ဂျာမနီတွင် Covid-19 ကူးစက်မှု အလွန်ဆိုးရွားနေပြီး စပိန်တွင် ထိန်းချုပ်မရတော့သည့် အခြေအနေရောက်ရှိ

ဂျာမနီတွင် Covid-19 ကူးစက်မှု အလွန်ဆိုးရွားနေပြီး စပိန်တွင် ထိန်းချုပ်မရတော့သည့် အခြေအနေရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
24 Oct 2020 11:03 am တွင် တင်ခဲ့သည်
2152 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာမှုမှာ ဥရောပတိုက်တစ်လွှားရှိ နိုင်ငံများတွင် ထိန်းချုပ်မရနိုင်တော့မည့် ချောက်ကမ်းပါးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ဆောင်နေကြသည့် ဥရောပနိုင်ငံရေးခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာရှင်တို့က သတိပေးတပ်လှန့်လိုက်ကြသည်။

ဥရောပနိုင်ငံပေါင်းများစွာတွင် ကူးစက်မှုမြင့်တက်ခြင်းများ ရင်ဆိုင်နေရပြီး ပထမလှိုင်းကာလအတွင်းက ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်မှု ထိရောက်ခြင်းအတွက် ချီးကျူးခံခဲ့ရသည့် နိုင်ငံများလည်း ပါဝင်လာသည်။

သတိပေးချက်များမြင့်တက်လာမှုနှင်အတူ စည်းမျဉ်းတင်းကြပ်မှုများလည်း ကြေညာလာကြသည်။

ဂျာမနီနိုင်ငံမှ Robert Koch အင်စတီကျု၏ အကြီးအကဲ Lothar Wieler က ပြောကြားရာတွင် ဂျာမနီသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အလွန်ပြင်းထန်သည့် မြင့်တက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ကူးစက်ခံရသူမှာ ၁၁၂၈၇ ဦးအထိ စံချိန်တင် ရောက်ရှိခဲ့ကြောင်း ပြောကြားသည်။

ချက်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် Andrej Babis ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ကြီးမားစွာမြင့်တက်လာနိုင်ကြောင်း သတိပေးလိုက်ပြီး တင်းကျပ်သည့် စည်းမျဉ်းများ ပြန်လည်ပြဌာန်းရခြင်းအတွက် ပြည်သူများကို တောင်းပန်ခဲ့သည်။

မူလကမူ ချက်သမ္မတနိုင်ငံတွင် စည်းမျဉ်းတင်းကြပ်မှုများ ထပ်မံပြုလုပ်ရန် လိုအပ်တော့မည်မဟုတ်ကြောင်း ပြည်သူများကို ပြောခဲ့ဖူး သည်။

ဝန်ကြီးချုပ် Babis က ပြောကြားရာတွင် စည်းမျဉ်းတင်းကြပ်မှု အစီအမံများ မလုပ်ဆောင်ပါက တိုင်းပြည်၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ပြိုလဲသွားနိုင်ကြောင်း ပြောကြားသည်။

ချက်သမ္မတနိုင်ငံအစိုးရသည် နိုဝင်ဘာလ ၃ ရက်တွင် သက်တမ်းကုန်ဆုံးမည့် အရေးပေါ်အခြေအနေအာဏာကို သက်တမ်းတိုးပေးရန် လွှတ်တော်အား တောင်းဆိုဖွယ်ရာ ရှိသည်။

“အရင်တုန်းက ဒီလမ်းကြောင်းကို မရွေးတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒီလိုမျိုးတွေ ဖြစ်လာနိုင်မယ် မထင်ခဲ့လို့ပါ။ ဒီအတွက်လည်း ကျွန်တော် တောင်းပန်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီအခြေအနေက အခုဖြစ်လာပါပြီ။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အသက်တွေကို ကာကွယ်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်လှိုင်းသစ်ကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ထိရောက်သည့် အစီအမံများ လိုအပ်ကြောင်း စပိန်ကျန်းမာရေးဝန်ကြီး Salvador Illa က ပြောကြားသည်။

ဥရောပအနောက်ပိုင်းတွင် စပိန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သန်းကျော်သွားသည့် ပထမဆုံးနိုင်ငံဖြစ်လာခြင်းကြောင့် စပိန်အစိုးရက ညမထွက်ရအမိန့် အပါအဝင် စည်းမျဉ်းတင်းကြပ်မှုများ ပြုလုပ်သွားရန် သုံးသပ်လျက်ရှိသည်။

“ဒုတိယလှိုင်းဟာ နဖူးတွေ့ဒူးတွေ့ဖြစ်နေပါပြီ။ နိုင်ငံရဲ့ နေရာများစွာမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဟာ ထိန်းချုပ်လို့ မရတော့ပါဘူး” ဟု စပိန်ကျန်းမာရေးဝန်ကြီးက Onda Cero ရေဒီယိုသတင်းဌာနသို့ ပြောကြားသည်။

နယ်သာလန်နိုင်ငံတွင်လည်း ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူသစ် ၉၀၀၀ ရှိခဲ့ရာ စံချိန်သစ်တင်သွားသည်။ နယ်သာလန်ရှိ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများ မြင့်မားလာမှုဖြင့် ဝန်ပိလျက်ရှိပြီး အချို့သောလူနာများကို ၂ ရက်အတွင်း ဂျာမနီသို့ လွှဲပြောင်းကာ ကုသမှုခံယူစေမည်ဟု ဆိုသည်။

ရောဂါကူးစက်မှုများ မြင့်တက်နေသော ဆွီဒင်နိုင်ငံတွင်လည်း အစိုးရက ညကလပ်များကို စည်းမျဉ်းတင်းကြပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ပါတီပွဲတက်သူ ၅၀ ဦးသာ ရှိစေရန် ကန့်သတ်သွားမည်ဟု ဆိုသည်။

“ညကလပ်တွေက ပါတီပွဲတွေဟာ အခုနိဂုံးချုပ်သွားပါပြီ” ဟု ဆွီဒင်ဝန်ကြီးချုပ် Stefan Lofven က ပြောကြားသည်။

ဘယ်လ်ဂျီယံနိုင်ငံတွင်မူ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းကာလက ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံခြားရေးဝန်ကြီး Sophie Wilmes မှာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူရလျက်ရှိသည်။

အသက် ၄၉ နှစ်ရှိသော နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သော ရက်သတ္တပတ်က COVID-19 ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ကာ သီးခြားခွဲကာ နေထိုင်နေခဲ့ခြင်းဖြစ်ပြီး သူမ၏ အခြေအနေမှာ ဗုဒ္ဓဟူးနေ့ညတွင် ဆိုးရွားလာသောကြောင့် ဘရပ်ဆဲရှိ ဆေးရုံတစ်ရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid surge 'very serious' in Germany and 'out of control' in Spain (The Guardian)

 

[Zawgyi]

ဂ်ာမနီတြင္ Covid-19 ကူးစက္မႈ အလြန္ဆိုး႐ြားေနၿပီး စပိန္တြင္ ထိန္းခ်ဳပ္မရေတာ့သည့္ အေျခအေနေရာက္ရွိ

ကို႐ိုနာဗိုင္းရပ္စ္ ျပန္လည္ေခါင္းေထာင္လာမႈမွာ ဥေရာပတိုက္တစ္လႊားရွိ ႏိုင္ငံမ်ားတြင္ ထိန္းခ်ဳပ္မရႏိုင္ေတာ့မည့္ ေခ်ာက္ကမ္းပါးတြင္ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးလုပ္ေဆာင္ေနၾကသည့္ ဥေရာပႏိုင္ငံေရးေခါင္းေဆာင္မ်ားႏွင့္ ကြၽမ္းက်င္ပညာရွင္တို႔က သတိေပးတပ္လွန႔္လိုက္ၾကသည္။

ဥေရာပႏိုင္ငံေပါင္းမ်ားစြာတြင္ ကူးစက္မႈျမင့္တက္ျခင္းမ်ား ရင္ဆိုင္ေနရၿပီး ပထမလႈိင္းကာလအတြင္းက ကို႐ိုနာဗိုင္းရပ္စ္ တုံ႔ျပန္မႈ ထိေရာက္ျခင္းအတြက္ ခ်ီးက်ဴးခံခဲ့ရသည့္ ႏိုင္ငံမ်ားလည္း ပါဝင္လာသည္။

သတိေပးခ်က္မ်ားျမင့္တက္လာမႈႏွင္အတူ စည္းမ်ဥ္းတင္းၾကပ္မႈမ်ားလည္း ေၾကညာလာၾကသည္။

ဂ်ာမနီႏိုင္ငံမွ Robert Koch အင္စတီက်ဳ၏ အႀကီးအကဲ Lothar Wieler က ေျပာၾကားရာတြင္ ဂ်ာမနီသည္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အလြန္ျပင္းထန္သည့္ ျမင့္တက္မႈႏွင့္ ရင္ဆိုင္ေနရေၾကာင္း၊ ကူးစက္ခံရသူမွာ ၁၁၂၈၇ ဦးအထိ စံခ်ိန္တင္ ေရာက္ရွိခဲ့ေၾကာင္း ေျပာၾကားသည္။

ခ်က္သမၼတႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္ Andrej Babis ကလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ႀကီးမားစြာျမင့္တက္လာႏိုင္ေၾကာင္း သတိေပးလိုက္ၿပီး တင္းက်ပ္သည့္ စည္းမ်ဥ္းမ်ား ျပန္လည္ျပဌာန္းရျခင္းအတြက္ ျပည္သူမ်ားကို ေတာင္းပန္ခဲ့သည္။

မူလကမူ ခ်က္သမၼတႏိုင္ငံတြင္ စည္းမ်ဥ္းတင္းၾကပ္မႈမ်ား ထပ္မံျပဳလုပ္ရန္ လိုအပ္ေတာ့မည္မဟုတ္ေၾကာင္း ျပည္သူမ်ားကို ေျပာခဲ့ဖူး သည္။

ဝန္ႀကီးခ်ဳပ္ Babis က ေျပာၾကားရာတြင္ စည္းမ်ဥ္းတင္းၾကပ္မႈ အစီအမံမ်ား မလုပ္ေဆာင္ပါက တိုင္းျပည္၏ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္ ၿပိဳလဲသြားႏိုင္ေၾကာင္း ေျပာၾကားသည္။

ခ်က္သမၼတႏိုင္ငံအစိုးရသည္ ႏိုဝင္ဘာလ ၃ ရက္တြင္ သက္တမ္းကုန္ဆုံးမည့္ အေရးေပၚအေျခအေနအာဏာကို သက္တမ္းတိုးေပးရန္ လႊတ္ေတာ္အား ေတာင္းဆိုဖြယ္ရာ ရွိသည္။

“အရင္တုန္းက ဒီလမ္းေၾကာင္းကို မေ႐ြးေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ဒီလိုမ်ိဳးေတြ ျဖစ္လာႏိုင္မယ္ မထင္ခဲ့လို႔ပါ။ ဒီအတြက္လည္း ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ဒီအေျခအေနက အခုျဖစ္လာပါၿပီ။ အေရးအႀကီးဆုံးကေတာ့ ကြၽန္ေတာ္တို႔ဟာ ျပည္သူေတြရဲ႕ အသက္ေတြကို ကာကြယ္ရမွာ ျဖစ္ပါတယ္” ဟု ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

ကို႐ိုနာဗိုင္းရပ္စ္လႈိင္းသစ္ကို ရင္ဆိုင္တိုက္ခိုက္ရန္အတြက္ ထိေရာက္သည့္ အစီအမံမ်ား လိုအပ္ေၾကာင္း စပိန္က်န္းမာေရးဝန္ႀကီး Salvador Illa က ေျပာၾကားသည္။

ဥေရာပအေနာက္ပိုင္းတြင္ စပိန္သည္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁ သန္းေက်ာ္သြားသည့္ ပထမဆုံးႏိုင္ငံျဖစ္လာျခင္းေၾကာင့္ စပိန္အစိုးရက ညမထြက္ရအမိန႔္ အပါအဝင္ စည္းမ်ဥ္းတင္းၾကပ္မႈမ်ား ျပဳလုပ္သြားရန္ သုံးသပ္လ်က္ရွိသည္။

“ဒုတိယလႈိင္းဟာ နဖူးေတြ႕ဒူးေတြ႕ျဖစ္ေနပါၿပီ။ ႏိုင္ငံရဲ႕ ေနရာမ်ားစြာမွာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ဟာ ထိန္းခ်ဳပ္လို႔ မရေတာ့ပါဘူး” ဟု စပိန္က်န္းမာေရးဝန္ႀကီးက Onda Cero ေရဒီယိုသတင္းဌာနသို႔ ေျပာၾကားသည္။

နယ္သာလန္ႏိုင္ငံတြင္လည္း ၂၄ နာရီအတြင္း ေရာဂါကူးစက္ခံရသူသစ္ ၉၀၀၀ ရွိခဲ့ရာ စံခ်ိန္သစ္တင္သြားသည္။ နယ္သာလန္ရွိ ေဆး႐ုံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမ်ား ျမင့္မားလာမႈျဖင့္ ဝန္ပိလ်က္ရွိၿပီး အခ်ိဳ႕ေသာလူနာမ်ားကို ၂ ရက္အတြင္း ဂ်ာမနီသို႔ လႊဲေျပာင္းကာ ကုသမႈခံယူေစမည္ဟု ဆိုသည္။

ေရာဂါကူးစက္မႈမ်ား ျမင့္တက္ေနေသာ ဆြီဒင္ႏိုင္ငံတြင္လည္း အစိုးရက ညကလပ္မ်ားကို စည္းမ်ဥ္းတင္းၾကပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားၿပီး ပါတီပြဲတက္သူ ၅၀ ဦးသာ ရွိေစရန္ ကန႔္သတ္သြားမည္ဟု ဆိုသည္။

“ညကလပ္ေတြက ပါတီပြဲေတြဟာ အခုနိဂုံးခ်ဳပ္သြားပါၿပီ” ဟု ဆြီဒင္ဝန္ႀကီးခ်ဳပ္ Stefan Lofven က ေျပာၾကားသည္။

ဘယ္လ္ဂ်ီယံႏိုင္ငံတြင္မူ ကို႐ိုနာဗိုင္းရပ္စ္ ပထမလႈိင္းကာလက ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ႏိုင္ငံျခားေရးဝန္ႀကီး Sophie Wilmes မွာ အထူးၾကပ္မတ္ကုသေဆာင္တြင္ ေဆးကုသမႈ ခံယူရလ်က္ရွိသည္။

အသက္ ၄၉ ႏွစ္ရွိေသာ ႏိုင္ငံျခားေရးဝန္ႀကီးသည္ ၿပီးခဲ့ေသာ ရက္သတၱပတ္က COVID-19 ေပါ့စတစ္ စစ္ေဆးေတြ႕ရွိခဲ့ကာ သီးျခားခြဲကာ ေနထိုင္ေနခဲ့ျခင္းျဖစ္ၿပီး သူမ၏ အေျခအေနမွာ ဗုဒၶဟူးေန႔ညတြင္ ဆိုး႐ြားလာေသာေၾကာင့္ ဘရပ္ဆဲရွိ ေဆး႐ုံတစ္႐ုံတြင္ ေဆးကုသမႈ ခံယူခဲ့ရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid surge 'very serious' in Germany and 'out of control' in Spain (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service