ရေသန့်စက်ရုံ အရေးကြီးသလို အဲဒီမြေအကြောင်းလည်း သိဖို့လို……

ရေသန့်စက်ရုံ အရေးကြီးသလို အဲဒီမြေအကြောင်းလည်း သိဖို့လို…… - Property Knowledge in Myanmar from iMyanmarHouse.com
20 Oct 2020 10:57 am တွင် တင်ခဲ့သည်
5764 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

စီးပွားရေးလုပ်ငန်းဆိုတာကတော့ ကိုဗစ် ရောဂါကြီးကြောင့် ဆိုပြီးအိမ်တွင်း ပုန်းနေရုံနဲ့လည်း မပြီးသေးဘူး။ ကြောက်ပင်မယ့်လည်း မဖြစ်မနေထွက်ရမျိုးလည်းရှိပြန်တယ်။ တစ်ဦးနဲ့တစ်ဦး ရက်ချိန်း အတိအကျပေးပြီး ငွေပေးချေရမယ့်လုပ်ငန်းမျိုးဖြစ်ရင်ပိုပြီး တာဝန်ကျေပြီး ကတိတည်ဖို့လိုအပ်ပါတယ်။ စီးပွားရေးလောကမှာ တစ်ဦးနဲ့တစ်ဦး ငွေကြေးကိစ္စပါလာပြီဆိုရင် ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတာဖြစ်လို့ ကတိသစ္စာကို ပိုပြီးတန်ဖိုးထားတတ်ကြတယ်။

အဲဒါကြောင့်မို့ ထင်ပါရဲ့ ကိုဗစ်ပထမလှိုင်းအပြီးလောက်က သန်လျင်မှာ မြေနှင့်အဆောက်အဦးအပါအဝင် ရေသန့်စက်ရုံပါ ဝယ်ယူဖို့ပြောထားတဲ့ မိတ်ဆွေတွေဟာ အကျိုးဆောင်ကြီး "မိုးမိုးအောင်" နဲ့ ဒီကနေ ကျွန်ုပ်အိမ်ကိုရောက်လာကြပါတယ်။ သူတို့ပထမအကြိမ်တွေ့ဆုံစဉ်က စရန်ငွေအနည်းငယ်ပေးထားတဲ့ စရန်ပေးစာချုပ်လည်းယူလာပါတယ်။

အဲဒီစရန်ပေးစာချုပ်ပြီး နောက်(၂) ရက်ကြာရင် စရန်ကြီးပေးချေတဲ့ စာချုပ်ချုပ်ဖို့ အလုပ်လာအပ်တာပါလို့ ပြောပါတယ်။ ဟုတ်ပြီလေ ဘယ်လိုအပေးအယူလုပ်မှာလည်းလို့ မေးကြည့်မိတယ်။ ဒီလို အန်ကယ်လ်ရေ မြေ+အဆောက်အဦး+ ရေသန့်စက်ရုံ အားလုံးအပါအဝင် သိန်း ၁၅၀၀ နဲ့ ဈေးဖြတ်လိုက်ကြတယ်။ အခု ပထမအရစ် သိန်း ၅၀၀ ပေးထားမယ်။ ကျန် သိန်း ၁၀၀၀ ကိုတော့ ၆ လတစ်ကြိမ်ခွဲပြီးပေးသွားမယ် စာချုပ်ချုပ်ခြင်တာပါ။

ဟုတ်ပါပြီ ….ညီလေးတို့ဘက်က အဓိက ဝယ်ချင်တာကတော့ ရေသန့်စက်ရုံ မဟုတ်လား ဟုတ်ပါတယ် ဒါဆိုရင်တော့ ရေသန့်စက်ရုံနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းလိုင်စင်တို့ သက်ဆိုင်ရာ ဝန်ကြီးဌာနထုတ်ပေးထားတဲ့ FDA ထောက်ခံချက်တို့ ၊ ရေသန့်စက်ရုံရဲ့ ကုန်အမှတ်တံဆိပ်၊ လျှပ်စစ်ဝန်ကြီးဌာနထောက်ခံချက် ၊ မီးသတ်ဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြေပိုင်ဆိုင်မှု အထောက်အထား စသဖြင့်ကို ရောင်းသူက မူရင်းတွေပြပြီး မိတ္တူပေးပါလိမ့်မယ်။

ဒါတွေကတော့ သူ့ရဲ့ ရေသန့်စက်ရုံကြီးလည်ပတ်နေဆဲမှာ ပြန်ရောင်းတာဆိုတော့ အဆင်သင့်ပြုလုပ်ထားပြီး ဖြစ်မှာပါ။ ထုတ်လုပ်တဲ့ စက်ပစ္စည်းတို့ အဆောက်အဦးတို့ရေသန့်ဘူးခွံတိုကိုတော့ သေချာစစ်ဆေးပြီး လက်ခံပေါ့။ ဟုတ်ကဲ့ပါ ကျွန်တော်တို့ကတော့ ပထမအရစ်ပေးပြီးတာနဲ့ လုပ်ငန်းလည်ပတ်ခွင့်ရမှာပါ။ ဒီတော့ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးမယ်။(၆)လ တစ်ကြိမ်ကြိုးစားပြီး ရတဲ့ ငွေထဲက ပေးဆပ်သွားမှာပေါ့။ ဒီလို ကိုဗစ်ကာလမှာလည်း လူတိုင်း ရေသန့် ကမရှိမဖြစ်လိုအပ်ကြတာဖြစ်လို့ နှစ်ဦးနှစ်ဘက်အဆင်ပြေပါတယ်။

သန်လျင်မြို့က မြေအကြောင်းတစ်စေ့တစ်စောင်း လေ့လာ

ဒါထက်အရေးကြီးတာက ရေသန့်စက်ရုံတည်ဆောက်ပြီး ရေသန့်တွေထုတ်လုပ် အသုံးပြုနေတဲ့ မြေဟာ ဘာမြေလည်းဆိုတာ ပိုပြီးသိဖို့အရေးကြီးတယ်။ သန်လျင်မြေတွေက သိရသလောက် ၊ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် ပိုင်ဆိုင်မှုအထောက်အထားတွေက မတူကြဘူး။ မြို့ဟောင်းနဲ့ မြို့သစ်လည်း ပုံစံမတူပြန်ဘူး။

မြို့သစ်/ ကွက်သစ်တွေမှာဆိုရင် စလစ်မြေပါမစ်မြေရှိသလို ရွာမြေလို့ခေါ်တဲ့ ဥယျာဉ်ခြံမြေတွေလည်း အခုထိရှိနေဆဲဘဲ ဥပမာ-အောင်ချမ်းသာ ရပ်ကွက်ဆိုရင် ပါမစ်ကနေ အနှစ် (၃၀) ဂရန်လုပ်ထားတဲ့ သူတွေလည်းရှိတယ်။ ဟော့….. ညီလေးတို့ အခုဝယ်မယ် ဗိုလ်ချုပ်ရွာသစ်ကြတော့ ဥယျာဉ်ခြံမြေတွေဘဲများတယ်။ မြို့မရပ်ကွက်၊ ထန်းခြောက်ပင်တို့ဆိုရင် အနှစ် (၃၀) ဂရန်တွေနဲ့ နေထိုင်ကြတာ တွေ့ရတယ်။ အကွက်ချထားတဲ့ ဗိုလ်ချုပ်ရွာကျတော့ အခုထိ စလစ်စာရွက်လေးဘဲရှိတယ်လေ။

ဒါကြောင့် ညီလေတို့စရန်ငွေပေးစာချုပ်တဲ့နေကျရင် ရောင်းသူက သူပိုင်ဆိုင်တဲ့ အထောက်အထားတွေအားလုံးပြရင်ကြည့်လိုက်တာပေါ့ ဆိုပြီး ရှင်းပြခဲ့လိုက်ပါတယ်။

ဝယ်သူတွေကတော့ အေးမြမြ ရေသန့်စက်ရုံကြီးလက်လွှဲလက်ပြောင်းယူပြီး၊ ရေသန့်ထုတ်လုပ်ရောင်းချမယ့်အပေါ်မှာသာ စိတ်ဝင်စားနေကြပြီး မြေအကြောင်း ကျွန်ုပ်ရှင်းပြတော့မှ အရင်းစစ်တော့ အမြစ်မြေကဆိုတာ ပိုပြီးအရေးကြီးမှန်းသိလာကြပါတယ်။

ဒါနဲ့အရောင်းအဝယ်စာချုပ်ချုပ်တဲ့နေမှာတော့ ရောင်းသူနဲ့ ဝယ်သူတို့အရင်ရောက်နှင့်ကြပြီး ရောင်းဖို့ငွေတွေကိုရေတွက်နေကြပါတယ်။ ကျွန်ုပ်ရောက်သွားတဲ့အချိန်မှာတော့ ရောင်းသူဘက်က အဆင်သင့်ပြုလုပ်လာတဲ့ စာရွက်စာတမ်းအထောက်အထား ဖိုင်တွဲကို ထုတ်ပြပါတယ်။ ရေသန့်စက်ရုံက လည်ပတ်နေဆဲ ပြန်ရောင်းတာဖြစ်လို့ လုပ်ငန်းလိုင်စင်နဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေ အပြည့်အစုံတွေ့ရပါတယ်။

မြို့မြေဆိုသော်လည်း မြေခွန်ပြေစာဘဲ

အရေးအကြီးဆုံး မြေအထောက်အထားစာရွက်ကြည့်လိုက်တော့ ဂရန်လည်းမဟုတ်၊ ပါမစ်လည်းမဟုတ် ၊ စလစ်လည်း မဟုတ် တစ်နှစ်တစ်ကြိမ်အခွန် ထမ်းဆောင်နေကျ မြေခွန်ပြေစာဖြစ်နေတယ်။ လယ်မြေခွန် ပြေစာအတိုင်းပါဘဲ ဦးပိုင်အမှတ် ကွင်းအမှတ် မြေတိုင်းအမှတ်တွေကို တွေ့ရတယ်။ မြေအကျယ်ကြည့်လိုက်တော့ (၀.၀၁၂) ဧကတဲ့ အရပ်အတိုင်းနဲ့ ဆိုရင်တော့ ( ပေ ၄၀ x ပေ ၁၃၀ ) ခန့်မှန်းရတာပေါ့။ မြေအမျိုးအစားကြည့်လိုက်တော့ ဥယျာဉ်မြေ လို့ဖော်ပြထားတာတွေ့ရပါတယ်။ ဒါဆိုရင် အခုဝယ်တဲ့ မြေဟာ ဥယျာဉ်ခြံမြေ G အဆင့်တဲ့ရှိသေးတာတွေ့ရပါတယ်။

ရောင်းသူကတော့ သူရှိတာကို ထုတ်ပြတာပါဘဲ။ဒါနဲ့ စာချုပ်မှာ သက်သေအဖြစ်လက်မှတ်ရေးထိုးပေးဖို့ ခေါ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးပြကြည့်တော့ သူတို့ရပ်ကွက်မှာ အခုပြတဲ့ ဥယျာဉ်မြေကွက်တွေ များတယ်လို့ပြောပါတယ်။ မြေစာရင်းပုံစံ ၁၀၅ လုပ်ချင်ရင်တော့ရတယ်။ ဂရန်လုပ်ထားကြတာ မရှိသေးဘူးလို့ ရှင်းပြပါတယ်။ မြို့ဆိုရင်လည်း ရွာမြေအနေနဲ့ နေလာခဲ့ကြတယ်။ ဗိုလ်ချုပ်ရွာသစ်ရပ်ကွက် အမှတ် ၁၃၊ ၁၄၊ ၁၅ စသည့် ခြံအမှတ်နဲ့နေထိုင်ခဲ့ကြတာလို့ပြောပါတယ်။

ဒါဆိုရင်တော့ အခုအရောင်းအဝယ်စာချုပ်မှာ ဖော်ပြထားသလို အမှတ် ၁၃/၁၄ နယ်မြေဖော်ပြရုံနဲ့ မလုံလောက်ဘူး။ မြို့မြေစာရင်း မြေခွန်ပြေစာမှာပါတဲ့ အတိုင်း ဗိုလ်ချုပ်ရွာသစ်ရပ်ကွက်နဲ့ ကွင်းအမှတ်၊ မြေဧကအကျယ်၊ မြေခွန်ဆောင်သူတို့ရဲ့အမည်ကို ထပ်ဖြည့်ပြီး စာချုပ်ပြင်ချုပ်လိုက်ရတယ်။ ဒါမှသာ မြေနဲ့ ပက်သတ်လို့ပိုင်ဆိုင်မှု တိကျဖို့နဲ့ မြေတိုင်းဖို့ အမည်ပြောင်းဖို့အတွက် (မြို့မြေစာရင်းဌာန) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို သွားတဲ့အခါ အဆင်ပြေမှာဖြစ်ပါတယ်လို့ ရှင်းပြလိုက်တော့မှဘဲ နှစ်ဘက်သဘောတူပြင်ဆင်ဖြည့်စွက်လိုက်ကြပါတော့တယ်။

ပြေပြေလည်လည်နဲ့ ပွဲဖြစ်သွားတာမြင်ရတော့လည်း အောင်မြင်မှုတစ်ခုပါဘဲ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေရသန္႕စက္ရုံ အေရးၾကီးသလို အဲဒီေျမအေၾကာင္းလည္း သိဖို႕လို……

စီးပြားေရးလုပ္ငန္းဆိုတာကေတာ့ ကိုဗစ္ ေရာဂါၾကီးေၾကာင့္ ဆိုျပီးအိမ္တြင္း ပုန္းေနရုံနဲ႕လည္း မျပီးေသးဘူး။ ေၾကာက္ပင္မယ့္လည္း မျဖစ္မေနထြက္ရမ်ိဳးလည္းရွိျပန္တယ္။ တစ္ဦးနဲ႕တစ္ဦး ရက္ခ်ိန္း အတိအက်ေပးျပီး ေငြေပးေခ်ရမယ့္လုပ္ငန္းမ်ိဳးျဖစ္ရင္ပိုျပီး တာဝန္ေက်ျပီး ကတိတည္ဖို႕လိုအပ္ပါတယ္။ စီးပြားေရးေလာကမွာ တစ္ဦးနဲ႕တစ္ဦး ေငြေၾကးကိစၥပါလာျပီဆိုရင္ ယံုၾကည္မႈနဲ႕ အလုပ္လုပ္ၾကတာျဖစ္လို႕ ကတိသစၥာကို ပိုျပီးတန္ဖိုးထားတတ္ၾကတယ္။

အဲဒါေၾကာင့္မို႕ ထင္ပါရဲ႕ ကိုဗစ္ပထမလိႈင္းအျပီးေလာက္က သန္လ်င္မွာ ေျမနွင့္အေဆာက္အဦးအပါအဝင္ ေရသန္႕စက္ရုံပါ ဝယ္ယူဖို႕ေျပာထားတဲ့ မိတ္ေဆြေတြဟာ အက်ိဳးေဆာင္ၾကီး "မိုးမိုးေအာင္" နဲ႕ ဒီကေန ကၽြႏု္ပ္အိမ္ကိုေရာက္လာၾကပါတယ္။ သူတို႕ပထမအၾကိမ္ေတြ႕ဆံုစဥ္က စရန္ေငြအနည္းငယ္ေပးထားတဲ့ စရန္ေပးစာခ်ဳပ္လည္းယူလာပါတယ္။

အဲဒီစရန္ေပးစာခ်ဳပ္ျပီး ေနာက္(၂) ရက္ၾကာရင္ စရန္ၾကီးေပးေခ်တဲ့ စာခ်ဳပ္ခ်ဳပ္ဖို႕ အလုပ္လာအပ္တာပါလို႕ ေျပာပါတယ္။ ဟုတ္ျပီေလ ဘယ္လိုအေပးအယူလုပ္မွာလည္းလို႕ ေမးၾကည့္မိတယ္။ ဒီလို အန္ကယ္လ္ေရ ေျမ+အေဆာက္အဦး+ ေရသန္႕စက္ရုံ အားလံုးအပါအဝင္ သိန္း ၁၅၀၀ နဲ႕ ေဈးျဖတ္လိုက္ၾကတယ္။ အခု ပထမအရစ္ သိန္း ၅၀၀ ေပးထားမယ္။ က်န္ သိန္း ၁၀၀၀ ကိုေတာ့ ၆ လတစ္ၾကိမ္ခြဲျပီးေပးသြားမယ္ စာခ်ဳပ္ခ်ဳပ္ျခင္တာပါ။

ဟုတ္ပါျပီ ….ညီေလးတို႕ဘက္က အဓိက ဝယ္ခ်င္တာကေတာ့ ေရသန္႕စက္ရုံ မဟုတ္လား ဟုတ္ပါတယ္ ဒါဆိုရင္ေတာ့ ေရသန္႕စက္ရုံနဲ႕ သက္ဆိုင္တဲ့ လုပ္ငန္းလိုင္စင္တို႕ သက္ဆိုင္ရာ ဝန္ၾကီးဌာနထုတ္ေပးထားတဲ့ FDA ေထာက္ခံခ်က္တို႕ ၊ ေရသန္႕စက္ရုံရဲ႕ ကုန္အမွတ္တံဆိပ္၊ လွ်ပ္စစ္ဝန္ၾကီးဌာနေထာက္ခံခ်က္ ၊ မီးသတ္ဦးစီးဌာနရဲ႕ ခြင့္ျပဳခ်က္နဲ႕ ေျမပိုင္ဆိုင္မႈ အေထာက္အထား စသျဖင့္ကို ေရာင္းသူက မူရင္းေတြျပျပီး မိတၱဴေပးပါလိမ့္မယ္။

ဒါေတြကေတာ့ သူ႕ရဲ႕ ေရသန္႕စက္ရုံၾကီးလည္ပတ္ေနဆဲမွာ ျပန္ေရာင္းတာဆိုေတာ့ အဆင္သင့္ျပဳလုပ္ထားျပီး ျဖစ္မွာပါ။ ထုတ္လုပ္တဲ့ စက္ပစၥည္းတို႕ အေဆာက္အဦးတို႕ေရသန္႕ဘူးခြံတိုကိုေတာ့ ေသခ်ာစစ္ေဆးျပီး လက္ခံေပါ့။ ဟုတ္ကဲ့ပါ ကၽြန္ေတာ္တို႕ကေတာ့ ပထမအရစ္ေပးျပီးတာနဲ႕ လုပ္ငန္းလည္ပတ္ခြင့္ရမွာပါ။ ဒီေတာ့ ေရသန္႕ထုတ္လုပ္ျဖန္႔ျဖဴးမယ္။(၆)လ တစ္ၾကိမ္ၾကိဳးစားျပီး ရတဲ့ ေငြထဲက ေပးဆပ္သြားမွာေပါ့။ ဒီလို ကိုဗစ္္ကာလမွာလည္း လူတိုင္း ေရသန္႕ ကမရွိမျဖစ္လိုအပ္ၾကတာျဖစ္လို႕ နွစ္ဦးနွစ္ဘက္အဆင္ေျပပါတယ္။

သန္လ်င္ျမိဳ႕က ေျမအေၾကာင္းတစ္ေစ့တစ္ေစာင္း ေလ့လာ

ဒါထက္အေရးၾကီးတာက ေရသန္႕စက္ရုံတည္ေဆာက္ျပီး ေရသန္႕ေတြထုတ္လုပ္ အသံုးျပဳေနတဲ့ ေျမဟာ ဘာေျမလည္းဆိုတာ ပိုျပီးသိဖို႕အေရးၾကီးတယ္။ သန္လ်င္ေျမေတြက သိရသေလာက္ ၊ တစ္ရပ္ကြက္နဲ႕ တစ္ရပ္ကြက္ ပိုင္ဆိုင္မႈအေထာက္အထားေတြက မတူၾကဘူး။ ျမိဳ႕ေဟာင္းနဲ႕ ျမိဳ႕သစ္လည္း ပံုစံမတူျပန္ဘူး။

ျမိဳ႕သစ္/ ကြက္သစ္ေတြမွာဆိုရင္ စလစ္ေျမပါမစ္ေျမရွိသလို ရြာေျမလို႕ေခၚတဲ့ ဥယ်ာဥ္ျခံေျမေတြလည္း အခုထိရွိေနဆဲဘဲ ဥပမာ-ေအာင္ခ်မ္းသာ ရပ္ကြက္ဆိုရင္ ပါမစ္ကေန အနွစ္ (၃၀) ဂရန္လုပ္ထားတဲ့ သူေတြလည္းရွိတယ္။ ေဟာ့….. ညီေလးတို႕ အခုဝယ္မယ္ ဗိုလ္ခ်ဳပ္ရြာသစ္ၾကေတာ့ ဥယ်ာဥ္ျခံေျမေတြဘဲမ်ားတယ္။ ျမိဳ႕မရပ္ကြက္၊ ထန္းေျခာက္ပင္တို႕ဆိုရင္ အနွစ္ (၃၀) ဂရန္ေတြနဲ႕ ေနထိုင္ၾကတာ ေတြ႕ရတယ္။ အကြက္ခ်ထားတဲ့ ဗိုလ္ခ်ဳပ္ရြာက်ေတာ့ အခုထိ စလစ္စာရြက္ေလးဘဲရွိတယ္ေလ။

ဒါေၾကာင့္ ညီေလတို႕စရန္ေငြေပးစာခ်ဳပ္တဲ့ေနက်ရင္ ေရာင္းသူက သူပိုင္ဆိုင္တဲ့ အေထာက္အထားေတြအားလံုးျပရင္ၾကည့္လိုက္တာေပါ့ ဆိုျပီး ရွင္းျပခဲ့လိုက္ပါတယ္။

ဝယ္သူေတြကေတာ့ ေအးျမျမ ေရသန္႕စက္ရုံၾကီးလက္လႊဲလက္ေျပာင္းယူျပီး၊ ေရသန္႕ထုတ္လုပ္ေရာင္းခ်မယ့္အေပၚမွာသာ စိတ္ဝင္စားေနၾကျပီး ေျမအေၾကာင္း ကၽြႏ္ုပ္ရွင္းျပေတာ့မွ အရင္းစစ္ေတာ့ အျမစ္ေျမကဆိုတာ ပိုျပီးအေရးၾကီးမွန္းသိလာၾကပါတယ္။

ဒါနဲ႕အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္တဲ့ေနမွာေတာ့ ေရာင္းသူနဲ႕ ဝယ္သူတို႕အရင္ေရာက္နွင့္ၾကျပီး ေရာင္းဖို႕ေငြေတြကိုေရတြက္ေနၾကပါတယ္။ ကၽြႏ္ုပ္ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ေရာင္းသူဘက္က အဆင္သင့္ျပဳလုပ္လာတဲ့ စာရြက္စာတမ္းအေထာက္အထား ဖိုင္တြဲကို ထုတ္ျပပါတယ္။ ေရသန္႕စက္ရုံက လည္ပတ္ေနဆဲ ျပန္ေရာင္းတာျဖစ္လို႕ လုပ္ငန္းလိုင္စင္နဲ႕ သက္ဆိုင္တဲ့ အေထာက္အထားေတြ အျပည့္အစံုေတြ႕ရပါတယ္။

ျမိဳ႕ေျမဆိုေသာ္လည္း ေျမခြန္ေျပစာဘဲ

အေရးအၾကီးဆံုး ေျမအေထာက္အထားစာရြက္ၾကည့္လိုက္ေတာ့ ဂရန္လည္းမဟုတ္၊ ပါမစ္လည္းမဟုတ္ ၊ စလစ္လည္း မဟုတ္ တစ္နွစ္တစ္ၾကိမ္အခြန္ ထမ္းေဆာင္ေနက် ေျမခြန္ေျပစာျဖစ္ေနတယ္။ လယ္ေျမခြန္ ေျပစာအတိုင္းပါဘဲ ဦးပိုင္အမွတ္ ကြင္းအမွတ္ ေျမတိုင္းအမွတ္ေတြကို ေတြ႕ရတယ္။ ေျမအက်ယ္ၾကည့္လိုက္ေတာ့ (၀.၀၁၂) ဧကတဲ့ အရပ္အတိုင္းနဲ႕ ဆိုရင္ေတာ့ ( ေပ ၄၀ x ေပ ၁၃၀ ) ခန္႕မွန္းရတာေပါ့။ ေျမအမ်ိဳးအစားၾကည့္လိုက္ေတာ့ ဥယ်ာဥ္ေျမ လို႕ေဖာ္ျပထားတာေတြ႕ရပါတယ္။ ဒါဆိုရင္ အခုဝယ္တဲ့ ေျမဟာ ဥယ်ာဥ္ျခံေျမ G အဆင့္တဲ့ရွိေသးတာေတြ႕ရပါတယ္။

ေရာင္းသူကေတာ့ သူရွိတာကို ထုတ္ျပတာပါဘဲ။ဒါနဲ႕ စာခ်ဳပ္မွာ သက္ေသအျဖစ္လက္မွတ္ေရးထိုးေပးဖို႕ ေခၚထားတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးျပၾကည့္ေတာ့ သူတို႕ရပ္ကြက္မွာ အခုျပတဲ့ ဥယ်ာဥ္ေျမကြက္ေတြ မ်ားတယ္လို႕ေျပာပါတယ္။ ေျမစာရင္းပံုစံ ၁၀၅ လုပ္ခ်င္ရင္ေတာ့ရတယ္။ ဂရန္လုပ္ထားၾကတာ မရွိေသးဘူးလို႕ ရွင္းျပပါတယ္။ ျမိဳ႕ဆိုရင္လည္း ရြာေျမအေနနဲ႕ ေနလာခဲ့ၾကတယ္။ ဗိုလ္ခ်ဳပ္ရြာသစ္ရပ္ကြက္ အမွတ္ ၁၃၊ ၁၄၊ ၁၅ စသည့္ ျခံအမွတ္နဲ႕ေနထိုင္ခဲ့ၾကတာလို႕ေျပာပါတယ္။

ဒါဆိုရင္ေတာ့ အခုအေရာင္းအဝယ္စာခ်ဳပ္မွာ ေဖာ္ျပထားသလို အမွတ္ ၁၃/၁၄ နယ္ေျမေဖာ္ျပရုံနဲ႕ မလံုေလာက္ဘူး။ ျမိဳ႕ေျမစာရင္း ေျမခြန္ေျပစာမွာပါတဲ့ အတိုင္း ဗိုလ္ခ်ဳပ္ရြာသစ္ရပ္ကြက္နဲ႕ ကြင္းအမွတ္၊ ေျမဧကအက်ယ္၊ ေျမခြန္ေဆာင္သူတို႕ရဲ႕အမည္ကို ထပ္ျဖည့္ျပီး စာခ်ဳပ္ျပင္ခ်ဳပ္လိုက္ရတယ္။ ဒါမွသာ ေျမနဲ႕ ပက္သတ္လို႕ပိုင္ဆုိင္မႈ တိက်ဖို႕နဲ႕ ေျမတိုင္းဖို႕ အမည္ေျပာင္းဖို႕အတြက္ (ျမိဳ႕ေျမစာရင္းဌာန) ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာနကို သြားတဲ့အခါ အဆင္ေျပမွာျဖစ္ပါတယ္လို႕ ရွင္းျပလိုက္ေတာ့မွဘဲ နွစ္ဘက္သေဘာတူျပင္ဆင္ျဖည့္စြက္လိုက္ၾကပါေတာ့တယ္။

ေျပေျပလည္လည္နဲ႕ ပြဲျဖစ္သြားတာျမင္ရေတာ့လည္း ေအာင္ျမင္မႈတစ္ခုပါဘဲ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service