတ်ပေးဖို့ သင့်အိမ်ရှင်ကို ပြောပါ။

၃။ အိမ်စပေါ်ပြန်ပေးတာမှာ ဘယ်လိုမူဝါဒနဲ့လဲ?

သင်အဲ့အိမ်က ထွက်ခွာသွားချိန်မှာ အဲ့အိမ်ဘယ်လောက်ပဲ မပျက်မစီးအသစ်တိုင်းပဲ ကျန်နေကျန်နေ တစ်ချို့အိမ်ရှင်တွေက အိမ်စပေါ်ငွေကို ပြန်ပေးဖို့ ဘယ်တုန်းကမှ စိတ်မကူးကြပါဘူး။ တကယ်လို့ သူတို့က သင့်စပေါ်ငွေကို မမှန်မကန်ထိန်းချုပ်ထား တယ်ဆိုရင်တောင် တစ်ချို့တရားစီရင်မှုတွေမှာက သူတို့ကို မဖြစ်စလောက်ပြစ်ဒဏ်ပဲ ချမှတ်ကြတာဆိုတော့ ဒီအချက်က တော်တော်ဆိုးပါတယ်။ ဒါကြောင့်

• အိမ်ရှင်က သင့်စပေါ်ငွေကို ပြန်မပေးဘူးဆိုရင် သို့မဟုတ် သူတို့ဒီလိုဆက်လက်ထိန်းသိမ်း ထားရတာအတွက် အကြောင်းအရင်းတစ်စုံ တစ်ရာပေးလာတယ်ဆိုရင်တောင် တကယ်တော့ သူတို့မှာ သူတို့အိမ်ကိုဆက်မငှားတော့တဲ့သင့်ရဲ့ စပေါ်ငွေကို ဆက်ယူထားခွင့်မရှိတာကို သိပါ။

• စပေါ်ငွေယူထားခွင့်ကာလကျော်လွန်သွားပြီမို့ ချက်ချင်းပြန်ပေးပါရန် အိမ်ရှင်ထံ အကြောင်းကြားပါ။

• ဒီလိုမှပြန်မပေးသေးရင် ရှေ့နေနဲ့ဆက်သွယ်လို့ ဥပဒေအရ အရေးယူပြန်တောင်းပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

အိမ္ငွားစာခ်ဳပ္မခ်ဳပ္ခင္ အိမ္ငွားတိုင္း ေမးသင့္တဲ့ ေမးခြန္း(၃)ခု

တကယ္လို႔ သင္သာ အိမ္ငွားတစ္ေယာက္ရဲ႕အခြင့္အေရးရပိုင္ခြင့္ေတြကို အစကတည္း က/မ ငွားရမ္းခင္ကတည္းက သိထားမယ္ဆိုရင္ ငွားၿပီးေနာက္ အိမ္ရွင္အိမ္ငွားမရွင္းမရွင္းလုပ္ခဲ့ျခင္းရဲ႕ရလဒ္ အက်ပ္အတည္းဆိုတာ ေပၚလာေတာ့မွာ မဟုတ္ပါဘူး။

အိမ္ငွားမယ့္သူဟာ ကိုယ္လိုခ်င္တဲ့ ပတ္၀န္းက်င္မွာ ေစ်းႏႈန္းမွန္နဲ႔ သင့္ေတာ္တဲ့ အိမ္ခန္းကို ေတြ႕ၿပီဆိုတာနဲ႔ အငွားစာခ်ဳပ္ကို ခ်ဳပ္ခ်င္မွာပါပဲ။ ဒါေပမဲ့ ဒီလို စာခ်ဳပ္မခ်ဳပ္ခင္ သင့္အေနနဲ႔ ေမးရမယ့္ ေမးကိုေမးသင့္တဲ့ ေမးခြန္း(၃)ခြန္း ရွိလို႔ ေနပါတယ္။

၁။ ငွားရမ္းမယ့္ ဒီအိမ္ဒီအခန္းဟာ တရား၀င္ရဲ႕လား?

ဒါေတြကေတာ့ တရားမ၀င္မႈကို ရိပ္စားမိႏိုင္တဲ့ လကၡဏာတစ္ခ်ဳိ႕ပါ။

• အိမ္ငွားခအရမ္းကိုသက္သာေနတာ

• ေျမေအာက္ခန္း၊ ထပ္ခိုး၊ သို႔မဟုတ္ ဂိုေဒါင္ခန္း

• ျပတင္းေပါက္လံုး၀မရွိျခင္း သို႔မဟုတ္ ျပတင္းေပါက္အလြန္ေသးငယ္ျခင္း

၂။ အိမ္ေမြးတိရစာၦန္ေမြးျမဴမႈဆိုင္ရာ မူ၀ါဒေတြ အိမ္ငွားစာခ်ဳပ္ထဲမွာ အေသးစိတ္ေဖာ္ျပထားရဲ႕လား?

သင့္အိမ္ရွင္က ရပါတယ္ သူတို႔ေလး(တိရစာၦန္ေလး)ေတြကိုပါ တစ္ပါတည္းေခၚယူလာလို႔ရပါတယ္ ေမြးလို႔ရပါတယ္လို႔ ပါးစပ္က ေျပာတိုင္း အတည္လို႔ မမွတ္လိုက္ပါနဲ႔။ ေနာက္ပိုင္းက် စိတ္က တစ္မ်ဳိးေျပာင္းသြားႏိုင္ပါတယ္။ သူ႔အိမ္မွာ တိရစာၦန္မထားပါနဲ႔။ ဒါမွမဟုတ္ အဲ့အတြက္ အပိုထပ္ေဆာင္းအခေၾကးေငြ ေပးရမယ္တုိ႔လို႔မ်ဳိး ေျပာလာႏိုင္တယ္ေလ။ ဒီေတာ့ သူတို႔ေလးေတြရွိတဲ့ အိမ္ငွားေတြ ဒါေလးေတြ ဂ႐ုျပဳပါ။

• သင့္အခ်စ္ေတာ္တိရစာၦန္ေလးေတြပါ သင္တို႔နဲ႔အတူ အဲ့အိမ္မွာ ေနလို႔ရတယ္ဆိုတာ အငွားစာခ်ဳပ္မခ်ဳပ္မီ ေသခ်ာပါေစ။

• ဒီ့အတြက္ အခေၾကးေငြ သက္သက္ထပ္ေဆာင္းေပး ရရင္ ေပးရႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုေပးရတာကိုပါ အေၾကာင္းအရင္းနဲ႔တကြ စာခ်ဳပ္ထဲ ထည့္ေရးပါ။

• တကယ္လို႔မ်ား စာခ်ဳပ္အခ်က္အလက္ထဲမွာက တိရစာၦန္မေမြးရဆိုတဲ့ အခ်က္ပါေနမယ္။ ဒါေပမဲ့ အိမ္ရွင္ကေတာ့ ရပါတယ္ ေမြးပါလို႔ ပါးစပ္ကခြင့္ျပဳေနမယ္။ ဒီလိုအေျခအေနနဲ႔ ႀကံဳရရင္ေတာ့ စာခ်ဳပ္ကိုျပင္ဆင္တည္းျဖတ္ေပးဖို႔ သင့္အိမ္ရွင္ကို ေျပာပါ။

၃။ အိမ္စေပၚျပန္ေပးတာမွာ ဘယ္လိုမူ၀ါဒနဲ႔လဲ?

သင္အဲ့အိမ္က ထြက္ခြာသြားခ်ိန္မွာ အဲ့အိမ္ဘယ္ေလာက္ပဲ မပ်က္မစီးအသစ္တိုင္းပဲ က်န္ေနက်န္ေန တစ္ခ်ဳိ႕အိမ္ရွင္ေတြက အိမ္စေပၚေငြကို ျပန္ေပးဖို႔ ဘယ္တုန္းကမွ စိတ္မကူးၾကပါဘူး။ တကယ္လို႔ သူတို႔က သင့္စေပၚေငြကို မမွန္မကန္ထိန္းခ်ဳပ္ထား တယ္ဆိုရင္ေတာင္ တစ္ခ်ဳိ႕တရားစီရင္မႈေတြမွာက သူတို႔ကို မျဖစ္စေလာက္ျပစ္ဒဏ္ပဲ ခ်မွတ္ၾကတာဆိုေတာ့ ဒီအခ်က္က ေတာ္ေတာ္ဆိုးပါတယ္။ ဒါေၾကာင့္

• အိမ္ရွင္က သင့္စေပၚေငြကို ျပန္မေပးဘူးဆိုရင္ သို႔မဟုတ္ သူတို႔ဒီလိုဆက္လက္ထိန္းသိမ္း ထားရတာအတြက္ အေၾကာင္းအရင္းတစ္စံု တစ္ရာေပးလာတယ္ဆိုရင္ေတာင္ တကယ္ေတာ့ သူတို႔မွာ သူတို႔အိမ္ကိုဆက္မငွားေတာ့တဲ့သင့္ရဲ႕ စေပၚေငြကို ဆက္ယူထားခြင့္မရွိတာကို သိပါ။

• စေပၚေငြယူထားခြင့္ကာလေက်ာ္လြန္သြားၿပီမို႔ ခ်က္ခ်င္းျပန္ေပးပါရန္ အိမ္ရွင္ထံ အေၾကာင္းၾကားပါ။

• ဒီလိုမွျပန္မေပးေသးရင္ ေရွ႕ေနနဲ႔ဆက္သြယ္လို႔ ဥပေဒအရ အေရးယူျပန္ေတာင္းပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service