ကလေးငယ်တွေရဲ့ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးတွေကို ဘယ်လို သန့်ရှင်းရေးလုပ်ပေးကြမလဲ

ကလေးငယ်တွေရဲ့ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးတွေကို ဘယ်လို သန့်ရှင်းရေးလုပ်ပေးကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
28 Oct 2020 12:40 pm တွင် တင်ခဲ့သည်
1366 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကလေးငယ်အများစုက ညဘက်ဆိုအိပ်ယာထဲမှာ သေးပေါက်ချတဲ့သူတွေ များပါတယ်။ ဆယ်ကျော်သက်အရွယ် မရောက်မချင်း ဒီလိုတွေဆက်ဖြစ်နေကြမှာပါ။ ဒီတော့ မေမေတို့အနေနဲ့ ဒီလို သေးစိုနေတဲ့ အိပ်ရာခင်းတွေကို ဘယ်လိုလျှော်ဖွပ်ရမလဲ။ ခေါင်းစားနေတဲ့မေမေတို့အတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးသားလိုက်ပါတယ်။

ကလေးက အိပ်ရာထဲမှာ ညတိုင်းလိုလို ဆီးသွားနေပြီလား

အိပ်ရာခင်းတွေဟာ သေးစိုနေတာမဟုတ်သည့်တိုင်အောင် ချွေးတွေ၊ ခန္ဓာကိုယ်ကအဆီတွေ၊ ပိုးမွှားတွေက ကပ်ငြိနေပါတယ်။ အိပ်ရာထဲသေးပေါက်ချခဲ့ရင်လည်း ကလေးကိုအရမ်းဆူပါနဲ့။ ဒါဟာ ကလေးငယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါသမထွက်ဘဲ သေးပေါက်ချတဲ့အလေ့အထကို ပျောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းရှာပါ။

*ကလေးငယ်ကို နေ့ခင်းပိုင်းမှာ အိမ်သာပုံမှန်သွားတတ်အောင် လေ့ကျင့်ပေးပါ။

* ပေါက်ချင်စိတ်ဖြစ်လာတာနဲ့ အောင့်မထားဘဲ ချက်ချင်းပေါက်တတ်အောင် အားပေးပါ။

* နေ့လည်စာစားချိန်၊ နေ့ခင်းအိပ်ရာထချိန်တွေမှာ သေးပေါက်တတ်အောင် အကျင့်လုပ်ပေးပါ။

* ညစာစားပြီး ရေအများကြီးမသောက်ခိုင်းပါနဲ့။

* အိပ်ရာဝင်ခါနီးတိုင်း သေးပေါက်ခိုင်းပါ။

* ဒီလိုအကျင့်တွေကို လေ့ကျင့်ပေးရင် အိပ်ရာထဲသေးပေါက်ချတဲ့အကျင့် လျော့ကျလာမှာပါ။

မွေ့ရာ မပျက်စီးအောင် ဘာတွေ လုပ်ရမလဲ

သေးပေါက်ချတာကြောင့် မွေ့ရာတွေ မပျက်စီးစေချင်ရင် ရေစိုခံတဲ့အိပ်ယာခင်းတွေ သုံးပေးသင့်ပါတယ်။ အိပ်ရာခင်းနေ့တိုင်းလဲမယ်ဆိုရင် နှစ်ခုလောက်ဝယ်ထားမှ အဆင်ပြေမှာပါ။ ဒါမှ တစ်ခုခင်း၊ တစ်ခုလျှော်လို့ရမှာပါ။ ဒါပေမယ့် ကြာလာတဲ့အခါမှာတော့ အနံ့အသက်မကောင်းတော့ပဲ ကလေးကို သက်တောင့်သက်သာ မဖြစ်စေတော့ပါဘူး။ ဒါ့ကြောင့် သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း နည်းလမ်းကျဖို့ အရေးကြီးပါတယ်။

သန့်ရှင်းရေးနည်းလမ်းများ

အစွန်းအထင်းတွေကို ချက်ချင်းလျှော်ရင် ဖယ်ရပိုလွယ်ကူပါတယ်။ ဒါ့ကြောင့် ပေကျံတာနဲ့ ချက်ချင်းလျှော်ပါ။

၁) အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးစွပ်တွေကို ဖြုတ်ပြီး ပုံမှန်အတိုင်းလျှော်ပါ။ တစ်ခါလျှော်ပြီးလို့ အနံ့အသက်တွေ ကျန်နေသေးတယ်ဆိုရင် နောက်တစ်ခေါက်ထပ်လျှော်တဲ့အချိန်မှာ ရှာလကာရည် ထည့်လျှော်ပါ။ ရှာလကာရည်ဟာ အနံ့ဆိုးတွေကို စုပ်ယူပေးပါတယ်။ တကယ်လို့ အစွန်းအထင်းတွေ ရှိနေတယ်ဆိုရင် ရေနွေးနဲ့ ဆပ်ပြာမှုန့်အနည်းငယ် သုံးပြီး လျှော်ဖွပ်ပေးပါ။

(၂) သန့်စင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းပါ။ ရေအေး၊ ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါ၊ ဆပ်ပြာမှုန့်အနည်းငယ်၊ စပရေးဘူး၊ ဖုန်စုပ်စက်တို့ လိုအပ်ပါတယ်။ မွေ့ရာခင်းတွေခြောက်သွေ့အောင်လုပ်ဖို့ ပန်ကာ ဒါမှမဟုတ် Dryer လည်း လိုအပ်ပါသေးတယ်။

(၃) အစွန်းအထင်းတွေ ပေကျံနေခဲ့ရင် တတ်နိုင်သလောက် ရေများများနဲ့သာ စိမ်ပါ။ ကုတ်ခြစ်တာမျိုး၊ ခပ်ကြမ်းကြမ်း ပွတ်ပစ်တာမျိုးကို ရှောင်ပါ။

၄) ရေအေးနှစ်ဆ၊ ရှာလကာရည်တစ်ဆ၊ ဆပ်ပြာမှုန့်အနည်းငယ်ရောပြီး အစွန်းအထင်းနေရာတွေကို စပရေးဘူးနဲ့ဖြန်းပါ။ ဖြန်းတဲ့အခါမှာ အကွက် ပိုကြီးမသွားအောင် ဂရုစိုက်ပါ။ ပြီးရင် ၁၀ – ၁၅ မိနစ်လောက် ထားလိုက်ပါ။ ရှာလကာရည်ဟာ အစွန်းအထင်းတွေကို ချေဖျက်ပြီး အနံ့ဆိုးများကို သက်သာ ပျောက်ကင်းစေမှာပါ။

(၅) ၁၀ -၁၅ မိနစ်ပြည့်ပြီးရင် အစွန်းကွက် နေရာကို ရေပြန်စွပ်ပါ။

(၆) အဲ့နေရာကို မုန့်ဖုတ်ဆိုဒါ သုတ်လိမ်းပါ။ လိမ်းပြီး ၁၅ မိနစ်လောက်ကြာတဲ့အခါ ရေဆေးချလိုက်ရင် အစွန်းအထင်းတွေ အဝေးကိုရောက်သွားမှာပါ။

(၇) ကျန်တဲ့အပိုင်းကိုတော့ ဖုန်စုပ်စက်နဲ့ စုပ်ပေးပါ။ ဖုန်တွေ၊ အမွှေးအမျှင်တွေ သန့်ရှင်းသွားအောင်ပါ။

(၈) ခုနက ရေစိုနေတဲ့နေရာတွေကို ပန်ကာ ဒါမှမဟုတ် Dryer နဲ့ မှုတ်ပါ။

(၉) တကယ်လို့ အစွန်းအထင်းမှိန်မှိန်လေး ကျန်သေးတယ်၊ အနံ့အသက်တွေ ကျန်နေသေးတယ်ဆိုရင် ဒီနည်းလမ်းအတိုင်း နောက်ထပ်တစ်ခါ ပြန်လုပ်ပါ။

(၁၀) အစွန်းအထင်းတွေမရှိပဲ ဒီအတိုင်းသန့်ရှင်းချင်တယ်ဆိုရင် ဖုန်စုပ်စက်နဲ့နေ့တိုင်း သန့်ရှင်းပေးလို့ရပါတယ်။

အခုဆိုရင် လွယ်ကူရိုးရှင်းတဲ့ သန့်ရှင်းရေးနည်းလမ်းလေးကို ရရှိသွားပြီဆိုတော့ ကလေးတွေရဲ့ အိပ်ယာခင်းလေးတွေကို သန့်သန့်ရှင်းရှင်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနည်းလမ်းလေးက အချိန်လည်း သိပ်မပေးရဘဲ ထိရောက်တဲ့နည်းလမ်းလေးဖြစ်တာကြောင့် မေမေတို့သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: KKMM

 

[Zawgyi]

ကေလးငယ္ေတြရဲ႕ အိပ္ယာခင္း၊ ေစာင္၊ ေခါင္းအံုးေတြကို ဘယ္လို သန္႔႐ွင္းေရးလုပ္ေပးၾကမလဲ

ကေလးငယ္အမ်ားစုက ညဘက္ဆိုအိပ္ယာထဲမွာ ေသးေပါက္ခ်တဲ့သူေတြ မ်ားပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ မေရာက္မခ်င္း ဒီလိုေတြဆက္ျဖစ္ေနၾကမွာပါ။ ဒီေတာ့ ေမေမတို႔အေနနဲ႔ ဒီလို ေသးစိုေနတဲ့ အိပ္ရာခင္းေတြကို ဘယ္လိုေလွ်ာ္ဖြပ္ရမလဲ။ ေခါင္းစားေနတဲ့ေမေမတုိ႔အတြက္ ရည္႐ြယ္ၿပီး ဒီေဆာင္းပါးေလးကို ေရးသားလိုက္ပါတယ္။

ကေလးက အိပ္ရာထဲမွာ ညတိုင္းလိုလို ဆီးသြားေနၿပီလား

အိပ္ရာခင္းေတြဟာ ေသးစိုေနတာမဟုတ္သည့္တုိင္ေအာင္ ေခြ်းေတြ၊ ခႏၶာကိုယ္ကအဆီေတြ၊ ပိုးမႊားေတြက ကပ္ၿငိေနပါတယ္။ အိပ္ရာထဲေသးေပါက္ခ်ခဲ့ရင္လည္း ကေလးကိုအရမ္းဆူပါနဲ႔။ ဒါဟာ ကေလးငယ္ႏွစ္ႏွစ္ၿခိဳက္ၿခဳိက္ အိပ္ေပ်ာ္သြားတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဒါသမထြက္ဘဲ ေသးေပါက္ခ်တဲ့အေလ့အထကို ေပ်ာက္ေအာင္ဘယ္လိုလုပ္ရမလဲဆိုတာ နည္းလမ္း႐ွာပါ။

*ကေလးငယ္ကို ေန႔ခင္းပိုင္းမွာ အိမ္သာပံုမွန္သြားတတ္ေအာင္ ေလ့က်င့္ေပးပါ။

* ေပါက္ခ်င္စိတ္ျဖစ္လာတာနဲ႔ ေအာင့္မထားဘဲ ခ်က္ခ်င္းေပါက္တတ္္ေအာင္ အားေပးပါ။

* ေန႔လည္စာစားခ်ိန္၊ ေန႔ခင္းအိပ္ရာထခ်ိန္ေတြမွာ ေသးေပါက္တတ္ေအာင္ အက်င့္လုပ္ေပးပါ။

* ညစာစားၿပီး ေရအမ်ားႀကီးမေသာက္ခိုင္းပါနဲ႔။

* အိပ္ရာဝင္ခါနီးတိုင္း ေသးေပါက္ခိုင္းပါ။

* ဒီလိုအက်င့္ေတြကို ေလ့က်င့္ေပးရင္ အိပ္ရာထဲေသးေပါက္ခ်တဲ့အက်င့္ ေလ်ာ့က်လာမွာပါ။

ေမြ႔ရာ မပ်က္စီးေအာင္ ဘာေတြ လုပ္ရမလဲ

ေသးေပါက္ခ်တာေၾကာင့္ ေမြ႔ရာေတြ မပ်က္စီးေစခ်င္ရင္ ေရစိုခံတဲ့အိပ္ယာခင္းေတြ သံုးေပးသင့္ပါတယ္။ အိပ္ရာခင္းေန႔တိုင္းလဲမယ္ဆိုရင္ ႏွစ္ခုေလာက္ဝယ္ထားမွ အဆင္ေျပမွာပါ။ ဒါမွ တစ္ခုခင္း၊ တစ္ခုေလွ်ာ္လို႔ရမွာပါ။ ဒါေပမယ့္ ၾကာလာတဲ့အခါမွာေတာ့ အနံ႔အသက္မေကာင္းေတာ့ပဲ ကေလးကို သက္ေတာင့္သက္သာ မျဖစ္ေစေတာ့ပါဘူး။ ဒါ့ေၾကာင့္ သန္႔႐ွင္းေရးလုပ္တဲ့အခါမွာလည္း နည္းလမ္းက်ဖို႔ အေရးႀကီးပါတယ္။

သန္႔႐ွင္းေရးနည္းလမ္းမ်ား

အစြန္းအထင္းေတြကုိ ခ်က္ခ်င္းေလွ်ာ္ရင္ ဖယ္ရပိုလြယ္ကူပါတယ္။ ဒါ့ေၾကာင့္ ေပက်ံတာနဲ႔ ခ်က္ခ်င္းေလွ်ာ္ပါ။

၁) အိပ္ယာခင္း၊ ေစာင္၊ ေခါင္းအံုးစြပ္ေတြကို ျဖဳတ္ၿပီး ပံုမွန္အတိုင္းေလွ်ာ္ပါ။ တစ္ခါေလွ်ာ္ၿပီးလို႔ အနံ႔အသက္ေတြ က်န္ေနေသးတယ္ဆုိရင္ ေနာက္တစ္ေခါက္ထပ္ေလွ်ာ္တဲ့အခ်ိန္မွာ ႐ွာလကာရည္ ထည့္ေလွ်ာ္ပါ။ ႐ွာလကာရည္ဟာ အနံ႔ဆိုးေတြကို စုပ္ယူေပးပါတယ္။ တကယ္လို႔ အစြန္းအထင္းေတြ ႐ွိေနတယ္ဆိုုရင္ ေရေႏြးနဲ႔ ဆပ္ျပာမႈန္႔အနည္းငယ္သံုးၿပီး ေလွ်ာ္ဖြပ္ေပးပါ။

၂) သန္႔စင္ဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြကို စုေဆာင္းပါ။ ေရေအး၊ ႐ွာလကာရည္၊ မုန္႔ဖုတ္ဆိုဒါ၊ ဆပ္ျပာမႈန္႔အနည္းငယ္၊ စပေရးဘူး၊ ဖုန္စုပ္စက္တို႔ လုိအပ္ပါတယ္။ ေမြ႕ရာခင္းေတြေျခာက္ေသြ႔ေအာင္လုပ္ဖို႔ ပန္ကာ ဒါမွမဟုတ္ Dryer လည္း လိုအပ္ပါေသးတယ္။

၃) အစြန္းအထင္းေတြ ေပက်ံေနခဲ့ရင္ တတ္ႏုိင္သေလာက္ ေရမ်ားမ်ားနဲ႔သာ စိမ္ပါ။ ကုတ္ျခစ္တာမ်ဳိး၊ ခပ္ၾကမ္းၾကမ္း ပြတ္ပစ္တာမ်ဳိးကို ေ႐ွာင္ပါ။

၄) ေရေအးႏွစ္ဆ၊ ႐ွာလကာရည္တစ္ဆ၊ ဆပ္ျပာမႈန္႔အနည္းငယ္ေရာၿပီး အစြန္းအထင္းေနရာေတြကို စပေရးဘူးနဲ႔ျဖန္းပါ။ ျဖန္းတဲ့အခါမွာ အကြက္ ပိုႀကီးမသြားေအာင္ ဂ႐ုစိုက္ပါ။ ၿပီးရင္ ၁၀ – ၁၅ မိနစ္ေလာက္ ထားလိုက္ပါ။ ႐ွာလကာရည္ဟာ အစြန္းအထင္းေတြကို ေခ်ဖ်က္ၿပီး အနံ႔ဆိုးမ်ားကို သက္သာ ေပ်ာက္ကင္းေစမွာပါ။

၅) ၁၀ -၁၅ မိနစ္ျပည့္ၿပီးရင္ အစြန္းကြက္ ေနရာကို ေရျပန္စြပ္ပါ။

၆) အဲ့ေနရာကို မုန္႔ဖုတ္ဆိုဒါ သုတ္လိမ္းပါ။ လိမ္းၿပီး ၁၅ မိနစ္ေလာက္ၾကာတဲ့အခါ ေရေဆးခ်လိုက္ရင္ အစြန္းအထင္းေတြ အေဝးကိုေရာက္သြားမွာပါ။

၇) က်န္တဲ့အပိုင္းကိုေတာ့ ဖုန္စုပ္စက္နဲ႔ စုပ္ေပးပါ။ ဖုန္ေတြ၊ အေမႊးအမွ်င္ေတြ သန္႔႐ွင္းသြားေအာင္ပါ။

၈) ခုနက ေရစိုေနတဲ့ေနရာေတြကုိ ပန္ကာ ဒါမွမဟုတ္ Dryer နဲ႔ မႈတ္ပါ။

၉) တကယ္လို႔ အစြန္းအထင္းမွိန္မွိန္ေလး က်န္ေသးတယ္၊ အနံ႔အသက္ေတြ က်န္ေနေသးတယ္ဆိုရင္ ဒီနည္းလမ္းအတိုင္း ေနာက္ထပ္တစ္ခါ ျပန္လုပ္ပါ။

၁၀) အစြန္းအထင္းေတြမ႐ွိပဲ ဒီအတိုင္းသန႔္႐ွင္းခ်င္တယ္ဆိုရင္ ဖုန္စုပ္စက္နဲ႔ေန႔တိုင္း သန္႔႐ွင္းေပးလို႔ရပါတယ္။

အခုဆိုရင္ လြယ္ကူ႐ိုး႐ွင္းတဲ့ သန္႔႐ွင္းေရးနည္းလမ္းေလးကို ရ႐ွိသြားၿပီဆိုေတာ့ ကေလးေတြရဲ႕ အိပ္ယာခင္းေလးေတြကို သန္႔သန္႔႐ွင္း႐ွင္းထားႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီနည္းလမ္းေလးက အခ်ိန္လည္း သိပ္မေပးရဘဲ ထိေရာက္တဲ့နည္းလမ္းေလးျဖစ္တာေၾကာင့္ ေမေမတို႔သေဘာက်လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: KKMM

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service