တရုတ်တွင် လူ ၆ သောင်းခန့် COVID-19 ကာကွယ်ဆေးထိုးပြီးဟု တရားဝင်ထုတ်ပြန်

တရုတ်တွင် လူ ၆ သောင်းခန့် COVID-19 ကာကွယ်ဆေးထိုးပြီးဟု တရားဝင်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
21 Oct 2020 11:24 am တွင် တင်ခဲ့သည်
8222 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်စတင်တွေ့ရှိရာ တရုတ်နိုင်ငံတွင် မကြာသေးမီအချိန်ထိ လူ ၆ သောင်းနီးပါးအား COVID-19 ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်းနှင့် တစ်ဦးမျှ ပြင်းထန်သော ဓာတ်မတည့်မှုမရှိသေးကြောင်း တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၀ တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

လက်တွေ့စမ်းသပ်နေသည့် စုစုပေါင်း COVID-19 ကာကွယ်ဆေး ၁၃ မျိုး ရှိသည့် တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေးတီထွင်မှုတွင် ထိပ်ဆုံးမှဦးဆောင်နေကြောင်း တရုတ်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ထျန်းပေါင်ကော်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ယင်းကာကွယ်ဆေးများအနက် လေးမျိုးမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် လက်တွေ့စမ်းသပ်မှုအဆင့် ၃ သို့ ရောက်ရှိနေကြပြီဖြစ်သည်။

“တရုတ်မှာ လက်တွေ့စမ်းသပ်မှုအစောပိုင်းအဆင့်တွေမှာ ဆေးထိုးတဲ့နေရာတစ်ဝိုက် နာကျင်ရောင်ရမ်းတာနဲ့ ယာယီဖျားနာတာတွေအပါအဝင် အပျော့စားဓာတ်မတည့်မှုလေးတွေကို တွေ့ခဲ့ရပါတယ်။ လက်တွေ့စမ်းသပ်မှုအဆင့် ၃ ရောက်ပြီး အခုထိတော့ အပျော့စားတွေပဲ တွေ့ရသေးပြီး ပြင်းပြင်းထန်ထန်ဓာတ်မတည့်မှုမျိုး မရှိသေးပါဘူး။” ဟု ထျန်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

တရုတ်သည် ယခုနှစ်မကုန်မီ COVID-19 ကာကွယ်ဆေးအလုံးရေ သန်းပေါင်း ၆၁၀ အထိ ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ လာမည့်နှစ်တွင် ပိုမိုများစွာတိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တရုတ် COVID-19 ကာကွယ်ဆေးတီထွင်‌ရေးအထူးအဖွဲ့ခေါင်းဆောင် ကျန်းကျုံးဝေကလည်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပိုင်ဆေးကုမ္ပဏီ Sinopharm ၏ ဥက္ကဋ္ဌ လျိုကျင်းကျန်ကလည်း ထိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကာ ၎င်းတို့ကုမ္ပဏီသည် ဘေးကင်းသောကာကွယ်ဆေးလုံလုံလောက်လောက် ပံ့ပိုးပေးနိုင်ရေးအတွက် ကာကွယ်ဆေးအမြောက်အမြားထုတ်လုပ်မှုစတင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ တရားဝင်သတင်းမထုတ်မီက တရုတ်နိုင်ငံတွင် ဆေးကုမ္ပဏီ ၃ ခုထက်မနည်း၏ လက်တွေ့စမ်းသပ်မှုနောက်ဆုံးအဆင့်များကြောင့် လက်တွေ့စမ်းသပ်ဆဲကာကွယ်ဆေးများကို တရုတ်ပြည်သူထောင်သောင်းပေါင်းများစွာ ထိုးထားကြပြီးဟုသာ ကမ္ဘာကသိရှိထားခဲ့ကြရသည်။

တရုတ်အစိုးရက အ‌စောဆုံး လာမည့်လတွင် ကာကွယ်ဆေးတစ်မျိုး ရရှိနိုင်ကြောင်း ကြေညာထားကာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဦးစားပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွမ်ယင်၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂကျန်းမာရေးအဖွဲ့အစည်းဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦး‌ဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်‌ဆေးမဟာမိတ်အစီအစဉ် COVAX တွင် ပါဝင်ရန်လည်း သဘောတူညီချက်စာချုပ်တစ်ရပ်တွင် တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

WHO နှင့်အတူ ကူးစက်ရောဂါဆိုင်ရာကြိုတင်ပြင်ဆင်ဆန်းသစ်တီထွင်မှုညွန့်ပေါင်းအဖွဲ့ (CEPI) နှင့် ကာကွယ်ဆေးဆိုင်ရာအဖွဲ့ Gavi တို့မှဆောင်ရွက်နေသည့် COVAX သည် ဖွံ့ဖြိုးပြီးနိုင်ငံများတင်မဟုတ်ဘဲ ဆင်းရဲသောနိုင်ငံများမှလည်း COVID-19 ကာကွယ်ဆေးများရရှိစေမည့် စီမံကိန်းတစ်ခုဖြစ်သည်။

၎င်း COVAX အစီအစဉ်တွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇၂ နိုင်ငံနှင့် လက်တွေ့စမ်းသပ်ဆဲ ကာကွယ်ဆေး မြောက်များစွာ ပါဝင်သည်။

သူ့တွင် ပါဝင်လာနိုင်စေမည့် ဘေးကင်းအစွမ်းထက်သော COVID-19 ကာကွယ်ဆေး သုံးမျိုးထက်မနည်း လျင်လျင်မြန်မြန်ပေါ်ထွက်လာစေရန် ရည်ရွယ်ထားသည့် COVAX က ကမ္ဘာတစ်ဝန်း ရှေ့နှစ်မကုန်မီ ကာကွယ်‌ဆေးအလုံးရေ ၂ သန်းထက်မနည်း ဖြန့်ဖြူးပေးနိုင်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

ငွေကြေးရင်းမြစ်နှင့် သိပ္ပံဆိုင်ရာရင်းမြစ်များ စုပေါင်းပါဝင်မည့် COVAX က ငွေကြေးအထောက်အပံ့ရရှိနိုင်သည့် ဝင်ငွေအလယ်အလတ်နိုင်ငံများနှင့် ဝင်ငွေနိမ့်သောနိုင်ငံများ စုစုပေါင်း ၉၂ နိုင်ငံအား ချမ်းသာသောနိုင်ငံများနည်းတူ COVID-19 ကာကွယ်ဆေးများကို မျှမျှတတ ရရှိနိုင်စေမည်ဖြစ်သည်။

ယခုအချိန်ထိမူ တရုတ်က COVAX စီမံကိန်းအား ထောက်ခံသည့် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည်။ အမေရိကန်မှ လက်မှတ်မရေးထိုးထားသလို ရုရှားကလည်း လက်မှတ်မထိုးထားပေ။

အတည်ပြုလူနာဦးရေနှင့် သေဆုံးသူဦးရေအများဆုံးသော အမေရိကန်က COVAX တွင် ပါဝင်မည်မဟုတ်ဟု ကြေညာထားသော်လည်း ကာကွယ်ဆေးများ ရရှိရေးအတွက် ဆေးကုမ္ပဏီများနှင့် နှစ်ဦးသဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Some 60,000 injected with China's COVID-19 vaccines with no ill effect (CGTN, Aljazeera)

 

[Zawgyi]

တ႐ုတ္တြင္ လူ ၆ ေသာင္းခန္႔ COVID-19 ကာကြယ္ေဆးထိုးၿပီးဟု တရားဝင္ထုတ္ျပန္

COVID-19 ေရာဂါကို ျဖစ္ေစသည့္ ကို႐ိုနာဗိုင္းရပ္စ္အသစ္စတင္ေတြ႕႐ွိရာ တ႐ုတ္ႏိုင္ငံတြင္ မၾကာေသးမီအခ်ိန္ထိ လူ ၆ ေသာင္းနီးပါးအား COVID-19 ကာကြယ္ေဆးမ်ား ထိုးႏွံၿပီးျဖစ္ေၾကာင္းႏွင့္ တစ္ဦးမွ် ျပင္းထန္ေသာ ဓာတ္မတည့္မႈမ႐ွိေသးေၾကာင္း တ႐ုတ္အစိုးရတာဝန္႐ွိသူတစ္ဦးက ေအာက္တိုဘာ ၂၀ တြင္ သတင္းစာ႐ွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။

လက္ေတြ႕စမ္းသပ္ေနသည့္ စုစုေပါင္း COVID-19 ကာကြယ္ေဆး ၁၃ မ်ိဳး ႐ွိသည့္ တ႐ုတ္ႏိုင္ငံသည္ COVID-19 ကာကြယ္ေဆးတီထြင္မႈတြင္ ထိပ္ဆုံးမွဦးေဆာင္ေနေၾကာင္း တ႐ုတ္သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနမွ တာဝန္႐ွိသူတစ္ဦးျဖစ္သည့္ ထ်န္းေပါင္ေကာ္က သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

ယင္းကာကြယ္ေဆးမ်ားအနက္ ေလးမ်ိဳးမွာ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံတြင္ လက္ေတြ႕စမ္းသပ္မႈအဆင့္ ၃ သို႔ ေရာက္႐ွိေနၾကၿပီျဖစ္သည္။

“တ႐ုတ္မွာ လက္ေတြ႕စမ္းသပ္မႈအေစာပိုင္းအဆင့္ေတြမွာ ေဆးထိုးတဲ့ေနရာတစ္ဝိုက္ နာက်င္ေရာင္ရမ္းတာနဲ႔ ယာယီဖ်ားနာတာေတြအပါအဝင္ အေပ်ာ့စားဓာတ္မတည့္မႈေလးေတြကို ေတြ႕ခဲ့ရပါတယ္။ လက္ေတြ႕စမ္းသပ္မႈအဆင့္ ၃ ေရာက္ၿပီး အခုထိေတာ့ အေပ်ာ့စားေတြပဲ ေတြ႕ရေသးၿပီး ျပင္းျပင္းထန္ထန္ဓာတ္မတည့္မႈမ်ိဳး မ႐ွိေသးပါဘူး။” ဟု ထ်န္းက သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

တ႐ုတ္သည္ ယခုႏွစ္မကုန္မီ COVID-19 ကာကြယ္ေဆးအလုံးေရ သန္းေပါင္း ၆၁၀ အထိ ထုတ္လုပ္ရန္ ေမွ်ာ္မွန္းထားေၾကာင္း၊ လာမည့္ႏွစ္တြင္ ပိုမိုမ်ားစြာတိုးျမႇင့္ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ COVID-19 ကာကြယ္ေဆးတီထြင္‌ေရးအထူးအဖြဲ႕ေခါင္းေဆာင္ က်န္းက်ံဳးေဝကလည္း အဆိုပါသတင္းစာ႐ွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံပိုင္ေဆးကုမၸဏီ Sinopharm ၏ ဥကၠ႒ လ်ိဳက်င္းက်န္ကလည္း ထိုသတင္းစာ႐ွင္းလင္းပြဲသို႔ တက္ေရာက္ခဲ့ကာ ၎တို႔ကုမၸဏီသည္ ေဘးကင္းေသာကာကြယ္ေဆးလုံလုံေလာက္ေလာက္ ပံ့ပိုးေပးႏိုင္ေရးအတြက္ ကာကြယ္ေဆးအေျမာက္အျမားထုတ္လုပ္မႈစတင္ရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ယခုကဲ့သို႔ တရားဝင္သတင္းမထုတ္မီက တ႐ုတ္ႏိုင္ငံတြင္ ေဆးကုမၸဏီ ၃ ခုထက္မနည္း၏ လက္ေတြ႕စမ္းသပ္မႈေနာက္ဆုံးအဆင့္မ်ားေၾကာင့္ လက္ေတြ႕စမ္းသပ္ဆဲကာကြယ္ေဆးမ်ားကို တ႐ုတ္ျပည္သူေထာင္ေသာင္းေပါင္းမ်ားစြာ ထိုးထားၾကၿပီးဟုသာ ကမ႓ာကသိ႐ွိထားခဲ့ၾကရသည္။

တ႐ုတ္အစိုးရက အ‌ေစာဆုံး လာမည့္လတြင္ ကာကြယ္ေဆးတစ္မ်ိဳး ရ႐ွိႏိုင္ေၾကာင္း ေၾကညာထားကာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားကို ဦးစားေပးမည္ဟု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ဟြာခြၽမ္ယင္၏ ေျပာၾကားခ်က္အရ သိရသည္။

တ႐ုတ္ႏိုင္ငံသည္ ကုလသမဂၢက်န္းမာေရးအဖြဲ႕အစည္းျဖစ္ေသာ ကမ႓ာ့က်န္းမာေရးအဖြဲ႕ (WHO) ဦး‌ေဆာင္သည့္ ကမ႓ာလုံးဆိုင္ရာ COVID-19 ကာကြယ္‌ေဆးမဟာမိတ္အစီအစဥ္ COVAX တြင္ ပါဝင္ရန္လည္း သေဘာတူညီခ်က္စာခ်ဳပ္တစ္ရပ္တြင္ တရားဝင္လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္သည္။

WHO ႏွင့္အတူ ကူးစက္ေရာဂါဆိုင္ရာႀကိဳတင္ျပင္ဆင္ဆန္းသစ္တီထြင္မႈၫြန္႔ေပါင္းအဖြဲ႕ (CEPI) ႏွင့္ ကာကြယ္ေဆးဆိုင္ရာအဖြဲ႕ Gavi တို႔မွေဆာင္႐ြက္ေနသည့္ COVAX သည္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားတင္မဟုတ္ဘဲ ဆင္းရဲေသာႏိုင္ငံမ်ားမွလည္း COVID-19 ကာကြယ္ေဆးမ်ားရ႐ွိေစမည့္ စီမံကိန္းတစ္ခုျဖစ္သည္။

၎ COVAX အစီအစဥ္တြင္ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၁၇၂ ႏိုင္ငံႏွင့္ လက္ေတြ႕စမ္းသပ္ဆဲ ကာကြယ္ေဆး ေျမာက္မ်ားစြာ ပါဝင္သည္။

သူ႕တြင္ ပါဝင္လာႏိုင္ေစမည့္ ေဘးကင္းအစြမ္းထက္ေသာ COVID-19 ကာကြယ္ေဆး သုံးမ်ိဳးထက္မနည္း လ်င္လ်င္ျမန္ျမန္ေပၚထြက္လာေစရန္ ရည္႐ြယ္ထားသည့္ COVAX က ကမ႓ာတစ္ဝန္း ေ႐ွ႕ႏွစ္မကုန္မီ ကာကြယ္‌ေဆးအလုံးေရ ၂ သန္းထက္မနည္း ျဖန္႔ျဖဴးေပးႏိုင္ရန္ ေမွ်ာ္မွန္းထားသည္ဟု သိရသည္။

ေငြေၾကးရင္းျမစ္ႏွင့္ သိပၸံဆိုင္ရာရင္းျမစ္မ်ား စုေပါင္းပါဝင္မည့္ COVAX က ေငြေၾကးအေထာက္အပံ့ရ႐ွိႏိုင္သည့္ ဝင္ေငြအလယ္အလတ္ႏိုင္ငံမ်ားႏွင့္ ဝင္ေငြနိမ့္ေသာႏိုင္ငံမ်ား စုစုေပါင္း ၉၂ ႏိုင္ငံအား ခ်မ္းသာေသာႏိုင္ငံမ်ားနည္းတူ COVID-19 ကာကြယ္ေဆးမ်ားကို မွ်မွ်တတ ရ႐ွိႏိုင္ေစမည္ျဖစ္သည္။

ယခုအခ်ိန္ထိမူ တ႐ုတ္က COVAX စီမံကိန္းအား ေထာက္ခံသည့္ စီးပြားေရးအင္အားအႀကီးဆုံးႏိုင္ငံျဖစ္သည္။ အေမရိကန္မွ လက္မွတ္မေရးထိုးထားသလို ႐ု႐ွားကလည္း လက္မွတ္မထိုးထားေပ။

အတည္ျပဳလူနာဦးေရႏွင့္ ေသဆုံးသူဦးေရအမ်ားဆုံးေသာ အေမရိကန္က COVAX တြင္ ပါဝင္မည္မဟုတ္ဟု ေၾကညာထားေသာ္လည္း ကာကြယ္ေဆးမ်ား ရ႐ွိေရးအတြက္ ေဆးကုမၸဏီမ်ားႏွင့္ ႏွစ္ဦးသေဘာတူစာခ်ဳပ္မ်ား ခ်ဳပ္ဆိုထားၿပီးျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Some 60,000 injected with China's COVID-19 vaccines with no ill effect (CGTN, Aljazeera)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service