မွေးစားသားသမီးများထံမှ မရွှေ့မပြောင်းနိုင်သောပစ္စည်းအိမ်ခြံမြေဝယ်ခြင်း
မွေးစားသားသမီးများထံမှ မရွှေ့မပြောင်းနိုင်သောပစ္စည်းအိမ်ခြံမြေဝယ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
19 Oct 2020 11:45 am တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
မွေးစားသားသမီးများထံမှ မရွှေ့မပြောင်းနိုင်သောပစ္စည်းအိမ်ခြံမြေဝယ်ယူရာတွင် ကိတ္တိမသားသမီးဟုတ်/မဟုတ်သည် အရေးကြီးသည့်အချက်ဖြစ်သည်။
ကိတ္တိမသားသမီးများသည် မွေးစားမိဘထံမှ သားရင်းသမီးရင်းကဲ့သို့ တန်းတူအခွင့်အရေးရရှိသဖြင့် မြေအမည်ပေါက် မွေးစားမိဘနှစ်ပါးစလုံး ကွယ်လွန်သွားသည့်အခါ သားရင်းသမီးရင်း မကျန်ရစ်ပါကကိတ္တိမမွေးစားသားသမီးမှ တိုက်ရိုက်အမွေဆက်ခံခွင့်ရရှိမည်ဖြစ်သည်။
မွေးစားမိဘနှစ်ဦးစလုံး ကွယ်လွန်ပြီး ကျန်ရစ်သည့် မွေးစားသမီးမှာ ကိတ္တိမမွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေနှင့်အညီ မွေးစားစာချုပ်ဖြင့် မွေးစားသည့်မွေးစားသမီးဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မြေနှင့် အိမ်အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာတမ်းတစ်ခု ပြုလုပ်ချုပ်ဆိုရပါမည်။
ယင်းပိုင်ဆိုင်ကြောင်း ကြေညာစာတမ်းအရ အဆိုပါမြေနှင့် အိမ်ကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆို၍ ရောင်းချနိုင်မည်ဖြစ်သည်။ ထိုမှ ဝယ်သူအနေဖြင့် ဂရန်အမည်ပေါက်ပြောင်းခြင်းများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပေသည်။
သို့ရာတွင် ကျန်ရစ်သည့် မွေးစားသမီးမှာ ကိတ္တိမမွေးစားသမီးမဟုတ်ပါက အထက်ပါအတိုင်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာတမ်းပြုလုပ်ချုပ်ဆိုခွင့် မရရှိနိုင်ပေ။ကိတ္တိမမွေးစားသားသမီး မဟုတ်ဘဲ ကျန်မွေးစားသားသမီး အမျိုးအစားဖြစ်ပါက မွေးစားမိဘများ၏ ကျန်ရှိသည့် မရွှေ့ မပြောင်းနိုင်သောပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် သက်ဆိုင်ရာတရားရုံး၌ အမွေထိန်းစာလျှောက်ထားရယူရပေသည်။မွေးစားခံရသူမှာ အပတိဌသားသမီးဖြစ်လျှင် တရားရုံး၌ အမွေထိန်းစာလက်မှတ် လျှောက်ထားပြီး ကန့်ကွက်သူမရှိပါက တရားရုံးမှ အမွေထိန်းစာလက်မှတ် ထုတ်ပေးသွားမည်ဖြစ်သည်။
အမွေထိန်းစာလက်မှတ်ရသူသည် ရောင်းချလိုသည့် မြေနှင့်အိမ်ကို ရောင်းချခွင့်ပြုပါရန် (တစ်နည်းအားဖြင့် ထိန်းသိမ်းထားသည့် ပစ္စည်းကို ထုခွဲရောင်းချခွင့်ပြုပါရန်) အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၃၇၀ အရ တရားရုံးသို့ ခွင့်ပြုချက်လျှောက်ထားရပါသည်။တရားရုံး၏ ခွင့်ပြုချက်ရရှိမှသာ အဆိုပါမြေနှင့် အိမ်ကို စာ ချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အရောင်းစာချုပ်ချုပ်ဆိုပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် မွေးစားသားသမီးထံမှ အိမ်ခြံမြေဝယ်ယူမည်ဆိုလျှင် ကျန်ရှိသည့် တစ်ဦးတည်းသော မွေးစားသမီးမှာ ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ပြုထားသည့် ကိတ္တိမမွေးစားသမီးလား၊ အပတိဌမွေးစားသမီးလားဆိုသည့်အချက်ကို သေချာစုံစမ်းရမည်ဖြစ်သည်။
ကိတ္တိမမွေးစားသမီးဖြစ်မှသာပိုင်ဆိုင်မှုကို ၎င်းတစ်ဦး တည်းအမွေဆက်ခံခွင့်ရှိပြီး ၎င်းသဘောတူညီချက်ဖြင့် ရောင်းချနိုင်မည်ဖြစ်ပါသည်။ သို့မှသာတရားဥပဒေနှင့် အညီပိုင်ဆိုင်ရောင်းချခြင်းဖြစ်ကြောင်းဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Mingalar Market
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service