ဈေးကိုင်နေတဲ့ ခြံကွက်ကိုမှ ဝယ်ချင်သူကြောင့်

ဈေးကိုင်နေတဲ့ ခြံကွက်ကိုမှ ဝယ်ချင်သူကြောင့် - Property Knowledge in Myanmar from iMyanmarHouse.com
25 Oct 2020 9:09 am တွင် တင်ခဲ့သည်
1616 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

 

[Unicode]

အိမ်ခြံမြေနဲ့ တိုက်ခန်းအရောင်းအဝယ် ပြုလုပ်ကြတဲ့အခါ လူတန်းစာအလွှာနည်းနည်း တွေ့ရပါတယ် ။ ကြီးတယ် ၊ ငယ်တယ် ၊ ဆင်းရဲတယ် ၊ ချမ်းသာတယ် မဟုတ်ပါဘူး ။လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတာကို တွေ့ရပါတယ် ။ အချို့က ဆင်းရဲသော်လည်း စိတ်ဓာတ်ဖြူစင်ရိုးသားတာကို တွေ့ရတယ် ။ အရိုးခံအတိုင်းရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ် ။ ဒီလိုရှင်းရှင်းလင်းလင်း ရိုးရိုးသားသား ပြောတတ်တဲ့သူများနဲ့ တွေ့ရင် ရှေ့နေတစ်ယောက်အနေနဲ့ အရောင်းအဝယ် စာချုပ်ပေးရတာ လွယ်ကူပါတယ် ။ အချို့ကျတော့လည်း ဒီလိုမဟုတ်ပြန်ပါဘူး ။အထင်နဲ့အမြင် တက်တက်စင်လွဲတတ်ပါတယ် ။

ကောက်သော်စားမလောက် ဖြောင့်သော် စားမကုန်

ရောင်းသူပဲဖြစ်ဖြစ် ၊ ဝယ်သူပဲဖြစ်ဖြစ်အရှိကိုအရှိတိုင်း ၊ အမှန်ကို အမှန်အတိုင်း ဖွင့်ပြောခြင်းဖြင့် ရောင်းသူဝယ်သူနှစ်ဦးစလုံး မျှမျှတတ ဖြစ်စေတဲ့ အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးလိုက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်စလုံးလည်း ကျေနပ်ကြတယ် ။ စိတ်ချမ်းသာကြတယ် ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုကြတဲ့ စကားသံကို နားထောင်ပြီး နှစ်ဦးနှစ်ဖက် မျှတအောင် ဆောင်ရွက်ပေးနိုင်တယ် ။

ဥပမာ- အချို့ဆိုရင် မြေနဲ့အိမ်ကို ရောင်းမှာကတော့ အမှန်ပဲ ။ဒါပေမဲ့ စရန်ငွေပေးတဲ့အချိန်မှာ ရောင်းသူထံမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းဖြစ်တဲ့ ဂရန်တို့ ၊ ပါမစ်တို့ ၊ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်တို့ကို မပြနိုင်ကြဘူး ။ မထင်မရှားမိတ္တူဆွဲထားတဲ့ စာရွက်စာတမ်းတွေကိုပဲ ပြနိုင်တယ် ။

ဒီစာရွက်စာတမ်းတွေနဲ့ ဒီရောင်းသူဟာ မြေနဲ့အိမ်ကို လိမ်ပြီးရောင်းတော့မယ်လို့ တွေးမိလိုက်တယ် ။ မူရင်းတွေပြမှ စရန်ငွေချနိုင်မယ်လို့ ပြောတော့မှ သူပိုင်တဲ့ စာချုပ်စာတမ်းတွေက ရပ်ကွက်ထဲက အပေါင်ခံသူထံမှာ ရှိတယ် ။အတိုးနဲ့ ငွေချေးထားတဲ့ အပေါင်အဖြစ် ပေးထားရတာကို ပွင့်ပွင့်လင်းလင်း ပြောပြတယ် ။အဲဒီလို ပြောတော့မှ သူ အမှန်တကယ် ရောင်းချင်နေတာမှန်တယ် ။မရောင်းဘဲနေရင်အပေါင်နဲ့ ဆုံတော့မှာ သေချာတယ် ။ဒီလို ပွင့်ပွင့်လင်းလင်း ပြောတဲ့အခါ ဝယ်သူဘက်ကလည်း ကိုယ်ချင်းစာနာသွားတယ်။ ဝယ်ဖြစ်အောင် ဝယ်ချင်တယ် ။ကူညီရာလည်း ရောက်တာပေါ့ ။

ဟုတ်ပြီလေ ။ဒါဆိုရင် ကျွန်တော်တို့ ဝယ်မယ် ။ဒါပေမဲ့ စာရွက်စာတမ်းတွေ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရှိရဲ့လား ၊ အရှုပ်အရှင်းကင်းရဲ့လား ၊ ကန့်သတ်ချက်တွေရှိရဲ့လား ၊ မြို့မြေစာရင်းမှာ အမည်ပေါက်မှန်ကန်ရဲ့လား စစ်ကြည့်ဖို့ လိုသေးတယ် ။လိုအပ်ရင် သတင်းစားမှာ ကန့်ကွက်ရန် ရှိမရှိကြော်ငြာသင့် ကြော်ငြာရမယ် ။ ဒါကြောင့် စာရွက်စာတမ်းတွေကိုင်ထားတဲ့ အပေါင်ခံသူကို ခေါ်ပေးပါလို့ တောင်းဆိုရတာတွေ ကြုံဖူးတယ် ။

ဒီအခါမှာတော့ ရောင်းသူကလည်း အမှန်တကယ် ရောင်းချင်နေတာဖြစ်လို့ အပေါင်ခံသူကို ခခယယ ခေါ်လာပြီး စာရွက်စာတမ်းတွေဟာ ပိုင်ဆိုင်သူအထောက်အထားပြည့်စုံတယ် ၊ မှန်ကန်တယ် ၊ မိတ္တူပေးတဲ့စာရွက်စာတမ်းတွေနဲ့လည်း တထပ်တည်းတူတယ်လို့ဆိုမှ အရောင်းအဝယ်စာချုပ်ချုပ်ပြီး စရန်ငွေပေးရဲတာပေါ့ ။

ဒီလို ရောင်းသူက ရိုးရိုးသားသားပြောတဲ့အတွက် ဝယ်သူဘက်ကလည်း သက်ဆိုင်ရာ အိုးအိမ်ရုံး၊စည်ပင်ရုံးတို့မှာ မှန်ကန်မှု ရှိမရှိ စစ်ဆေးနိုင်တယ် ။မှန်ကန်တယ် ၊ ပြည့်စုံတာကို တွေ့ရတာနဲ့ အပြီးအပိုင် အရောင်းအဝယ်စာချုပ်ချုပ်ပြီး ကျန်ငွေပေးချေလိုက်တာနဲ့ အပေါင်ခံသူထံကတစ်ဆင့် မူရင်းအိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းကို လွှဲပြောင်းလက်ခံယူလိုက်တာပေါ့ ။ ဒါက ရိုးရိုးသားသားနဲ့ ရောင်းသူကြောင့် အဆင်ပြေတဲ့ အရောင်းအဝယ်မျိုးပါ

အပေါ်ယံရွှေမှုန်ကျဲ အထဲကနောက်ချေးခံလူမျိုး

တချို့ကျတော့လည်း ဒီလိုမဟုတ်ကြတော့ပြန်ဘူး ။သူတို့အခြေအနေကို ကြည့်လိုက်ရင်တော့ ဂုဏ်ကျက်သရေရှိသူတွေ ၊ Boss တွေ ၊ နေချင်တဲ့နေရာကလည်း လူကုံထံတွေ ၊ ချမ်းသာတဲ့လူတွေမှနေတဲ့ ရွှေတောင်ကြားတို့ ၊ ရွှေဂုံတိုင်တို့ ၊ ဝင်ဒါမီယာတို့ ၊ ကမာ္ဘအေးတို့ ၊ ရန်ကင်း ၊ ကျောက်ကုန်းတို့လို နေရာမျိုးမှာ နေကြသူတွေ ။ဒါပေမဲ့ ချမ်းသာတဲ့နေရာမျိုးမှာ နေတယ်ဆိုပေမယ့် အားလုံတော့ စိတ်သဘောထား မကောင်းကြဘူး ။ရိုးသာသူတွေ ရှိသလို ၊ မရိုးဖြောင့်တဲ့သူတွေလည်း ရှိတာကို တွေ့ရတယ် ။

ကိုယ်ထင်ကုတင်ရွှေနန်း အစစ်မဖြစ်လည်း ဝယ်ချင်တယ်တဲ့

မြေနဲ့အိမ်တန်ဖိုးက သိန်းပေါင်းသောင်းဂဏန် အရောင်းအဝယ်လုပ်ပေမယ့် စရန်ငွေသိန်း (၂၀၀) ချမယ် ။ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေပြပါဆိုတော့ မြေဂရန် ၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ၊ မြေပုံ ၊ မြေရာဇဝင် မိတ္တူတွေပဲ ထုတ်ပြတယ် ။အဲဒီမြေကွက်ကိုမှ သိန်းနှစ်သောင်းနဲ့ရောင်းမတဲ့ ။ဒါပေမဲ့ ဝယ်ချင်သူကလည်း အဲဒီနေရာကိုမှ အသည်းအသန် ကြိုက်နေတာဆိုတော့ ရှေ့နေခေါ်ချုပ်ရတော့တာပေါ့ ။

ကျားကြီးခြေရာကြီး

ကောင်းပြီလေ ။ဒီလို မိတ္တူကြည့်ပြီးတော့ စရန်ငွေသိန်း (၂၀၀)တော့ မချနိုင်ဘူး။ နောက်ထပ်ပိုင်ဆိုင်မှု စာရွက်စာတမ်းမူရင်လေး ပြပါဦးဆိုတော့မှ ဘဏ်တစ်ခုမှာ သိန်းတစ်သောင်းနဲ့ပေါင်ထားပြီး ဘဏ်နဲ့ မြေရှင်နဲ့ အပြန်အလှန်ခံဝန်ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြတယ် ။ဒီတော့ ဗဟုသုတတစ်မျိုး တိုးတာပေါ့လို့ပဲ မှတ်လိုက်ပါတယ် ။ ဘုံဘဝမှာ ကြုံရပါ

ဒါဆိုရင် အပြီးအပိုင်ဝယ်ရင် ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေ ဘယ်လိုယူပေးမှာလဲလို့ မေးကြည့်တော့ “ ခင်ဗျားတို့ဘာသာ စည်ပင်မှာ စုံစမ်းပါတဲ့ ” ။ ကြိုက်ပြီဆိုရင် ဘဏ်မှာ ပေါင်ထားတဲ့ ကျန်စာရွက်စာတမ်းတွေကို ခင်ဗျားတို့ပေးတဲ့ ပိုက်ဆံနဲ့ သွားရွေးပြီး ပေးမယ် ။အဲဒီအခါ ကျန်တဲ့ငွေ သိန်းတစ်သောင်းကို ဘဏ်မှာ လွှဲပေးရမယ် ။ ပြီးတော့မှ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်တာတို့ ။စည်ပင်မှာ မြေပုံမြေရာဇဝင်ကူးတဲ့ကိစ္စတွေဆောင်ရွက်နိုင်အောင် ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အထူးကိုယ်စားလှယ်လွှဲပေးလိုက်မယ်တဲ့ဗျာ ။ကဲ…….စာဖတ်သူ စဉ်းစားကြည့်ဗျာ ။ဘယ်လောက်တရားမျှတတလဲလို့ …….။

စိတ်ထားကောင်းဖို့က ပထမ

ဒါပေမဲ့ စာရေးသူရဲ့ မိတ်ဆွေတွေကလည်း အဲဒီနေရာကို ဘယ်လိုကြိုက်မှန်းကို မသိဘူး ။သူပြောတဲ့အတိုင်း ဝယ်မယ်ဆိုလို့ အစအဆုံး အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့ရဖူးတယ် ။ဒါကြောင့် ရှေးလူကြီးတွေ ပြေတာ သွားသတိရတယ် ။ “ ရွှေအကြောင်း ဖယောင်းမှသိ ၊ လူအကြောင်းပေါင်းမှ သိသတဲ့လေ ” ။ အခုလ်း စာရေးသူ သိလိုက်ပါပြီလေ ။လူဆိုတာ ဆင်းရဲတာ ချမ်းသာတာ ပဓာနမဟုတ်ဘူး ။စိတ်ထားကောင်းဖို့ အဓိကပါလို့ သတိသံဝေဂဂလိုက်ပါတော့တယ် ။

သုခီ အတ္တာနံ ပရိဟန္တု

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

[Zawgyi]

ေဈးကိုင္ေနတဲ့ ျခံကြက္ကိုမွ ဝယ္ခ်င္သူေၾကာင့္

အိမ္ျခံေျမနဲ႕ တိုက္ခန္းအေရာင္းအဝယ္ ျပဳလုပ္ၾကတဲ့အခါ လူတန္းစာအလႊာနည္းနည္း ေတြ႕ရပါတယ္ ။ ၾကီးတယ္ ၊ ငယ္တယ္ ၊ ဆင္းရဲတယ္ ၊ ခ်မ္းသာတယ္ မဟုတ္ပါဘူး ။လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ရွိၾကတာကို ေတြ႕ရပါတယ္ ။ အခ်ိဳ႕က ဆင္းရဲေသာ္လည္း စိတ္ဓာတ္ျဖဴစင္ရုိးသားတာကို ေတြ႕ရတယ္ ။ အရုိးခံအတိုင္းရွင္းရွင္းနဲ႕ ပြင့္ပြင့္လင္းလင္း ေျပာတတ္ၾကတယ္ ။ ဒီလိုရွင္းရွင္းလင္းလင္း ရုိးရိုးသားသား ေျပာတတ္တဲ့သူမ်ားနဲ႕ ေတြ႕ရင္ ေရွ႕ေနတစ္ေယာက္အေနနဲ႕ အေရာင္းအဝယ္ စာခ်ဳပ္ေပးရတာ လြယ္ကူပါတယ္ ။ အခ်ိဳ႕က်ေတာ့လည္း ဒီလိုမဟုတ္ျပန္ပါဘူး ။အထင္နဲ႕အျမင္ တက္တက္စင္လြဲတတ္ပါတယ္ ။

ေကာက္ေသာ္စားမေလာက္ ေျဖာင့္ေသာ္ စားမကုန္

ေရာင္းသူပဲျဖစ္ျဖစ္ ၊ ဝယ္သူပဲျဖစ္ျဖစ္အရွိကုိအရွိတိုင္း ၊ အမွန္ကို အမွန္အတိုင္း ဖြင့္ေျပာျခင္းျဖင့္ ေရာင္းသူဝယ္သူနွစ္ဦးစလံုး မွ်မွ်တတ ျဖစ္ေစတဲ့ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုေပးလိုက္ျခင္းျဖင့္ နွစ္ဦးနွစ္ဖက္စလံုးလည္း ေက်နပ္ၾကတယ္ ။ စိတ္ခ်မ္းသာၾကတယ္ ၊ ပြင့္ပြင့္လင္းလင္း ေျပာဆိုၾကတဲ့ စကားသံကို နားေထာင္ျပီး နွစ္ဦးနွစ္ဖက္ မွ်တေအာင္ ေဆာင္ရြက္ေပးႏိုင္တယ္ ။

ဥပမာ- အခ်ိဳ႕ဆိုရင္ ေျမနဲ႕အိမ္ကို ေရာင္းမွာကေတာ့ အမွန္ပဲ ။ဒါေပမဲ့ စရန္ေငြေပးတဲ့အခ်ိန္မွာ ေရာင္းသူထံမွာ ပိုင္ဆိုင္မႈ စာရြက္စာတမ္းျဖစ္တဲ့ ဂရန္တို႕ ၊ ပါမစ္တို႕ ၊ အေရာင္းအဝယ္ မွတ္ပံုတင္စာခ်ဳပ္တို႕ကို မျပႏိုင္ၾကဘူး ။ မထင္မရွားမိတၱဴဆြဲထားတဲ့ စာရြက္စာတမ္းေတြကိုပဲ ျပႏိုင္တယ္ ။

ဒီစာရြက္စာတမ္းေတြနဲ႕ ဒီေရာင္းသူဟာ ေျမနဲ႕အိမ္ကို လိမ္ျပီးေရာင္းေတာ့မယ္လို႕ ေတြးမိလိုက္တယ္ ။ မူရင္းေတြျပမွ စရန္ေငြခ်ႏိုင္မယ္လို႕ ေျပာေတာ့မွ သူပိုင္တဲ့ စာခ်ဳပ္စာတမ္းေတြက ရပ္ကြက္ထဲက အေပါင္ခံသူထံမွာ ရွိတယ္ ။အတိုးနဲ႕ ေငြေခ်းထားတဲ့ အေပါင္အျဖစ္ ေပးထားရတာကို ပြင့္ပြင့္လင္းလင္း ေျပာျပတယ္ ။အဲဒီလို ေျပာေတာ့မွ သူ အမွန္တကယ္ ေရာင္းခ်င္ေနတာမွန္တယ္ ။မေရာင္းဘဲေနရင္အေပါင္နဲ႕ ဆံုေတာ့မွာ ေသခ်ာတယ္ ။ဒီလို ပြင့္ပြင့္လင္းလင္း ေျပာတဲ့အခါ ဝယ္သူဘက္ကလည္း ကိုယ္ခ်င္းစာနာသြားတယ္။ ဝယ္ျဖစ္ေအာင္ ဝယ္ခ်င္တယ္ ။ကူညီရာလည္း ေရာက္တာေပါ့ ။

ဟုတ္ျပီေလ ။ဒါဆိုရင္ ကၽြန္ေတာ္တို႕ ဝယ္မယ္ ။ဒါေပမဲ့ စာရြက္စာတမ္းေတြ မွန္မွန္ကန္ကန္ ျပည့္ျပည့္စံုစံု ရွိရဲ႕လား ၊ အရႈပ္အရွင္းကင္းရဲ႕လား ၊ ကန္႕သတ္ခ်က္ေတြရွိရဲ႕လား ၊ ျမိဳ႕ေျမစာရင္းမွာ အမည္ေပါက္မွန္ကန္ရဲ႕လား စစ္ၾကည့္ဖို႕ လိုေသးတယ္ ။လိုအပ္ရင္ သတင္းစားမွာ ကန္႕ကြက္ရန္ ရွိမရွိေၾကာ္ျငာသင့္ ေၾကာ္ျငာရမယ္ ။ ဒါေၾကာင့္ စာရြက္စာတမ္းေတြကိုင္ထားတဲ့ အေပါင္ခံသူကို ေခၚေပးပါလို႕ ေတာင္းဆိုရတာေတြ ၾကံဳဖူးတယ္ ။

ဒီအခါမွာေတာ့ ေရာင္းသူကလည္း အမွန္တကယ္ ေရာင္းခ်င္ေနတာျဖစ္လို႕ အေပါင္ခံသူကို ခခယယ ေခၚလာျပီး စာရြက္စာတမ္းေတြဟာ ပိုင္ဆိုင္သူအေထာက္အထားျပည့္စံုတယ္ ၊ မွန္ကန္တယ္ ၊ မိတၱဴေပးတဲ့စာရြက္စာတမ္းေတြနဲ႕လည္း တထပ္တည္းတူတယ္လို႕ဆိုမွ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ျပီး စရန္ေငြေပးရဲတာေပါ့ ။

ဒီလို ေရာင္းသူက ရုိးရုိးသားသားေျပာတဲ့အတြက္ ဝယ္သူဘက္ကလည္း သက္ဆိုင္ရာ အိုးအိမ္ရုံး၊စည္ပင္ရုံးတို႕မွာ မွန္ကန္မႈ ရွိမရွိ စစ္ေဆးႏိုင္တယ္ ။မွန္ကန္တယ္ ၊ ျပည့္စံုတာကို ေတြ႕ရတာနဲ႕ အျပီးအပိုင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ျပီး က်န္ေငြေပးေခ်လိုက္တာနဲ႕ အေပါင္ခံသူထံကတစ္ဆင့္ မူရင္းအိမ္ပိုင္ဆိုင္မႈ စာရြက္စာတမ္းကို လႊဲေျပာင္းလက္ခံယူလိုက္တာေပါ့ ။ ဒါက ရုိးရုိးသားသားနဲ႕ ေရာင္းသူေၾကာင့္ အဆင္ေျပတဲ့ အေရာင္းအဝယ္မ်ိဳးပါ

အေပၚယံေရႊမႈန္က်ဲ အထဲကေနာက္ေခ်းခံလူမ်ိဳး

တခ်ိဳ႕က်ေတာ့လည္း ဒီလိုမဟုတ္ၾကေတာ့ျပန္ဘူး ။သူတို႕အေျခအေနကို ၾကည့္လိုက္ရင္ေတာ့ ဂုဏ္က်က္သေရရွိသူေတြ ၊ Boss ေတြ ၊ ေနခ်င္တဲ့ေနရာကလည္း လူကံုထံေတြ ၊ ခ်မ္းသာတဲ့လူေတြမွေနတဲ့ ေရႊေတာင္ၾကားတို႕ ၊ ေရႊဂံုတိုင္တို႕ ၊ ဝင္ဒါမီယာတို႕ ၊ ကမာၻေအးတို႕ ၊ ရန္ကင္း ၊ ေက်ာက္ကုန္းတို႕လို ေနရာမ်ိဳးမွာ ေနၾကသူေတြ ။ဒါေပမဲ့ ခ်မ္းသာတဲ့ေနရာမ်ိဳးမွာ ေနတယ္ဆိုေပမယ့္ အားလံုေတာ့ စိတ္သေဘာထား မေကာင္းၾကဘူး ။ရုိးသာသူေတြ ရွိသလို ၊ မရုိးေျဖာင့္တဲ့သူေတြလည္း ရွိတာကို ေတြ႕ရတယ္ ။

ကိုယ္ထင္ကုတင္ေရႊနန္း အစစ္မျဖစ္လည္း ဝယ္ခ်င္တယ္တဲ့

ေျမနဲ႕အိမ္တန္ဖိုးက သိန္းေပါင္းေသာင္းဂဏန္ အေရာင္းအဝယ္လုပ္ေပမယ့္ စရန္ေငြသိန္း (၂၀၀) ခ်မယ္ ။ပိုင္ဆိုင္မႈ စာရြက္စာတမ္းေတြျပပါဆိုေတာ့ ေျမဂရန္ ၊ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ ၊ ေျမပံု ၊ ေျမရာဇဝင္ မိတၱဴေတြပဲ ထုတ္ျပတယ္ ။အဲဒီေျမကြက္ကိုမွ သိန္းနွစ္ေသာင္းနဲ႕ေရာင္းမတဲ့ ။ဒါေပမဲ့ ဝယ္ခ်င္သူကလည္း အဲဒီေနရာကိုမွ အသည္းအသန္ ၾကိဳက္ေနတာဆိုေတာ့ ေရွ႕ေနေခၚခ်ဳပ္ရေတာ့တာေပါ့ ။

က်ားၾကီးေျခရာၾကီး

ေကာင္းျပီေလ ။ဒီလို မိတၱဴၾကည့္ျပီးေတာ့ စရန္ေငြသိန္း (၂၀၀)ေတာ့ မခ်ႏိုင္ဘူး။ ေနာက္ထပ္ပိုင္ဆိုင္မႈ စာရြက္စာတမ္းမူရင္ေလး ျပပါဦးဆိုေတာ့မွ ဘဏ္တစ္ခုမွာ သိန္းတစ္ေသာင္းနဲ႕ေပါင္ထားျပီး ဘဏ္နဲ႕ ေျမရွင္နဲ႕ အျပန္အလွန္ခံဝန္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ျပတယ္ ။ဒီေတာ့ ဗဟုသုတတစ္မ်ိဳး တိုးတာေပါ့လို႕ပဲ မွတ္လိုက္ပါတယ္ ။ ဘံုဘဝမွာ ၾကံဳရပါ

ဒါဆိုရင္ အျပီးအပိုင္ဝယ္ရင္ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းေတြ ဘယ္လိုယူေပးမွာလဲလို႕ ေမးၾကည့္ေတာ့ “ ခင္ဗ်ားတို႕ဘာသာ စည္ပင္မွာ စံုစမ္းပါတဲ့ ” ။ ၾကိဳက္ျပီဆိုရင္ ဘဏ္မွာ ေပါင္ထားတဲ့ က်န္စာရြက္စာတမ္းေတြကို ခင္ဗ်ားတို႕ေပးတဲ့ ပိုက္ဆံနဲ႕ သြားေရြးျပီး ေပးမယ္ ။အဲဒီအခါ က်န္တဲ့ေငြ သိန္းတစ္ေသာင္းကို ဘဏ္မွာ လႊဲေပးရမယ္ ။ ျပီးေတာ့မွ မွတ္ပံုတင္အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္တာတို႕ ။စည္ပင္မွာ ေျမပံုေျမရာဇဝင္ကူးတဲ့ကိစၥေတြေဆာင္ရြက္ႏိုင္ေအာင္ ရန္ကုန္ျမိဳ႕ စာခ်ဳပ္စာတမ္း မွတ္ပံုတင္ရုံးမွာ အထူးကိုယ္စားလွယ္လႊဲေပးလိုက္မယ္တဲ့ဗ်ာ ။ကဲ…….စာဖတ္သူ စဥ္းစားၾကည့္ဗ်ာ ။ဘယ္ေလာက္တရားမွ်တတလဲလို႕ …….။

စိတ္ထားေကာင္းဖို႕က ပထမ

ဒါေပမဲ့ စာေရးသူရဲ႕ မိတ္ေဆြေတြကလည္း အဲဒီေနရာကို ဘယ္လိုၾကိဳက္မွန္းကို မသိဘူး ။သူေျပာတဲ့အတိုင္း ဝယ္မယ္ဆိုလို႕ အစအဆံုး ေအာင္ျမင္ေအာင္ ေဆာင္ရြက္ေပးခဲ့ရဖူးတယ္ ။ဒါေၾကာင့္ ေရွးလူၾကီးေတြ ေျပတာ သြားသတိရတယ္ ။ “ ေရႊအေၾကာင္း ဖေယာင္းမွသိ ၊ လူအေၾကာင္းေပါင္းမွ သိသတဲ့ေလ ” ။ အခုလ္း စာေရးသူ သိလိုက္ပါျပီေလ ။လူဆိုတာ ဆင္းရဲတာ ခ်မ္းသာတာ ပဓာနမဟုတ္ဘူး ။စိတ္ထားေကာင္းဖို႕ အဓိကပါလို႕ သတိသံေဝဂဂလိုက္ပါေတာ့တယ္ ။

သုခီ အတၱာနံ ပရိဟႏၱဳ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service