မြေပိုင်ရှင် ကွယ်လွန်သွားသဖြင့် ကျန်ရစ်သူထံမှ ကိုယ်စားလှယ်လွှဲစာရယူ၍ ဝယ်မည်ဆိုလျှင်

မြေပိုင်ရှင် ကွယ်လွန်သွားသဖြင့် ကျန်ရစ်သူထံမှ ကိုယ်စားလှယ်လွှဲစာရယူ၍ ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
18 Oct 2020 2:45 pm တွင် တင်ခဲ့သည်
1413 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

“ဆရာ့ရဲ့ စာမူတွေကို facebook မှာ မကြာမကြာတွေ့ပါတယ်။ ဗဟုသုတရပါတယ် ဆရာ။ တစ်နေ့က …”

“တစ်နေ့က ဘာဖြစ်ခဲ့လဲ” စာရေးသူက လူငယ်လေး၏ စကားကို ဖြတ်၍ မေးလိုက်မိပါသည်။

“ဒီလိုပါ ဆရာ။ ဆရာ့ရဲ့ ဆောင်းပါးအောက်မှာ comment တစ်ခုကို ဖတ်လိုက်ရတယ်”

“ပြောပါဦး စိတ်ဝင်စားစရာ”

“အိမ်မြေပိုင်ရှင်က ကွယ်လွန်သွားပြီ။ ကျန်တဲ့သူဆီက ကိုယ်စားလှယ်လွှဲစာယူထားပြီး ဝယ်လိုက်တာ ဆရာ။ အမည်ပေါက်ရဖို့ ဘယ်လိုဆောင်ရွက်ရမလဲလို့ မေးထားတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ်စား လှယ်လွှဲစာယူပြီး ဝယ်ထားတဲ့ မြေကွက်ရှိလို့ ဆရာ့ဆီလာရောက် ဆွေး နွေးတာပါ”

“မောင်ရင့် ပြောစကားအရဆိုရင်တော့ အိမ် မြေ အမည်ပေါက်ပိုင်ရှင်က ကွယ်လွန်သွားပြီ။ ကျန်ရစ်သူ ဆီက ဝယ်တဲ့သဘောတွေ့ရတယ်။ ကျန်ရစ်တဲ့သူဆိုတာက ကွယ်လွန်သွားသူနဲ့ ဘယ်လိုဆွေမျိုးတော်စပ်ပါသလဲ”

“ဟုတ်တယ် ဆရာ၊ အဲဒီအချက် လိုနေတယ်။ ကျွန်တော် ဝယ်လိုက်တဲ့ မြေကွက်ကတော့ မြေရှင်ရဲ့ သား ဆီက ကိုယ်စားလှယ်စာယူထားတာ ဆရာ”

“ကိုယ်စားလှယ်စာဆိုတာက ကိုယ်စားလှယ်စာပေးသူကိုယ်စား လက်မှတ်ရေးထိုးပိုင်ခွင့်၊ တရားရုံး အပါအဝင် အစိုးရရုံးအသီးသီးမှာ ကိုယ်စားလှယ်လွှဲစာပေးသူ ကိုယ်စားသွားရောက်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ အရေးဆိုပိုင်ခွင့် တွေကို ဆောင်ရွက် ခွင့် ပေးထားတာဖြစ်တယ်”

“ဒါဆိုရင် ကိုယ်စားလှယ်လွှဲစာ ရရုံနဲ့ အဲဒီမြေကွက်ပိုင်ရှင်ဖြစ်မလာနိုင်ဘူးပေါ့”

“ပိုင်ရှင်အဖြစ် လွှဲပြောင်းပေးတာ မဟုတ်ဘူး။ မြေပိုင်ရှင်ရဲ့ ကိုယ်စား ဆောင်ရွက်ခွင့်သာပေးခြင်းဖြစ် တယ်။ ကိုယ်စားလှယ်လွှဲစာပေးရုံနဲ့ မြေပိုင်ရှင်ဖြစ်မလာဘူး”

“ဒါဆိုရင် ကိုယ်စားလှယ်လွှဲစာယူထားတဲ့ ကျွန်တော်က မြေပိုင်ရှင် ဖြစ်မလာဘူးပေါ့”

“မှန်ပါတယ်။ ကိုယ်ကသာမြေ ပိုင်ရှင်ကိုယ်စားလွှဲပြောင်း ရောင်းချပေးပိုင်ခွင့်ရှိသူဖြစ်ပါတယ်။ ဒီနေရာမှာ မြေပိုင်ရှင်ကိုယ်တိုင်က ကိုယ်စားလှယ်လွှဲစာပေးထားတယ်ဆိုရင်တော့ ပြဿနာအထူးမရှိပေမယ့် မြေပိုင်ရှင် ကွယ်လွန်သွားပြီဆိုရင်တော့ ပြဿနာ ရှိနိုင်တယ်”

“အခုကိစ္စက မြေပိုင်ရှင်ရဲ့သားဖြစ်သူက ကျွန်တော့်ကို ကိုယ်စားလှယ်စာပေးထားတာ ဆရာ”

“ရှင်းအောင်ပြောရရင် ဒီနေရာမှာ နှစ်ပိုင်းရှိတယ်။ မြေကွက် အမည်ပေါက်အိမ်မြေပိုင်ရှင်ကိုယ်တိုင်က ဝယ်သူကို ကိုယ်စားလှယ်စာပေးထားခြင်းနဲ့ မြေကွက်ပိုင်ရှင် ကွယ်လွန်ထားတဲ့အတွက် အမွေဆက်ခံသူက ဝယ်သူကို ကိုယ်စားလှယ်လွှဲစာပေးထားခြင်းဖြစ်တယ်”

“မြေပိုင်ရှင်ရဲ့သားဖြစ်သူဆီက ကိုယ်စားလှယ်စာရယူထားတာဆိုတော့ တရားဝင်တယ် မဟုတ်လား ဆရာ”

“ဒီနေရာမှာ မြေကွက်အမည်ပေါက်က ဖခင်ဒါမှမဟုတ် မိခင်အမည်ပေါက်ဖြစ်မယ်ဆိုရင် အမည်ပေါက်မိဘ တစ်ဦးဦး ကွယ်လွန်သွားတော့ ကျန်ရစ်သူဇနီး ဒါမှမဟုတ် ခင်ပွန်းက မြေကွက်ကို အမွေဆက်ခံပိုင် ဆိုင်မှာဖြစ်ပါတယ်။ ကျန်ရစ်သူထံက မြေကွက်ကို ဝယ်ပြီးကိုယ်စားလှယ်လွှဲစာယူထားတာမျိုးလည်း ရှိတယ်။ ကျန်ရစ်သူက မြေကွက်အမည်ပေါက် ပြောင်းထားပြီးဖြစ်ဖို့တော့လိုတယ်။ ဒီအချက်က အရေးကြီးပါတယ်။ တချို့ကြတော့ မိဘနှစ်ဦးလုံး ကွယ်လွန်သွားလို့ သားသမီးဆီက ဝယ်တာမျိုးရှိတယ်”

“ကျွန်တော့် ကိစ္စမျိုးပေါ့ ဆရာ”

“မှန်ပါတယ်။ ဒါပေမယ့် ကျန်ရစ်သူသားသမီးက တစ်ဦးတည်း မွေးဖွားထားတဲ့ သားသမီးဖြစ်ရင်တော့ သူ့ဆီက ကိုယ်စားလှယ်လွှဲစာယူထားရင် အခက်အခဲမရှိပေမယ့် မွေးဖွားထားတဲ့ သားသမီးက နှစ်ဦးနဲ့အထက် ဖြစ်နေရင် တော့ အားလုံးသဘောတူမှ အရောင်းအဝယ်လို့ရမှာ ဖြစ်တယ်”

“တစ်ခုတော့ ရှိတယ် ဆရာ၊ မြေကွက်အမည်ပေါက်က ဖခင်အမည်ပေါက်ပဲ ရှိသေးတယ်။ သားအမည် မပြောင်းရသေးတော့ ကိုယ်စားလှယ်လွှဲစာယူထားတာ အဆင်ပြေပါ့မလား ဆရာ”

“အမှန်တော့ – ကွယ်လွန်သူအမည်ပေါက် မြေကွက်ကို ဝယ်ရင် မိမိအမည်ပေါက်ရဖို့ အဆင့်ဆင့် ဆောင် ရွက်ရမယ့် သတ်မှတ်ချက်တွေရှိတယ်”

“ဟုတ်ကဲ့ ဆရာ။ အဲဒီအချက် လေးတွေ သိပါရစေ”

(၁) အချက်က၊ အရောင်းနဲ့ အမွေဆက်ခံပိုင်ဆိုင်ဖို့ဆိုပြီး မြေပုံ မြေရာဇဝင် (၂) မျိုးကူးယူရပါမယ်။

“ကျွန်တော်က သားထံက ကိုယ်စားလှယ်လွှဲစာယူထားတော့ လျှောက်လို့ရပါသလား။ သားကိုယ်တိုင်က လျှောက်ရမှာလား”

“စရန်ပေးစာချုပ် ချုပ်ဆိုပေးကတည်းက လိုအပ်တဲ့ မြေပုံ မြေရာဇဝင်ကို ရောင်းသူက ကူးယူပေးရမယ်။ လိုအပ်ရင် စာချုပ်စာတမ်းရုံးကို လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ ကတိထည့်ပြီး ချုပ်ဆိုလေ့ရှိတယ်”

“အဲဒီလိုတော့ စာချုပ်မှာ ရေးမထားဘူး။ သူက လုပ်မပေးနိုင်လို့ ကျွန်တော့်ကို ကိုယ်စားလှယ်လွှဲစာ ပေးလိုက်တာ ဖြစ်ပါတယ်”

“ကျန်ရစ်သူဟာ တစ်ဦးတည်းသော သားဖြစ်နေလို့ မောင်ရင်က သူ့ကိုယ်စားအမွေဆက်ခံသူအဖြစ် လျှောက် ထားလို့ ရပါတယ်”

“ဆရာပြောထားသလို ကွယ်လွန်သူမြေအမည်ပေါက်ရဲ့ ဇနီး၊ ဒါမှမဟုတ် ခင်ပွန်းဖြစ်သူထံက ကိုယ်စားလှယ် စာရယူထားရင်လည်း ရတယ်ပေါ့နော်”

“ဒါပေမယ့် ကျန်ရစ်သူ ဇနီးသို့ မဟုတ် ခင်ပွန်းဟာ တစ်ဦးတည်းသော ဇနီးသို့မဟုတ် ခင်ပွန်းဖြစ်ကြောင်း ကျမ်းကျိန်လွှာပြုလုပ်ဖို့တော့ လိုတယ်”

ဟုတ်တယ် ဆရာ၊ တချို့က ဇနီးနှစ်ယောက် သုံးယောက်ရှိတတ်ကြတာကိုး။ အိမ်ထောင်ကြီးချင်းလည်း အိမ်ထောင်ကျတာမျိုးရှိတတ်ပါတယ်။

“ဒါကြောင့် နံပါတ် (၁) အချက်ဖြစ်တဲ့ မြေပုံမြေရာဇဝင်ကူးတဲ့အခါမှာ သားသမီးများဖြစ်ရင် အမွေ ဆက်ခံသားသမီးများဖြစ်ကြောင်း ကျမ်းကျိန်ကတိသစ္စာပြုလွှာနဲ့ အမွေဆက်ခံသူသားသမီးများ ဒါမှမဟုတ် ဇနီး သို့မဟုတ် ခင်ပွန်းဖြစ်ကြောင်း သိရှိသူနှစ်ဦးရဲ့ ကျမ်းကျိန်လွှာကိုပါ ပူးတွဲလျှောက်ထားရမှာဖြစ်ပါတယ်”

“အဲဒီအချက်တွေ ပြည့်စုံမှ မြေ ပုံထုတ်ပေးမှာ မဟုတ်လား ဆရာ”

“မှန်ပါတယ်။ မြေပုံရပြီဆိုရင် နံပါတ် (၂) အချက်အနေနဲ့ အရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရပါတယ်။ မချုပ်ဆိုမီ အခွန်ရုံးမှာ ဝယ်ခွန်ဆောင်ဖို့ လျှောက်ထားပြီး ဝယ်ခွန် အရင်ဆောင်ရပါတယ်”

“မှတ်ပုံတင်စာချုပ် ချုပ်ဆိုရာမှာ ရောင်းသူဝယ်သူအနေနဲ့ ကိုယ်စားလှယ်စာရသူက ဘယ်နေရာမှာ လက်မှတ်ရေးထိုးရပါသလဲ ဆရာ”

“အခုကိစ္စမှာတော့ သားဖြစ်သူ ကိုယ်တိုင်ဆောင်ရွက်ပေးမယ်ဆိုရင် နံပါတ် (၃) အချက်အနေနဲ့ မြေပုံမြေ ရာဇဝင် အခွန်ဆောင်ပြီးကြောင်း စတဲ့ စာရွက်စာတမ်းများနဲ့အတူ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာ စာချုပ်မှာ သားဖြစ်သူကလက်မှတ်ရေးထိုးမယ်။ ပြီးရင် အရောင်းစာချုပ်မှာ ရောင်းသူအဖြစ် အမွေဆက်ခံသူ သားက လက်မှတ်ရေးထိုးပြီး ဝယ်သူအဖြစ် မောင်ရင်က လက်မှတ်ရေးထိုးမှတ်ပုံတင်စာချုပ် ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်တယ်”

“စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ချုပ်ဆိုရမှာပေါ့ ဆရာ”

“မှန်ပါတယ်။ ဒီနေရာမှာ ကိုယ်စားလှယ်စာရသူအနေနဲ့ ရောင်းတဲ့ သားဖြစ်သူကိုယ်စား လက်မှတ်ရေး ထိုးရင်တော့ ဝယ်သူအဖြစ်အခြား တစ်ဦးတစ်ယောက်ကို ထားရမှာဖြစ်တယ်။ ကိုယ်စားလှယ်စာရသူက ဝယ် သူအဖြစ် ဆောင်ရွက်ခွင့်မရပါဘူး”

“ဒါဆိုရင် ကျွန်တော်က သားဖြစ် သူကိုယ်စားလက်မှတ်ထိုးရင် ရောင်းသူဖြစ်သွားပြီး ဝယ်သူမဖြစ်တော့ဘူးပေါ့။ မြေကွက်အမည်ပေါက်လည်း ဝယ်သူအမည်က ပိုင်ရှင်ဖြစ်သွားမှာပေါ့”

“မှန်ပါတယ်။ နံပါတ် (၄) အချက်အနေနဲ့ မှတ်ပုံတင်အရောင်းအ ဝယ်စာချုပ်ချုပ်ပြီးရင်တော့ မြေကွက် ကို ဝယ်သူအမည်ပေါက် ပြောင်းဖို့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီမှာ လျှောက်ရပါမယ်။ ဒါကြောင့် ကိုယ်စားလှယ်လွှဲစာရယူတဲ့အခါမှာ အမှန်တကယ် ဝယ်ယူ အမည်ပေါက်လိုသူက ကိုယ်စားလှယ် လွှဲစာကို အိမ်မြေပိုင်ရှင်ထံက မယူပဲသင့်တော်သူတစ်ဦးတစ်ယောက်က ရယူပါ”လို့ အထူးသတိပေးဆွေးနွေး လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ေျမပိုင္႐ွင္ ကြယ္လြန္သြားသျဖင့္ က်န္ရစ္သူထံမွ ကိုယ္စားလွယ္လႊဲစာရယူ၍ ဝယ္မည္ဆိုလွ်င္

“ဆရာ့ရဲ႕ စာမူေတြကို facebook မွာ မၾကာမၾကာေတြ႕ပါတယ္။ ဗဟုသုတရပါတယ္ ဆရာ။ တစ္ေန႔က …”

“တစ္ေန႔က ဘာျဖစ္ခဲ့လဲ” စာေရးသူက လူငယ္ေလး၏ စကားကို ျဖတ္၍ ေမးလိုက္မိပါသည္။

“ဒီလိုပါ ဆရာ။ ဆရာ့ရဲ႕ ေဆာင္းပါးေအာက္မွာ comment တစ္ခုကို ဖတ္လိုက္ရတယ္”

“ေျပာပါဦး စိတ္ဝင္စားစရာ”

“အိမ္ေျမပိုင္႐ွင္က ကြယ္လြန္သြားၿပီ။ က်န္တဲ့သူဆီက ကိုယ္စားလွယ္လႊဲစာယူထားၿပီး ဝယ္လိုက္တာ ဆရာ။ အမည္ေပါက္ရဖို႔ ဘယ္လိုေဆာင္႐ြက္ရမလဲလို႔ ေမးထားတယ္။ ကြၽန္ေတာ္ ကိုယ္တိုင္လည္း ကိုယ္စား လွယ္လႊဲစာယူၿပီး ဝယ္ထားတဲ့ ေျမကြက္႐ွိလို႔ ဆရာ့ဆီလာေရာက္ ေဆြး ေႏြးတာပါ”

“ေမာင္ရင့္ ေျပာစကားအရဆိုရင္ေတာ့ အိမ္ ေျမ အမည္ေပါက္ပိုင္႐ွင္က ကြယ္လြန္သြားၿပီ။ က်န္ရစ္သူ ဆီက ဝယ္တဲ့သေဘာေတြ႕ရတယ္။ က်န္ရစ္တဲ့သူဆိုတာက ကြယ္လြန္သြားသူနဲ႔ ဘယ္လိုေဆြမ်ိဳးေတာ္စပ္ပါသလဲ”

“ဟုတ္တယ္ ဆရာ၊ အဲဒီအခ်က္ လိုေနတယ္။ ကြၽန္ေတာ္ ဝယ္လိုက္တဲ့ ေျမကြက္ကေတာ့ ေျမ႐ွင္ရဲ႕ သား ဆီက ကိုယ္စားလွယ္စာယူထားတာ ဆရာ”

“ကိုယ္စားလွယ္စာဆိုတာက ကိုယ္စားလွယ္စာေပးသူကိုယ္စား လက္မွတ္ေရးထိုးပိုင္ခြင့္၊ တရား႐ုံး အပါအဝင္ အစိုးရ႐ုံးအသီးသီးမွာ ကိုယ္စားလွယ္လႊဲစာေပးသူ ကိုယ္စားသြားေရာက္ပိုင္ခြင့္၊ ေျပာပိုင္ခြင့္၊ အေရးဆိုပိုင္ခြင့္ ေတြကို ေဆာင္႐ြက္ ခြင့္ ေပးထားတာျဖစ္တယ္”

“ဒါဆိုရင္ ကိုယ္စားလွယ္လႊဲစာ ရ႐ုံနဲ႔ အဲဒီေျမကြက္ပိုင္႐ွင္ျဖစ္မလာႏိုင္ဘူးေပါ့”

“ပိုင္႐ွင္အျဖစ္ လႊဲေျပာင္းေပးတာ မဟုတ္ဘူး။ ေျမပိုင္႐ွင္ရဲ႕ ကိုယ္စား ေဆာင္႐ြက္ခြင့္သာေပးျခင္းျဖစ္ တယ္။ ကိုယ္စားလွယ္လႊဲစာေပး႐ုံနဲ႔ ေျမပိုင္႐ွင္ျဖစ္မလာဘူး”

“ဒါဆိုရင္ ကိုယ္စားလွယ္လႊဲစာယူထားတဲ့ ကြၽန္ေတာ္က ေျမပိုင္႐ွင္ ျဖစ္မလာဘူးေပါ့”

“မွန္ပါတယ္။ ကိုယ္ကသာေျမ ပိုင္႐ွင္ကိုယ္စားလႊဲေျပာင္း ေရာင္းခ်ေပးပိုင္ခြင့္႐ွိသူျဖစ္ပါတယ္။ ဒီေနရာမွာ ေျမပိုင္႐ွင္ကိုယ္တိုင္က ကိုယ္စားလွယ္လႊဲစာေပးထားတယ္ဆိုရင္ေတာ့ ျပႆနာအထူးမ႐ွိေပမယ့္ ေျမပိုင္႐ွင္ ကြယ္လြန္သြားၿပီဆိုရင္ေတာ့ ျပႆနာ ႐ွိႏိုင္တယ္”

“အခုကိစၥက ေျမပိုင္႐ွင္ရဲ႕သားျဖစ္သူက ကြၽန္ေတာ့္ကို ကိုယ္စားလွယ္စာေပးထားတာ ဆရာ”

“႐ွင္းေအာင္ေျပာရရင္ ဒီေနရာမွာ ႏွစ္ပိုင္း႐ွိတယ္။ ေျမကြက္ အမည္ေပါက္အိမ္ေျမပိုင္႐ွင္ကိုယ္တိုင္က ဝယ္သူကို ကိုယ္စားလွယ္စာေပးထားျခင္းနဲ႔ ေျမကြက္ပိုင္႐ွင္ ကြယ္လြန္ထားတဲ့အတြက္ အေမြဆက္ခံသူက ဝယ္သူကို ကိုယ္စားလွယ္လႊဲစာေပးထားျခင္းျဖစ္တယ္”

“ေျမပိုင္႐ွင္ရဲ႕သားျဖစ္သူဆီက ကိုယ္စားလွယ္စာရယူထားတာဆိုေတာ့ တရားဝင္တယ္ မဟုတ္လား ဆရာ”

“ဒီေနရာမွာ ေျမကြက္အမည္ေပါက္က ဖခင္ဒါမွမဟုတ္ မိခင္အမည္ေပါက္ျဖစ္မယ္ဆိုရင္ အမည္ေပါက္မိဘ တစ္ဦးဦး ကြယ္လြန္သြားေတာ့ က်န္ရစ္သူဇနီး ဒါမွမဟုတ္ ခင္ပြန္းက ေျမကြက္ကို အေမြဆက္ခံပိုင္ ဆိုင္မွာျဖစ္ပါတယ္။ က်န္ရစ္သူထံက ေျမကြက္ကို ဝယ္ၿပီးကိုယ္စားလွယ္လႊဲစာယူထားတာမ်ိဳးလည္း ႐ွိတယ္။ က်န္ရစ္သူက ေျမကြက္အမည္ေပါက္ ေျပာင္းထားၿပီးျဖစ္ဖို႔ေတာ့လိုတယ္။ ဒီအခ်က္က အေရးႀကီးပါတယ္။ တခ်ိဳ႕ၾကေတာ့ မိဘႏွစ္ဦးလုံး ကြယ္လြန္သြားလို႔ သားသမီးဆီက ဝယ္တာမ်ိဳး႐ွိတယ္”

“ကြၽန္ေတာ့္ ကိစၥမ်ိဳးေပါ့ ဆရာ”

“မွန္ပါတယ္။ ဒါေပမယ့္ က်န္ရစ္သူသားသမီးက တစ္ဦးတည္း ေမြးဖြားထားတဲ့ သားသမီးျဖစ္ရင္ေတာ့ သူ႕ဆီက ကိုယ္စားလွယ္လႊဲစာယူထားရင္ အခက္အခဲမ႐ွိေပမယ့္ ေမြးဖြားထားတဲ့ သားသမီးက ႏွစ္ဦးနဲ႔အထက္ ျဖစ္ေနရင္ ေတာ့ အားလုံးသေဘာတူမွ အေရာင္းအဝယ္လို႔ရမွာ ျဖစ္တယ္”

“တစ္ခုေတာ့ ႐ွိတယ္ ဆရာ၊ ေျမကြက္အမည္ေပါက္က ဖခင္အမည္ေပါက္ပဲ ႐ွိေသးတယ္။ သားအမည္ မေျပာင္းရေသးေတာ့ ကိုယ္စားလွယ္လႊဲစာယူထားတာ အဆင္ေျပပါ့မလား ဆရာ”

“အမွန္ေတာ့ – ကြယ္လြန္သူအမည္ေပါက္ ေျမကြက္ကို ဝယ္ရင္ မိမိအမည္ေပါက္ရဖို႔ အဆင့္ဆင့္ ေဆာင္ ႐ြက္ရမယ့္ သတ္မွတ္ခ်က္ေတြ႐ွိတယ္”

“ဟုတ္ကဲ့ ဆရာ။ အဲဒီအခ်က္ ေလးေတြ သိပါရေစ”

(၁) အခ်က္က၊ အေရာင္းနဲ႔ အေမြဆက္ခံပိုင္ဆိုင္ဖို႔ဆိုၿပီး ေျမပုံ ေျမရာဇဝင္ (၂) မ်ိဳးကူးယူရပါမယ္။

“ကြၽန္ေတာ္က သားထံက ကိုယ္စားလွယ္လႊဲစာယူထားေတာ့ ေလွ်ာက္လို႔ရပါသလား။ သားကိုယ္တိုင္က ေလွ်ာက္ရမွာလား”

“စရန္ေပးစာခ်ဳပ္ ခ်ဳပ္ဆိုေပးကတည္းက လိုအပ္တဲ့ ေျမပုံ ေျမရာဇဝင္ကို ေရာင္းသူက ကူးယူေပးရမယ္။ လိုအပ္ရင္ စာခ်ဳပ္စာတမ္း႐ုံးကို လိုက္ပါေဆာင္႐ြက္မယ္ဆိုတဲ့ ကတိထည့္ၿပီး ခ်ဳပ္ဆိုေလ့႐ွိတယ္”

“အဲဒီလိုေတာ့ စာခ်ဳပ္မွာ ေရးမထားဘူး။ သူက လုပ္မေပးႏိုင္လို႔ ကြၽန္ေတာ့္ကို ကိုယ္စားလွယ္လႊဲစာ ေပးလိုက္တာ ျဖစ္ပါတယ္”

“က်န္ရစ္သူဟာ တစ္ဦးတည္းေသာ သားျဖစ္ေနလို႔ ေမာင္ရင္က သူ႕ကိုယ္စားအေမြဆက္ခံသူအျဖစ္ ေလွ်ာက္ ထားလို႔ ရပါတယ္”

“ဆရာေျပာထားသလို ကြယ္လြန္သူေျမအမည္ေပါက္ရဲ႕ ဇနီး၊ ဒါမွမဟုတ္ ခင္ပြန္းျဖစ္သူထံက ကိုယ္စားလွယ္ စာရယူထားရင္လည္း ရတယ္ေပါ့ေနာ္”

“ဒါေပမယ့္ က်န္ရစ္သူ ဇနီးသို႔ မဟုတ္ ခင္ပြန္းဟာ တစ္ဦးတည္းေသာ ဇနီးသို႔မဟုတ္ ခင္ပြန္းျဖစ္ေၾကာင္း က်မ္းက်ိန္လႊာျပဳလုပ္ဖို႔ေတာ့ လိုတယ္”

ဟုတ္တယ္ ဆရာ၊ တခ်ိဳ႕က ဇနီးႏွစ္ေယာက္ သုံးေယာက္႐ွိတတ္ၾကတာကိုး။ အိမ္ေထာင္ႀကီးခ်င္းလည္း အိမ္ေထာင္က်တာမ်ိဳး႐ွိတတ္ပါတယ္။

“ဒါေၾကာင့္ နံပါတ္ (၁) အခ်က္ျဖစ္တဲ့ ေျမပုံေျမရာဇဝင္ကူးတဲ့အခါမွာ သားသမီးမ်ားျဖစ္ရင္ အေမြ ဆက္ခံသားသမီးမ်ားျဖစ္ေၾကာင္း က်မ္းက်ိန္ကတိသစၥာျပဳလႊာနဲ႔ အေမြဆက္ခံသူသားသမီးမ်ား ဒါမွမဟုတ္ ဇနီး သို႔မဟုတ္ ခင္ပြန္းျဖစ္ေၾကာင္း သိ႐ွိသူႏွစ္ဦးရဲ႕ က်မ္းက်ိန္လႊာကိုပါ ပူးတြဲေလွ်ာက္ထားရမွာျဖစ္ပါတယ္”

“အဲဒီအခ်က္ေတြ ျပည့္စုံမွ ေျမ ပုံထုတ္ေပးမွာ မဟုတ္လား ဆရာ”

“မွန္ပါတယ္။ ေျမပုံရၿပီဆိုရင္ နံပါတ္ (၂) အခ်က္အေနနဲ႔ အေရာင္း အဝယ္မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုရပါတယ္။ မခ်ဳပ္ဆိုမီ အခြန္႐ုံးမွာ ဝယ္ခြန္ေဆာင္ဖို႔ ေလွ်ာက္ထားၿပီး ဝယ္ခြန္ အရင္ေဆာင္ရပါတယ္”

“မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုရာမွာ ေရာင္းသူဝယ္သူအေနနဲ႔ ကိုယ္စားလွယ္စာရသူက ဘယ္ေနရာမွာ လက္မွတ္ေရးထိုးရပါသလဲ ဆရာ”

“အခုကိစၥမွာေတာ့ သားျဖစ္သူ ကိုယ္တိုင္ေဆာင္႐ြက္ေပးမယ္ဆိုရင္ နံပါတ္ (၃) အခ်က္အေနနဲ႔ ေျမပုံေျမ ရာဇဝင္ အခြန္ေဆာင္ၿပီးေၾကာင္း စတဲ့ စာ႐ြက္စာတမ္းမ်ားနဲ႔အတူ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကညာ စာခ်ဳပ္မွာ သားျဖစ္သူကလက္မွတ္ေရးထိုးမယ္။ ၿပီးရင္ အေရာင္းစာခ်ဳပ္မွာ ေရာင္းသူအျဖစ္ အေမြဆက္ခံသူ သားက လက္မွတ္ေရးထိုးၿပီး ဝယ္သူအျဖစ္ ေမာင္ရင္က လက္မွတ္ေရးထိုးမွတ္ပုံတင္စာခ်ဳပ္ ျပဳလုပ္ခ်ဳပ္ဆိုရမွာ ျဖစ္တယ္”

“စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ ခ်ဳပ္ဆိုရမွာေပါ့ ဆရာ”

“မွန္ပါတယ္။ ဒီေနရာမွာ ကိုယ္စားလွယ္စာရသူအေနနဲ႔ ေရာင္းတဲ့ သားျဖစ္သူကိုယ္စား လက္မွတ္ေရး ထိုးရင္ေတာ့ ဝယ္သူအျဖစ္အျခား တစ္ဦးတစ္ေယာက္ကို ထားရမွာျဖစ္တယ္။ ကိုယ္စားလွယ္စာရသူက ဝယ္ သူအျဖစ္ ေဆာင္႐ြက္ခြင့္မရပါဘူး”

“ဒါဆိုရင္ ကြၽန္ေတာ္က သားျဖစ္ သူကိုယ္စားလက္မွတ္ထိုးရင္ ေရာင္းသူျဖစ္သြားၿပီး ဝယ္သူမျဖစ္ေတာ့ဘူးေပါ့။ ေျမကြက္အမည္ေပါက္လည္း ဝယ္သူအမည္က ပိုင္႐ွင္ျဖစ္သြားမွာေပါ့”

“မွန္ပါတယ္။ နံပါတ္ (၄) အခ်က္အေနနဲ႔ မွတ္ပုံတင္အေရာင္းအ ဝယ္စာခ်ဳပ္ခ်ဳပ္ၿပီးရင္ေတာ့ ေျမကြက္ ကို ဝယ္သူအမည္ေပါက္ ေျပာင္းဖို႔ သက္ဆိုင္ရာ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွာ ေလွ်ာက္ရပါမယ္။ ဒါေၾကာင့္ ကိုယ္စားလွယ္လႊဲစာရယူတဲ့အခါမွာ အမွန္တကယ္ ဝယ္ယူ အမည္ေပါက္လိုသူက ကိုယ္စားလွယ္ လႊဲစာကို အိမ္ေျမပိုင္႐ွင္ထံက မယူပဲသင့္ေတာ္သူတစ္ဦးတစ္ေယာက္က ရယူပါ”လို႔ အထူးသတိေပးေဆြးေႏြး လိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service