အစကရိုးရိုး နောက်တော့တစ်မျိုးပြောင်း အိမ်ဝယ်သူစိတ်မကောင်း

အစကရိုးရိုး နောက်တော့တစ်မျိုးပြောင်း အိမ်ဝယ်သူစိတ်မကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
19 Oct 2020 3:58 pm တွင် တင်ခဲ့သည်
3377 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အိမ်ခြံမြေ၊ တိုက်ခန်းများ ရောင်းဝယ်ကြတဲ့အခါမှာ စာချုပ်စာတမ်း ကြည့်ရှု့စစ်ဆေးဖို့နဲ အရောင်းအဝယ် စာချုပ်ချုပ်ဆိုဖို့ ရှေ့နေလိုအပ်တဲ့အခါ မိတ်ဟောင်းများက တစ်ဆင့်မိတ်ဆွေသစ်များကို ခေါ်လာကာ မောင်ကောင်းဖေနဲ့ မိတ်ဆက်ပေးကြပါတယ်။

မိတ်ဆွေသစ်များနဲ့ သိကျွမ်းရတာ ဂုဏ်ယူစရာကောင်းသလို သိရတဲ့ မိတ်ဆွေတွေကလည်း လူမျိုးစုံလှပါတယ်။ ရှမ်း၊ ကရင်၊ ကချင်၊ ကယား၊ ဗမာ၊ မွန် ၊ ရခိုင် စသဖြင့် တိုင်းရင်းသားအစုံနဲ့ ခင်မင်မှုရရှိသလို တရုတ်၊ ကုလား များနဲ့လည်း ရင်းနှီးခွင့်ရပါတယ်။ အဲဒီလူမျိုးတွေထဲမှာ မှ တရုတ် အမျိုးအနွယ်တွေက ခင်မင်မှုသံယောဇဉ် ပိုကြီးကြတာကိုတွေ့ရပါတယ်။

အသိထဲက တယောက်နဲ့ မိတ်ဆက်ပေးလိုက်တာနဲ သူ့ရဲ့ညီအစ်ကိုမောင်နှမအားလုံး ယုံကြည်စိတ်ချစွာနဲ့ လုပ်ငန်းအပ်နှံကြတာကိုတွေ့ရတယ်။ သူတို့က ကတိတစ်လုံးကို အလွန်တန်ဖိုးထားကြသူတွေ ဖြစ်တယ်။ ပေးထားတဲ့ ကတိကိုမဖျက်သလို တစ်ဖက်ကလည်း ကတိပျက်ကွက်ရင် အဲဒီလိုလူမျိုကို နောင်မဆက်ဆံတော့တာတွေ့ရပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စနဲ့ တိုက်ခန်းအရောင်းအဝယ်ကိစ္စတွေနဲ့ တရုတ်အမျိုးအနွယ် မိသားစုတစ်ခုနဲ့ ကျွန်ုပ်ရင်းနှီးခဲ့တာ အတော်ကြာပါပြီ သူတို့မောင်နှမတစ်စုရဲ့ မိသားစုရှေ့နေလို့တောင် ပြောလို့ရပါတယ်။ တစ်နေ့မှာတော့ အဲဒီမိသားစုတစ်စုထဲက ဇနီးမောင်နှံ (၂) ဦးဟာ ကျွန်ုပ်ထံကို ဖုန်းဆက်လာပါတယ်။ မြောက်ဒဂုံမှာ မြေနဲ့ အိမ်ဝယ်ဖို့ကြည်ထားပြီးပါပြီ ဈေးလည်းညှိနှိုင်းပြီးပါပြီ။ ဒီညနေ ဦးဦး ရုံးဆင်းတာနဲ့ ရုံးမှာလာခေါ်ပြီး ဒဂုံကိုအတူသွားကြမယ် ။ စရန်ပေးစာချုပ်ချုပ်မယ် ဆိုပြီး ဖုန်းဆက်ကြပါတယ်။

ညပိုင်းမှာစာချုပ်ချုပ်ဖို့ချိန်းရခြင်း အကြောင်းကတော့ ရောင်းသူဝယ်သူတွေနှစ်ဦးစလုံးက ဈေးဆိုင်ဖွင့်ကြသူတွေဖြစ်လို့ပါ အဲ့ဒါကြောင့် အားလုံးအဆင်ပြေတဲ့ အချိန်မှာ စာချုပ်ဖို့ပြင်ဆင်ကြတာပေါ့။ မြေနဲ့အိမ်ရောင်းဝယ်သူတွေကလည်း အိမ်ရောင်းမည် ဆိုင်းဘုတ်ချိတ်ထားကာ ဖုန်းနံပါတ်ရေးပေးထားလို့ အဆက်အသွယ်ရခဲ့ကြတာပါ။

စာချုပ်ပေးဖို ရှေ့နေထံအကြောင်းမကြားခင်ကတည်းက ဝယ်သူဇနီးမောင်နှံက (၃)ကြိမ်လောက်လာပြီး။ မြေနဲ့အိမ်ကိုကြည့်ထားပြီးပြီ။ နောက်ဆုံးဈေးလည်း ပြောထားပြီးပြီ ရောင်းသူတွေကလည်း ဝယ်ရောင်းသမားဖြစ်တော့ မြေနဲ့အိမ်ဝယ်ထားပြီး အိမ်ငှါးတင်ထားကြတယ်လေ။ ဝယ်သူတွေကလည်း အိမ်တန်ဖိုးနဲ့ တစ်ဝက်ကျော်ကျော်ပေးထားတယ်။ ကျန်ငွေကိုတော့ နောက်(၂) လကြာမှ အပြီးချေမယ်လို့ နှစ်ဘက်သဘောတူညီမှုရထားကြပါတယ်။ ဒီကြားလ (၂)လအတွင်း အိမ်ငှါးတွေကို မဆင်းခိုင်းသေးဘူး။ အိမ်ငှါးခ (၂) လစာ (၅) သိန်းကိုတော့ ဝယ်သူတွေကို ပေးဖို့နှစ်ဘက်သဘောထားခဲ့ပြီးဖြစ်ပါတယ်။

ဒါနဲ့မြေနဲ့အိမ်အရောင်းအဝယ်စရန်ပေးစာချုပ်ခါနီးမှာ အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေတောင်းကြည့်တဲ့အခါမှာတော့ ရောင်းသူတွေက အခြားတစ်ဦးထံကဝယ်ပြီး သူတို့အမည်ဖောက်ထားတာကို တွေ့ရတယ်။ စာချုပ်အဆက်အစပ်မများဘူး။ ဝယ်ရတာစိတ်ရှင်းတာပေါ့။ ဒါကြောင့် အရောင်းမြေပုံကူးယူရရှိတဲ့နေ့မှာ ကျန်ငွေပေးချေးဖို့နှစ်ဘက်သဘောတူကြပါတယ်။

စရန်ပေးစာချုပ်ကာနီးမှာတော့ အိမ်ငှါးခ (၅) သိန်းကို ရောင်းသူက ဝယ်သူကိုပေးမယ်ပြောထားပြီးကာမှ မပေးနိုင်ဘူးလို့ ပြောလာတယ်။ ရောင်းသူဘက်မှာလည်း ပွဲးစားတယောက်ခေါ်ထားတာတွေ့ရတယ်။ (၅) သ်ိန်းမပေးဘူး။ ပေးမယ်ကိစ္စနဲ့ နှစ်ဘက်အဆင်မပြေသလို ဖြစ်ပြီး ပွဲပျက်ခါနီးအထိ ဖြစ်သွားကြတယ်။ မြေနဲ့အိမ်တန်ဖိုးကလည်း ဒဂုံအရှေ့ဆေးရုံအနီးလမ်းမဖြစ်တော့ သိန်း ၉၀၀ ကျော်တယ်။ အဲဒီလောက်တန်ဖိုးကြီးပေးဝယ်တာတောင် ၅ သိန်းနဲ့ပွဲဖျက်လိုက်ရင် မကောင်းပါဘူး။

ဒီလိုရှေ့နောက်ပြန်စဉ်စားမိလို့လား မသိပါဘူး။ ရောင်းသူဘက်ကပြန်ခေါ်လို့ နှစ်ဘက်အဆင်ပြေသွားပါတယ်။ တကယ်တော့ ၅ သိန်းလောက်နဲ့လည်း တစ်ဖက်နဲ့တစ်ဖက်မြင်တက်ကြရင် အရောင်းအဝယ်ပွဲပျက်တက်ပါလားဆိုတာ ကျွန်ုပ်သင်ခန်းစာတစ်ခု ရလ်ိုက်ပြန်ပါတယ်။

ဒီနေရာမှာရောင်းသူတွေရဲ့ စိတ်နေစိတ်ထားကိုတော့ အခုမှတွေ့ရတာဖြစ်တဲ့အတွက်၊ ဘယ်လိုရှိမယ်ဆိုတာ တိတိကျကျခန့်မှန်းရခက်ပါတယ်။ ဝယ်သူတွေရဲ့ စိတ်နေစိတ်ထားကိုတော့ ကျွန်ုပ်က ခန့်မှန်းလို့ရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့လို တရုတ်အမျိုးအနွယ်တွေက ပေးထားတဲ့ကတိကို တန်ဖိုးထားတယ်၊ ကတိပြုပြီးပြီဆိုရင် ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ ကတိအတိုင်းလိုက်နာဆောင်ရွက်ကြတာကိုတွေ့ရတယ်။ (မှတ်ချက်။ ။ ကျွန်ုပ်နဲ့ကြုံခဲ့သမျှ တရုတ်မိတ်ဆွေတွေကို ဆိုလိုတာပါ)အခုရောင်းသူဘက်က အိမ်ငှါးခ(၅) သိန်းကို ဝယ်သူတွေကိုပေးပါမယ်လို့ ပြောထားပြီးကာမှ တကယ်စရန်ပေးစာချုပ်တဲ့အခါ ရောင်းသူဘက်ကတော့ ကတိပျက်သွားတာကို သူတို့အမြင် အကြည်လင်တော့ဘူး ဖြစ်သွားတာပေါ့။

ဒါကြောင့် အိမ်ခြံမြေအရောင်းအဝယ်လုပ်ကြသူများအားလုံးပေးထားတဲ့ ကတိတည်ကြပါစေ။ သစ္စာရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အစကရိုးရိုး ေနာက္ေတာ့တစ္မ်ိဳးေျပာင္း အိမ္ဝယ္သူစိတ္မေကာင္း

အိမ္ျခံေျမ၊ တိုက္ခန္းမ်ား ေရာင္းဝယ္ၾကတဲ့အခါမွာ စာခ်ဳပ္စာတမ္း ၾကည့္ရႈ႕စစ္ေဆးဖို႕နဲ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုဖို႕ ေရွ႕ေနလိုအပ္တဲ့အခါ မိတ္ေဟာင္းမ်ားက တစ္ဆင့္မိတ္ေဆြသစ္မ်ားကို ေခၚလာကာ ေမာင္ေကာင္းေဖနဲ႕ မိတ္ဆက္ေပးၾကပါတယ္။

မိတ္ေဆြသစ္မ်ားနဲ႕ သိကၽြမ္းရတာ ဂုဏ္ယူစရာေကာင္းသလို သိရတဲ့ မိတ္ေဆြေတြကလည္း လူမ်ိဳးစံုလွပါတယ္။ ရွမ္း၊ ကရင္၊ ကခ်င္၊ ကယား၊ ဗမာ၊ မြန္ ၊ ရခိုင္ စသျဖင့္ တိုင္းရင္းသားအစံုနဲ႕ ခင္မင္မႈရရွိသလို တရုတ္၊ ကုလား မ်ားနဲ႕လည္း ရင္းနွီးခြင့္ရပါတယ္။ အဲဒီလူမ်ိဳးေတြထဲမွာ မွ တရုတ္ အမ်ိဳးအႏြယ္ေတြက ခင္မင္မႈသံေယာဇဥ္ ပိုၾကီးၾကတာကိုေတြ႕ရပါတယ္။

အသိထဲက တေယာက္နဲ႕ မိတ္ဆက္ေပးလိုက္တာနဲ သူ႕ရဲ႕ညီအစ္ကိုေမာင္နွမအားလံုး ယံုၾကည္စိတ္ခ်စြာနဲ႕ လုပ္ငန္းအပ္နွံၾကတာကိုေတြ႕ရတယ္။ သူတို႕က ကတိတစ္လံုးကို အလြန္တန္ဖိုးထားၾကသူေတြ ျဖစ္တယ္။ ေပးထားတဲ့ ကတိကိုမဖ်က္သလို တစ္ဖက္ကလည္း ကတိပ်က္ကြက္ရင္ အဲဒီလိုလူမ်ိဳကို ေနာင္မဆက္ဆံေတာ့တာေတြ႕ရပါတယ္။

အိမ္ျခံေျမ အေရာင္းအဝယ္ကိစၥနဲ႕ တိုက္ခန္းအေရာင္းအဝယ္ကိစၥေတြနဲ႕ တရုတ္အမ်ိဳးအႏြယ္ မိသားစုတစ္ခုနဲ႕ ကၽြႏ္ုပ္ရင္းနွီးခဲ့တာ အေတာ္ၾကာပါျပီ သူတို႕ေမာင္နွမတစ္စုရဲ႕ မိသားစုေရွ႕ေနလို႕ေတာင္ ေျပာလို႕ရပါတယ္။ တစ္ေန႕မွာေတာ့ အဲဒီမိသားစုတစ္စုထဲက ဇနီးေမာင္နွံ (၂) ဦးဟာ ကၽြႏ္ုပ္ထံကို ဖုန္းဆက္လာပါတယ္။ ေျမာက္ဒဂံုမွာ ေျမနဲ႕ အိမ္ဝယ္ဖို႕ၾကည္ထားျပီးပါျပီ ေဈးလည္းညွိႏိႈင္းျပီးပါျပီ။ ဒီညေန ဦးဦး ရုံးဆင္းတာနဲ႕ ရုံးမွာလာေခၚျပီး ဒဂံုကိုအတူသြားၾကမယ္ ။ စရန္ေပးစာခ်ဳပ္ခ်ဳပ္မယ္ ဆိုျပီး ဖုန္းဆက္ၾကပါတယ္။

ညပိုင္းမွာစာခ်ဳပ္ခ်ဳပ္ဖို႔ခ်ိန္းရျခင္း အေၾကာင္းကေတာ့ ေရာင္းသူဝယ္သူေတြနွစ္ဦးစလံုးက ေဈးဆိုင္ဖြင့္ၾကသူေတြျဖစ္လို႕ပါ အဲ့ဒါေၾကာင့္ အားလံုးအဆင္ေျပတဲ့ အခ်ိန္မွာ စာခ်ဳပ္ဖို႔ျပင္ဆင္ၾကတာေပါ့။ ေျမနဲ႕အိမ္ေရာင္းဝယ္သူေတြကလည္း အိမ္ေရာင္းမည္ ဆိုင္းဘုတ္ခ်ိတ္ထားကာ ဖုန္းနံပါတ္ေရးေပးထားလို႕ အဆက္အသြယ္ရခဲ့ၾကတာပါ။

စာခ်ဳပ္ေပးဖို ေရွ႕ေနထံအေၾကာင္းမၾကားခင္ကတည္းက ဝယ္သူဇနီးေမာင္နွံက (၃)ၾကိမ္ေလာက္လာျပီး။ ေျမနဲ႕အိမ္ကိုၾကည့္ထားျပီးျပီ။ ေနာက္ဆံုးေဈးလည္း ေျပာထားျပီးျပီ ေရာင္းသူေတြကလည္း ဝယ္ေရာင္းသမားျဖစ္ေတာ့ ေျမနဲ႕အိမ္ဝယ္ထားျပီး အိမ္ငွါးတင္ထားၾကတယ္ေလ။ ဝယ္သူေတြကလည္း အိမ္တန္ဖိုးနဲ႕ တစ္ဝက္ေက်ာ္ေက်ာ္ေပးထားတယ္။ က်န္ေငြကိုေတာ့ ေနာက္(၂) လၾကာမွ အျပီးေခ်မယ္လို႕ နွစ္ဘက္သေဘာတူညီမႈရထားၾကပါတယ္။ ဒီၾကားလ (၂)လအတြင္း အိမ္ငွါးေတြကို မဆင္းခိုင္းေသးဘူး။ အိမ္ငွါးခ (၂) လစာ (၅) သိန္းကိုေတာ့ ဝယ္သူေတြကို ေပးဖို႕နွစ္ဘက္သေဘာထားခဲ့ျပီးျဖစ္ပါတယ္။

ဒါနဲ႕ေျမနဲ႕အိမ္အေရာင္းအဝယ္စရန္ေပးစာခ်ဳပ္ခါနီးမွာ အိမ္ပိုင္ဆိုင္မႈစာရြက္စာတမ္းေတြေတာင္းၾကည့္တဲ့အခါမွာေတာ့ ေရာင္းသူေတြက အျခားတစ္ဦးထံကဝယ္ျပီး သူတို႕အမည္ေဖာက္ထားတာကို ေတြ႕ရတယ္။ စာခ်ဳပ္အဆက္အစပ္မမ်ားဘူး။ ဝယ္ရတာစိတ္ရွင္းတာေပါ့။ ဒါေၾကာင့္ အေရာင္းေျမပံုကူးယူရရွိတဲ့ေန႕မွာ က်န္ေငြေပးေခ်းဖို႕နွစ္ဘက္သေဘာတူၾကပါတယ္။

စရန္ေပးစာခ်ဳပ္ကာနီးမွာေတာ့ အိမ္ငွါးခ (၅) သိန္းကို ေရာင္းသူက ဝယ္သူကိုေပးမယ္ေျပာထားျပီးကာမွ မေပးႏိုင္ဘူးလို႕ ေျပာလာတယ္။ ေရာင္းသူဘက္မွာလည္း ပြဲးစားတေယာက္ေခၚထားတာေတြ႕ရတယ္။ (၅) သိ္န္းမေပးဘူး။ ေပးမယ္ကိစၥနဲ႕ နွစ္ဘက္အဆင္မေျပသလို ျဖစ္ျပီး ပြဲပ်က္ခါနီးအထိ ျဖစ္သြားၾကတယ္။ ေျမနဲ႕အိမ္တန္ဖိုးကလည္း ဒဂံုအေရွ႕ေဆးရုံအနီးလမ္းမျဖစ္ေတာ့ သိန္း ၉၀၀ ေက်ာ္တယ္။ အဲဒီေလာက္တန္ဖိုးၾကီးေပးဝယ္တာေတာင္ ၅ သိန္းနဲ႕ပြဲဖ်က္လိုက္ရင္ မေကာင္းပါဘူး။

ဒီလိုေရွ႕ေနာက္ျပန္စဥ္စားမိလို႕လား မသိပါဘူး။ ေရာင္းသူဘက္ကျပန္ေခၚလို႕ နွစ္ဘက္အဆင္ေျပသြားပါတယ္။ တကယ္ေတာ့ ၅ သိန္းေလာက္နဲ႕လည္း တစ္ဖက္နဲ႕တစ္ဖက္ျမင္တက္ၾကရင္ အေရာင္းအဝယ္ပြဲပ်က္တက္ပါလားဆိုတာ ကၽြႏ္ုပ္သင္ခန္းစာတစ္ခု ရလို္က္ျပန္ပါတယ္။

ဒီေနရာမွာေရာင္းသူေတြရဲ႕ စိတ္ေနစိတ္ထားကိုေတာ့ အခုမွေတြ႕ရတာျဖစ္တဲ့အတြက္၊ ဘယ္လိုရွိမယ္ဆိုတာ တိတိက်က်ခန္႕မွန္းရခက္ပါတယ္။ ဝယ္သူေတြရဲ႕ စိတ္ေနစိတ္ထားကိုေတာ့ ကၽြႏ္ုပ္က ခန္႔မွန္းလို႕ရပါတယ္။ ဘာေၾကာင့္လည္း ဆိုေတာ့ သူတို႕လို တရုတ္အမ်ိဳးအႏြယ္ေတြက ေပးထားတဲ့ကတိကို တန္ဖိုးထားတယ္၊ ကတိျပဳျပီးျပီဆိုရင္ ရႈံးသည္ျဖစ္ေစ၊ ျမတ္သည္ျဖစ္ေစ ကတိအတိုင္းလိုက္နာေဆာင္ရြက္ၾကတာကိုေတြ႕ရတယ္။ (မွတ္ခ်က္။ ။ ကၽြႏ္္ုပ္နဲ႕ၾကံဳခဲ့သမွ် တရုတ္မိတ္ေဆြေတြကို ဆိုလိုတာပါ)အခုေရာင္းသူဘက္က အိမ္ငွါးခ(၅) သိန္းကို ဝယ္သူေတြကိုေပးပါမယ္လို႕ ေျပာထားျပီးကာမွ တကယ္စရန္ေပးစာခ်ဳပ္တဲ့အခါ ေရာင္းသူဘက္ကေတာ့ ကတိပ်က္သြားတာကို သူတို႔အျမင္ အၾကည္လင္ေတာ့ဘူး ျဖစ္သြားတာေပါ့။

ဒါေၾကာင့္ အိမ္ျခံေျမအေရာင္းအဝယ္လုပ္ၾကသူမ်ားအားလံုးေပးထားတဲ့ ကတိတည္ၾကပါေစ။ သစၥာရွိၾကပါေစလို႕ ဆုေတာင္းေမတၱာပို႕သလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service