သင်ဝယ်မယ့် မြေက ဘယ်လိုမြေအမျိုးအစားထဲမှာ ပါဝင်သလဲ၊ မြေဆိုတာဘာလဲ သေချာသိဖို့လိုအပ်တယ်

သင်ဝယ်မယ့် မြေက ဘယ်လိုမြေအမျိုးအစားထဲမှာ ပါဝင်သလဲ၊ မြေဆိုတာဘာလဲ သေချာသိဖို့လိုအပ်တယ် - Property Knowledge in Myanmar from iMyanmarHouse.com
31 Oct 2020 11:27 am တွင် တင်ခဲ့သည်
1229 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မြေဝယ်မယ်ဆိုတာ နဲ့ သင့်အနေနဲ့ ကိုယ်ဝယ်မယ့် မြေက ဘယ်လိုမြေ အမျိုးအစားဖြစ်တယ်။ ဒီမြေပေါ်မှာ ကိုယ်ဘာတွေလုပ်နိုင်တယ်၊ ကိုယ်ဝယ်မယ့် မြေကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် နာမည်ပြောင်းလို့ရမရ ဆိုတာကို မဝယ်ယူခင်မှာ အသေအချာသိဖိို့ လိုအပ်ပါတယ်။

မြန်မာပြည်မှာ မြေတွေနဲ့ပတ်သက်ရင် အမျိုးအစားတွေ၊ အဆင့်အတန်းတွေကိုလည်း သတ်မှတ်ထားတာရှိသလို လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကလည်း အများကြီး ကွာဟပါတယ်။ မြေကို အကြမ်းအားဖြင့် ခုနှစ်မျိုးခွဲခြားထားတာကို တွေ့ရပါလိမ့်မယ်။

လယ်ယာ ဥယျဉ်မြေ၊ မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)၊ ဂရန်မြေ၊ ချထားမြေ (ပါမစ်)၊ စကွာတာမြေ၊ ကျုးကျော်မြေနှင့် သာသနာပိုင်မြေတွေဆိုပြီး အမျိုးအစားခုနှစ်မျိုး ခွဲထားပါတယ်။

မြေတွေကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားသတ်မှတ် ရောင်းဝယ်လုပ်ကိုင်နေပေမယ့်လည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ-၃၇ အရ နိုင်ငံတော်သည် နိုင်ငံအတွင်းရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေထု အတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားချက်အရ မြေအားလုံး၏ မူရင်းပ်ိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး ပြည်သူများသို့ အဌားချထားခြင်း၊ ခွင့်ပြုပေးထားခြင်းသာရှိပြီး မြေအမျိုးအစားအလိုက် ရောင်းဝယ်ဖောက်ကား လုပ်ပိုင်ခွင့်များလည်း ကွာဟနိုင်စေသည်။

(၁) လယ်ယာဥယျဉ်မြေ

စိုက်ပျိုးရေး လုပ်ငန်းများ အတွက်သာ အသုံးပြု ခွင့်ရတဲ့ သီးသန့်မြေမျိုးဖြစ်ပြီး လယ်ယာမြေ ဥပဒေသစ်အရ အခြားသူတစ်ဦး တစ်ယောက်ထံသို့ လွှဲပြောင်းနိုင်ပါတယ်၊ ယင်းမြေအမျိုးအစားမှ လူနေအိမ်မြေအဖြစ် ပြောင်းလဲအသုံးချနိုင်ရန်အတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ ဖြင့် အကျုံးဝင်ကာ ပြောင်းလဲနိုင်သည့် မြေအမျိုးအစားဖြစ်သည်။ ယခုအခါ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိသူများ အနေဖြင့် လုပ်ပိုင်ခွင့်ရရှိထားသော လယ်ယာမြေ၏ အာလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရောင်းချ ခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်း ကိစ္စရပ်များအတွက် အလွယ်တကူ ဆောင်ရွက် ခွင့်ရှိသည့် မြေအမျိုးအစား ဖြစ်သည်။

(၂) မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)

အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြို့ကွက်များကို ဖော်ထုတ်ခြင်း၊ မြို့များကို ပြင်ဆင်ချဲ့ထွင်ပြီး အများပြည်သူတို့ ကို ရောင်းချခဲ့သည့် မြေ နှင့် လယ်ယာမြေများကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ အရ လယ်ယာဥယျဉ်ခြံမြေ များအဖြစ် မှ ပြောင်းလဲထားသည့်မြေ များဖြစ်သည်၊ အဆိုပါမြေကို ရောင်းပေါင်၊ ခွဲစိတ်၊ လွွှဲပြောင်းနိုင်သည်။

(၃) ဂရန်မြေ (မြေဌားစာချုပ်မြေ)

နိုင်ငံတော်မှ ပြည်သူများသို့ သတ်မှတ်ထားသည့် မြေဧရိယာအလိုက် နှစ် ၉၀ ၊ နှစ် ၆၀ နှင့် နှစ် ၃၀ ကာလ အပိုင်းအခြား အလိုက် ဌားရမ်းပေးထားသည့် မြေမျိုးဖြစ်ကာ ရောင်းဝယ်၊ ပေါင်နှံ ၊ခွဲစိတ်၊လွှဲပြောင်းနိုင်ပြီး အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ခိုင်မာမှုနှင့် တရားဝင်မှု အရှိဆုံးမြေ အမျိုးအစား ဖြစ်သည်။

(၄) ချထားမြေ (ပါမစ်မြေ)

မြေဌားစာချုပ် (ဂရန်) မရှိသေးသော်လည်း နိုင်ငံတော်အစိုးရမှ တရားဝင်ချ ထားပေးသော မြေအမျိုးအစားဖြစ်သည်။ ဥပဒေသတ်မှတ်ချက်များအရ နိုင်ငံတော်မှ တရားဝင်ချထားပေးသူမှအပ တစ်ခြားသူများ သို့လွှဲပြောင်းရောင်းချခွင့်မရှိသည့် မြေအမျိုးအစားဖြစ်သည်၊ ပါမစ်ချထားပြီး တစ်နှစ်ပြည့် မြောက်သည့် အချိန်မှစတင်ကာ မြေဌားစာချုပ်ကို ထုတ်ယူနိုင်ပြီးမှသာ တရားဝင်ခွဲစိတ်၊ ပေါင်နှံရောင်းဝယ်ခြင်း ကို ခွင့်ပြုထားသည်။

(၅) စကွာတာမြေ

ယနေ့ခေတ်တွင် အလွန်ရှားပါးသည့် မြေအမျိုး အစားဖြစ်သည်၊ အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြေဌားခ မပေးနိုင်သဖြင့် မြေဌားဂရန် မရရှိသူများကို အလွန်ချိုသာသည့် နှုန်းထား တစ်ရပ်ဖြင့်နေထိုင်ခွင့်ပေးထားခဲ့သည့်မြေအမျိုးအစားဖြစ်သည်၊ ထို့အပြင် မြေငှားစာချုပ်စည်းကမ်း ဖောက်ဖျတ်သည့် မြေများနှင့် ဂရန်သက်တမ်းကုန်သော်လည်း ယင်းမြေပေါ်တွင် ဆက်လက်နေထိုင် ပြီး မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့သူများ ၊ယင်းမြေ အဌားချထားခြင်း ခံရသူများ အနေဖြင့် ယနေ့ခေတ်တွင် ဂရန်မြေအဖြစ် လျှောက်ထားနိုင်သည်၊ မြေငှားစာချုပ် ( ဂရန်) ကျပြီးမှသာ ရောင်းဝယ်ပေါင်နှံခွင့်ရှိသည်။

(၆) ကျုးကျော်မြေ

မြေဌားစာချုပ်လည်း မရှိသလို၊ သက်ဆိုင်ရာမှ နေရာချ ထားပေးခြင်း မရှိဘဲ အစိုးရမြေ သို့မဟုတ် ပုဂ္ဂလိကမြေပေါ်တွင် ကျုးကျော်နေအိမ်ဆောက်လုပ်ထားသည့် မြေအမျိုးအစားဖြစ်သည်။ အဆိုပါ ကျုးကျော်မြေများကိုလည်း နိုင်ငံတောမှ စီစစ်ပြီး စီမံကိန်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက ဖယ်ရှားခံရပါမည်၊ အင်္ဂလိပ်အစိုးရ လက်ထက်တွင် အစိုးရမှ ယင်းမြေကို လတ်တလော အသုံးမပြုသေးပါက အခွန်အခသတ်မှတ်ပြီး ကျုးဂရန် သတ်မှတ်ကာ မြေငှားခ ထမ်းဆောင်စေခဲ့သော်လည်း ယနေ့ခေတ်တွင် အသုံးပြုခြင်းမရှိတော့ပါ၊ ယင်းမြေများကို ရောင်းဝယ်ပေါင်နှံခွဲစိတ်ခွင့်မရှိပါ။

(၇) သာသနာပိုင်မြေ

ဘုရားဝတ္တကမြေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရား ကျောင်း၊ဘုန်းတော်ကြီးကျောင်း ပိုင်မြေများနှင့် ဘာသာရေး ၊ ကိုးကွယ်ဝတ်ပြုမှု နှင့် သက်ဆိုင်သည့် မြေများဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုချစ်ခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

သင္ဝယ္မယ့္ ေျမက ဘယ္လိုေျမအမ်ဳိးအစားထဲမွာ ပါ၀င္သလဲ၊ ေျမဆိုတာဘာလဲ ေသခ်ာသိဖို႔လိုအပ္တယ္

ေျမဝယ္မယ္ဆိုတာ နဲ႔ သင့္အေနနဲ႔ ကိုယ္ဝယ္မယ့္ ေျမက ဘယ္လိုေျမ အမ်ဳိးအစားျဖစ္တယ္။ ဒီေျမေပၚမွာ ကိုယ္ဘာေတြလုပ္ႏိုင္တယ္၊ ကိုယ္ဝယ္မယ့္ ေျမကို လက္ဝယ္ပိုင္ပိုင္ႏိုင္ႏိုင္ျဖစ္ေအာင္ နာမည္ေျပာင္းလုိ႕ရမရ ဆိုတာကို မဝယ္ယူခင္မွာ အေသအခ်ာသိဖို႔ိ လိုအပ္ပါတယ္။

ျမန္မာျပည္မွာ ေျမေတြနဲ႔ပတ္သက္ရင္ အမ်ဳိးအစားေတြ၊ အဆင့္အတန္းေတြကိုလည္း သတ္မွတ္ထားတာရွိသလို လုပ္ေဆာင္ႏိုင္တဲ႔ အေျခအေနေတြကလည္း အမ်ားၾကီး ကြာဟပါတယ္။ ေျမကို အၾကမ္းအားျဖင့္ ခုႏွစ္မ်ဳိးခြဲျခားထားတာကို ေတြ႕ရပါလိမ္႔မယ္။

လယ္ယာ ဥယ်ဥ္ေျမ၊ ေျမပိုင္ေျမ (ဘိုးဘြားပိုင္ေျမ)၊ ဂရန္ေျမ၊ ခ်ထားေျမ (ပါမစ္)၊ စကြာတာေျမ၊ က်ဳးေက်ာ္ေျမႏွင့္ သာသနာပိုင္ေျမေတြဆိုျပီး အမ်ဳိးအစားခုႏွစ္မ်ဳိး ခြဲထားပါတယ္။

ေျမေတြကို အဆင့္အတန္း အမ်ဳိးမ်ဳိး ခြဲျခားသတ္မွတ္ ေရာင္းဝယ္လုပ္ကိုင္ေနေပမယ့္လည္း ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပံု အေျခခံဥပေဒ အခန္း(၁) ႏိုင္ငံေတာ္ အေျခခံမူမ်ား ေခါင္းစဥ္ေအာက္ရွိ ပုဒ္မ-၃၇ အရ ႏိုင္ငံေတာ္သည္ ႏိုင္ငံအတြင္းရွိ ေျမအားလံုး၊ ေျမေပၚေျမေအာက္၊ ေရေပၚေရေအာက္ႏွင့္ေလထု အတြင္းရွိ သယံဇာတအားလံုး၏ ပင္ရင္းပိုင္ရွင္ ျဖစ္သည္ဟု အဓိပၸါယ္ဖြင့္ဆိုထားခ်က္အရ ေျမအားလံုး၏ မူရင္းပို္င္ရွင္မွာ ႏိုင္ငံေတာ္ျဖစ္ျပီး ျပည္သူမ်ားသို႔ အဌားခ်ထားျခင္း၊ ခြင္႔ျပဳေပးထားျခင္းသာရွိျပီး ေျမအမ်ဳိးအစားအလိုက္ ေရာင္း၀ယ္ေဖာက္ကား လုပ္ပိုင္ခြင္႔မ်ားလည္း ကြာဟႏိုင္ေစသည္။

(၁) လယ္ယာဥယ်ဥ္ေျမ

စိုက္ပ်ဳိးေရး လုပ္ငန္းမ်ား အတြက္သာ အသံုးျပဳ ခြင့္ရတဲ႔ သီးသန္႔ေျမမ်ဳိးျဖစ္ျပီး လယ္ယာေျမ ဥပေဒသစ္အရ အျခားသူတစ္ဦး တစ္ေယာက္ထံသို႔ လႊဲေျပာင္းႏိုင္ပါတယ္၊ ယင္းေျမအမ်ဳိးအစားမွ လူေနအိမ္ေျမအျဖစ္ ေျပာင္းလဲအသံုးခ်ႏိုင္ရန္အတြက္ လယ္ယာေျမဥပေဒ ပုဒ္မ ၃၀ ျဖင့္ အက်ဳံးဝင္ကာ ေျပာင္းလဲႏိုင္သည့္ ေျမအမ်ဳိးအစားျဖစ္သည္။ ယခုအခါ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ(၇)ရရွိသူမ်ား အေနျဖင့္ လုပ္ပိုင္ခြင့္ရရွိထားေသာ လယ္ယာေျမ၏ အာလံုးကိုျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းကိုျဖစ္ေစ ေရာင္းခ် ျခင္း၊ လဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္းႏွင့္ ငွားရမ္းျခင္း ကိစၥရပ္မ်ားအတြက္ အလြယ္တကူ ေဆာင္ရြက္ ခြင့္ရွိသည့္ ေျမအမ်ဳိးအစား ျဖစ္သည္။

(၂) ေျမပိုင္ေျမ (ဘိုးဘြားပိုင္ေျမ)

အဂၤလိပ္အစိုးရ လက္ထက္တြင္ ျမိဳ႕ကြက္မ်ားကို ေဖာ္ထုတ္ျခင္း၊ ျမိဳ႕မ်ားကို ျပင္ဆင္ခ်ဲ႕ထြင္ျပီး အမ်ားျပည္သူတို႔ ကို ေရာင္းခ်ခဲ႔သည့္ ေျမ ႏွင့္ လယ္ယာေျမမ်ားကို ႏိုင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒ အရ လယ္ယာဥယ်ဥ္ျခံေျမ မ်ားအျဖစ္ မွ ေျပာင္းလဲထားသည့္ေျမ မ်ားျဖစ္သည္၊ အဆိုပါေျမကို ေရာင္းေပါင္၊ ခြဲစိတ္၊ လႊြဲေျပာင္းႏိုင္သည္။

(၃) ဂရန္ေျမ (ေျမဌားစာခ်ဳပ္ေျမ)

ႏိုင္ငံေတာ္မွ ျပည္သူမ်ားသို႔ သတ္မွတ္ထားသည့္ ေျမဧရိယာအလိုက္ ႏွစ္ ၉၀ ၊ ႏွစ္ ၆၀ ႏွင့္ ႏွစ္ ၃၀ ကာလ အပိုင္းအျခား အလိုက္ ဌားရမ္းေပးထားသည့္ ေျမမ်ဳိးျဖစ္ကာ ေရာင္းဝယ္၊ ေပါင္ႏွံ ၊ခြဲစိတ္၊လႊဲေျပာင္းႏိုင္ျပီး အေရာင္းအဝယ္ ျပဳလုပ္ရာတြင္လည္း ခိုင္မာမႈႏွင့္ တရားဝင္မႈ အရွိဆံုးေျမ အမ်ဳိးအစား ျဖစ္သည္။

(၄) ခ်ထားေျမ (ပါမစ္ေျမ)

ေျမဌားစာခ်ဳပ္ (ဂရန္) မရွိေသးေသာ္လည္း ႏိုင္ငံေတာ္အစိုးရမွ တရား၀င္ခ် ထားေပးေသာ ေျမအမ်ဳိးအစားျဖစ္သည္။ ဥပေဒသတ္မွတ္ခ်က္မ်ားအရ ႏိုင္ငံေတာ္မွ တရား၀င္ခ်ထားေပးသူမွအပ တစ္ျခားသူမ်ား သို႔လႊဲေျပာင္းေရာင္းခ်ခြင့္မရွိသည့္ ေျမအမ်ဳိးအစားျဖစ္သည္၊ ပါမစ္ခ်ထားျပီး တစ္ႏွစ္ျပည့္ ေျမာက္သည့္ အခ်ိန္မွစတင္ကာ ေျမဌားစာခ်ဳပ္ကို ထုတ္ယူႏိုင္ျပီးမွသာ တရား၀င္ခြဲစိတ္၊ ေပါင္ႏွံေရာင္း၀ယ္ျခင္း ကို ခြင့္ျပဳထားသည္။

(၅) စကြာတာေျမ

ယေန႔ေခတ္တြင္ အလြန္ရွားပါးသည့္ ေျမအမ်ုိး အစားျဖစ္သည္၊ အဂၤလိပ္အစိုးရ လက္ထက္တြင္ ေျမဌားခ မေပးႏိုင္သျဖင့္ ေျမဌားဂရန္ မရရွိသူမ်ားကို အလြန္ခ်ိဳသာသည့္ ႏႈန္းထား တစ္ရပ္ျဖင့္ေနထိုင္ခြင္႔ေပးထားခဲ့သည့္ေျမအမ်ဳိးအစားျဖစ္သည္၊ ထို႔အျပင္ ေျမငွားစာခ်ဳပ္စည္းကမ္း ေဖာက္ဖ်တ္သည့္ ေျမမ်ားႏွင္႔ ဂရန္သက္တမ္းကုန္ေသာ္လည္း ယင္းေျမေပၚတြင္ ဆက္လက္ေနထိုင္ ျပီး ေျမခြန္မ်ားကို မွန္မွန္ေပးေဆာင္ခဲ႔သူမ်ား ၊ယင္းေျမ အဌားခ်ထားျခင္း ခံရသူမ်ား အေနျဖင့္ ယေန႔ေခတ္တြင္ ဂရန္ေျမအျဖစ္ ေလွ်ာက္ထားႏိုင္သည္၊ ေျမငွားစာခ်ဳပ္ ( ဂရန္) က်ျပီးမွသာ ေရာင္းဝယ္ေပါင္ႏွံခြင့္ရွိသည္။

(၆) က်ဳးေက်ာ္ေျမ

ေျမဌားစာခ်ဳပ္လည္း မရွိသလို၊ သက္ဆိုင္ရာမွ ေနရာခ် ထားေပးျခင္း မရွိဘဲ အစိုးရေျမ သို႔မဟုတ္ ပုဂၢလိကေျမေပၚတြင္ က်ဳးေက်ာ္ေ နအိမ္ေဆာက္လုပ္ထားသည့္ ေျမအမ်ဳိးအစားျဖစ္သည္။ အဆိုပါ က်ဳးေက်ာ္ေျမမ်ားကိုလည္း ႏိုင္ငံေတာမွ စီစစ္ျပီး စီမံကိန္းတစ္ရပ္ရပ္ ေပၚေပါက္ပါက ဖယ္ရွားခံရပါမည္၊ အဂၤလိပ္အစိုးရ လက္ထက္တြင္ အစိုးရမွ ယင္းေျမကို လတ္တေလာ အသံုးမျပဳေသးပါက အခြန္အခသတ္မွတ္ျပီး က်ဳးဂရန္ သတ္မွတ္ကာ ေျမငွားခ ထမ္းေဆာင္ေစခဲ႔ေသာ္လည္း ယေန႔ေခတ္တြင္ အသံုးျပဳျခင္းမရွိေတာ့ပါ၊ ယင္းေျမမ်ားကို ေရာင္းဝယ္ေပါင္ႏွံခြဲစိတ္ခြင့္မရွိပါ။

(၇) သာသနာပိုင္ေျမ

ဘုရားဝတၱကေျမ၊ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း၊ ဗလီ၊ ဟိႏၵဴဘုရား ေက်ာင္း၊ဘုန္းေတာ္ၾကီးေက်ာင္း ပိုင္ေျမမ်ားႏွင့္ ဘာသာေရး ၊ ကိုးကြယ္ဝတ္ျပဳမႈ ႏွင့္ သက္ဆိုင္သည့္ ေျမမ်ားျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုခ်စ္ခင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service