စာချုပ်ချုပ်မည်ဆိုလျှင် အထူးလေ့လာသင့်သောစာချုပ်စာတမ်းဆိုင်ရာ စီရင်ထုံးမှတ်စုများ

စာချုပ်ချုပ်မည်ဆိုလျှင် အထူးလေ့လာသင့်သောစာချုပ်စာတမ်းဆိုင်ရာ စီရင်ထုံးမှတ်စုများ - Property Knowledge in Myanmar from iMyanmarHouse.com
27 Oct 2020 1:13 pm တွင် တင်ခဲ့သည်
1671 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

၁။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ ၅၈ (စ) တွင် ပိုင်ဆိုင်မှုနှင့် ပတ်သက်သော စာချုပ်စာတမး် (Documents Of Title) ဟုပါရှိသည်။

ယင်းကဲ့သို့ဖော်ပြထားသည့်စကားရပ်တွင် စာချုပ်စာတမ်း အမျိုးအစား ၂ မျိုးရှိသည်။ တစ်မျိုးမှာ ပိုင်ဆိုင်ခွင့်ကို သတ်မှတ်ပေးသည့် စာချုပ်စာတမ်း Documents Creating Title၊ နောက်တစ်မျိုးမှာ Documents Evidencing Title တို့ဖြစ်သည်။

ဦးပိုင်ရာဇဝင်မှတ်တမ်းမှာ ပိုင်ဆိုင်ခွင့်ကို သက်ခံအထောက်အထားပြုသည့် စာချုပ်စာတမ်း အမျိုးအစားတွင် ပါဝင်သည်။ သို့ဖြစ်၍ ဦးပိုင်ရာဇဝတ်မှတ်တမ်းကို ပေးအပ် ခဲ့ခြင်းမှာ အပေါင်မြောက်သည်ဟု ကျွန်ုပ်တို့ဆုံးဖြတ်သည်။

( ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဦးအောင်လေးပါ -၉ ၊ ၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး ၊ စာ ၅၆ )

၂။ ပဋိညာဉ် တစ်ခုသည် မည်သည့်အခါတွင် အချည်းအနှီးဖြစ်ကာ ပျက်ပြယ်သည်ဟု ပဋိညာဉ်ဥပဒေပုဒ်မ ၅၆ တွင် ပြဋ္ဌာန်းထားသည့် ပဋိညာဉ်ပင်ဖြစ်လင်ကစား နောက်ပိုင်း နှစ်ဖက်လုံးက ရည်ရွယ်ချက်မရှိသည့် မမျှော် လင့်သောအကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာသဖြင့် ထို ပဋိညာဉ်ကို ဆောင်ရွက်ခြင်းမပြုနိုင်သည့် အခြေ အနေသို့ ဆိုက်ရောက်မှသာ အချည်းအနှီးဖြစ်ကာ ပျက်ပြယ်သည့် ပဋိညာဉ်ဖြစ်သည်ဟု ကောက်ယူရပေမည်။ ပဋိညာဉ်တစ်ခုသည် သောင်းကျန်သူတို့၏ ဘေးအန္တရာယ်ကြောင့်အချည်းနှီးဖြစ်ကာ ပျက်ပြယ်ခြင်း ရှိ မရှိဆို သော ပြဿနာမှာ အမှုကို လိုက်၍ အကြောင်းခြင်းရာအပေါ်မှုတည်ကာ အဆုံးအဖြတ်ပြုရမည်ဖြစ်သည်။

( မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့နှင့် ဒေါ်သောင်းရင် ပါ ၂ ၊ ၁၉၆၇ ၊ မတစ၊ စာ ၉၉ )

၃။ ရောင်းသူနှင့် ဝယ်သူတို့သည် အရောင်းအဝယ် ပဋိညာဉ်ပြုလုပ်စဉ်က ရောင်းသူပိုင်သည်ဟု ရောင်းသူရော ဝယ်သူပါ မှားယွင်းယုံကြည် ခဲ့သည့် ကိစ္စတစ်ရပ်ဖြစ်၍ ထိုပဋိညာဉ်သည် ပဋိညာဉ်အပ်ဥပဒေပုဒ်မ ၂၀ အရ မှုလ ကပင် ပျက်ပြယ်နေသည့် ပဋိညာဉ်ဟု ယူဆရမည်ဖြစ်သည်။ ပျယ်ပြယ်နေသည့် ပဋိညာဉ်အရ ပေးဆောင်ရန် ကတိပြုထားသည့်အဖိုးစားနားငွေကို ရောင်းသူအနေဖြင့် တောင်းဆိုခြင်းပြုနိုင်မည်မဟုတ်ပေ။ ( ဒေါ်အုန်းစိန် ပါ- ၄ နှင့် ဦးဘင်၊ ၁၉၇၀ ခုနှစ်၊ မတစ ၄၃ )

၄။ စာချုပ်တစ်ခုခုကို လိမ်လည်လှည့်ဖြား မတရားသြရာလွှမ်းမိုးစဉ် ချုပ်ဆိုခဲ့သဖြင့် ပျယ်ပြယ်စေလိုကြောင်း စွဲဆိုသည့်အမှုများတွင် လိမ်လည် လှည့်ဖြား မတရားသြဇာလွှန်းမိုးခဲ့ခြင်း ရှိ မရှိ ဆိုသော ကောက်ယူချက်မှာ အကြောင်းခြင်းရာအပေါ်တွေ့ရှိသည့် ဆုံးဖြတ်ချက်သာဖြစ်သည်။ တရားဥပဒေနှင့် ပတ်သက်သည့် အဆုံး အဖြတ်မဟုတ်။

( ဦးထွန်းမောင် ပါ ၃ နှင့် ဦးအံးကြာ ၊ ၁၉၆၆ ၊ မတစ၊ စာ ၅၁၇ )

၅။ လွှဲပြောင်းနိုင်သည့် စာချုပ်လက်မှတ် အက်ဥပဒေ (Negotiable Instruments Act) ပုဒ်မ ၄ အရ အော်ဒီ မန်စာချုပ်ဆိုသည်မှာ ငွေ တစ်စုံတစ်ရာကို လူတစ်ဦးတစ်ယောက်သို့ဖြစ်စေ၊ စည်းကမ်းချက်တစ်စုံ တစ်ရာမ ထားဘဲပေးချေရန် တာဝန်ယူကာ လက်မှတ်ထားထားသည့် စာချုပ်ပင်ဖြစ်သည်။ စာချုပ်တစ်ခုသည် အော်ဒီမန် စာချုပ် ဟုတ်မဟုတ် ဆိုသော ပြဿနာကို စဉ်းစားရာတွင် အဓိကအရေးကြီသည့်အချက်မှာ ငွေကို ပေးချေရန် တာဝန်ယူရာတွင်စည်းကမး်ချက်တစ်စုံတစ်ရာ သတ်မှတ်ထားခြင်း မရှိရန် လိုပေသည်။ အကယ်၍ ငွေပေးချရန် တာဝန်နှင့်ပတ်သက်၍ စာချုပ်တွင် စည်းကမ်းချက်တစ်စုံတစ်ရာရှိနေလျှင် ထိုစာချုပ်ကို စာချုုပ်ဟု ခေါ်နိုင်မည် မဟုတ် ။ နောက်တစ်ဆင့် စဉ်စားရမည့်အချက်မှာ အကယ်၍ စာချုုပ်တစ်ခုသည် အော်ဒီမန်စာချုပ်ပင်ဖြစ်လင့် ကစား ထိုစာချုပ်အား ချုပ်ဆိုသည့်အချိန်၌ ထိုစာချုပ်နှင့် ပတ်သက်၍ အခြား စာချုပ်တစ်ခုကို ပြိုင်တူချုပ်ဆိုခဲ့ လျှင် ထိုစာချုပ်မှာ အော်ဒီမန်စာချုပ်အဖြစ် ရပ်တည်ခြင်း ရှိမရှိ ဆိုခြင်းပင်ဖြစ်သည်။

အကယ်၍ တစ်ချိန်တည်း တွင် ချုပ်ဆိုခဲ့သည့် ပြိုင်တူစာချုပ်ပါ သဘောတူညီချက်များအရ မူလစာချုပ်ကို အော်ဒီမန်စာချုပ်ဟုပင် ဖော်ပြ ထား လင့်ကစား ထိုစာချုပ်ကို နှစ်ဦးနှစ်ဖက်စလုံးက အော်ဒီမန်စာချုပ်အဖြစ် လက်ခံယူဆခြင်း မပြုနိုင်ပေ ။ သို့ ရာတွင် ပြိုင်တူစာချုပ်ပါ သဘောတူချက် တို့သည် အော်ဒီမန်စာချုပ် စည်းကမ်းချက်များအား ထိခိုက်ဆန့်ကျင် ခြင်း မရှိပါမူ ထိုစာချုပ်နှစ်ခုမှာ သီးခြား ကတိများအဖြစ် ယှဉ်တွဲကာ ရပ်တည်နိုင်သည့် စာချုပ်များဖြစ်သည်ဟု ယူဆရမည်ဖြစ်သည့်အလျောက် အော်ဒီမန်စာချုုပ်သည် အော်ဒီမန်စာချုပ်အဖြစ်နှင့်ပင် သီခြားရပ်တည်နိုင် မည်ဖြစ်သည်။

( ဦးခင်မြင့် ပါ -၂ နှင့် မအုန်းအုနး် ပါ -၂၊ ၁၉၆၆၊ မတစ၊ စာ ၁၅၄၈) ။

၆။ အချင်းဖြစ်မြေကွက်ကို မှတ်ပုံတင်ခြင်း မရှိသော အရပ်စာချုုပ်ဖြင့် ဝယ်ယူသူသည် တရားဝင်ပိုင်ဆိုင်မှုကို မရရှိသောကြောင့် ထိုသူက မူလပိုင်ရှင်အား အခမဲ့ ခွင့်ပြုထားပါသည်ဟု အဆိုပြုခြင်းကို လက်မခံနိုင်။

(ဒေါ်သန်းသန်းဌေးနှင့် ဒေါ်မေတိုး ပါ -၃၊ ၁၉၉၃ ၊ မတစ ၊ စာ ၇၇ )

၇။ ငွေပေးချေရန် ကတိစာချုပ် Promissory Note သည်အောက်ပါအချက်များနှင့် ညီညွှန်ရန်လိုသည်။

၁။ ငွေပေးချေရန် စာချုပ်သည် စာနှင့် ရေးသားထားခြင်း ဖြစ်ရမည်။

၂။ စည်းကမ်းချက်တစ်စုံတစ်ရာမထားဘဲ ငွေပေးချေပါမည်ဟု ဝန်ခံကတိပြုချက်ဖြစ်ရမည်။

၃။ ငွေပေးချေရန်ရှိသည်ဟု သာမန်အသိအမှတ်ပြုရုံဖြင့် မလုံလောက် ထိုငွေကို ပေးပါမည်ဟု ကတိပြုချက် ဖြစ်ရမည်။

၄။ ပေးရန်ကတိပြုသောငွေသည် အတိအကျဖြစ်ရမည်။ ၅။ ရေသားသူ (ကတိပြုသူ) က လက်မှတ်ရေးထိုးရမည်။

၆။ ငွေပေးရမည့် သူ၏ အမည်ကို အတိအကျဖော်ပြရမည်။

၇။ ငွေပေးရန် ကတိပြုခြင်းဖြစ်ရမည်။ အခြားပစ္စည်းပေးရန် ကတိပြုခြင်း မဖြစ်စေရ။

(ကိုကျော်ကျော်နှင့် ဒေါ်အေးအေးမြင့် ၊ ၁၉၉၅ ခုနှစ်၊ မတစ ၊ စာ- ၆)

၈။ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်းမရှိသော စာချုပ်စာရပ်ကို ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ ၅၃ (က) အလို့ငှာ အသုံးပြုခွင့် မရှိချေ။

( ဦးစစ်အေး ပါ -၃ နှင့် ဦးကျင့်ရွှေ ၊ ၁၉၈၉ ခုနှစ် ၊ မတစ ၊ စာ ၂၄)

၉။ သက်သေခံအငှားစာချုပ်ကို ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ ၁၀၇ နှင့် စာချုပ်စာတမ်းများ မှတ်ပုံ တင်ရေး အက်ဥပဒေပုဒ်မ ၁၇ (၁) (ဃ) အရ လိုအပ်သည့်အတိုင်း မှတ်ပုံတင်ထားခြင်း မရှိသဖြင့် ၁၀ နှစ် ကာလ အတွက် ငှားရမ်းခြင်းမှာ အထမမြောက်ချေ။ သို့ဖြစ်ရာ သက်သေခံ(ခ) စာချုပ်ကို အခြေခံကာ အိမ်ခန်း သစ်ကို လက်ရောက်ပေးအပ်ရန် တောင်းဆိုခွင့်ရှိမည် မဟုတ်ချေ။

( ဒေါ်မာရီယမ်ဘီ (ခ) ဒေါ်မဂျမ်းနှင့် ဒေါ်မဥ ၊ ၁၉၈၆ ခုနှစ် ၊ မတစ ၊ စာ ၁၆၃ ) ။

(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၂၅၇) ။ #DVBLawLab

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စာခ်ဳပ္ခ်ဳပ္မည္ဆိုလ်ွင္ အထူးေလ့လာသင့္ေသာစာခ်ဳပ္စာတမ္းဆိုင္ရာ စီရင္ထံုးမွတ္စုမ်ား

၁။ ပစၥည္းလဲႊေျပာင္းျခင္း ဥပေဒပုဒ္မ ၅၈ (စ) တြင္ ပိုင္ဆိုင္မႈႏွင့္ ပတ္သက္ေသာ စာခ်ဳပ္စာတမး္ (Documents Of Title) ဟုပါရိွသည္။

ယင္းကဲ့သို႔ေဖာ္ျပထားသည့္စကားရပ္တြင္ စာခ်ဳပ္စာတမ္း အမ်ဳိးအစား ၂ မ်ဳိးရိွသည္။ တစ္မ်ဳိးမွာ ပိုင္ဆိုင္ခြင့္ကို သတ္မွတ္ေပးသည့္ စာခ်ဳပ္စာတမ္း Documents Creating Title၊ ေနာက္တစ္မ်ဳိးမွာ Documents Evidencing Title တို႔ျဖစ္သည္။

ဦးပိုင္ရာဇဝင္မွတ္တမ္းမွာ ပိုင္ဆိုင္ခြင့္ကို သက္ခံအေထာက္အထားျပဳသည့္ စာခ်ဳပ္စာတမ္း အမ်ဳိးအစားတြင္ ပါဝင္သည္။ သို႔ျဖစ္၍ ဦးပိုင္ရာဇဝတ္မွတ္တမ္းကို ေပးအပ္ ခဲ့ျခင္းမွာ အေပါင္ေျမာက္သည္ဟု ကြ်ႏု္ပ္တို႔ဆံုးျဖတ္သည္။

( ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႏွင့္ ဦးေအာင္ေလးပါ -၉ ၊ ၁၉၇၅ ခုႏွစ္၊ ျမန္မာႏိုင္ငံစီရင္ထံုး ၊ စာ ၅၆ )

၂။ ပဋိညာဥ္ တစ္ခုသည္ မည္သည့္အခါတြင္ အခ်ည္းအႏီွးျဖစ္ကာ ပ်က္ျပယ္သည္ဟု ပဋိညာဥ္ဥပေဒပုဒ္မ ၅၆ တြင္ ျပ႒ာန္းထားသည့္ ပဋိညာဥ္ပင္ျဖစ္လင္ကစား ေနာက္ပိုင္း ႏွစ္ဖက္လံုးက ရည္ရြယ္ခ်က္မရိွသည့္ မေမွ်ာ္ လင့္ေသာအေၾကာင္း တစ္စံုတစ္ရာ ေပၚေပါက္လာသျဖင့္ ထို ပဋိညာဥ္ကို ေဆာင္ရြက္ျခင္းမျပဳႏိုင္သည့္ အေျခ အေနသို႔ ဆိုက္ေရာက္မွသာ အခ်ည္းအႏွီးျဖစ္ကာ ပ်က္ျပယ္သည့္ ပဋိညာဥ္ျဖစ္သည္ဟု ေကာက္ယူရေပမည္။ ပဋိညာဥ္တစ္ခုသည္ ေသာင္းက်န္သူတို႔၏ ေဘးအႏၱရာယ္ေၾကာင့္အခ်ည္းႏီွးျဖစ္ကာ ပ်က္ျပယ္ျခင္း ရိွ မရိွဆို ေသာ ျပႆနာမွာ အမႈကို လုိက္၍ အေၾကာင္းျခင္းရာအေပၚမႈတည္ကာ အဆံုးအျဖတ္ျပဳရမည္ျဖစ္သည္။

( ျမန္မာႏုိင္ငံသစ္လုပ္ငန္းအဖဲြ႔ႏွင့္ ေဒၚေသာင္းရင္ ပါ ၂ ၊ ၁၉၆၇ ၊ မတစ၊ စာ ၉၉ )

၃။ ေရာင္းသူႏွင့္ ဝယ္သူတို႔သည္ အေရာင္းအဝယ္ ပဋိညာဥ္ျပဳလုပ္စဥ္က ေရာင္းသူပိုင္သည္ဟု ေရာင္းသူေရာ ဝယ္သူပါ မွားယြင္းယံုၾကည္ ခဲ့သည့္ ကိစၥတစ္ရပ္ျဖစ္၍ ထိုပဋိညာဥ္သည္ ပဋိညာဥ္အပ္ဥပေဒပုဒ္မ ၂၀ အရ မႈလ ကပင္ ပ်က္ျပယ္ေနသည့္ ပဋိညာဥ္ဟု ယူဆရမည္ျဖစ္သည္။ ပ်ယ္ျပယ္ေနသည့္ ပဋိညာဥ္အရ ေပးေဆာင္ရန္ ကတိျပဳထားသည့္အဖိုးစားနားေငြကို ေရာင္းသူအေနျဖင့္ ေတာင္းဆိုျခင္းျပဳႏုိင္မည္မဟုတ္ေပ။ ( ေဒၚအုန္းစိန္္ ပါ- ၄ ႏွင့္ ဦးဘင္၊ ၁၉၇၀ ခုႏွစ္၊ မတစ ၄၃ )

၄။ စာခ်ဳပ္တစ္ခုခုကို လိမ္လည္လွည့္ျဖား မတရားၾသရာလႊမ္းမိုးစဥ္ ခ်ဳပ္ဆိုခဲ့သျဖင့္ ပ်ယ္ျပယ္ေစလိုေၾကာင္း စဲြဆိုသည့္အမႈမ်ားတြင္ လိမ္လည္ လွည့္ျဖား မတရားၿသဇာလႊန္းမိုးခဲ့ျခင္း ရိွ မရိွ ဆိုေသာ ေကာက္ယူခ်က္မွာ အေၾကာင္းျခင္းရာအေပၚေတြ႔ရိွသည့္ ဆံုးျဖတ္ခ်က္သာျဖစ္သည္။ တရားဥပေဒႏွင့္ ပတ္သက္သည့္ အဆံုး အျဖတ္မဟုတ္။

( ဦးထြန္းေမာင္ ပါ ၃ ႏွင့္ ဦးအံးၾကာ ၊ ၁၉၆၆ ၊ မတစ၊ စာ ၅၁၇ )

၅။ လဲႊေျပာင္းႏိုင္သည့္ စာခ်ဳပ္လက္မွတ္ အက္ဥပေဒ (Negotiable Instruments Act) ပုဒ္မ ၄ အရ ေအာ္ဒီ မန္စာခ်ဳပ္ဆိုသည္မွာ ေငြ တစ္စုံတစ္ရာကို လူတစ္ဦးတစ္ေယာက္သို႔ျဖစ္ေစ၊ စည္းကမ္းခ်က္တစ္စံု တစ္ရာမ ထားဘဲေပးေခ်ရန္ တာဝန္ယူကာ လက္မွတ္ထားထားသည့္ စာခ်ဳပ္ပင္ျဖစ္သည္။ စာခ်ဳပ္တစ္ခုသည္ ေအာ္ဒီမန္ စာခ်ဳပ္ ဟုတ္မဟုတ္ ဆိုေသာ ျပႆနာကို စဥ္းစားရာတြင္ အဓိကအေရးၾကီသည့္အခ်က္မွာ ေငြကို ေပးေခ်ရန္ တာဝန္ယူရာတြင ္စည္းကမး္ခ်က္တစ္စံုတစ္ရာ သတ္မွတ္ထားျခင္း မရိွရန္ လိုေပသည္။ အကယ္၍ ေငြေပးခ်ရန္ တာဝန္ႏွင့္ပတ္သက္၍ စာခ်ဳပ္တြင္ စည္းကမ္းခ်က္တစ္စံုတစ္ရာရိွေနလ်ွင္ ထိုစာခ်ဳပ္ကို စာခ်ုဳပ္ဟု ေခၚႏိုင္မည္ မဟုတ္ ။ ေနာက္တစ္ဆင့္ စဥ္စားရမည့္အခ်က္မွာ အကယ္၍ စာခ်ုဳပ္တစ္ခုသည္ ေအာ္ဒီမန္စာခ်ဳပ္ပင္ျဖစ္လင့္ ကစား ထိုစာခ်ဳပ္အား ခ်ဳပ္ဆိုသည့္အခ်ိန္၌ ထိုစာခ်ဳပ္ႏွင့္ ပတ္သက္၍ အျခား စာခ်ဳပ္တစ္ခုကို ျပဳိင္တူခ်ဳပ္ဆိုခဲ့ လ်ွင္ ထိုစာခ်ဳပ္မွာ ေအာ္ဒီမန္စာခ်ဳပ္အျဖစ္ ရပ္တည္ျခင္း ရိွမရိွ ဆိုျခင္းပင္ျဖစ္သည္။

အကယ္၍ တစ္ခ်ိန္တည္း တြင္ ခ်ဳပ္ဆိုခဲ့သည့္ ျပိဳင္တူစာခ်ဳပ္ပါ သေဘာတူညီခ်က္မ်ားအရ မူလစာခ်ဳပ္ကို ေအာ္ဒီမန္စာခ်ဳပ္ဟုပင္ ေဖာ္ျပ ထား လင့္ကစား ထိုစာခ်ဳပ္ကို ႏွစ္ဦးႏွစ္ဖက္စလံုးက ေအာ္ဒီမန္စာခ်ဳပ္အျဖစ္ လက္ခံယူဆျခင္း မျပဳႏုိင္ေပ ။ သို႔ ရာတြင္ ျပိဳင္တူစာခ်ဳပ္ပါ သေဘာတူခ်က္ တို႔သည္ ေအာ္ဒီမန္စာခ်ဳပ္ စည္းကမ္းခ်က္မ်ားအား ထိခိုက္ဆန္႔က်င္ ျခင္း မရိွပါမူ ထိုစာခ်ဳပ္ႏွစ္ခုမွာ သီးျခား ကတိမ်ားအျဖစ္ ယွဥ္တဲြကာ ရပ္တည္ႏိုင္သည့့္ စာခ်ဳပ္မ်ားျဖစ္သည္ဟု ယူဆရမည္ျဖစ္သည့္အေလ်ာက္ ေအာ္ဒီမန္စာခ်ုဳပ္သည္ ေအာ္ဒီမန္စာခ်ဳပ္အျဖစ္ႏွင့့္ပင္ သီျခားရပ္တည္ႏုိင္ မည္ျဖစ္သည္။

( ဦးခင္ျမင့္ ပါ -၂ ႏွင့္ မအုန္းအုနး္ ပါ -၂၊ ၁၉၆၆၊ မတစ၊ စာ ၁၅၄၈) ။

၆။ အခ်င္းျဖစ္ေျမကြက္ကို မွတ္ပံုတင္ျခင္း မရိွေသာ အရပ္စာခ်ုဳပ္ျဖင့္ ဝယ္ယူသူသည္ တရားဝင္ပိုင္ဆိုင္မႈကို မရရိွေသာေၾကာင့္ ထိုသူက မူလပိုင္ရွင္အား အခမဲ့ ခြင့္ျပဳထားပါသည္ဟု အဆိုျပဳျခင္းကို လက္မခံႏိုင္။

(ေဒၚသန္းသန္းေဌးႏွင့္ ေဒၚေမတိုး ပါ -၃၊ ၁၉၉၃ ၊ မတစ ၊ စာ ၇၇ )

၇။ ေငြေပးေခ်ရန္ ကတိစာခ်ဳပ္ Promissory Note သည္ေအာက္ပါအခ်က္မ်ားႏွင့္ ညီညႊန္ရန္လိုသည္။

၁။ ေငြေပးေခ်ရန္ စာခ်ဳပ္သည္ စာႏွင့္ ေရးသားထားျခင္း ျဖစ္ရမည္။

၂။ စည္းကမ္းခ်က္တစ္စံုတစ္ရာမထားဘဲ ေငြေပးေခ်ပါမည္ဟု ဝန္ခံကတိျပဳခ်က္ျဖစ္ရမည္။

၃။ ေငြေပးေခ်ရန္ရိွသည္ဟု သာမန္အသိအမွတ္ျပဳရံုျဖင့္ မလံုေလာက္ ထိုေငြကို ေပးပါမည္ဟု ကတိျပဳခ်က္ ျဖစ္ရမည္။

၄။ ေပးရန္ကတိျပဳေသာေငြသည္ အတိအက်ျဖစ္ရမည္။ ၅။ ေရသားသူ (ကတိျပဳသူ) က လက္မွတ္ေရးထိုးရမည္။

၆။ ေငြေပးရမည့္ သူ၏ အမည္ကို အတိအက်ေဖာ္ျပရမည္။

၇။ ေငြေပးရန္ ကတိျပဳျခင္းျဖစ္ရမည္။ အျခားပစၥည္းေပးရန္ ကတိျပဳျခင္း မျဖစ္ေစရ။

(ကိုေက်ာ္ေက်ာ္ႏွင့္ ေဒၚေအးေအးျမင့္ ၊ ၁၉၉၅ ခုႏွစ္၊ မတစ ၊ စာ- ၆)

၈။ တံဆိပ္ေခါင္းခြန္ထမ္းေဆာင္ျခင္းမရိွေသာ စာခ်ဳပ္စာရပ္ကို ပစၥည္းလဲႊေျပာင္းေရး အက္ဥပေဒပုဒ္မ ၅၃ (က) အလို႔ငွာ အသံုးျပဳခြင့္ မရိွေခ်။

( ဦးစစ္ေအး ပါ -၃ ႏွင့္ ဦးက်င့္ေရႊ ၊ ၁၉၈၉ ခုႏွစ္ ၊ မတစ ၊ စာ ၂၄)

၉။ သက္ေသခံအငွားစာခ်ဳပ္ကို ပစၥည္းလဲႊေျပာင္းေရး အက္ဥပေဒပုဒ္မ ၁၀၇ ႏွင့္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံု တင္ေရး အက္ဥပေဒပုဒ္မ ၁၇ (၁) (ဃ) အရ လိုအပ္သည့္အတိုင္း မွတ္ပံုတင္ထားျခင္း မရိွသျဖင့္ ၁၀ ႏွစ္ ကာလ အတြက္ ငွားရမ္းျခင္းမွာ အထမေျမာက္ေခ်။ သို႔ျဖစ္ရာ သက္ေသခံ(ခ) စာခ်ဳပ္ကို အေျခခံကာ အိမ္ခန္း သစ္ကို လက္ေရာက္ေပးအပ္ရန္ ေတာင္းဆိုခြင့္ရိွမည္ မဟုတ္ေခ်။

( ေဒၚမာရီယမ္ဘီ (ခ) ေဒၚမဂ်မ္းႏွင့္ ေဒၚမဥ ၊ ၁၉၈၆ ခုႏွစ္ ၊ မတစ ၊ စာ ၁၆၃ ) ။

(အၫႊန္း - ဦးေက်ာ္ေဇယ် ၊ စာခ်ဳပ္ခ်ဳပ္မည္ဆိုလွ်င္ ေဆာင္ရန္ေရွာင္ရန္မ်ား ၊ စာ ၂၅၇) ။ #DVBLawLab

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service