တစ်နေကုန် ဒေါက်မြင့်ဖိနပ် စီးထားရတော့မယ်ဆိုရင်

တစ်နေကုန် ဒေါက်မြင့်ဖိနပ် စီးထားရတော့မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
20 Oct 2020 1:52 pm တွင် တင်ခဲ့သည်
1646 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မင်္ဂလာဆောင်သွားတာ၊ ပွဲလမ်းသဘင်သွားရတာလိုမျိုး အခြေအနေတွေမှာ ခန္ဓာကိုယ် ကြော့ရှင်းလှပနေဖို့အတွက် ဒေါက်မြင့်ဖိနပ်စီးတတ်ကြပါတယ်။ ဒေါက်မြင့်ဖိနပ် စီးနေကျသူတွေအနေနဲ့ ဘာပြဿနာမှမရှိပေမဲ့ စီးကျင့်မရှိသူတွေအတွက်ကတော့ ခြေထောက်နာကျင်တာနဲ့ အရည်ကြည်ဖုပေါက်တာလိုမျိုး ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အောက်ပါတို့ကို ပြုလုပ်ပါ။

♦ သင့်ဖိနပ်ကို အအေးခံပါ

သင့်ဒေါက်မြင့်ဖိနပ်ကိုမစီးခင်မှာ ရေခဲရေထည့်ထားတဲ့ပလတ်စတစ်အိတ်ကို ဒေါက်ဖိနပ်ထဲ မိနစ် ၃၀ ခန့် ထည့်ထားပါ။ အအေးကြောင့် ဖိနပ်က ပိုမိုပျော့ပျောင်းသွား ပြီး သင်ရဲ့ ခြေထောက်အနေအထားအတိုင်း အလွယ်တကူ အံဝင်သွားနိုင်ပါတယ်။

♦ သင့်ခြေစွပ်ကို ရေနွေးစိမ်ပါ

ရေနွေးစိမ်ထားတဲ့ ချည်သားခြေစွပ်ကို သင့်ခြေထောက်ထဲ စွပ်ပါ။ ပြီးရင် ဒေါက်မြင့်ဖိနပ်စီးကာ အိမ်ထဲမှာ လမ်းလျှောက်ပါ။ ဒီလိုလုပ်တာကြောင့် ဒေါက်မြင့် ဖိနပ်ဆွဲဆန့် သွားနိုင်ပါတယ်။ ပြီးရင် ခြေစွပ်ချွတ်ပြီး သင့်ဒေါက်မြင့်ဖိနပ်ကို စီးနိုင်ပါပြီ။

♦Tape ကို အသုံးပြုပါ

ခြေချောင်းတွေနာကျင်မှုဝေဒနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ခြေချောင်းတစ်ခုနဲ့တစ်ခုပွတ်တိုက်ပြီး အရည်ကြည်ဖုမပေါက်အောင်လည်း ကာကွယ်နိုင်ပါတယ်။ ခြေညှိုးနဲ့ ခြေခလယ်ကို ပူးကာ Tape နဲ့ပတ်ပါ။ အာရုံကြောပေါ် ဖိအား သက်ရောက်မှုတွေ လျော့နည်းသွားပြီး ခြေထောက်နာကျင်မှုဝေဒနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

♦ အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ

ဒေါက်ဖိနပ်မဝတ်ခင်မှာ ခြေထောက်၊ ခြေဖမိုးနဲ့ ခြေချောင်းတွေအားလုံးကို အစိုဓာတ်ထိန်းခရင်မ်လိမ်းထားပါ။ ဖိနပ်အသစ်စီးတာကြောင့် ဖိနပ်မပေါက်အောင် ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

♦ ကလေးပေါင်ဒါမှုန့်ဖြူးပါ

နွေရာသီမှာ ထိပ်ပိတ်ဒေါက်မြင့်ဖိနပ်စီးတာကြောင့် ခြေဆီထွက်ပြီး ခြေထောက်ဒဏ်ရာရရှိနိုင်ပါတယ်။ ဖိနပ်မစီးခင်မှာ ဖိနပ်ထဲကို ပေါင်ဒါမှုန့်အနည်းငယ်ဖြူးလိုက်ပါ။

♦ ဖိနပ်ကို ချွတ်လိုက်ဝတ်လိုက် မလုပ်ပါနဲ့

တစ်နေ့တာလုံး ဖိနပ်စီးထားရတာကြောင့် ခြေထောက်ပင်ပန်းနာကျင်တဲ့အတွက် ဖိနပ်ကို ချွတ်လိုက်ဝတ်လိုက် မလုပ်မိပါစေနဲ့။ ဖိနပ်ချွတ်ထားတာကြောင့် ယာယီနာကျင်မှုဝေဒနာသက်သာနိုင်ပေမဲ့ ခြေထောက်ရဲ့ရောင်ရမ်းတဲ့အခြေအနေကြောင့် ဖိနပ်ပြန်စီးရင် ပိုမိုနာကျင်နိုင်ပါတယ်။

♦ အိမ်မှာ ဖိနပ်စီးကျင့်ပါ

ဖိနပ်အသစ်ကို အပြင်ထုတ်မစီးခင် သင့်အိမ်မှာ တစ်နေ့ကို နာရီဝက်ခန့် အစမ်း စီးကျင့်ပါ။ ဖိနပ်က သင့်ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ဆွဲဆန့်တဲ့အနေအထားရောက်သွားပါမှ အိမ်ပြင်ထုတ်စီးဖို့ သင့်တော်ပါမယ်။

♦ လမ်းလျှောက်ပါ

ဒေါက်မြင့်ဖိနပ်စီးထားတာကြောင့် ခြေထောက်နာကျင်နေတဲ့အတွက် တစ်နေရာရာမှာ ထိုင်ချင် ဒါမှမဟုတ် မတ်တတ်ရပ်ပြီးနေချင်စိတ်တွေ ပေါ်ပေါက်နေနိုင် ပါတယ်။ အဲဒီလိုလုပ်တာက နာကျင်တဲ့ဝေဒနာကို ယာယီသာ သက်သာစေနိုင်တာပါ။ အမှန်မှာတော့ တစ်နေရာတည်းမှာ မတ်တတ်အကြာကြီးရပ်တာက နာကျင်မှုဝေဒနာ ပိုမိုဆိုးရွားနိုင်ပါတယ်။ ခြေထောက်နာနေပေမဲ့လည်း လမ်းဆက်လျှောက်ရပါမယ်။

♦ အနံ့အသောက်ပျောက်ဆေး လိမ်းပါ

ခြေထောက်ပွန်းပဲ့ဒဏ်ရာမဖြစ်အောင် ချိုင်းလိမ်းတောင့်ကို လိမ်းနိုင်ပါတယ်။ ခြေထောက်မှာ အကာအကွယ်အလွှာဖြစ်သွားနိုင်တဲ့အပြင် ခြေဆီနံ့တွေလည်း ပျောက်ကင်းနိုင်ပါတယ်။

♦ သင့်ခြေထောက်ကို ဂရုစိုက်ပါ

ခြေထောက်ကွဲတာ၊ အသားမာတက်တာ၊ ထိခိုက်ဒဏ်ရာရတာတွေက ဒေါက်မြင့်ဖိနပ်စီးတာကြောင့် ပိုမိုဆိုးရွားနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးသင့်တဲ့ ပွဲလမ်းသဘင် တွေရှိနေရင် သင့်ခြေထောက်မှာ ရှိနေတဲ့ ဒဏ်ရာတွေကို အရင်သက်သာအောင် ပြုလုပ်ပြီးမှသာ စီးသင့်ပါတယ်။

♦ သက်သောင့်သက်သာရှိနိုင်တဲ့ ဖိနပ်မျိုးကို ရွေးချယ်ပါ

ခြောက်လက်မအမြင့်ဒေါက်တွေက သင့်ကို Sexy ဖြစ်စေနိုင်ပေမဲ့ သင်ဟာ ဒီ လောက်မြင့်တဲ့ ဒေါက်ဖိနပ်ကို စီးကျင့်မရှိဘူးဆိုရင် သင့်ခြေထောက်ကို ဒုက္ခပေးမှာ မလွဲပါဘူး။ ဒေါက်လည်း သိပ်မမြင့်၊ ဗြက်လည်း ကျယ်တဲ့ဖိနပ်နဲ့ အရင်စီးကျင့်ပြီးမှ သာ သူ့ထက်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေကို စီးသင့်ပါတယ်။

♦ အရေးပေါ်ပစ္စည်းဆောင်ထားပါ

သင်ရဲ့ လက်ကိုင်အိတ်ထဲမှာ မိတ်ကပ်နဲ့ သင့်အတွက် တခြားလိုအပ်တဲ့ ပစ္စည်းတွေ ဆောင်ထားသလိုမျိုးပဲ ခြေထောက်ပေါက်တဲ့အခါမှာ အသုံးပြုနိုင်မယ့် ဟန်ဆာပလတ်နဲ့ အရည်ကြည်ဖုပျောက်လိမ်းဆေးတွေကို ဆောင်ထားသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဒေါက်တာခင်မိုးမိုး

 

[Zawgyi]

တစ္ေနကုန္ ေဒါက္ျမင့္ဖိနပ္ စီးထားရေတာ့မယ္ဆုိရင္

မဂၤလာေဆာင္သြားတာ၊ ပြဲလမ္းသဘင္သြားရတာလုိမ်ဳိး အေျခအေနေတြမွာ ခႏၶာကုိယ္ ေၾကာ့ရွင္းလွပေနဖုိ႔အတြက္ ေဒါက္ျမင့္ဖိနပ္စီးတတ္ၾကပါတယ္။ ေဒါက္ျမင့္ဖိနပ္ စီးေနက်သူေတြအေနနဲ႔ ဘာျပႆနာမွမရွိေပမဲ့ စီးက်င့္မရွိသူေတြအတြက္ကေတာ့ ေျခေထာက္နာက်င္တာနဲ႔ အရည္ၾကည္ဖုေပါက္တာလုိမ်ဳိး ျပႆနာေတြ ျဖစ္တတ္ပါတယ္။ ဒီလုိမျဖစ္ရေအာင္ ေအာက္ပါတုိ႔ကုိ ျပဳလုပ္ပါ။

♦ သင့္ဖိနပ္ကုိ အေအးခံပါ

သင့္ေဒါက္ျမင့္ဖိနပ္ကုိမစီးခင္မွာ ေရခဲေရထည့္ထားတဲ့ပလတ္စတစ္အိတ္ကုိ ေဒါက္ဖိနပ္ထဲ မိနစ္ ၃၀ ခန္႔ ထည့္ထားပါ။ အေအးေၾကာင့္ ဖိနပ္က ပုိမုိေပ်ာ့ေပ်ာင္းသြား ၿပီး သင္ရဲ႕ ေျခေထာက္အေနအထားအတုိင္း အလြယ္တကူ အံ၀င္သြားႏုိင္ပါတယ္။

♦ သင့္ေျခစြပ္ကုိ ေရေႏြးစိမ္ပါ

ေရေႏြးစိမ္ထားတဲ့ ခ်ည္သားေျခစြပ္ကုိ သင့္ေျခေထာက္ထဲ စြပ္ပါ။ ၿပီးရင္ ေဒါက္ျမင့္ဖိနပ္စီးကာ အိမ္ထဲမွာ လမ္းေလွ်ာက္ပါ။ ဒီလုိလုပ္တာေၾကာင့္ ေဒါက္ျမင့္ ဖိနပ္ဆြဲဆန္႔ သြားႏုိင္ပါတယ္။ ၿပီးရင္ ေျခစြပ္ခၽြတ္ၿပီး သင့္ေဒါက္ျမင့္ဖိနပ္ကုိ စီးႏုိင္ပါၿပီ။

♦Tape ကုိ အသံုးျပဳပါ

ေျခေခ်ာင္းေတြနာက်င္မႈေ၀ဒနာမျဖစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္။ ဒါ့အျပင္ ေျခေခ်ာင္းတစ္ခုနဲ႔တစ္ခုပြတ္တုိက္ၿပီး အရည္ၾကည္ဖုမေပါက္ေအာင္လည္း ကာကြယ္ႏုိင္ပါတယ္။ ေျခညႇိဳးနဲ႔ ေျခခလယ္ကုိ ပူးကာ Tape နဲ႔ပတ္ပါ။ အာ႐ံုေၾကာေပၚ ဖိအား သက္ေရာက္မႈေတြ ေလ်ာ့နည္းသြားၿပီး ေျခေထာက္နာက်င္မႈေ၀ဒနာမျဖစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္။

♦ အစုိဓာတ္ထိန္းခရင္မ္လိမ္းပါ

ေဒါက္ဖိနပ္မ၀တ္ခင္မွာ ေျခေထာက္၊ ေျခဖမုိးနဲ႔ ေျခေခ်ာင္းေတြအားလံုးကို အစုိဓာတ္ထိန္းခရင္မ္လိမ္းထားပါ။ ဖိနပ္အသစ္စီးတာေၾကာင့္ ဖိနပ္မေပါက္ေအာင္ ကာကြယ္ၿပီးသားျဖစ္ပါလိမ့္မယ္။

♦ ကေလးေပါင္ဒါမႈန္႔ျဖဴးပါ

ေႏြရာသီမွာ ထိပ္ပိတ္ေဒါက္ျမင့္ဖိနပ္စီးတာေၾကာင့္ ေျခဆီထြက္ၿပီး ေျခေထာက္ဒဏ္ရာရရွိႏုိင္ပါတယ္။ ဖိနပ္မစီးခင္မွာ ဖိနပ္ထဲကုိ ေပါင္ဒါမႈန္႔အနည္းငယ္ျဖဴးလုိက္ပါ။

♦ ဖိနပ္ကုိ ခၽြတ္လုိက္၀တ္လုိက္ မလုပ္ပါနဲ႔

တစ္ေန႔တာလံုး ဖိနပ္စီးထားရတာေၾကာင့္ ေျခေထာက္ပင္ပန္းနာက်င္တဲ့အတြက္ ဖိနပ္ကုိ ခၽြတ္လုိက္၀တ္လုိက္ မလုပ္မိပါေစနဲ႔။ ဖိနပ္ခၽြတ္ထားတာေၾကာင့္ ယာယီနာက်င္မႈေ၀ဒနာသက္သာႏုိင္ေပမဲ့ ေျခေထာက္ရဲ႕ေရာင္ရမ္းတဲ့အေျခအေနေၾကာင့္ ဖိနပ္ျပန္စီးရင္ ပုိမုိနာက်င္ႏုိင္ပါတယ္။

♦ အိမ္မွာ ဖိနပ္စီးက်င့္ပါ

ဖိနပ္အသစ္ကုိ အျပင္ထုတ္မစီးခင္ သင့္အိမ္မွာ တစ္ေန႔ကုိ နာရီ၀က္ခန္႔ အစမ္း စီးက်င့္ပါ။ ဖိနပ္က သင့္ေျခေထာက္နဲ႔ အံ၀င္ခြင္က်ျဖစ္ေအာင္ ဆြဲဆန္႔တဲ့အေနအထားေရာက္သြားပါမွ အိမ္ျပင္ထုတ္စီးဖုိ႔ သင့္ေတာ္ပါမယ္။

♦ လမ္းေလွ်ာက္ပါ

ေဒါက္ျမင့္ဖိနပ္စီးထားတာေၾကာင့္ ေျခေထာက္နာက်င္ေနတဲ့အတြက္ တစ္ေနရာရာမွာ ထုိင္ခ်င္ ဒါမွမဟုတ္ မတ္တတ္ရပ္ၿပီးေနခ်င္စိတ္ေတြ ေပၚေပါက္ေနႏုိင္ ပါတယ္။ အဲဒီလုိလုပ္တာက နာက်င္တဲ့ေ၀ဒနာကုိ ယာယီသာ သက္သာေစႏုိင္တာပါ။ အမွန္မွာေတာ့ တစ္ေနရာတည္းမွာ မတ္တတ္အၾကာႀကီးရပ္တာက နာက်င္မႈေ၀ဒနာ ပုိမုိဆုိးရြားႏုိင္ပါတယ္။ ေျခေထာက္နာေနေပမဲ့လည္း လမ္းဆက္ေလွ်ာက္ရပါမယ္။

♦ အနံ႔အေသာက္ေပ်ာက္ေဆး လိမ္းပါ

ေျခေထာက္ပြန္းပဲ့ဒဏ္ရာမျဖစ္ေအာင္ ခ်ဳိင္းလိမ္းေတာင့္ကို လိမ္းႏုိင္ပါတယ္။ ေျခေထာက္မွာ အကာအကြယ္အလႊာျဖစ္သြားႏုိင္တဲ့အျပင္ ေျခဆီနံ႔ေတြလည္း ေပ်ာက္ကင္းႏုိင္ပါတယ္။

♦ သင့္ေျခေထာက္ကုိ ဂ႐ုစုိက္ပါ

ေျခေထာက္ကြဲတာ၊ အသားမာတက္တာ၊ ထိခုိက္ဒဏ္ရာရတာေတြက ေဒါက္ျမင့္ဖိနပ္စီးတာေၾကာင့္ ပုိမုိဆုိးရြားႏုိင္ပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးသင့္တဲ့ ပဲြလမ္းသဘင္ ေတြရွိေနရင္ သင့္ေျခေထာက္မွာ ရွိေနတဲ့ ဒဏ္ရာေတြကုိ အရင္သက္သာေအာင္ ျပဳလုပ္ၿပီးမွသာ စီးသင့္ပါတယ္။

♦ သက္ေသာင့္သက္သာရွိႏုိင္တဲ့ ဖိနပ္မ်ဳိးကုိ ေရြးခ်ယ္ပါ

ေျခာက္လက္မအျမင့္ေဒါက္ေတြက သင့္ကုိ Sexy ျဖစ္ေစႏုိင္ေပမဲ့ သင္ဟာ ဒီ ေလာက္ျမင့္တဲ့ ေဒါက္ဖိနပ္ကုိ စီးက်င့္မရွိဘူးဆုိရင္ သင့္ေျခေထာက္ကုိ ဒုကၡေပးမွာ မလဲြပါဘူး။ ေဒါက္လည္း သိပ္မျမင့္၊ ျဗက္လည္း က်ယ္တဲ့ဖိနပ္နဲ႔ အရင္စီးက်င့္ၿပီးမွ သာ သူ႔ထက္ျမင့္တဲ့ ေဒါက္ျမင့္ဖိနပ္ေတြကုိ စီးသင့္ပါတယ္။

♦ အေရးေပၚပစၥည္းေဆာင္ထားပါ

သင္ရဲ႕ လက္ကုိင္အိတ္ထဲမွာ မိတ္ကပ္နဲ႔ သင့္အတြက္ တျခားလုိအပ္တဲ့ ပစၥည္းေတြ ေဆာင္ထားသလုိမ်ဳိးပဲ ေျခေထာက္ေပါက္တဲ့အခါမွာ အသံုးျပဳႏုိင္မယ့္ ဟန္ဆာပလတ္နဲ႔ အရည္ၾကည္ဖုေပ်ာက္လိမ္းေဆးေတြကုိ ေဆာင္ထားသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ေဒါက္တာခင္မိုးမိုး

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service