အိမ်ခြံမြေ အဝယ်မလောကြပါနဲ့ ပေးထားတဲ့စရန်ငွေတွေ ဆုံးတတ်ပါတယ်

အိမ်ခြံမြေ အဝယ်မလောကြပါနဲ့ ပေးထားတဲ့စရန်ငွေတွေ ဆုံးတတ်ပါတယ် - Property Knowledge in Myanmar from iMyanmarHouse.com
27 Oct 2020 11:23 am တွင် တင်ခဲ့သည်
935 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မကြာသေးမီရက်ပိုင်းအတွင်းကကျွန်ုအိမ်ကိုကားနဲ့ ရောက်လာတဲ့ အမျိုးသား၊ အမျိုးသမီး လူငယ်(၂)ဦးဟာဆိုရင် မြောက်ဒဂုံ ၃၉ ရပ်ကွက်က မြေကွက်ကို အပြီးအပိုင်အရောင်းအဝယ်စာချုပ်ပေးဖို့ဆိုပြီး ရောက်လာကြတာပါ။ ဒါဆိုရင် စရန်ပေးစာချုပ်စဉ်က ပွဲစားနဲ့စာချုပ်ပြီး၊ အပြီးစာချုပ်တဲ့အခါ ခိုင်မာအောင် စာချုပ်ဖြစ်ပုံရှင်းပြတော့မှဘဲ ကျွန်ုပ်လည်း သူတို့ကိုယ်စားရင်ထဲမှာ မွန်းကျပ်သွားပါတော့တယ်။

မြောက်ဒဂုံမြေကွက်တွေက ဝန်ထမ်းတွေကိုချထားပေးတဲ့ မြေကွက်တွေဆိုတာ (၄၀’x၆၀) အကျယ်ရှိကြတယ်။ အခုလို လူနေထူထပ်လာတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ခွဲစိတ်ရောင်းချပြီး ( ၂၀‘ x ၆၀‘ ) ဂရန်ခွဲတွေလုပ်ပြီးနေထိုင်သူတွေလည်းရှိလာကြတာတွေ့ရတယ်။ အချို့သူတွေကြတော့လည်း ခေါင်းရင်းတစ်ဝက် ဒါမှမဟုတ် ခြေရင်းတစ်ဝက် ( ၂၀‘ x ၆၀ ‘ ) ခွဲစိတ်ရောင်းပြီး ဒီအတိုင်း နာမည်မပြောင်း၊ ဂရန်မခွဲဘဲနေကြတဲ့သူတွေလည်ရှိတယ်။ မူရင်းပိုင်ရှင်က ဂရန်မူရင်းကိုင်ပြီး တစ်ဝက်ခွဲဝယ်သူ ကို ဂရန်မိတ္တူပေးထားတတ်ကြတယ်။

တစ်ချို့ကြတော့လည်း မူရင်းပ်ိုင်ရှင်က အနှစ် (၆၀) ဂရန်တောင်မလုပ်တော့ဘဲ နိုင်ငံတော်က ချထားပေးတဲ့ ပါမစ်မူရင်းကိုဘဲ တစ်ဆင့်ပြန်ရောင်းပစ်ခဲ့ကြတယ်။ အဲဒီပါမစ်ကိုလည်း ( ၄၀‘ x ၆၀ ‘) မှ ( ၂၀‘ x ၆၀ ‘ ) တစ်ဝတ်ခွဲပြီး ပြန်ရောင်းလေ့ရှိကြပြန်တယ်။ အဲဒီတော့ ( ၄၀‘ x ၆၀‘ ) ‌မြေတစ်ကွက်မှာ (၂)ဦးနေပြီး ၊ တစ်ဦးက ပါမစ်မူရင်းကိုင်တယ်၊ နောက်ဝယ်သူက မြေချပါမစ် မိတ္တူကိုင်ထားသူကတော့ မိမိလက်ထဲမှာ မူရင်းမရှိတော့ စိတ်မအေးရဘူးပေါ့။

ဟော..... ပါမစ်မူရင်းကိုင်ထားသူကလည်း တစ်သက်လုံးနေမယ်စိတ်ကူးပေမယ့်၊ စီးပွားရေး မပြေလည်တဲ့အခါကျတော့ နောက်တစ်ဦးကို ပြန်ရောင်းလိုက်ပြန်တာပေါ့။ မိတ္တူဘက်ခြမ်းနေတဲ့သူကလည်း ဒီလိုဘဲအဆင်မပြေတော့ မူရင်းအမည်ပေါက်လူတွေမရှိကြတော့ဘူး။ (၄) ဦး (၅) ဦးလောက်အထိ လက်ပြောင်းကုန်ကြပြီလေ။ အဲဒီလို လူတွေပြောင်းသွားကြပေမဲ့ သူတို့ဆောက်ခဲ့တဲ့ အိမ်တွေတိုက်တွေကတော့ ဒီအတိုင်းဘဲရှိနေတယ်လေ။

အဲဒီလိုအခြေအနေမှာပြောင်းလဲသွားတာက ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေဘဲ ခေါင်းရင်းဘက်ခြမ်းနေတဲ့သူက ပါမစ်မူရင်းကိုင်ထားရင်းက အိမ်အပြောင်းအရွှေ့ကြောင့် ဖြစ်စေ၊ အထားမှားလို့ဖြစ်စေ ၊ ခရီးသွာရင်းဖြစ်စေ ပျောက်သွားတယ်ဆိုပါတော့ အဲဒီမှာ ခြေရင်းနေသူ ဒုက္ခရောက်တော့တာဘဲ မြေချပါမစ်ဆိုတာ ပျောက်သွားရင် ပြန်လျှောက်လို့ရတာ မဟုတ်ဘူးလေ။ အဲဒီလို ပါမစ်ပျောက်သွားတဲ့ မြေကွက်နဲ့ ခြေရင်းခြမ်းကိုမှ သိန်း (၄၀၀) နဲ့ တန်တယ်ဆိုပြီး စရန်ငွေသိန်း (၅၀) ပေးခဲ့မိတယ်။ အပြီးဝယ်သင့် မဝယ်သင့်စဉ်းစားရင်း ကျွန်ုပ်ထံရောက်လာသူ (၂) ဦးကတော့ ဇာတ်လမ်းအစကပြောပြခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ပါဘဲ။

သူတို့ထုတ်ပြတဲ့ အိမ်ခြံမြေစာချုပ်စာတမ်းတွေကြည့်ရတာ မိတ္တူတွေများတယ် မူရင်းဆိုလို့ လက်ရှိနေထိုင်သူဖြစ်တဲ့ ရောင်းသူနဲ့ ချုပ်ဆိုထားတဲ့ စရန်ပေးစာချုပ်နဲ့ မြေနှင့်အိမ်ပိုင်ဆိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲ့ထောက်ခံချက်(၂)ခုဘဲရှိတယ်။ လက်ရှိ နေထိုင်သူတွေကလည်း (၃)ဆက်မြောက်ဝယ်ထားတဲ့ သူတွေဖြစ်နေတယ်။ ဝယ်ပြီး နေထိုင်လာခဲ့တာတော့ (၁၈) နှစ်လောက်တောင်ရှိပြီလို့ ပြောပါတယ်။ သူတို့ကိုယ်တိုင်ပါမစ်မိတ္တူကို ဝယ်ထားတာ ဆိုပေမဲ့ အဲဒီပါမစ်မိတ္တူနဲ့ အဆက်အစပ်စာချုပ်တွေပါ ပျောက်နေတယ်လို့ပြောတယ်။ ဒါနဲ့ ခေါင်းရင်းခြမ်း ပါမစ်မူရင်းကိုင်ထားတဲ့သူမေးလိုက်ပြန်တော့လည်း၊ မူရင်းတွေ ခရီးသွားရင်း ပျောက်ဆုံးသွားလို့ဆိုပြီး သူတို့လက်ထဲမှာရှိတဲ့ စာချုပ်အဆက်မိတ္တူတွေနဲ့ ပါမစ်မိတ္တူကိုဘဲ ထုတ်ပြနိုင်တယ်။ အစကောင်းမှအနှောင်းသေချာ ဆိုပေမယ့် ၊ သူတို့ဝယ်ယူကြပုံကြည့်ရတာ အစမကောင်းသလိုပါဘဲ ။

မြေကွက်က ဘယ်လိုဆွဲဆောင်မှုရှိလို့လဲလို့ မေးကြည့်မိတယ်။ ၂ ထပ်တိုက်ကိုသဘောကျလိုတဲ့လေ အော်... ဟုတ်ပေသားဘဲ။ ရေကန်အသင့်၊ ကြာအသင့်ရှိတော့ လူတိုင်းသဘောကျမှာဘဲလေ။

တစ်ဖက်ကလည်း တန်တယ် ဝယ်သင့်တယ်။ ဒါမျိုးဘယ်မှာမှ ရှာမရဘူး စသဖြင့် အကျိုးဆောင်က နှိုးဆွပေးတော့ စရန်ပေးဖြစ်သွားတာပေါ့။ ပါမစ်မူရင်း ပျောက်သွားပေမဲ့ပါမစ်ပျောက်နဲ့ ဂရန်သစ်လျှောက်လို့ရတယ်လို့ပြောတော့ ဝယ်ဖို့ပိုပြီး အားသန်သွားတာပေါ့။ စရန်ပေးပြီး တစ်လအကြာမှာ အပြီးငွေချေရမယ့် ရက်နီးလာတော့ ဝယ်သူဘက်က ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ရခက်လာပြီး ငွေချေပြီးရင် မြေနဲ့ တိုက်အိမ်ကတော့ လက်ရောက်ရမှာ အမှန်ဘဲ။ ဒါပေမယ့် ပါမစ်မိတ္တူ စာချုပ်မိတ္တူတွေကိုကိုင်ပြီး နေထိုင်ရမယ့်အရေးတွေးပြီး စိတ်မချမ်းမသာဖြစ်လာတာနဲ့ နောက်ဆုံး မောင်ကောင်းဖေ ထံရောက်လာကြတာပါဘဲ။

မောင်ကောင်းဖေ လည်း အကျိုးဆောင်ပွဲစာတွေပြောသလို ပါမစ်ပျောက်နဲ့ ဂရန်သစ်လျှောက်ဖို့ တိုက်တွန်းကြည့်မိပါသေးတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ မြို့မြေစာရင်မှာ အမည်ပေါက်မှန်ရဲ့လားလို့ မေးကြည့်တဲ့အခါ သူတို့လက်ထဲမှာရှိတဲ့ ပါမစ်အမည်ပေါက်ထံက ဦးကျော်ဝေ အမည်ရှိပေမယ့် စည်ပင် မြို့မြေစာရင်းမှာတော့ ဦးကျော်ဝင်း အမည်ပေါက်နေတယ်လို့ပြောပါတယ်။

ဟိုက်….ဒါဆိုရင်တော့ ဝယ်ပြီးတဲ့နောက်မှာ စိတ်ဆင်းရဲစရာတွေအများကြီးရှိလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဦးကျော်ဝင်းလား ဦးကျော်ဝေ လား ဘယ်နာမည်က မှန်သလဲ ပါမစ်အမည်ပေါက်အတိုင်း ကျော်ဝေ ပါလို့ အိုးအိမ်ဦးစီးဌာနက အကြောင်းပြန်ရင်တော့ ကောင်းတာပေါ့။ အဲ့ဒီလို မဟုတ်ဘဲ ကျော်ဝင်း ဖြစ်ပါတယ်လို့ အကြောင်းပြန်ရင်တော့ ၊ ဂရန်သစ်ရဖို့ဝေးသွားပြီး စည်ပင်က ကျမ်းကျိန်တွေတောင်းမယ်၊ ထောက်ခံစာအမျိုးမျိုးလုပ်ခိုင်မယ်။ ဒါဆိုရင်တော့ ပူလောင်တဲ့ မြေနဲ့အိမ်ပေါ်မှာနေရတော့မယ် ကိုယ်အပူကိုယ်ရှာသလို ဖြစ်တော့မယ်လို့ ရှင်ပြလိုက်ပါတယ်။

ဒီတော့မှ သူတို့ (၂) ဦးလည်း စိတ်ကို ဒုန်းဒုန်းချပြီး ကျွန်တော်တို့ သိန်း ၅၀ အဆုံးရှုံးခံလိုက်တော့မယ် နောက်ထပ် သိန်း ၃၅၀ ပေးပြီး စိတ်ဆင်းရဲမခံတော့ဘူး ဟု ဆုံးဖြတ်ကာ ကျွန်ုပ်အား ညဏ်ပူဇော်ခပေးပြီး နှုတ်ဆက်ပြန်သွားကြပါတော့တယ်။ ရောင်းသူက သိန်း (၅၀) ပြန်ပေးပါစေလို့သာ ဆုတောင်းပေးနေမိပါတော့တယ်။

သူတော်ကောင်း နဲ့တွေ့၍ သူယုတ်မာ နဲ့ လွဲကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အိမ္ျခံေျမ အဝယ္မေလာၾကပါနဲ႕ ေပးထားတဲ့စရန္ေငြေတြ ဆံုးတတ္ပါတယ္

မၾကာေသးမီရက္ပိုင္းအတြင္းကကၽြႏ္ုအိမ္ကိုကားနဲ႕ ေရာက္လာတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီး လူငယ္(၂)ဦးဟာဆိုရင္ ေျမာက္ဒဂံု ၃၉ ရပ္ကြက္က ေျမကြက္ကို အျပီးအပိုင္အေရာင္းအဝယ္စာခ်ဳပ္ေပးဖို႕ဆိုျပီး ေရာက္လာၾကတာပါ။ ဒါဆိုရင္ စရန္ေပးစာခ်ဳပ္စဥ္က ပြဲစားနဲ႕စာခ်ဳပ္ျပီး၊ အျပီးစာခ်ဳပ္တဲ့အခါ ခိုင္မာေအာင္ စာခ်ဳပ္ျဖစ္ပံုရွင္းျပေတာ့မွဘဲ ကၽြႏ္ုပ္လည္း သူတို႕ကိုယ္စားရင္ထဲမွာ မြန္းက်ပ္သြားပါေတာ့တယ္။

ေျမာက္ဒဂံုေျမကြက္ေတြက ဝန္ထမ္းေတြကိုခ်ထားေပးတဲ့ ေျမကြက္ေတြဆိုတာ (၄၀’x၆၀) အက်ယ္ရွိၾကတယ္။ အခုလို လူေနထူထပ္လာတဲ့အခါမွာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြဲစိတ္ေရာင္းခ်ျပီး ( ၂၀‘ x ၆၀‘ ) ဂရန္ခြဲေတြလုပ္ျပီးေနထိုင္သူေတြလည္းရွိလာၾကတာေတြ႕ရတယ္။ အခ်ိဳ႕သူေတြၾကေတာ့လည္း ေခါင္းရင္းတစ္ဝက္ ဒါမွမဟုတ္ ေျခရင္းတစ္ဝက္ ( ၂၀‘ x ၆၀ ‘ ) ခြဲစိတ္ေရာင္းျပီး ဒီအတိုင္း နာမည္မေျပာင္း၊ ဂရန္မခြဲဘဲေနၾကတဲ့သူေတြလည္ရွိတယ္။ မူရင္းပိုင္ရွင္က ဂရန္မူရင္းကိုင္ျပီး တစ္ဝက္ခြဲဝယ္သူ ကို ဂရန္မိတၱဴေပးထားတတ္ၾကတယ္။

တစ္ခ်ိဳ႕ၾကေတာ့လည္း မူရင္းပို္င္ရွင္က အနွစ္ (၆၀) ဂရန္ေတာင္မလုပ္ေတာ့ဘဲ ႏိုင္ငံေတာ္က ခ်ထားေပးတဲ့ ပါမစ္မူရင္းကိုဘဲ တစ္ဆင့္ျပန္ေရာင္းပစ္ခဲ့ၾကတယ္။ အဲဒီပါမစ္ကိုလည္း ( ၄၀‘ x ၆၀ ‘) မွ ( ၂၀‘ x ၆၀ ‘ ) တစ္ဝတ္ခြဲျပီး ျပန္ေရာင္းေလ့ရွိၾကျပန္တယ္။ အဲဒီေတာ့ ( ၄၀‘ x ၆၀‘ ) ‌ေျမတစ္ကြက္မွာ (၂)ဦးေနျပီး ၊ တစ္ဦးက ပါမစ္မူရင္းကိုင္တယ္၊ ေနာက္ဝယ္သူက ေျမခ်ပါမစ္ မိတၱဴကိုင္ထားသူကေတာ့ မိမိလက္ထဲမွာ မူရင္းမရွိေတာ့ စိတ္မေအးရဘူးေပါ့။

ေဟာ..... ပါမစ္မူရင္းကိုင္ထားသူကလည္း တစ္သက္လံုးေနမယ္စိတ္ကူးေပမယ့္၊ စီးပြားေရး မေျပလည္တဲ့အခါက်ေတာ့ ေနာက္တစ္ဦးကို ျပန္ေရာင္းလိုက္ျပန္တာေပါ့။ မိတၱဴဘက္ျခမ္းေနတဲ့သူကလည္း ဒီလိုဘဲအဆင္မေျပေတာ့ မူရင္းအမည္ေပါက္လူေတြမရွိၾကေတာ့ဘူး။ (၄) ဦး (၅) ဦးေလာက္အထိ လက္ေျပာင္းကုန္ၾကျပီေလ။ အဲဒီလို လူေတြေျပာင္းသြားၾကေပမဲ့ သူတို႕ေဆာက္ခဲ့တဲ့ အိိမ္ေတြတိုက္ေတြကေတာ့ ဒီအတိုင္းဘဲရွိေနတယ္ေလ။

အဲဒီလိုအေျခအေနမွာေျပာင္းလဲသြားတာက ပိုင္ဆိုင္မႈစာရြက္စာတမ္းေတြဘဲ ေခါင္းရင္းဘက္ျခမ္းေနတဲ့သူက ပါမစ္မူရင္းကိုင္ထားရင္းက အိမ္အေျပာင္းအေရႊ႕ေၾကာင့္ ျဖစ္ေစ၊ အထားမွားလို႕ျဖစ္ေစ ၊ ခရီးသြာရင္းျဖစ္ေစ ေပ်ာက္သြားတယ္ဆိုပါေတာ့ အဲဒီမွာ ေျခရင္းေနသူ ဒုကၡေရာက္ေတာ့တာဘဲ ေျမခ်ပါမစ္ဆိုတာ ေပ်ာက္သြားရင္ ျပန္ေလွ်ာက္လို႕ရတာ မဟုတ္ဘူးေလ။ အဲဒီလို ပါမစ္ေပ်ာက္သြားတဲ့ ေျမကြက္နဲ႕ ေျခရင္းျခမ္းကိုမွ သိန္း (၄၀၀) နဲ႕ တန္တယ္ဆိုျပီး စရန္ေငြသိန္း (၅၀) ေပးခဲ့မိတယ္။ အျပီးဝယ္သင့္ မဝယ္သင့္စဥ္းစားရင္း ကၽြႏ္ုပ္ထံေရာက္လာသူ (၂) ဦးကေတာ့ ဇာတ္လမ္းအစကေျပာျပခဲ့တဲ့ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးတို႕ပါဘဲ။

သူတို႕ထုတ္ျပတဲ့ အိမ္ျခံေျမစာခ်ဳပ္စာတမ္းေတြၾကည့္ရတာ မိတၱဴေတြမ်ားတယ္ မူရင္းဆိုလို႕ လက္ရွိေနထိုင္သူျဖစ္တဲ့ ေရာင္းသူနဲ႕ ခ်ဳပ္ဆိုထားတဲ့ စရန္ေပးစာခ်ဳပ္နဲ႕ ေျမနွင့္အိမ္ပိုင္ဆိုင္ေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ရဲ႕ေထာက္ခံခ်က္(၂)ခုဘဲရွိတယ္။ လက္ရွိ ေနထိုင္သူေတြကလည္း (၃)ဆက္ေျမာက္ဝယ္ထားတဲ့ သူေတြျဖစ္ေနတယ္။ ဝယ္ျပီး ေနထိုင္လာခဲ့တာေတာ့ (၁၈) နွစ္ေလာက္ေတာင္ရွိျပီလို႕ ေျပာပါတယ္။ သူတို႕ကိုယ္တိုင္ပါမစ္မိတၱဴကို ဝယ္ထားတာ ဆိုေပမဲ့ အဲဒီပါမစ္မိတၱဴနဲ႕ အဆက္အစပ္စာခ်ဳပ္ေတြပါ ေပ်ာက္ေနတယ္လို႕ေျပာတယ္။ ဒါနဲ႕ ေခါင္းရင္းျခမ္း ပါမစ္မူရင္းကိုင္ထားတဲ့သူေမးလိုက္ျပန္ေတာ့လည္း၊ မူရင္းေတြ ခရီးသြားရင္း ေပ်ာက္ဆံုးသြားလို႕ဆိုျပီး သူတို႕လက္ထဲမွာရွိတဲ့ စာခ်ဳပ္အဆက္မိတၱဴေတြနဲ႕ ပါမစ္မိတၱဴကိုဘဲ ထုတ္ျပႏိုင္တယ္။ အစေကာင္းမွအေနွာင္းေသခ်ာ ဆိုေပမယ့္ ၊ သူတို႕ဝယ္ယူၾကပံုၾကည့္ရတာ အစမေကာင္းသလိုပါဘဲ ။

ေျမကြက္က ဘယ္လိုဆြဲေဆာင္မႈရွိလို႕လဲလို႕ ေမးၾကည့္မိတယ္။ ၂ ထပ္တိုက္ကိုသေဘာက်လိုတဲ့ေလ ေအာ္... ဟုတ္ေပသားဘဲ။ ေရကန္အသင့္၊ ၾကာအသင့္ရွိေတာ့ လူတိုင္းသေဘာက်မွာဘဲေလ။

တစ္ဖက္ကလည္း တန္တယ္ ဝယ္သင့္တယ္။ ဒါမ်ိဳးဘယ္မွာမွ ရွာမရဘူး စသျဖင့္ အက်ိဳးေဆာင္က ႏိႈးဆြေပးေတာ့ စရန္ေပးျဖစ္သြားတာေပါ့။ ပါမစ္မူရင္း ေပ်ာက္သြားေပမဲ့ပါမစ္ေပ်ာက္နဲ႕ ဂရန္သစ္ေလွ်ာက္လို႕ရတယ္လို႕ေျပာေတာ့ ဝယ္ဖို႕ပိုျပီး အားသန္သြားတာေပါ့။ စရန္ေပးျပီး တစ္လအၾကာမွာ အျပီးေငြေခ်ရမယ့္ ရက္နီးလာေတာ့ ဝယ္သူဘက္က ဝယ္သင့္မဝယ္သင့္ဆံုးျဖတ္ရခက္လာျပီး ေငြေခ်ျပီးရင္ ေျမနဲ႕ တိုက္အိမ္ကေတာ့ လက္ေရာက္ရမွာ အမွန္ဘဲ။ ဒါေပမယ့္ ပါမစ္မိတၱဴ စာခ်ဳပ္မိတၱဴေတြကိုကိုင္ျပီး ေနထိုင္ရမယ့္အေရးေတြးျပီး စိတ္မခ်မ္းမသာျဖစ္လာတာနဲ႕ ေနာက္ဆံုး ေမာင္ေကာင္းေဖ ထံေရာက္လာၾကတာပါဘဲ။

ေမာင္ေကာင္းေဖ လည္း အက်ိဳးေဆာင္ပြဲစာေတြေျပာသလို ပါမစ္ေပ်ာက္နဲ႕ ဂရန္သစ္ေလွ်ာက္ဖို႕ တိုက္တြန္းၾကည့္မိပါေသးတယ္။ အေရးအၾကီးဆံုးျဖစ္တဲ့ ျမိဳ႕ေျမစာရင္မွာ အမည္ေပါက္မွန္ရဲ႕လားလို႕ ေမးၾကည့္တဲ့အခါ သူတို႕လက္ထဲမွာရွိတဲ့ ပါမစ္အမည္ေပါက္ထံက ဦးေက်ာ္ေဝ အမည္ရွိေပမယ့္ စည္ပင္ ျမိဳ႕ေျမစာရင္းမွာေတာ့ ဦးေက်ာ္ဝင္း အမည္ေပါက္ေနတယ္လို႕ေျပာပါတယ္။

ဟိုက္….ဒါဆိုရင္ေတာ့ ဝယ္ျပီးတဲ့ေနာက္မွာ စိတ္ဆင္းရဲစရာေတြအမ်ားၾကီးရွိလိမ့္မယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဦးေက်ာ္ဝင္းလား ဦးေက်ာ္ေဝ လား ဘယ္နာမည္က မွန္သလဲ ပါမစ္အမည္ေပါက္အတိုင္း ေက်ာ္ေဝ ပါလို႕ အိုးအိမ္ဦးစီးဌာနက အေၾကာင္းျပန္ရင္ေတာ့ ေကာင္းတာေပ့ါ။ အဲ့ဒီလို မဟုတ္ဘဲ ေက်ာ္ဝင္း ျဖစ္ပါတယ္လို႕ အေၾကာင္းျပန္ရင္ေတာ့ ၊ ဂရန္သစ္ရဖို႕ေဝးသြားျပီး စည္ပင္က က်မ္းက်ိန္ေတြေတာင္းမယ္၊ ေထာက္ခံစာအမ်ိဳးမ်ိဳးလုပ္ခိုင္မယ္။ ဒါဆိုရင္ေတာ့ ပူေလာင္တဲ့ ေျမနဲ႕အိမ္ေပၚမွာေနရေတာ့မယ္ ကိုယ္အပူကိုယ္ရွာသလို ျဖစ္ေတာ့မယ္လို႕ ရွင္ျပလိုက္ပါတယ္။

ဒီေတာ့မွ သူတို႕ (၂) ဦးလည္း စိတ္ကို ဒုန္းဒုန္းခ်ျပီး ကၽြန္ေတာ္တို႕ သိန္း ၅၀ အဆံုးရႈံးခံလိုက္ေတာ့မယ္ ေနာက္ထပ္ သိန္း ၃၅၀ ေပးျပီး စိတ္ဆင္းရဲမခံေတာ့ဘူး ဟု ဆံုးျဖတ္ကာ ကၽြႏ္ုပ္အား ညဏ္ပူေဇာ္ခေပးျပီး ႏႈတ္ဆက္ျပန္သြားၾကပါေတာ့တယ္။ ေရာင္းသူက သိန္း (၅၀) ျပန္ေပးပါေစလုိ႕သာ ဆုေတာင္းေပးေနမိပါေတာ့တယ္။

သူေတာ္ေကာင္း နဲ႕ေတြ႕၍ သူယုတ္မာ နဲ႕ လြဲၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service