တိုက်ခန်း၊ ကွန်ဒို ဝယ်ယူသည့်အခါ အခွန်ပေးဆောင်ရန် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့အား တင်ပြရာတွင် လိုအပ်သည့်အချက်များ

တိုက်ခန်း၊ ကွန်ဒို ဝယ်ယူသည့်အခါ အခွန်ပေးဆောင်ရန် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့အား တင်ပြရာတွင် လိုအပ်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
17 Oct 2020 12:49 pm တွင် တင်ခဲ့သည်
3768 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

တိုက်ခန်း၊ ကွန်ဒို ဝယ်ယူ/ရောင်းချသူများမှ အခွန်ပေးဆောင်ရန်အလို့ငှာ ပြည်တွင်းအခွန်ဦးစီးဌာန၊ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ထံတွင် မိမိတို့ဝယ်ယူမည့် တည်နေရာရှိ မြေပေါ်တည်ဆောက်ထားသော လူနေတိုက်ခန်း၊ ကွန်ဒို သတ်မှတ်စံနှုန်းများအပေါ် တိုက်ခန်းဧရိယာအလိုက် ဝယ်ယူ/ရောင်းချသူများမှ အခွန်စည်းကြပ်ပေးဆောင်ရပါမည်။ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ကို တင်ပြရာတွင်လိုအပ်သည့်အချက်များကို သိရှိနိုင်ပါရန် အောက်ပါအတိုင်းဖော်ပြထားပါသည်။

(က) အရောင်းအဝယ်စာချုပ်စာတမ်းမူရင်း+မိတ္တူ တင်ပြရပါမည်။ စာချုပ်တွင်-

(၁) ရောင်းသူ/ဝယ်သူ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ လက်မှတ်ပါရှိရပါမည်။

(၂) ရောင်းခြင်း/ဝယ်ခြင်းပြုလုပ်သည့် တည်နေရာ၊ ပစ္စည်းစာရင်းပါရှိရပါမည်။

(၃) သက်သေများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ လက်မှတ်ပါရှိရပါမည်။

(၄) ရောင်းသူ/ဝယ်သူတို့အရောင်းအဝယ်ဆောင်ရွက်ထားသောစာချုပ်သည် ရောင်းချသည့်ပစ္စည်း ၏တန်ဖိုးနှင့် ညီညွတ်သည့် တံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်သည့် အခွန်တံဆိပ်ခေါင်း(သို့) စာချုပ်အင်္ဂါရပ်နှင့်ညီညွတ်သော အခွန်တံဆိပ်ခေါင်း ပေါ်တွင် ရေးသားချုပ်ဆိုသော စာချုပ်ပါရှိရပါမည်။

(ခ) ရောင်းခြင်း/ဝယ်ခြင်းပြုလုပ်သည့် တိုက်ခန်း/ကွန်ဒို၏ ဓာတ်ပုံ (ရှေ့/ဘယ်/ညာ) ၁စုံတင်ပြရပါမည်။

(ဂ) မှတ်ပုံတင်/အိမ်ထောင်စုလူဦးရေစာရင်း (မူရင်း+မိတ္တူ) တင်ပြရပါမည်။

(ဃ) လျှောက်ထားသူသည် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ လာရောက်ရပါမည်။

(င) တင်ပြပါ အဆောက်အဦး၏ ဓာတ်ပုံသည် ကာယကံရှင် အမှန်တကယ်ရောင်းခြင်း၊ ဝယ်ခြင်းအတွက် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး၏ စိစစ်သတ်မှတ်ရေးအဖွဲ့ရုံးသို့ မှန်ကန်စွာတင်ပြခြင်း ဖြစ်ကြောင်း ခံဝန်ချက် လက်မှတ်ရေးထိုးရပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တိုက္ခန္း၊ ကြန္ဒို ဝယ္ယူသည့္အခါ အခြန္ေပးေဆာင္ရန္ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕အား တင္ျပရာတြင္ လိုအပ္သည့္အခ်က္မ်ား

တိုက္ခန္း၊ ကြန္ဒို ဝယ္ယူ/ေရာင္းခ်သူမ်ားမွ အခြန္ေပးေဆာင္ရန္အလို႔ငွာ ျပည္တြင္းအခြန္ဦးစီးဌာန၊ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕ထံတြင္ မိမိတို႔ဝယ္ယူမည့္ တည္ေနရာရွိ ေျမေပၚတည္ေဆာက္ထားေသာ လူေနတိုက္ခန္း၊ ကြန္ဒို သတ္မွတ္စံႏႈန္းမ်ားအေပၚ တိုက္ခန္းဧရိယာအလိုက္ ဝယ္ယူ/ေရာင္းခ်သူမ်ားမွ အခြန္စည္းၾကပ္ေပးေဆာင္ရပါမည္။ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕ကို တင္ျပရာတြင္လိုအပ္သည့္အခ်က္မ်ားကို သိရွိႏိုင္ပါရန္ ေအာက္ပါအတိုင္းေဖာ္ျပထားပါသည္။

(က) အေရာင္းအဝယ္စာခ်ဳပ္စာတမ္းမူရင္း+မိတၱဴ တင္ျပရပါမည္။ စာခ်ဳပ္တြင္-

(၁) ေရာင္းသူ/ဝယ္သူ အမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာ၊ လက္မွတ္ပါရွိရပါမည္။

(၂) ေရာင္းျခင္း/ဝယ္ျခင္းျပဳလုပ္သည့္ တည္ေနရာ၊ ပစၥည္းစာရင္းပါရွိရပါမည္။

(၃) သက္ေသမ်ား၏ အမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာ၊ လက္မွတ္ပါရွိရပါမည္။

(၄) ေရာင္းသူ/ဝယ္သူတို႔အေရာင္းအဝယ္ေဆာင္႐ြက္ထားေသာစာခ်ဳပ္သည္ ေရာင္းခ်သည့္ပစၥည္း ၏တန္ဖိုးႏွင့္ ညီၫြတ္သည့္ တံဆိပ္ေခါင္းခြန္ ဥပေဒအရ သတ္မွတ္သည့္ အခြန္တံဆိပ္ေခါင္း(သို႔) စာခ်ဳပ္အဂၤါရပ္ႏွင့္ညီၫြတ္ေသာ အခြန္တံဆိပ္ေခါင္း ေပၚတြင္ ေရးသားခ်ဳပ္ဆိုေသာ စာခ်ဳပ္ပါရွိရပါမည္။

(ခ) ေရာင္းျခင္း/ဝယ္ျခင္းျပဳလုပ္သည့္ တိုက္ခန္း/ကြန္ဒို၏ ဓာတ္ပုံ (ေရွ႕/ဘယ္/ညာ) ၁စုံတင္ျပရပါမည္။

(ဂ) မွတ္ပုံတင္/အိမ္ေထာင္စုလူဦးေရစာရင္း (မူရင္း+မိတၱဴ) တင္ျပရပါမည္။

(ဃ) ေလွ်ာက္ထားသူသည္ ကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွယ္လႊဲစာျဖင့္ျဖစ္ေစ လာေရာက္ရပါမည္။

(င) တင္ျပပါ အေဆာက္အဦး၏ ဓာတ္ပုံသည္ ကာယကံရွင္ အမွန္တကယ္ေရာင္းျခင္း၊ ဝယ္ျခင္းအတြက္ ရန္ကုန္တိုင္းေဒသႀကီး ကာလတန္ဖိုး၏ စိစစ္သတ္မွတ္ေရးအဖြဲ႕႐ုံးသို႔ မွန္ကန္စြာတင္ျပျခင္း ျဖစ္ေၾကာင္း ခံဝန္ခ်က္ လက္မွတ္ေရးထိုးရပါမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service