စားကျက်မြေကို ဘယ်သူထိန်းသိမ်းသလဲ။ ကျူးကျော်နေထိုင်မည်ဆိုလျှင် ?

စားကျက်မြေကို ဘယ်သူထိန်းသိမ်းသလဲ။ ကျူးကျော်နေထိုင်မည်ဆိုလျှင် ? - Property Knowledge in Myanmar from iMyanmarHouse.com
28 Oct 2020 10:48 am တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

စားကျက်မြေဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ ကျွဲ၊ နွားများကို မှီခိုအားထား ရသဖြင့် ယင်း ကျွဲ၊ နွားများအတွက် အစာရေစာလုံလောက်စေရန် ကျွဲနွားစားကျက်မြေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားကျက်မြေ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်သည့်မြေဖြစ်ပါသည်။

စားကျက်မြေနှင့်ပတ်သက်၍ မြေနှင့်အခွန်တော် အက်ဥပဒေ ပုဒ်မ ၂၀၊ အောက်မြန်မာပြည် မြေနှင့် အခွန်တော် နည်းဥပဒေ ၆၆ မှ ၇၁ အထိ လည်းကောင်း၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်း အပိုဒ် ၂၆(၁)(ဂ)၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၇၅ မှ ၇၉ အထိလည်းကောင်း၊ မြေနှင့်အခွန်တော် အမိန့်ဆင့်ဆိုချက်များ ၉၀ မှ ၁၀၈ အထိလည်းကောင်းအသီးသီး ပြဌာန်းထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ အပိုဒ် ၉၁၆ မှ ၉၂၈ အထိတွင် စားကျက်မြေများ ကိုစစ်ဆေး ကြပ်မတ်ရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူခြင်းများကို တွေ့ရပါသည်။

စားကျက်မြေများတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်စပ်လျှဉ်း၍ အောက်မြန်မာပြည်အတွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ အထက်မြန်မာပြည်အတွက် ကော်လိတ္တော်အရာရှိတို့က အမှုတွဲဖွင့်၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ခရိုင်အုပ်ချုပ်ရေးမှူး/ကော်လိတ္တော်အရာရှိသည် ကျေးရွာအတွင်းနေထိုင်သူများ၏အကျိုးအတွက် မည်သည့်ကျေးရွာတွင်မဆို လိုအပ်လျှင် စားကျက်မြေ တည်ထောင်ပေးရန် ဖြစ်ပါသည်။ စားကျက်မြေ အတွက် လိုအပ်သည့် မြေဧရိယာအကျယ်အဝန်းနှင့် နေရာကို ခန့်မှန်းတွက်ချက်တိုင်းတာ၍ စီမံချက် ရေးဆွဲရမည်။ ထိုစီမံချက်တွင် ကျေးရွာတစ်ရွာနှင့် တစ်ရွာသွားသည့်လမ်းနှင့် စားကျက်သို့ ကျွဲနွားများဝင် ထွက်သွားလာနိုင်ရန် လမ်းများကိုပါ ထည့်သွင်းတွက်ချက်ထားရပါသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး/ကော်လိတ္တော်အရာရှိသည် စားကျက်မြေစီမံချက်ကို ပူးတွဲ၍ စားကျက်မြေတည်ထောင်မည့် နီးစပ်ရာကျေးရွာအကြီးအကဲများနှင့် စားကျက်မြေသတ်မှတ်မည့်နေရာတွင် အခွန်စည်းကြပ်ခြင်းခံနေရသူ သို့မဟုတ် လုပ်ကိုင်နေသူများ (ရှိပါက) ထံ စားကျက်မြေ သတ်မှတ်မည့် နေရာမြေပုံနှင့်တကွ ကန့်ကွက်လိုခြင်း ရှိ/မရှိ အသိပေးအကြောင်းကြားစာကို ၁၅ ရက် ကြိုတင်ပေးပို့ပြီး၊ အကျိုးအကြောင်းဖေါ်ပြ၍ ကန့်ကွက်နိုင်ကြောင်း အသိပေး အကြောင်းကြားရမည်။ ထို့နောက် ခိုင်လုံသော ကန့်ကွက်ချက်ရှိပါက ယင်းဧရိယာအတွက် ချန်လှပ်၍လည်းကောင်း၊ ကန့်ကွက်ချက်မရှိပါက စားကျက်မြေစီမံချက်ပါအတိုင်း စားကျက်တိုင်များ စိုက်ထူပြီး၊ သတ်မှတ်ပေး ကြောင်း ကြေညာချက် ထုတ်ပြန်ရပါမည်။ ထိုစားကျက်ကို မည်သည့်ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာများ က အသုံးပြုရန်ဖြစ်ကြောင်း စားကျက်မြေမှတ်တမ်းစာအုပ်တွင် ရေးသွင်းရပါမည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်များ၌ ကျေးရွာအုပ်စုများ အတွင်းရှိ ကျေးရွာများအလိုက် နယ်နိမိတ်သတ်မှတ်ပြီး စားကျက်မြေများကို စားကျက်မြေအဖြစ် အသုံးပြုခြင်းမှတစ်ပါး မည်သူမဆို ဝင်ရောက် ကျူးကျော် စိုက်ပျိုးခြင်း၊ ဝင်ရောက် ကျူးကျော်နေထိုင်ခြင်း၊ သစ်ပင်များကို ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်းနှင့် ပေါက်ရောက်လျက်ရှိသော မြက်များကို ရိတ်သိမ်းခြင်းများ မပြုလုပ်ရန်၊ အထက်မြန်မာပြည် မြေနှင့် အခွန်နည်း ဥပဒေ (၇၈) အရ တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် (၁၅)ရက် သို့မဟုတ် ငွေဒဏ် ၂၀၀ ကျပ် အရေးယူခံရနိုင်ပြီး အောက်မြန်မာပြည်မြေနှင့် အခွန်နည်းဥပဒေ (၆၉) အရ တရားစွဲဆိုနိုင်ပြီး အလုပ်ဖြင့်/အလုပ်မဲထောင်ဒဏ် တစ်လ ချမှတ်နိုင်ပါသည်။ စားကျက်မြေအတွင်း ကျူးကျော်စိုက်ပျိုးလျှင် မြေခွန် နှစ်ဆ စည်းကြပ်မည့် အပြင် တရားလည်းစွဲဆိုခံရနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

စားက်က္ေျမကို ဘယ္သူထိန္းသိမ္းသလဲ။ က်ဴးေက်ာ္ေနထိုင္မည္ဆိုလွ်င္ ?

စားက်က္ေျမဆိုသည္မွာ ျပည္ေထာင္စုျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္၍ ကြၽဲ၊ ႏြားမ်ားကို မွီခိုအားထား ရသျဖင့္ ယင္း ကြၽဲ၊ ႏြားမ်ားအတြက္ အစာေရစာလုံေလာက္ေစရန္ ကြၽဲႏြားစားက်က္ေျမမ်ားကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ စားက်က္ေျမ ထိန္းသိမ္းျခင္းဆိုင္ရာ ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ထိန္းသိမ္း ေဆာင္႐ြက္သည့္ေျမျဖစ္ပါသည္။

စားက်က္ေျမႏွင့္ပတ္သက္၍ ေျမႏွင့္အခြန္ေတာ္ အက္ဥပေဒ ပုဒ္မ ၂၀၊ ေအာက္ျမန္မာျပည္ ေျမႏွင့္ အခြန္ေတာ္ နည္းဥပေဒ ၆၆ မွ ၇၁ အထိ လည္းေကာင္း၊ အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ စည္းမ်ဥ္း အပိုဒ္ ၂၆(၁)(ဂ)၊ အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ နည္းဥပေဒ ၇၅ မွ ၇၉ အထိလည္းေကာင္း၊ ေျမႏွင့္အခြန္ေတာ္ အမိန္႔ဆင့္ဆိုခ်က္မ်ား ၉၀ မွ ၁၀၈ အထိလည္းေကာင္းအသီးသီး ျပဌာန္းထားသည္ကို ေတြ႕ရပါသည္။ ျမန္မာႏိုင္ငံေျမစာရင္းလက္စြဲ အပိုဒ္ ၉၁၆ မွ ၉၂၈ အထိတြင္ စားက်က္ေျမမ်ား ကိုစစ္ေဆး ၾကပ္မတ္ရန္ႏွင့္ စည္းကမ္းေဖာက္ဖ်က္မႈမ်ားကို အေရးယူျခင္းမ်ားကို ေတြ႕ရပါသည္။

စားက်က္ေျမမ်ားတည္ေထာင္ျခင္း၊ ထိန္းသိမ္းျခင္းႏွင့္စပ္လွ်ဥ္း၍ ေအာက္ျမန္မာျပည္အတြက္ ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး၊ အထက္ျမန္မာျပည္အတြက္ ေကာ္လိေတၱာ္အရာရွိတို႔က အမႈတြဲဖြင့္၍ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။

ခရိုင္အုပ္ခ်ဳပ္ေရးမွဴး/ေကာ္လိေတၱာ္အရာရွိသည္ ေက်းရြာအတြင္းေနထိုင္သူမ်ား၏အက်ိဳးအတြက္ မည္သည့္ေက်းရြာတြင္မဆို လိုအပ္လွ်င္ စားက်က္ေျမ တည္ေထာင္ေပးရန္ ျဖစ္ပါသည္။ စားက်က္ေျမ အတြက္ လိုအပ္သည့္ ေျမဧရိယာအက်ယ္အဝန္းႏွင့္ ေနရာကို ခန္႔မွန္းတြက္ခ်က္တိုင္းတာ၍ စီမံခ်က္ ေရးဆြဲရမည္။ ထိုစီမံခ်က္တြင္ ေက်းရြာတစ္ရြာႏွင့္ တစ္ရြာသြားသည့္လမ္းႏွင့္ စားက်က္သို႔ ကၽြဲႏြားမ်ားဝင္ ထြက္သြားလာႏိုင္ရန္ လမ္းမ်ားကိုပါ ထည့္သြင္းတြက္ခ်က္ထားရပါသည္။

ထို႔ေနာက္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး/ေကာ္လိေတၱာ္အရာရွိသည္ စားက်က္ေျမစီမံခ်က္ကို ပူးတြဲ၍ စားက်က္ေျမတည္ေထာင္မည့္ နီးစပ္ရာေက်းရြာအႀကီးအကဲမ်ားႏွင့္ စားက်က္ေျမသတ္မွတ္မည့္ေနရာတြင္ အခြန္စည္းၾကပ္ျခင္းခံေနရသူ သို႔မဟုတ္ လုပ္ကိုင္ေနသူမ်ား (ရွိပါက) ထံ စားက်က္ေျမ သတ္မွတ္မည့္ ေနရာေျမပံုႏွင့္တကြ ကန္႔ကြက္လိုျခင္း ရွိ/မရွိ အသိေပးအေၾကာင္းၾကားစာကို ၁၅ ရက္ ႀကိဳတင္ေပးပို႔ၿပီး၊ အက်ိဳးအေၾကာင္းေဖၚျပ၍ ကန္႔ကြက္ႏိုင္ေၾကာင္း အသိေပး အေၾကာင္းၾကားရမည္။ ထို႔ေနာက္ ခိုင္လံုေသာ ကန္႔ကြက္ခ်က္ရွိပါက ယင္းဧရိယာအတြက္ ခ်န္လွပ္၍လည္းေကာင္း၊ ကန္႔ကြက္ခ်က္မရွိပါက စားက်က္ေျမစီမံခ်က္ပါအတိုင္း စားက်က္တိုင္မ်ား စိုက္ထူၿပီး၊ သတ္မွတ္ေပး ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ရပါမည္။ ထိုစားက်က္ကို မည္သည့္ေက်းရြာအုပ္စု သို႔မဟုတ္ ေက်းရြာမ်ား က အသံုးျပဳရန္ျဖစ္ေၾကာင္း စားက်က္ေျမမွတ္တမ္းစာအုပ္တြင္ ေရးသြင္းရပါမည္။

ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ား႐ွိ ၿမိဳ႕နယ္မ်ား၌ ေက်း႐ြာအုပ္စုမ်ား အတြင္း႐ွိ ေက်း႐ြာမ်ားအလိုက္ နယ္နိမိတ္သတ္မွတ္ၿပီး စားက်က္ေျမမ်ားကို စားက်က္ေျမအျဖစ္ အသုံးျပဳျခင္းမွတစ္ပါး မည္သူမဆို ဝင္ေရာက္ က်ဴးေက်ာ္ စိုက္ပ်ိဳးျခင္း၊ ဝင္ေရာက္ က်ဴးေက်ာ္ေနထိုင္ျခင္း၊ သစ္ပင္မ်ားကို ခုတ္လွဲျခင္း၊ သယ္ေဆာင္ျခင္းႏွင့္ ေပါက္ေရာက္လ်က္႐ွိေသာ ျမက္မ်ားကို ရိတ္သိမ္းျခင္းမ်ား မျပဳလုပ္ရန္၊ အထက္ျမန္မာျပည္ ေျမႏွင့္ အခြန္နည္း ဥပေဒ (၇၈) အရ တရားစြဲဆိုႏိုင္ၿပီး ေထာင္ဒဏ္ (၁၅)ရက္ သို႔မဟုတ္ ေငြဒဏ္ ၂၀၀ က်ပ္ အေရးယူခံရႏိုင္ၿပီး ေအာက္ျမန္မာျပည္ေျမႏွင့္ အခြန္နည္းဥပေဒ (၆၉) အရ တရားစြဲဆိုႏိုင္ၿပီး အလုပ္ျဖင့္/အလုပ္မဲေထာင္ဒဏ္ တစ္လ ခ်မွတ္ႏိုင္ပါသည္။ စားက်က္ေျမအတြင္း က်ဴးေက်ာ္စိုက္ပ်ိဳးလွ်င္ ေျမခြန္ ႏွစ္ဆ စည္းၾကပ္မည့္ အျပင္ တရားလည္းစြဲဆိုခံရႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service