မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်သည့် အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင်အရောင်းအဝယ်စာချုပ်တွင် အဓိကအရေးကြီးသည့်အချက်များ။

မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်သည့် အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင်အရောင်းအဝယ်စာချုပ်တွင် အဓိကအရေးကြီးသည့်အချက်များ။ - Property Knowledge in Myanmar from iMyanmarHouse.com
16 Oct 2020 12:39 pm တွင် တင်ခဲ့သည်
1009 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်သည့် အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင်အရောင်းအဝယ်စာချုပ်တွင် အဓိကအရေးကြီးသည့်အချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ ‌ရောင်းသူနှင့်ဝယ်သူတို့သည် အသက်(၁၈)နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသားများ ဖြစ်ရပါမည်။

၂။ ‌ရောင်းသူနှင့် ဝယ်သူတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးရေးကဒ်ပြားအမှတ်နှင့် လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။

၃။ ‌ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်းခံရပါမည်။ လျော့ပြသည့်အခွန်တန်ဖိုး၏ (၁၀)ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာရှိပါသည်။

၄။ ‌ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းအတာတို့ကို ဖော်ပြရ ပါမည်။ မြေငှားဂရန်၌ ဖော်ပြပါရှိသည့်အတိုင်းဖြစ်ရပါမည်။

၅။ ‌ရောင်းသူကရောင်းဖိုးငွေအပြေအကျေရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း လွှဲပြောင်းရောင်းချသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့် အိမ်နှင့်မြေ (သို့မဟုတ်) မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

၆။ အသက်(၁၈)နှစ်ပြည့်ပြီးသည့် သက်သေ(၂)ဦး၏ အမည်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ်နှင့် လိပ်စာတို့ကို ပြည့်ပြည့်စုံစုံဖော်ပြရပါမည်။

၇။ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ (၁)နှစ်အတွင်းထုတ်ပေးထားသည့် မြေပုံ/မြေရာဇဝင် ကိုပူးတွဲဖော်ပြရမည်။

၈။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုသည့် အိမ်ခြံမြေ (သို့မဟုတ်) မြေကွက်နှင့်ပတ်သတ်၍ မြို့နယ်အခွန်ရုံး၌ပေးသွင်းထားသည့် အခွန်ပြေစာမူရင်း။

၉။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည်။

၁၀။ ကိုယ်စားလှယ်အဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှားရှိကြောင်း ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ(၂) ဦးပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်လွှဲစာ မူရင်းကို တင်ပြရပါမည်။ ၁၁။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

၁၂။ အမည်ပေါက်ပိုင်ဆိုင်သူ (သို့မဟုတ်) အမည်ပေါက်ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း (သို့မဟုတ်) စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်းလက်မှတ်စာအပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့ မပြောင်းနိုင်သည့် အိမ်၊မြေ သို့ဟုတ် မြေကို ရောင်းချခွင့်ပြုသည့် အမိန်တို့ကို တင်ပြနိုင်ရပါမည်။

၁၃။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းအရ ရောင်းချခြင်းဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးရပါမည်။

၁၄။ အမွေထိန်းစာအရ ရောင်းချခြင်းဖြစ်ပါက အမွေထိန်းစာလက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက် မှတ်ရေးထိုးရပါမည်။ ထိုသို့ ရောင်းချခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်ပါရှိရပါမည်။

၁၅။ အရွယ်မရောက်သူကိုယ်စား တရားရုံးကခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချရန် တရားရုံး၏ခွင့်ပြုမိန့်ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းချနိုင်ပါသည်။

၁၆။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့်စပ်လျဉ်း၍ အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန် ကျမ်းကျိန်ဆိုမှုအတွက် တာဝန်ရှိသည့်အပြင် ထိုသို့ အမွေဆိုင်အချို့ကို ချန်လှန်၍ လျှောက်ထားရရှိသော ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆိုင်ရာကသိရှိလျှင် သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်က ကန့်ကွက်လာလျှင်သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္းမ်ားျဖစ္သည့္ အိမ္ႏွင့္ေျမ (သို႔မဟုတ္) ေျမကြက္လႊဲေျပာင္းေရာင္းခ်ရာတြင္ ေရးသားခ်ဳပ္ဆိုေသာ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္တြင္ အဓိကအေရးႀကီးသည့္အခ်က္မ်ား။

မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္းမ်ားျဖစ္သည့္ အိမ္ႏွင့္ေျမ (သို႔မဟုတ္) ေျမကြက္လႊဲေျပာင္းေရာင္းခ်ရာတြင္ ေရးသားခ်ဳပ္ဆိုေသာ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္တြင္ အဓိကအေရးႀကီးသည့္အခ်က္မ်ားမွာေအာက္ပါအတုိင္းျဖစ္သည္။

၁။ ‌ေရာင္းသူႏွင့္ဝယ္သူတို႔သည္ အသက္(၁၈)ႏွစ္ျပည့္ၿပီးသည့္ ျမန္မာႏိုင္ငံသားမ်ား ျဖစ္ရပါမည္။

၂။ ‌ေရာင္းသူႏွင့္ ဝယ္သူတို႔၏ အမည္၊ ႏိုင္ငံသားစိစစ္ေရးေရးကဒ္ျပားအမွတ္ႏွင့္ လိပ္စာတို႔ကို ျပည့္ျပည့္စုံစုံ ေဖာ္ျပရပါမည္။

၃။ ‌ေရာင္းခ်သည့္တန္ဖိုးကို မွန္မွန္ကန္ကန္ေဖာ္ျပရပါမည္။အကယ္၍တန္ဖိုးေလ်ာ့ျပပါက အခြန္လိမ္လည္မႈအရ အေရးယူျခင္းခံရပါမည္။ ေလ်ာ့ျပသည့္အခြန္တန္ဖိုး၏ (၁၀)ဆကို ဒဏ္ေငြအျဖစ္ ခံရႏိုင္ဖြယ္ရာ႐ွိပါသည္။

၄။ ‌ေရာင္းခ်သည့္ ေျမကြက္၏ ဦးပိုင္အမွတ္ႏွင့္ အလားေလးရပ္၊ ေျမဧရိယာအတိုင္းအတာတို႔ကို ေဖာ္ျပရ ပါမည္။ ေျမငွားဂရန္၌ ေဖာ္ျပပါ႐ွိသည့္အတိုင္းျဖစ္ရပါမည္။

၅။ ‌ေရာင္းသူကေရာင္းဖိုးေငြအေျပအေက်ရ႐ွိၿပီးေၾကာင္းႏွင့္ ဝယ္သူကလည္း လႊဲေျပာင္းေရာင္းခ်သည့္ မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္းျဖစ္သည့္ အိမ္ႏွင့္ေျမ (သို႔မဟုတ္) ေျမကို လက္ဝယ္ရ႐ွိၿပီးေၾကာင္း ေဖာ္ျပပါ႐ွိရပါသည္။

၆။ အသက္(၁၈)ႏွစ္ျပည့္ၿပီးသည့္ သက္ေသ(၂)ဦး၏ အမည္၊ ႏိုင္ငံသားစီစစ္ေရးကဒ္ျပားအမွတ္ႏွင့္ လိပ္စာတို႔ကို ျပည့္ျပည့္စံုစံုေဖာ္ျပရပါမည္။

၇။ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာနမွ (၁)ႏွစ္အတြင္းထုတ္ေပးထားသည့္ ေျမပံု/ေျမရာဇဝင္ ကိုပူးတြဲေဖာ္ျပရမည္။

၈။ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုသည့္ အိမ္ျခံေျမ (သို႔မဟုတ္) ေျမကြက္ႏွင့္ပတ္သတ္၍ ၿမိဳ႕နယ္အခြန္ရံုး၌ေပးသြင္းထားသည့္ အခြန္ေျပစာမူရင္း။

၉။ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္အတြက္ က်သင့္ေသာ တံဆိပ္ေခါင္းခြန္ကို ဝယ္သူက ထမ္းေဆာင္ ထားရပါမည္။

၁၀။ ကိုယ္စားလွယ္အျဖင့္ ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္းျဖစ္ပါက စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး၌ ျပဳလုပ္ထားေသာ ကိုယ္စားလွယ္ျဖစ္ရမည့္အျပင္ ကိုယ္စားလွယ္စာေပးသူ အသက္ထင္႐ွား႐ွိေၾကာင္း ကိုယ္စားလွယ္စာရ႐ွိသူက တရား႐ုံးေတာ္တြင္ သက္ေသ(၂) ဦးပါဝင္၍ ျပဳလုပ္ေသာ က်မ္းက်ိန္ဆိုခ်က္ႏွင့္အတူ ကိုယ္စားလွယ္လႊဲစာ မူရင္းကို တင္ျပရပါမည္။ ၁၁။ ေရာင္းခ်သူ သို႔မဟုတ္ ဝယ္ယူသူသည္ ႏိုင္ငံျခားသို႔ ေရာက္႐ွိေနသူျဖစ္ပါက ႏိုင္ငံျခား႐ွိ ျမန္မာသံ႐ုံးတြင္ တရားဝင္ျပဳလုပ္ထားေသာ ကိုယ္စားလွယ္လႊဲစာမူရင္းကို ပူးတြဲတင္ျပရပါမည္။

၁၂။ အမည္ေပါက္ပိုင္ဆိုင္သူ (သို႔မဟုတ္) အမည္ေပါက္ပိုင္ဆိုင္သူ ကြယ္လြန္သြားပါက အေမြဆိုင္မ်ားက စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး၌ ျပဳလုပ္ထားေသာ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္း (သို႔မဟုတ္) စီရင္ပိုင္ခြင့္႐ွိေသာ တရား႐ုံးက ထုတ္ေပးထားေသာ အေမြထိန္းလက္မွတ္စာအျပင္ တရား႐ုံးက အေမြထိန္းစာပါ မေ႐ႊ႕ မေျပာင္းႏိုင္သည့္ အိမ္၊ေျမ သို႔ဟုတ္ ေျမကို ေရာင္းခ်ခြင့္ျပဳသည့္ အမိန္တို႔ကို တင္ျပႏိုင္ရပါမည္။

၁၃။ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာစာတမ္းအရ ေရာင္းခ်ျခင္းျဖစ္ပါက အေမြဆိုင္အားလုံးက ေရာင္းသူ အေနျဖင့္ ပါဝင္လက္မွတ္ေရးထိုးရပါမည္။

၁၄။ အေမြထိန္းစာအရ ေရာင္းခ်ျခင္းျဖစ္ပါက အေမြထိန္းစာလက္မွတ္ရ႐ွိသူက ေရာင္းခ်သူအေနျဖင့္ လက္ မွတ္ေရးထိုးရပါမည္။ ထိုသို႔ ေရာင္းခ်ျခင္းအတြက္ တရား႐ုံး၏ ခြင့္ျပဳခ်က္ပါ႐ွိရပါမည္။

၁၅။ အ႐ြယ္မေရာက္သူကိုယ္စား တရား႐ုံးကခန္႔ထားသည့္ အုပ္ထိန္းသူက မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို ေရာင္းခ်ရန္ တရား႐ုံး၏ခြင့္ျပဳမိန္႔ရ႐ွိပါက အ႐ြယ္မေရာက္သူပိုင္ ေ႐ႊ႕ေျပာင္းႏိုင္သည့္ပစၥည္းႏွင့္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ေရာင္းခ်ႏိုင္ပါသည္။

၁၆။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာစာတမ္း ေလွ်ာက္ထားရာ၌ အေမြ ပိုင္ဆိုင္ေၾကာင္း၊ အေမြဆိုင္အားလုံးပါဝင္ေၾကာင္းႏွင့္စပ္လ်ဥ္း၍ အေမြပိုင္ဆိုင္သူအခ်ိဳ႕ကို ခ်န္လွပ္၍ က်မ္းက်ိန္ဆိုျခင္းျပဳပါက မမွန္မကန္ က်မ္းက်ိန္ဆိုမႈအတြက္ တာဝန္႐ွိသည့္အျပင္ ထိုသို႔ အေမြဆိုင္အခ်ိဳ႕ကို ခ်န္လွန္၍ ေလွ်ာက္ထားရ႐ွိေသာ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္းမွာလည္း သက္ဆိုင္ရာကသိ႐ွိလွ်င္ ေသာ္လည္းေကာင္း၊ တစ္ဦးတစ္ေယာက္က ကန္႔ကြက္လာလွ်င္ေသာ္လည္းေကာင္း၊ မွတ္ပုံတင္ထားၿပီးေသာ စာခ်ဳပ္ပယ္ဖ်က္ျခင္း ခံရမည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service