အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ

အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2020 12:25 pm တွင် တင်ခဲ့သည်
43904 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ပစ္စည်းတစ်ခုခုပြင်ဖို့၊ ကပ်ဖို့လိုတိုင်း စူပါဂလူးကို ပြေးဝယ်ကြပါတယ်။ တကယ် လည်းစွယ်စုံအသုံးဝင်တဲ့ အရာဖြစ်ပေမယ့် ကပ်လိုတဲ့နေရာမဟုတ်ဘဲ မတော် တဆ ချော်ပြီး မျက်စိကိုစဉ်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။ အသားမှာကပ်သွားရင် လည်း အတင်းဆွဲခွာရလို့ အသားတွေစုတ်ပြဲရနိုင်တယ်။

စူပါဂလူးက အရေပြားနဲ့ထိတွေ့တဲ့အခါ ထိခိုက်မှုအာနိသင်မဖြစ်နိုင်ပေမယ့် အသား တွေထိ ကပ်ကုန်တာ၊ တခြားအရာဝတ္တုတွေနဲ့ အသားကပ်ကုန်တာတွေဖြစ်စေနိုင် ပါတယ်။ ဒီလိုမဖြစ်တောင် လက်မှ ကော်တွေကပ်ကျန်နေတာ စိတ်ညစ်ဖို့ကောင်း ပါတယ်။ ဒီတော့ မတော်တဆကပ်မိတဲ့အခါ အရေပြားကနေ ဘယ်လိုဖယ်ရှားမလဲ ဆိုတာ အလွယ်ဆုံးနည်းလေးတွေ ပြောပြမယ်နော် –

(၁) ဆပ်ပြာရည်

ဆပ်ပြာဖျော်ထားတဲ့ ရေနွေးနွေးလေးမှာ ခဏစိမ်ပြီး လက်မှာကပ်နေတဲ့ ကော်တွေကို ဖယ်ရှားပါ။ ကော်မခြောက်ခင်မှာ စိမ်နိုင်ရင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲ ရေနွေးစပ်ပြီး ချေးချွတ်ဆပ်ပြာ သို့မဟုတ် ဆပ်ပြာတစ်မျိုးမျိုးထည့်ပါ။ ကော်ကပ်နေတဲ့လက်ကို ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်စိမ်ထားပါ။

ကော်ကပျော့လာပြီဆိုရင် အသာအယာပွတ်ပါ ဒါမှမဟုတ် အသာလေးခွာကြည့်ပါ။ လုပ်ကြည့်လို့နာတယ်ဆို ဆက်မလုပ်ပါနဲ့။ အရေပြားစုတ်ပြဲသွားနိုင်ပါတယ်။ ကော်သိပ်မများဘူးဆိုရင် ဒီနည်းနဲ့တင် နည်းနည်းချင်း လျော့ပါးသွားနိုင်ပါတယ်။ မရရင် နောက်တစ်နည်းပေါ့။

(၂) လက်သည်းဖျက်ဆေး

လက်သည်းဖျက်ဆေးအများစုမှာ acetone လို့ခေါ်တဲ့ စူပါဂလူးကိုပျော်ဝင်စေ တဲ့အစွမ်းထက်ပစ္စည်းတစ်ခုပါဝင်ပါတယ်။ လက်သည်းဖျက်ဆေးကို ဂွမ်းနဲ့ဆွတ်ပြီး ကော်ကပ်နေတဲ့နေရာကို ခဏလောက်ဖိကပ်ပေးပါ။

Acetone က အဆိပ်အတောက်ရှိနိုုင်တဲ့ဓာတ်ဖြစ်ပြိး အရေပြားကိုခြောက်သွေ့စေ နိုင်တယ်ဆိုတော့ သုံးပြီးတာနဲ့ လက်ကိုသေချာဆေးဖို့ အရေးကြီးပါတယ်။ အ‌ရေပြားရောဂါရှိတဲ့သူတွေနဲ့ ထိခိုက်လွယ်အသားအရေတွေတော့ မသုံးသင့်ပါဘူး။ အရေပြားပေါက်ပြဲနေရင်လည်း မသုံးသင့်ပါဘူး။

(၃) ထောပတ်နဲ့ဆီများ

အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ် ၊ မာဂျရင်း တို့လို အဆီတွေက စူပါဂလူးခွာတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ရေနွေးနွေးလေးထဲမှာ လက်ကိုအရင်စိမ်လိုက်ပြီးမှ အဲဒီအဆီတစ်ခုခုကို စိတ်ရှည်ရှည်နဲ့ပွတ်ပေးပါ။ ကော်တွေမစင်မချင်း ဆီတွေထပ်သုံးလို့ရပါတယ်။

(၄) ချေးတွန်းကျောက်

အသားမာတွေ၊ အရေပြားဆဲလ်သေတွေကိုဖယ်ရှားဖို့ သုံးကြတဲ့ ချေးတွန်းကျောက် ကို ခြောက်သွေ့ကပ်ကျန်နေတဲ့ကော်တွေဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ ကော်ပေနေတဲ့လက်ကို ဆပ်ပြာရည်ထဲခဏစိမ်ပြီး ချေးတွန်းကျောက်ကိုတော့ ရေနွေးလေးထဲစိမ်ထားပါ။ ပြီးမှ ချေးတွန်းကျောက်နဲ့ အသာအယာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးပါ။

(၅) သံပရာသီး

သံပရာသီးရဲ့အက်စစ်ဓာတ်က စူပါဂလူးကိုဖယ်ရှားပေးနိုင်ပါတယ်။ ခွက်တစ်ခုထဲကို သံပရာသီးညှစ်ထည့်ပြီး ကော်ပေနေတဲ့လက်ကို ၅ မိနစ်/ ၁၀ မိနစ် နှစ်ထားပေးပါ။ ဒါမှမဟုတ် သွားပွတ်တံဖြစ်ဖြစ်၊ ဂွမ်းနဲ့ဖြစ်ဖြစ် သံပရာရည်ဆွတ်ပြီး ကော်ကပ်နေတဲ့နေရာကို တို့ပွတ်ပါ။

အသားမှာ ကော်ကပ်မိရင်

အသားမှာကပ်နေတဲ့ ကော်တွေကို ဆွဲမခွာသင့်ပါဘူး။ အရေပြားကို သို့မဟုတ် ကော်ကို ညင်သာစွာပွတ်တိုက်တာကပဲ အဆင်ပြေမှာပါ။ တချို့က ဒီတိုင်းနေရင်း၊ အဝတ်လျှော် ၊ ပန်းကန်ဆေးရင်းနဲ့ ကွာကုန်တာလည်းရှိပါတယ်။

ဒါပေမယ့် အရေးကြီးတာက စူပါဂလူးသုံးရင် ပါးစပ်ထဲနဲ့ မျက်စိထဲမဝင်ဖို့ပါပဲ။ မျက်စိသို့မဟုတ် မျက်ခွံမှာ ကော်တွေပေရင် အန္တရာယ်ရှိနိုင်ပါတယ်။ နောက်တစ်ချက် အရေးကြီးတာက အရေပြားမှာ ပေါက်ပြဲမှုရှိခဲ့ရင် ဓာတုပစ္စည်းတွေသုံးပြီး ကော်မ ဖယ်ရှားပါနဲ့။ နောက်ဆုံးမရရင် ဆရာဝန်ပြသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

အေရျပားမွာ စူပါဂလူး မေတာ္တဆကပ္မိသြားရင္ ဘယ္လိုဖယ္ရွားမလဲ

ပစၥည္းတစ္ခုခုျပင္ဖို႔၊ ကပ္ဖို႔လိုတိုင္း စူပါဂလူးကို ေျပးဝယ္ၾကပါတယ္။ တကယ္ လည္းစြယ္စံုအသံုးဝင္တဲ့ အရာျဖစ္ေပမယ့္ ကပ္လိုတဲ့ေနရာမဟုတ္ဘဲ မေတာ္ တဆ ေခ်ာ္ျပီး မ်က္စိကိုစဥ္မိရင္ အႏၱရာယ္ရွိနုိင္ပါတယ္။ အသားမွာကပ္သြားရင္ လည္း အတင္းဆြဲခြာရလို႔ အသားေတြစုတ္ျပဲရနိုင္တယ္။

စူပါဂလူးက အေရျပားနဲ႔ထိေတြ႔တဲ့အခါ ထိခိုက္မႈအာနိသင္မျဖစ္နိုင္ေပမယ့္ အသား ေတြထိ ကပ္ကုန္တာ၊ တျခားအရာဝတၱဳေတြနဲ႔ အသားကပ္ကုန္တာေတြျဖစ္ေစနိုင္ ပါတယ္။ ဒီလိုမျဖစ္ေတာင္ လက္မွ ေကာ္ေတြကပ္က်န္ေနတာ စိတ္ညစ္ဖို႔ေကာင္း ပါတယ္။ ဒီေတာ့ မေတာ္တဆကပ္မိတဲ့အခါ အေရျပားကေန ဘယ္လိုဖယ္ရွားမလဲ ဆိုတာ အလြယ္ဆံုးနည္းေလးေတြ ေျပာျပမယ္ေနာ္ –

(၁) ဆပ္ျပာရည္

ဆပ္ျပာေဖ်ာ္ထားတဲ့ ေရေႏြးေႏြးေလးမွာ ခဏစိမ္ျပီး လက္မွာကပ္ေနတဲ့ ေကာ္ေတြကို ဖယ္ရွားပါ။ ေကာ္မေျခာက္ခင္မွာ စိမ္နုိင္ရင္ ပိုေကာင္းပါတယ္။ ဇလံုတစ္ခုထဲ ေရေႏြးစပ္ျပီး ေခ်းခြ်တ္ဆပ္ျပာ သို႔မဟုတ္ ဆပ္ျပာတစ္မ်ိဳးမ်ိဳးထည့္ပါ။ ေကာ္ကပ္ေနတဲ့လက္ကို ၅ မိနစ္ သို႔မဟုတ္ ၁၀ မိနစ္စိမ္ထားပါ။

ေကာ္ကေပ်ာ့လာျပီဆိုရင္ အသာအယာပြတ္ပါ ဒါမွမဟုတ္ အသာေလးခြာၾကည့္ပါ။ လုပ္ၾကည့္လို႔နာတယ္ဆို ဆက္မလုပ္ပါနဲ႔။ အေရျပားစုတ္ျပဲသြားနုိင္ပါတယ္။ ေကာ္သိပ္မမ်ားဘူးဆိုရင္ ဒီနည္းနဲ႔တင္ နည္းနည္းခ်င္း ေလ်ာ့ပါးသြားနိုင္ပါတယ္။ မရရင္ ေနာက္တစ္နည္းေပါ့။

(၂) လက္သည္းဖ်က္ေဆး

လက္သည္းဖ်က္ေဆးအမ်ားစုမွာ acetone လို႔ေခၚတဲ့ စူပါဂလူးကိုေပ်ာ္ဝင္ေစ တဲ့အစြမ္းထက္ပစၥည္းတစ္ခုပါဝင္ပါတယ္။ လက္သည္းဖ်က္ေဆးကို ဂြမ္းနဲ႔ဆြတ္ျပီး ေကာ္ကပ္ေနတဲ့ေနရာကို ခဏေလာက္ဖိကပ္ေပးပါ။

Acetone က အဆိပ္အေတာက္ရွိနုိုင္တဲ့ဓာတ္ျဖစ္ျပိး အေရျပားကိုေျခာက္ေသြ႕ေစ နိုင္တယ္ဆိုေတာ့ သံုးျပီးတာနဲ႔ လက္ကိုေသခ်ာေဆးဖို႔ အေရးၾကီးပါတယ္။ အ‌ေရျပားေရာဂါရွိတဲ့သူေတြနဲ႔ ထိခိုက္လြယ္အသားအေရေတြေတာ့ မသံုးသင့္ပါဘူး။ အေရျပားေပါက္ျပဲေနရင္လည္း မသံုးသင့္ပါဘူး။

(၃) ေထာပတ္နဲ႔ဆီမ်ား

အုန္းဆီ၊ သံလြင္ဆီ၊ ေထာပတ္ ၊ မာဂ်ရင္း တို႔လို အဆီေတြက စူပါဂလူးခြာတဲ့ေနရာမွာ အသံုးဝင္ပါတယ္။ ေရေႏြးေႏြးေလးထဲမွာ လက္ကိုအရင္စိမ္လိုက္ျပီးမွ အဲဒီအဆီတစ္ခုခုကို စိတ္ရွည္ရွည္နဲ႔ပြတ္ေပးပါ။ ေကာ္ေတြမစင္မခ်င္း ဆီေတြထပ္သံုးလို႔ရပါတယ္။

(၄) ေခ်းတြန္းေက်ာက္

အသားမာေတြ၊ အေရျပားဆဲလ္ေသေတြကိုဖယ္ရွားဖို႔ သံုးၾကတဲ့ ေခ်းတြန္းေက်ာက္ ကို ေျခာက္ေသြ႔ကပ္က်န္ေနတဲ့ေကာ္ေတြဖယ္ရွားရာမွာလည္း သံုးနိုင္ပါတယ္။ ေကာ္ေပေနတဲ့လက္ကို ဆပ္ျပာရည္ထဲခဏစိမ္ျပီး ေခ်းတြန္းေက်ာက္ကိုေတာ့ ေရေႏြးေလးထဲစိမ္ထားပါ။ ျပီးမွ ေခ်းတြန္းေက်ာက္နဲ႔ အသာအယာ စက္ဝိုင္းပံုသ႑ာန္ပြတ္တိုက္ေပးပါ။

(၅) သံပရာသီး

သံပရာသီးရဲ႕အက္စစ္ဓာတ္က စူပါဂလူးကိုဖယ္ရွားေပးနုိင္ပါတယ္။ ခြက္တစ္ခုထဲကို သံပရာသီးညွစ္ထည့္ျပီး ေကာ္ေပေနတဲ့လက္ကို ၅ မိနစ္/ ၁၀ မိနစ္ ႏွစ္ထားေပးပါ။ ဒါမွမဟုတ္ သြားပြတ္တံျဖစ္ျဖစ္၊ ဂြမ္းနဲ႔ျဖစ္ျဖစ္ သံပရာရည္ဆြတ္ျပီး ေကာ္ကပ္ေနတဲ့ေနရာကို တို႔ပြတ္ပါ။

အသားမွာ ေကာ္ကပ္မိရင္

အသားမွာကပ္ေနတဲ့ ေကာ္ေတြကို ဆြဲမခြာသင့္ပါဘူး။ အေရျပားကို သို႔မဟုတ္ ေကာ္ကို ညင္သာစြာပြတ္တိုက္တာကပဲ အဆင္ေျပမွာပါ။ တခ်ိဳ႕က ဒီတိုင္းေနရင္း၊ အဝတ္ေလွ်ာ္ ၊ ပန္းကန္ေဆးရင္းနဲ႔ ကြာကုန္တာလည္းရွိပါတယ္။

ဒါေပမယ့္ အေရးၾကီးတာက စူပါဂလူးသံုးရင္ ပါးစပ္ထဲနဲ႔ မ်က္စိထဲမဝင္ဖို႔ပါပဲ။ မ်က္စိသို႔မဟုတ္ မ်က္ခြံမွာ ေကာ္ေတြေပရင္ အႏၱရာယ္ရွိနုိင္ပါတယ္။ ေနာက္တစ္ခ်က္ အေရးၾကီးတာက အေရျပားမွာ ေပါက္ျပဲမႈရွိခဲ့ရင္ ဓာတုပစၥည္းေတြသံုးျပီး ေကာ္မ ဖယ္ရွားပါနဲ႔။ ေနာက္ဆံုးမရရင္ ဆရာဝန္ျပသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service