ထမင်းရည်သောက်ပေးရင် ခန္ဓါကိုယ်ကျန်းမာတယ်

ထမင်းရည်သောက်ပေးရင် ခန္ဓါကိုယ်ကျန်းမာတယ် - Property Knowledge in Myanmar from iMyanmarHouse.com
28 Oct 2020 11:09 am တွင် တင်ခဲ့သည်
2049 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ထမင်းရည်ဆိုတာက ရင်းနှီးပြီးသားအစားအစာတစ်မျိုးပါ။ အထူးတလည်ပြောစရာမလိုဘဲ ငယ်ငယ်ကတည်းကကိုရင်းနှီးလာတဲ့စားစရာတစ်ခုပေါ့။ ငယ်ငယ်က ထမင်းရည်ထဲကို သကြားထည့်သောက်တာ၊ ဆားထည့်သောက်တာ၊နို့မှုန့်ထည့်သောက်တာ၊ထမင်းနဲ့ဆားနဲ့ထည့်ပြီးဖျော်စားတာမျိုးစားဖူးကြမယ်ထင်ပါတယ်။ ထမင်းရည်က အာဟာရဓါတ်များသလို ခန္ဓါကိုယ်ကျန်းမာလှပဖို့အတွက်လည်းတော်တော့်ကို အထောက်အကူပြုပါတယ်။

ဆန်ဆေးရေကိုတော့ အလှအပအတွက်တော်တော်လေးအသုံးပြုနေကြပြီဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ထမင်းရည်ကခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကို ကျန်းမာလှပစေနိုင်တဲ့အကြောင်းလေး နည်းနည်းလောက်ပြောပြပါရစေ။

ကျန်းမာရေးအတွက် ထမင်းရည်ရဲ့ အသုံးဝင်ပုံက

ဝမ်းလျှောတာကို သက်သာစေတယ် – ထမင်းရည်ထဲကို ဆားနည်းနည်းလောက်ထည့်ပြီးသောက်ပေးမယ်ဆိုရင် ဝမ်းလျောတာကိုသက်သာစေနိုင်သလို အစာအိမ်နဲ့အူလမ်းကြောင်း ကိုလည်းကျန်းမာစေပါတယ်။

ခန္ဓါကိုယ်ကို ခွန်အားပြည့်စေတယ် – မနက်ခင်းဘာမှမလုပ်ခင်မှာ ထမင်းရည်ပူပူလေးထဲကို ဆားနည်းနည်းထည့်ပြီး ပုံမှန်သောက်ပေးပါ။ ဒီလိုသောက်ပေးတာက ခန္ဓါကိုယ်ကို အားပြည့်စေပြီး တစ်နေ့တာလုံး လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေမှာပါ။

အစာအိမ်ရောင်တာကို ကာကွယ်ပေးတယ် – ထမင်းရည်က အစာအိမ်ရောင်တာနဲ့အူရောင်တာတွေကိုလျော့ပါးသက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ထမင်းရည်ပုံမှန်သောက်ပေးတာက အစာခြေစနစ်ကိုကျန်းမာစေမှာဖြစ်ပါတယ်။

ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးတယ် – ထမင်းရည်က ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။နွေရာသီအပူချိန်ကြောင့် နာမကျန်းဖြစ်တာမျိုးမဖြစ်စေဖို့နေ့စဉ် ထမင်းရည်တစ်ခွက်လောက်သောက်သုံးပေးသင့်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ် – ထမင်းရည်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ကင်ဆာရောဂါအချို့ကို ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။

ဝမ်းမှန်စေတယ် – တစ်နေ့ကို ထမင်းရည်တစ်ခွက်သောက်သုံးပေးတာက ဝမ်းချုပ်တာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ လူတစ်ယောက်ကျန်းမာဖို့ဆိုတာက ဝမ်းမှန်ဖို့လိုအပ်တာကြောင့် တစ်နေ့ကို ထမင်းရည်တစ်ခွက်လောက်သောက်ပြီး ဝမ်းမချုပ်အောင်နေလိုက်ပါ။

ကာဗိုဟိုက်ဒရိတ်ရရှိစေတယ် – ထမင်းရည်က ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာရရှိနိုင်တဲ့ အစားအစာတစ်ခုပါ။ ခန္ဓါကိုယ်အတွက် ကျန်းမာတဲ့ ကာဗိုဟိုက်ဒရိတ်ကိုလိုချင်တယ်ဆိုရင်တော့ အဝေးကြီးရှာမနေပါနဲ့။ မနက်ခင်းတိုင်း ထမင်းရည်တစ်ခွက်သောက်ပေးပါ။

Alzheimer’sဝေဒနာကိုကာကွယ်ပေးတယ် –ထမင်းရည်ကAlzheimer’sရောဂါကိုကာကွယ်ပေးနိုင်တယ်၊ လို့ အထောက်အထားတွေတွေ့ရှိထားတာရှိပါတယ်။ အက်အရွယ်ရလာတဲ့အခါAlzheimer’sရောဂါခံစားရတာမျိုးမရှိစေဖို့အတွက် ထမင်းရည်ကို ပုံမှန်သောက်သုံးပေးလို့ရပါတယ်။

အလှအပအတွက် ထမင်းရည်ရဲ့ အသုံးဝင်ပုံက

ထမင်းရည်မှာoryzanol လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတစ်ခုပါဝင်နေပါတယ်။ ဒီဓါတ်ပစ္စည်းကနေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အသားအရေအတွင်းရော အပြင်ကိုပါကြည်လင်လှပချင်တယ်ဆိုရင်တော့ ထမင်းရည်သောက်ပါလို့ပြောပါရစေ။ ဒါတင်မကသေးပါဘူး ထမင်းရည်က ဆံသားကိုတောက်ပစေပြီး မျက်နှာအသားအရေကိုကြည်လင်တောက်ပစေပါတယ်။ အသားအရေလှပချင်တဲ့လေဒီတွေအတွက် ထမင်းရည်က အထူးသင့်တော်တဲ့ အစားအစာတစ်ခုပါ။

ဒါတွေတင်မကသေးပါဘူး။ ထမင်းရည်က ကိုယ်တွင်းက အပူအပုပ်တွေကို ကင်းစေနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေပါတယ်။နေ့စဉ်ထမင်းရည်ပုံမှန်သောက်မယ်ဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ ရာသီသွေးဆင်းချိန်မှာခြေကုန်လက်ပန်းကျတာနဲ့အားနည်းတာမျိုးတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။

အခုလောက်ဆိုရင် ထမင်းရည်က ခန္ဓါကိုယ်တစ်ခုလုံးအတွက် အကျိုးပြုတယ်ဆိုတာကိုသိလောက်ပြီထင်ပါတယ်။ ဒီနေ့ကစပြီး တစ်နေ့ကို ထမင်းရည်တစ်ခွက်သောက်သုံးပြီး ကျန်းမာလှပတဲ့အလှတရားကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်းလေဒီတို့ကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ထမင္းရည္ေသာက္ေပးရင္ ခႏၶါကိုယ္က်န္းမာတယ္

ထမင္းရည္ဆိုတာက ရင္းႏွီးၿပီးသားအစားအစာတစ္မ်ိဳးပါ။ အထူးတလည္ေျပာစရာမလိုဘဲ ငယ္ငယ္ကတည္းကကိုရင္းႏွီးလာတဲ့စားစရာတစ္ခုေပါ့။ ငယ္ငယ္က ထမင္းရည္ထဲကို သၾကားထည့္ေသာက္တာ၊ ဆားထည့္ေသာက္တာ၊ႏို႔မႈန္႔ထည့္ေသာက္တာ၊ထမင္းနဲ႔ဆားနဲ႔ထည့္ၿပီးေဖ်ာ္စားတာမ်ိဳးစားဖူးၾကမယ္ထင္ပါတယ္။ ထမင္းရည္က အာဟာရဓါတ္မ်ားသလို ခႏၶါကိုယ္က်န္းမာလွပဖို႔အတြက္လည္းေတာ္ေတာ့္ကို အေထာက္အကူျပဳပါတယ္။

ဆန္ေဆးေရကိုေတာ့ အလွအပအတြက္ေတာ္ေတာ္ေလးအသုံးျပဳေနၾကၿပီျဖစ္ပါတယ္။ အခုတစ္ခါမွာေတာ့ ထမင္းရည္ကေခါင္းအစေျခအဆုံးတစ္ကိုယ္လုံးကို က်န္းမာလွပေစႏိုင္တဲ့အေၾကာင္းေလး နည္းနည္းေလာက္ေျပာျပပါရေစ။

က်န္းမာေရးအတြက္ ထမင္းရည္ရဲ႕ အသုံးဝင္ပုံက

ဝမ္းေလွ်ာတာကို သက္သာေစတယ္ – ထမင္းရည္ထဲကို ဆားနည္းနည္းေလာက္ထည့္ၿပီးေသာက္ေပးမယ္ဆိုရင္ ဝမ္းေလ်ာတာကိုသက္သာေစႏိုင္သလို အစာအိမ္နဲ႔အူလမ္းေၾကာင္း ကိုလည္းက်န္းမာေစပါတယ္။

ခႏၶါကိုယ္ကို ခြန္အားျပည့္ေစတယ္ – မနက္ခင္းဘာမွမလုပ္ခင္မွာ ထမင္းရည္ပူပူေလးထဲကို ဆားနည္းနည္းထည့္ၿပီး ပုံမွန္ေသာက္ေပးပါ။ ဒီလိုေသာက္ေပးတာက ခႏၶါကိုယ္ကို အားျပည့္ေစၿပီး တစ္ေန႔တာလုံး လုပ္ငန္းေဆာင္တာေတြကိုေကာင္းေကာင္းမြန္မြန္လုပ္ေဆာင္ႏိုင္ေစမွာပါ။

အစာအိမ္ေရာင္တာကို ကာကြယ္ေပးတယ္ – ထမင္းရည္က အစာအိမ္ေရာင္တာနဲ႔အူေရာင္တာေတြကိုေလ်ာ့ပါးသက္သာေစႏိုင္တဲ့ အာနိသင္႐ွိပါတယ္။ ထမင္းရည္ပုံမွန္ေသာက္ေပးတာက အစာေျခစနစ္ကိုက်န္းမာေစမွာျဖစ္ပါတယ္။

ခႏၶါကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးတယ္ – ထမင္းရည္က ခႏၶါကိုယ္အပူခ်ိန္ကို ထိန္းညႇိရာမွာ အေရးပါတဲ့ အခန္းက႑ကေနပါဝင္ေနပါတယ္။ေႏြရာသီအပူခ်ိန္ေၾကာင့္ နာမက်န္းျဖစ္တာမ်ိဳးမျဖစ္ေစဖို႔ေန႔စဥ္ ထမင္းရည္တစ္ခြက္ေလာက္ေသာက္သုံးေပးသင့္ပါတယ္။

ကင္ဆာကာကြယ္ေပးတယ္ – ထမင္းရည္ပုံမွန္ေသာက္သုံးေပးမယ္ဆိုရင္ ကင္ဆာေရာဂါအခ်ိဳ႕ကို ကာကြယ္ၿပီးသားျဖစ္သြားမွာျဖစ္ပါတယ္။

ဝမ္းမွန္ေစတယ္ – တစ္ေန႔ကို ထမင္းရည္တစ္ခြက္ေသာက္သုံးေပးတာက ဝမ္းခ်ဳပ္တာမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ လူတစ္ေယာက္က်န္းမာဖို႔ဆိုတာက ဝမ္းမွန္ဖို႔လိုအပ္တာေၾကာင့္ တစ္ေန႔ကို ထမင္းရည္တစ္ခြက္ေလာက္ေသာက္ၿပီး ဝမ္းမခ်ဳပ္ေအာင္ေနလိုက္ပါ။

ကာဗိုဟိုက္ဒရိတ္ရ႐ွိေစတယ္ – ထမင္းရည္က ကာဗိုဟိုက္ဒရိတ္ႂကြယ္ဝစြာရ႐ွိႏိုင္တဲ့ အစားအစာတစ္ခုပါ။ ခႏၶါကိုယ္အတြက္ က်န္းမာတဲ့ ကာဗိုဟိုက္ဒရိတ္ကိုလိုခ်င္တယ္ဆိုရင္ေတာ့ အေဝးႀကီး႐ွာမေနပါနဲ႔။ မနက္ခင္းတိုင္း ထမင္းရည္တစ္ခြက္ေသာက္ေပးပါ။

Alzheimer’sေဝဒနာကိုကာကြယ္ေပးတယ္ –ထမင္းရည္ကAlzheimer’sေရာဂါကိုကာကြယ္ေပးႏိုင္တယ္၊ လို႔ အေထာက္အထားေတြေတြ႕႐ွိထားတာ႐ွိပါတယ္။ အက္အ႐ြယ္ရလာတဲ့အခါAlzheimer’sေရာဂါခံစားရတာမ်ိဳးမ႐ွိေစဖို႔အတြက္ ထမင္းရည္ကို ပုံမွန္ေသာက္သုံးေပးလို႔ရပါတယ္။

အလွအပအတြက္ ထမင္းရည္ရဲ႕ အသုံးဝင္ပုံက

ထမင္းရည္မွာoryzanol လို႔ေခၚတဲ့ ဓါတ္ပစၥည္းတစ္ခုပါဝင္ေနပါတယ္။ ဒီဓါတ္ပစၥည္းကေနေရာင္မွာပါတဲ့ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အသားအေရထိခိုက္တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ အသားအေရအတြင္းေရာ အျပင္ကိုပါၾကည္လင္လွပခ်င္တယ္ဆိုရင္ေတာ့ ထမင္းရည္ေသာက္ပါလို႔ေျပာပါရေစ။ ဒါတင္မကေသးပါဘူး ထမင္းရည္က ဆံသားကိုေတာက္ပေစၿပီး မ်က္ႏွာအသားအေရကိုၾကည္လင္ေတာက္ပေစပါတယ္။ အသားအေရလွပခ်င္တဲ့ေလဒီေတြအတြက္ ထမင္းရည္က အထူးသင့္ေတာ္တဲ့ အစားအစာတစ္ခုပါ။

ဒါေတြတင္မကေသးပါဘူး။ ထမင္းရည္က ကိုယ္တြင္းက အပူအပုပ္ေတြကို ကင္းေစႏိုင္တာေၾကာင့္ ဝက္ျခံေတြကို သက္သာေစပါတယ္။ေန႔စဥ္ထမင္းရည္ပုံမွန္ေသာက္မယ္ဆိုရင္ ကိုယ္လက္မအီမသာျဖစ္တာ၊ ရာသီေသြးဆင္းခ်ိန္မွာေျခကုန္လက္ပန္းက်တာနဲ႔အားနည္းတာမ်ိဳးေတြမျဖစ္ေအာင္လည္း ကာကြယ္ေပးပါေသးတယ္။

အခုေလာက္ဆိုရင္ ထမင္းရည္က ခႏၶါကိုယ္တစ္ခုလုံးအတြက္ အက်ိဳးျပဳတယ္ဆိုတာကိုသိေလာက္ၿပီထင္ပါတယ္။ ဒီေန႔ကစၿပီး တစ္ေန႔ကို ထမင္းရည္တစ္ခြက္ေသာက္သုံးၿပီး က်န္းမာလွပတဲ့အလွတရားကိုပိုင္ဆိုင္ႏိုင္ၾကပါေစေၾကာင္းေလဒီတို႔ကို ဒီေဆာင္းပါးေလးကေနတဆင့္ သတင္းေကာင္းပါးပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service