ပုဂံမြို့မှ ကိုယ်ခံပညာရှင်တစ်ဦးအဖြစ် နီကိုလပ်ကေ့ချ် သရုပ်ဆောင်ထားသည့် ဇာတ်ကား ဒေါ်လာ ၂၇ သန်းကျော် သုံးစွဲရိုက်ကူး

ပုဂံမြို့မှ ကိုယ်ခံပညာရှင်တစ်ဦးအဖြစ် နီကိုလပ်ကေ့ချ် သရုပ်ဆောင်ထားသည့် ဇာတ်ကား ဒေါ်လာ ၂၇ သန်းကျော် သုံးစွဲရိုက်ကူး - Property News in Myanmar from iMyanmarHouse.com
22 Oct 2020 11:26 am တွင် တင်ခဲ့သည်
68446 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် နီကိုလပ်ကေ့ချ်သည် Jiu-Jitsu အမည်ရှိအက်ရှင် ရုပ်ရှင်ကားတစ်ကားကို မြန်မာနိုင်ငံမှ ယူနက်စ်ကို အမွေအနှစ်စာရင်းဝင် ပုဂံမြို့တွင် ဇာတ်လမ်းအခြေတည်ကာ ရိုက်ကူးထားပြီး ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်း သုံးစွဲထားသည်ဟု ဆိုသည်။

အဆိုပါ ဇာတ်ကားတွင် ဇာတ်လမ်းတည်နေရာကို မြန်မာနိုင်ငံမှ ပုဂံမြို့အဖြစ် ပုံဖော်ရိုက်ကူးထားသော်လည်း အမှန်တကယ် ရိုက်ကူးခဲ့သည်မှာမူ ဆိုက်ပရပ်စ်နိုင်ငံတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လက စတင်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

Jiu Jitsu ဇာတ်ကားကို ဒါရိုက်တာ ဒီမီထရီ လိုဂိုသီတစ်က ရိုက်ကူးပြီး နီကိုလပ်ကေ့ချ်၊ Alain Moussi ၊ Frank Grillo ၊ Ju Ju Chan နှင့် Tony Jaa တို့ ပါဝင်သရုပ်ဆောင်ထားသည်။

ဇာတ်လမ်းမှာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သော ကာတွန်းစာအုပ်ဖြစ်သည့် Jiu Jitsu ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။ Jiu Jitsu ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ရုံတင်ပြသမည် ဖြစ်သည်။ Jiu Jitsu ရုပ်ရှင်၏ နမူနာကို အောက်တိုဘာ ၁၃ ရက်က Youtube တွင် ပထမဆုံးစတင်လွှင့်တင်ခဲ့သည်။

မြန်မာနိုင်ငံ ပုဂံမြို့တွင် ဖြစ်ပျက်ခဲ့သည့်သဖွယ် ရိုက်ကူးထားခြင်းဖြစ်ပြီး အချို့သော စေတီပုထိုး၊ အဆောက်အအုံများကိုမူ သိပ္ပံဆန်းကြယ် ရုပ်ရှင်ကားများတွင် တွေ့ရလေ့ရှိသည့် အဆောက်အအုံကြီးများအသွင် နမူနာရုပ်ရှင်တွင် တွေ့ရသည်။

ဇာတ်လမ်းသဘောမှာ ပုဂံနိုင်ငံတော်သို့ ၆ နှစ်လျှင်တစိကြိမ် ကျူးကျော်ရန်ပြုလာသော ဂြိုဟ်သားတို့ကို ပုဂံမှ ဂျူဂျစ်ဆုကိုယ်ခံပညာရှင် တို့က ခုခံကာကွယ်ချေမှုန်းကြရခြင်း ဖြစ်သည်။ ထိုသို့ ၆ နှစ်တစ်ကြိမ် ရင်ဆိုင်ရာတွင် ဂျူဂျစ်ဆုပညါရှင်တစ်ဦးကို ရွေးချယ်တာဝန်ပေးသည်ဟုဆိုသည်။

ထိုနှစ်ကမူ တာဝန်ပေးခံရသူ စစ်သူရဲကောင်း ဂျူဂျစ်ဆုပညါရှင် ဂျိတ်ခ်ဘန်းစ် (Alain Moussi) က ကျူးကျော်လာသည့် ဂြိုဟ်သား ခေါင်းဆောင် ဘရက်ဇ်အား ရင်ဆိုင်တိုက်ခိုက်ရန် ငြင်းပယ်လိုက်ရာ လူသားတို့၏ ကံကြမ္မာမှာ မရေရာတော့သည့် အခြေအနေသို့ ရောက်သွားသည်။

ထိုစဉ်တွင် ဂျိတ်ခ်မှာ ထိခိုက်ဒဏ်ရာရကာ အတိတ်မေ့သွားပြန်သည်။

အတိတ်မေ့သွားသော ဂျိတ်ခ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြ၏။ အဆိုပါလက်နက်ကိုင်အဖွဲ့သည် ဂြိုဟ်သားများကို ရင်ဆိုင်နိုင်သည့် စွမ်းအားမရှိသူများ ဖြစ်ကြသည်။

ယင်းသို့သော အခြေအနေတွင် ဂြိုဟ်သားတို့က ဂျိတ်ခ်အား ဖမ်းဆီးသည့် လက်နက်ကိုင်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်၏။ ထိုသို့တိုက်ခိုက်နေချိန်တွင် ဝိုင်လီ ( နီကိုလပ်ကေ့ချ်) နှင့် ဂျူဂျစ်ဆု တိုက်ခိုက်ရေးသမား အဖွဲ့က ဂျိတ်ခ်အား ဝင်ရောက်ကယ်တင်ကြသည်။ ဂျိတ်ခ်အား မှတ်ဉာဏ်များနှင့် စွမ်းအားများ ပြန်ရအောင်ကူညီကာ ဘရက်ဇ်အား ချေမှုန်းပြီး လူသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်ရန် ကြိုးပမ်းကြမည် ဖြစ်သည်။

ဒါရိုက်တာ ဒီမီထရီ လိုဂိုသီတစ်က ပြောကြားရာတွင် Jiu Jitsu ဇာတ်ကားသည် ကမ္ဘာတစ်ဝန်းမှ ကိုယ်ခံပညာရှင် သန်းပေါင်းများစွာနှင့် သိပ္ပံဆန်းကြယ်ရုပ်ရှင်ချစ် ပရိသတ်များအတွက် အားရစေမည့်ဇာတ်ကားဖြစ်သည်ဟု အာမခံကြောင်း ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nicolas Cage & Tony Jaa Are Ready to Sword Fight Aliens in First Jiu Jitsu Poster (Movieweb , wikipedia, Coconuts)

 

[Zawgyi]

ပုဂံၿမိဳ ႔မွ ကိုယ္ခံပညာရွင္တစ္ဦးအျဖစ္ နီကိုလပ္ေက့ခ်္ သ႐ုပ္ေဆာင္ထားသည့္ ဇာတ္ကား ေဒၚလာ ၂၇ သန္းေက်ာ္ သုံးစြဲရိုက္ကူး

ကမၻာေက်ာ္ အက္ရွင္သ႐ုပ္ေဆာင္ နီကိုလပ္ေက့ခ်္သည္ Jiu-Jitsu အမည္ရွိအက္ရွင္ ႐ုပ္ရွင္ကားတစ္ကားကို ျမန္မာနိုင္ငံမွ ယူနက္စ္ကို အေမြအႏွစ္စာရင္းဝင္ ပုဂံၿမိဳ႕တြင္ ဇာတ္လမ္းအေျခတည္ကာ ရိုက္ကူးထားၿပီး ကန္ေဒၚလာ ၂၇ ဒသမ ၅ သန္း သုံးစြဲထားသည္ဟု ဆိုသည္။

အဆိုပါ ဇာတ္ကားတြင္ ဇာတ္လမ္းတည္ေနရာကို ျမန္မာႏိုင္ငံမွ ပုဂံျမိဳ ႔အျဖစ္ ပံုေဖာ္ရိုက္ကူးထားေသာ္လည္း အမွန္တကယ္ ရိုက္ကူးခဲ့သည္မွာမူ ဆိုက္ပရပ္စ္ႏိုင္ငံတြင္ ရိုက္ကူးခဲ့ျခင္း ျဖစ္ျပီး ၂၀၁၉ ခုႏွစ္၊ ဇြန္လက စတင္ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

Jiu Jitsu ဇာတ္ကားကို ဒါရိုက္တာ ဒီမီထရီ လိုဂိုသီတစ္က ရိုက္ကူးျပီး နီကိုလပ္ေက့ခ်္၊ Alain Moussi ၊ Frank Grillo ၊ Ju Ju Chan ႏွင့္ Tony Jaa တို႔ ပါဝင္သရုပ္ေဆာင္ထားသည္။

ဇာတ္လမ္းမွာ ၂၀၁၇ ခုႏွစ္က ထြက္ရွိခဲ့ေသာ ကာတြန္းစာအုပ္ျဖစ္သည့္ Jiu Jitsu ကို အေျခခံ ရိုက္ကူးထားျခင္း ျဖစ္သည္။ Jiu Jitsu ဇာတ္ကားကို ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာ ၂၀ ရက္တြင္ အေမရိကန္ျပည္ေထာင္စု၌ ရံုတင္ျပသမည္ ျဖစ္သည္။

Jiu Jitsu ရုပ္ရွင္၏ နမူနာကို ေအာက္တိုဘာ ၁၃ ရက္က Youtube တြင္ ပထမဆံုးစတင္လႊင့္တင္ခဲ့သည္။

ျမန္မာႏိုင္ငံ ပုဂံျမိဳ ႔တြင္ ျဖစ္ပ်က္ခဲ့သည့္သဖြယ္ ရိုက္ကူးထားျခင္းျဖစ္ျပီး အခ်ဳိ ႔ေသာ ေစတီပုထိုး၊ အေဆာက္အအံုမ်ားကိုမူ သိပၸံဆန္းၾကယ္ ရုပ္ရွင္ကားမ်ားတြင္ ေတြ႔ရေလ့ရွိသည့္ အေဆာက္အအံုၾကီးမ်ားအသြင္ နမူနာရုပ္ရွင္တြင္ ေတြ႔ရသည္။

ဇာတ္လမ္းသေဘာမွာ ပုဂံနိုင္ငံေတာ္သို႔ ၆ ႏွစ္လၽွင္တစိႀကိမ္ က်ဴးေက်ာ္ရန္ျပဳလာေသာ ၿဂိဳဟ္သားတို႔ကို ပုဂံမွ ဂ်ဴဂ်စ္ဆုကိုယ္ခံပညာရွင္ တို႔က ခုခံကာကြယ္ေခ်မႈန္းၾကရျခင္း ျဖစ္သည္။ ထိုသို႔ ၆ ႏွစ္တစ္ႀကိမ္ ရင္ဆိုင္ရာတြင္ ဂ်ဴဂ်စ္ဆုပညါရွင္တစ္ဦးကို ေရြးခ်ယ္တာဝန္ေပးသည္ဟုဆိုသည္။

ထိုႏွစ္ကမူ တာဝန္ေပးခံရသူ စစ္သူရဲေကာင္း ဂ်ဴဂ်စ္ဆုပညါရွင္ ဂ်ိတ္ခ္ဘန္းစ္ (Alain Moussi) က က်ဴးေက်ာ္လာသည့္ ၿဂိဳဟ္သား ေခါင္းေဆာင္ ဘရက္ဇ္အား ရင္ဆိုင္တိုက္ခိုက္ရန္ ျငင္းပယ္လိုက္ရာ လူသားတို႔၏ ကံၾကမၼာမွာ မေရရာေတာ့သည့္ အေျခအေနသို႔ ေရာက္သြားသည္။

ထိုစဥ္တြင္ ဂ်ိတ္ခ္မွာ ထိခိုက္ဒဏ္ရာရကာ အတိတ္ေမ့သြားျပန္သည္။

အတိတ္ေမ့သြားေသာ ဂ်ိတ္ခ္ကို လက္နက္ကိုင္အဖြဲ႔တစ္ဖြဲ႔က ဖမ္းဆီးသြားၾက၏။ အဆိုပါလက္နက္ကိုင္အဖြဲ႔သည္ ျဂိဳဟ္သားမ်ားကို ရင္ဆိုင္ႏိုင္သည့္ စြမ္းအားမရွိသူမ်ား ျဖစ္ၾကသည္။

ယင္းသို႔ေသာ အေျခအေနတြင္ ျဂိဳဟ္သားတို႔က ဂ်ိတ္ခ္အား ဖမ္းဆီးသည့္ လက္နက္ကိုင္အဖြဲ႔ကို ဝင္ေရာက္တိုက္ခိုက္၏။ ထိုသို႔တိုက္ခိုက္ေနခ်ိန္တြင္ ဝိုင္လီ ( နီကိုလပ္ေက့ခ်္) ႏွင့္ ဂ်ဴဂ်စ္ဆု တိုက္ခိုက္ေရးသမား အဖြဲ႔က ဂ်ိတ္ခ္အား ဝင္ေရာက္ကယ္တင္ၾကသည္။ ဂ်ိတ္ခ္အား မွတ္ဥာဏ္မ်ားႏွင့္ စြမ္းအားမ်ား ျပန္ရေအာင္ကူညီကာ ဘရက္ဇ္အား ေခ်မႈန္းျပီး လူသားတို႔၏ ကံၾကမၼာကို အဆံုးအျဖတ္ေပးႏိုင္ရန္ ၾကိဳးပမ္းၾကမည္ ျဖစ္သည္။

ဒါရိုက္တာ ဒီမီထရီ လိုဂိုသီတစ္က ေျပာၾကားရာတြင္ Jiu Jitsu ဇာတ္ကားသည္ ကမၻာတစ္ဝန္းမွ ကိုယ္ခံပညာရွင္ သန္းေပါင္းမ်ားစြာႏွင့္ သိပၸံဆန္းၾကယ္ရုပ္ရွင္ခ်စ္ ပရိသတ္မ်ားအတြက္ အားရေစမည့္ဇာတ္ကားျဖစ္သည္ဟု အာမခံေၾကာင္း ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nicolas Cage & Tony Jaa Are Ready to Sword Fight Aliens in First Jiu Jitsu Poster (Movieweb , wikipedia, Coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service