ဈေးကြီးတန်ဖိနပ်တွေကို အိမ်မှာ ဘယ်လိုပိုးသတ်သန့်စင်မလဲ

ဈေးကြီးတန်ဖိနပ်တွေကို အိမ်မှာ ဘယ်လိုပိုးသတ်သန့်စင်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1 Nov 2020 12:27 pm တွင် တင်ခဲ့သည်
1318 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

 [Unicode]

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့အတွက် ဗိုင်းရပ်စ်ရှိနေနိုင်တဲ့နေရာတွေကို မထိတွေ့မိအောင် ဂရုစိုက်ရှောင်ရှားသင့်ပါတယ်။ ဘတ်တီးရီးယားတွေက ဖိနပ်တွေမှာ ကပ်ညှိနိုင်တယ်ဆိုတာ သိထားကြပြီး ဗိုင်းရပ်စ်တွေကလည်း ဖိနပ်မှာရှိရင်ရှိနိုင်ပါတယ်။ အပြင်သွားတဲ့အခါ ဖိနပ်ကနေ အိမ်ကို ဗိုင်းရပ်စ်တွေ ပါလာမှာဆိုးရပါတယ်။

ဒါကြောင့် ဖိနပ်တွေကို သန့်စင်ပိုးသတ်ပေးသင့်ပါတယ်။ သန့်စင်တာက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့အချက်ပါပဲ။ ပေါ့ပေါ့ပါးပါးဖိနပ်နဲ့ ဖိနပ်အပါးတွေက သန့်စင်ရတာလွယ်ကူပေးမယ့် ဈေးကြီးတန်ဖိနပ်တွေကတော့ သန့်စင်ဖို့ နည်းနည်းတော့သတိထားရပါတယ်။ သန့်စင်တာမှားသွားရင် ဖိနပ်တွေပျက်စီးသွားမှာဆိုးရပါတယ်။

ရေနွေးပူနဲ့ဆပ်ပြာကို အသုံးပြုပြီး သန့်စင်လို့ရတဲ့ပစ္စည်းတွေရှိပေမယ့် ဈေးကြီးတန်ဖိနပ်တွေကတော့ အဲဒီလိုလုပ်လို့မရပါဘူး။ အိမ်မှာ ဖိနပ်တွေကို သန့်စင်ပိုးသတ်ချင်ရင် အောက်မှာဖော်ပြပေးထားတဲ့လွယ်ကူတဲ့နည်းလမ်းတွေကို လိုက်နာကြည့်သင့်ပါတယ်။ ဖိနပ်တွေကို သန့်စင်တဲ့အခါ တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုဖို့မမေ့နဲ့နော်။

သေသေချာချာ သန့်စင်ပါ

ဖိနပ်တွေကို ပိုးမသတ်ခင်မှာ သန့်စင်ပေးဖို့ အမြဲတမ်းသတိရပါ။ တချို့ဖိနပ်တွေက ဆပ်ပြာ၊ ရေတို့နဲ့ သန့်ရှင်းပေးလိုက်ရုံနဲ့ရပါတယ်။ တချို့ဖိနပ်တွေကကျတော့ ရေအများကြီးစိုလို့မရတဲ့အတွက်ဖိနပ်မှာရှိတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ဖယ်ရှားချင်ရင် ဘရက်ရှ်ကို အသုံးပြုလို့ရသလို အဝတ်စိုစိုနဲ့ သန်စင်လို့လည်းရပါတယ်။

ပိုးသတ်ဆေးဖျန်းပါ

ဖိနပ်ကို ပိုးသတ်ဖို့ဆိုရင် အထည်အတွက် ပြုလုပ်ထားတဲ့ပိုးသတ်ဆေးကို အသုံးပြုလို့ရပါတယ်။ အဲဒီပိုးသတ်ဆေးက ချည်ထည်တွေကို ပျက်စီး၊ စွန်းထင်းစေတဲ့ ဓာတုဓာတ်ပါဝင်မှုနည်းပါတယ်။ ဖိနပ်တစ်ခုလုံးကိုဖျန်းဖို့ဆိုရင် areosol စပရေးကို အသုံးပြုတာအကောင်းဆုံးပါပဲ။

ဖိနပ်တွေ ခြောက်အောင်ထားပါ

ပိုးသတ်ဆေးသုံးပြီးတဲ့နောက် အခန်းတွင်းအပူချိန်နဲ့ဖိနပ်တွေကို ခြောက်အောင်ထားလို့ရပါတယ်။ နေရောင်အောက်မှာ မထားပါနဲ့။ ဖိနပ်အသုံးမပြုခင် ဖိနပ်သေချာခြောက်အောင်စောင့်သင့်ပါတယ်။

သားရေဖိနပ်တွေကို ဘယ်လိုသန့်စင်မလဲ

သားရေဖိနပ်တွေကို သန့်စင်ချင်ရင် Suede eraser (သားရေသန့်စင်တဲ့ခဲဖျက်) ကို အသုံးပြုလို့ရပါတယ်။ အဲဒါကို သားရေမှာရှိတဲ့ ဖုန်မှုန့်၊ အညစ်အကြေး၊ အစွန်းအထင်းတွေကို ဖယ်ရှားတဲ့နေရာမှာ အသုံးပြုလို့ရပြီး သားရေအမျိုးအစားဖိနပ်တွေအတွက် သီးသန့်ထုတ်ထားတာဖြစ်ပါတယ်။

ဖိနပ်တွေကို စိုအောင်မထားပါနဲ့

စိုစွတ်တဲ့ဖိနပ်တွေကို ဘတ်တီးရီးယားတွေ ပိုပြီးကပ်ညှိပါတယ်။ ဒါကြောင့် ဖိနပ်တွေ စိုနေရင် ပျက်စီးတာတွေမဖြစ်အောင်၊ ဘတ်တီးရီးယားတွေ မခိုအောင်းအောင် ခြောက်သွေ့သွားအောင် လုပ်ဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ သဘာဝအတိုင်းခြောက်အောင်ထားတာပါပဲ။ ဖိနပ်ခြောက်အောင်တစ်ရှုး၊ သတင်းစာတို့ကို အသုံးပြုလို့ရပါတယ်။ သတင်းစာအသုံးပြုတဲ့အခါ မင်အနက်နဲ့ ပုံတွေပါတဲ့စာရွက်တွေကိုတော့ သတိထားသင့်ပါတယ်။ အဲဒါတွေက ဖိနပ်တွေကိုအစွန်းအထင်းဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ရိုးရာလေး

[Zawgyi]





သေသေချာချာ သန့်စင်ပါ


ပိုးသတ်ဆေးဖျန်းပါ











Credit: ရိုးရာလေး

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service