အိမ်ရာချေးငွေဖြင့် ဝယ်ယူထားသောကွန်ဒို၊ တိုက်ခန်းများကိုအရစ်ကျငွေပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် မည်သို့ဆောင်ရွက်သနည်း။အိမ်ရာချေးငွေယူမည်ဆိုလျှင် ဘာတွေအရေးကြီးလဲ။
အိမ်ရာချေးငွေဖြင့် ဝယ်ယူထားသောကွန်ဒို၊ တိုက်ခန်းများကိုအရစ်ကျငွေပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် မည်သို့ဆောင်ရွက်သနည်း။အိမ်ရာချေးငွေယူမည်ဆိုလျှင် ဘာတွေအရေးကြီးလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
18 Oct 2020 11:36 am တွင် တင်ခဲ့သည်
537 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ပြောင်းလဲလာသည့်ခေတ်နှင့်အတူကွန်ဒို၊ တိုက်ခန်းဝယ်ယူသည့် နည်းလမ်းသစ်များလည်းပေါ်ပေါက်လာပါတယ်။ ထို့အထဲမှ နည်းလမ်းတစ်ခုကဘဏ်များ၊ ငွေရေးကြေးရေးကုမ္ပဏီများမှ ချေးငွေရယူပြီးကွန်ဒို၊ တိုက်ခန်းဝယ်ယူခြင်းသည် အများအပြားဆောင်ရွက်လာကြတာကိုတွေ့ရပါတယ်။
ထိုသို့ချေးငွေလျှောက်ထားသောအခါ ချေးယူသူ (ခေါ်) ဝယ်ယူသူ၏ လစဉ်ဝင်ငွေရလမ်းပေါ်မူတည်ပြီးဝယ်ယူမည့်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကိုပေးသွင်းစေကာကျန်ရှိသော ၇၀ ရာခိုင်နှုန်းကိုထုတ်ချေးပေးပါသည်။
ချေးငွေသက်တမ်းကိုအများဆုံး ၁၅နှစ်အထိပေးကြပြီးအချို့ကတော့ ၂၅ နှစ်အထိပေးတာလည်းရှိပါသည်။ ချေးငွေသက်တမ်းကြာရင်ကြာသလိုအတိုးနှုန်းများသွားမှာဖြစ်ပါသည်။
ချေးယူသည့်ငွေကိုငွေရင်းအဖြစ်သတ်မှတ်ပြီးချေးယူသူကလစဉ်ငွေရင်းနှင့် အတိုးကိုပေးသွင်းရမှာ ဖြစ်ပါသည်။ လစဉ်ပြန်လည်ပေးဆပ်ခြင်းနောက်ကျလျှင် နောက်ကျကြေးပေးဆောင်ရပါသည်။
တစ်ချို့ချေးငွေထုတ်ပေးသူတွေက ပြန်လည်ပေးဆပ်ခြင်းပျက်ကွက်ခြင်းအတွက် ပျက်ကွက်ကြေးထပ်မံကောက်ခံတာရှိပါတယ်။ ချေးငွေရယူခြင်းမပြုမီသေချာမေးမြန်းရန်လိုအပ်ပါသည်။
ထိုသို့ချေးယူသည့်အခါ ဝယ်ယူသည့်ပစ္စည်းကိုအာမခံအဖြစ်အသုံးပြုရပါသည်။ ဝယ်ယူသည့်ပစ္စည်း၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းကိုချေးငွေထုတ်ပေးသူကအာမခံအဖြစ်သိမ်းဆည်းထားပါသည်။
ချေးငွေပြန်မဆပ်နိုင်သည့်အခါဆိုလျှင် အာမခံပစ္စည်းကိုဘဏ်ကသိမ်းယူပါသည်။ ထိုသို့သိမ်းယူကာ ပြန်လည်ရောင်းချ၍ချေးယူထားသည့်ငွေကိုခုနှိမ်ခြင်းပြုပြီးပိုငွေကိုချေးယူသူသို့ပြန်ပေးခြင်းဆောင်ရွက်ပါသည်။
ချေးငွေရယူစဉ်ချုပ်ဆိုသည့် စာချုပ်အရလစဉ်ပေးဆပ်ခြင်းကိုဘယ်နှစ်လထက်ပို၍ပျက်ကွက်ခွင့် မရှိဘူးဆိုသည့် သတ်မှတ်ချက်ပါရှိပါသည်။ ထို့သို့သိမ်းယူခြင်းအဆင့်မရောက်ခင်မှာချေးငွေထုတ်ပေးသူကချေးငွေယူသူသို့ဆက်သွယ်ပြီးမဖြစ်မနေပေးသွင်းရမည့်ငွေကိုပေးသွင်းစေခြင်း၊ အတိုးငွေကိုပေးသွင်းစေခြင်း၊ ချေးငွေပြန်လည်ပေးဆပ်နိုင်သည့်ကာလညှိနှ်ိုင်းသတ်မှတ်ခြင်းများဆောင်ရွက်လို့ရပါသည်။
ထိုသို့ပျက်ကွက်ခြင်းအတွက် ကတိဝန်ခံချက်ပေးရပါတယ် နောက်ထပ်ပျက်ကွက်ခြင်းမရှိစေရန်အတွက်ပါ။ နောက်ထပ်ပျက်ကွက်ခြင်းဖြစ်ပေါ်သည့်အခါတွင် သိမ်းယူသည့်အဆင့်သို့ရောက်သွားနိုင်ပါတယ်။
ယခု နိုင်ငံတစ်ဝှမ်းCovid 19 ဖြစ်ပွားနေသည့်ကာလတွင် မိမိချေးယူထားသည့် ဘဏ်၊ ငွေရေးကြေးရေးကုမ္ပဏီများနှင့်ညှိနှိုင်းပြီးချေးငွေပြန်ဆပ်ရန်ကာလကိုဆိုင်းငံ့ပေးရန်နှင့် ပြန်လည်ပေးဆပ်နိုင်သည့် ကာလညှိနှိုင်းသတ်မှတ်ခြင်းများဆောင်ရွက်လို့ရပါသည်။ ချေးငွေပြန်မဆပ်နိုင်သည့်အခါ အကျိုးအကြောင်းကိုသက်ဆိုင်ရာတာဝန်ခံအရာရှိဖြင့် သွားရောက်ညှိနှိုင်းဖို့ အရေးကြီးပါသည်။
ထို့ကြောင့် အိမ်ရာချေးငွေဖြင့် ဝယ်ယူမည်ဆိုလျှင် ချေးငွေရရေးတစ်ခုတည်းကိုသာဦးတည်လို့မရပါဘူး။ ချေးငွေတိုင်းသည် အန္တရာယ်ရှိပါသည်။ ထိုအန္တရာယ်မဖြစ်ပေါ်စေရန် သတိထားဆောင်ရွက်ရန်လိုပါသည်။ အထူးသတိပြုရမှာအချက်များကကောက်ခံသည့်နောက်ကျကြေးနှုန်းထား၊ ပျက်ကွက်ကြေးထပ်မံကောက်ခံခြင်းရှိ/မရှိ၊ ပျက်ကွက်ကြေးနှုန်းထား၊ ဘယ်နှစ်လအထိပျက်ကွက်ခွင့်ရှိသလဲ၊ မလွှဲမရှောင်နိုင်သောသဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဆိုင်းငံ့ခွင့်၊ ချေးငွေပြန်မဆပ်နိုင်လျှင် ပြန်လည်သိမ်းယူသည့်လုပ်ငန်းစဉ်အဆင့်ဆင့်သည် အရေးကြီးသောအချက်များဖြစ်ပြီးအိမ်ရာချေးငွေရယူခြင်းစာချုပ်မချုပ်မီသေချာလေ့လာရန်လိုအပ်သလိုစာချုပ်တစ်ခုလုံးကိုလည်းသေသေချာချာဖတ်ရှုပြီးမှသာသဘောတူလက်မှတ် ထိုးသင့်ပါသည် ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service