မိဘပိုင် အိမ်ခြံမြေစသည့်အမွေပစ္စည်းများမှကနိဋ္ဌ သားသမီး၏ အမွေဆက်ခံခွင့်နှင့် အမွေတောင်းဆိုခွင့်

မိဘပိုင် အိမ်ခြံမြေစသည့်အမွေပစ္စည်းများမှကနိဋ္ဌ သားသမီး၏ အမွေဆက်ခံခွင့်နှင့် အမွေတောင်းဆိုခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
16 Oct 2020 12:18 pm တွင် တင်ခဲ့သည်
2688 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကနိဋ္ဌဆိုသည့် ပါဋ္ဌိဘာသာစကားမှာ ကနိသျှထဆိုသည့် သက္ကဋဘာသာစကားမှ ဆင်းသက်လာသည်။ ငယ်သောဟု အဓိပ္ပာယ်ရသည်။ သြရသမှလွဲလျှင် ကျန်သားသမီးများကို ကနိဋ္ဌဟုခေါ်သည်။

အကယ်၍ သားဦးသမီးဦးဖြစ်သူသည် သြရသအရာကို မရမီ သေဆုံးသွားပါက ကနိဋ္ဌသားသမီးများ အနက် သြရသဖြစ်နိုင်သော အရည်အချင်းရှိသည့် အကြီးဆုံး ကနိဋ္ဌသားသမီးသည် သြရသအဖြစ် ရရှိန်ိုင်ပေသည်။

ကနိဋ္ဌ သားသမီးများ၏ အခွင့်အရေးမှာ သြရသထက် နိမ့်ကျပေသည်။ သြရသသည် မိဘနှစ်ပါးအနက် တစ်ဦးသေဆုံးလျှင် အမွေပုံပစ္စည်း ၄ ပုံ ၁ ပုံ တောင်းဆိုနိုင်ခွင့်ရှိကြသော်လည်း ကနိဋ္ဌသားသမီးများ၌ တောင်းဆိုခွင့် မရှိကြပေ။ ကနိဋ္ဌသားသမီးများသည် မိဘဖြစ်သူက ပေးသမျှသာ ရယူကြရသည်။ သို့ရာတွင် ကျန်ရစ်သူ မိဘနောက် အိမ်ထောင်ပြုလျှင်မူကား အမွေခွဲဝေပေးရန် တောင်းဆိုနိုင်ခွင့်ရှိကြသည်။

အကယ်၍ မြန်မာဗုဒ္ဓဘာသာ ယောက်ျားတစ်ယောက်သည် မယားနှစ်ယောက်ရှိသည့်အနက် တစ်ယောက် သေဆုံးလျှင် သေသူမယား၏ သားသမီးများသည် ဖခင်နှင့် အခြားမယားထံမှ အမွေခွဲဝေပေးရန် တောင်းဆိုနိုင်ခွင့်ရှိသည်။ အကယ်၍ သေသူမိခင်သည် ၎င်း၏မိဘများထံမှ အမွေဆက်ခံရရှိသည့် ပစ္စည်းများရှိခဲ့လျှင် ထိုပစ္စည်း၌ ၎င်းသားသမီးများ၏ ဝေစုမှာ ၃ ပုံ ၂ပုံဖြစ်သည်။

မိဘနှစ်ပါးအနက် တစ်ဦးသေဆုံး၍ ကျန်ရစ်သူ နောက်အိမ်ထောင်ပြုသောကြောင့် သားသမီးများက အမွေတောင်းခံလျှင် မိဘနှစ်ပါး၏ ပစ္စည်းများအနက် တစ်ဝက်ကို သားသမီးကရရှိ၍ ကျန်တစ်ဝက်ကို ကျန်ရစ် သူ မိဘကရသည်။ အကယ်၍ သားသမီးများအနက် သြရသရှိလျှင် သြရသဖြစ်သူက ၄ ပုံ ၁ ပုံရရှိပြီး ကနိဋ္ဌသားသမီးများက စုပေါင်းပြီး ၄ ပုံ ၁ ပုံရမည်ဖြစ်သည်။

အကယ်၍ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုချိန်တွင် သြရသမရှိဘဲ ကနိဋ္ဌ သားသမီးများသာရှိလျှင် မိဘနှစ်ပါး၏ပစ္စည်းမှ တစ်ဝက်ကို ကျန်ရစ်သူမိဘရရှိပြီး အကြီးဆုံးသားသမီးက လေးပုံတစ်ပုံ ရရှိသည်။ ကျန်လေးပုံတစ်ပုံကို သားငယ်သမီးငယ်များ စုပေါင်းပြီး ရရှိကြသည်။

မိဘနှစ်ပါးအနက် တစ်ဦးသေဆုံး၍ ကျန်ရစ်သူ နောက်အိမ်ထောင်ပြုရာတွင် ပထမအိမ်ထောင်နှင့် ရရှိသည့် ကလေးများတွင် အမွေခွဲဝေပေးရန် တောင်းဆိုခွင့်ရှိသည်ဆိုရာ၌ ကျန်ရစ်သူမိဘ နောက်အိမ်ထောင် ပြုသည့်အချိန်မှသာလျှင် တောင်းဆိုခွင့်ရခြင်းဖြစ်သည်။ နောက်အိမ်ထောင်မပြုမီ တောင်းဆိုခွင့် လုံးဝမရှိပေ။ ထိုသို့ တောင်းဆိုခွင့်ရသည့်အခါတွင် ထိုကလေး၏ အမွေဝေစုမှာ မိဘအမွေ၏ တစ်ဝက်ဖြစ်သည်။

ကျန်ရစ်သူ နောက်အိမ်ထောင်ပြုပြီးနောက်မှ တောင်းဆိုလျှင် နောက်အိမ်ထောင်ပြုချိန်တွင်ရှိသည့် ပစ္စည်းကို အမွေစုအဖြစ်ထားရမည်။ သို့ရာတွင် နောက်အိမ်ထောင်ပြုချိန်တွင် အမွေတောင်းဆိုပါက မိဘနှစ်ပါး ပေါင်းသင်းချိန်က ရရှိသည့် ပစ္စည်းကို အမွေပုံ အဖြစ် ထားရပေမည်။

သားသမီးများအဖို့ အမွေတောင်းခံရမည့် ကာလစည်းကမ်းသတ်ချိန်မှာ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုချိန်မှစ၍ တစ်ဆယ့်နှစ်နှစ် သို့မဟုတ် ကျန်ရစ်သူမိဘ မသေဆုံးမီ ထိုအချိန်နှစ်ခုအနက် အလျင်ကျသည့် အချိန်အတွင်း တောင်းဆိုရမည်ဖြစ်သည်။ အကယ်၍ ထိုအချိန်အတွင်း အမွေမတောင်းခံဘဲနေခဲ့ပါက အမွေတောင်းနိုင်ခွင့်ဆုံးရှုံးမည်ဖြစ်သည်။

မိဘနှစ်ပါးအနက် တစ်ဦးသေဆုံးပြီး ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုချိန်တွင် မိဘနှစ်ပါးပစ္စည်း များမှ အမွေဝေစုရယူပြီးဖြစ်လျှင် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်မပြုမီ ရရှိသည့် အမွေပစ္စည်းများ၌ဖြစ်စေ၊ နောက်အိမ်ထောင်နှင့် ဖြစ်ပွားသည့် လက်ထက်ပွားပစ္စည်း၌ဖြစ်စေ ထိုသားသမီးများ၌ အမွေတောင်းဆိုနိုင်ခွင့် မရှိပေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မိဘပိုင္ အိမ္ျခံေျမစသည့္အေမြပစၥည္းမ်ားမွကနိ႒ သားသမီး၏ အေမြဆက္ခံခြင့္ႏွင့္ အေမြေတာင္းဆိုခြင့္

ကနိ႒ဆုိသည့္ ပါ႒ိဘာသာစကားမွာ ကနိသွ်ထဆုိသည္႔ သကၠဋဘာသာစကားမွ ဆင္းသက္လာသည္။ ငယ္ေသာဟု အဓိပၸာယ္ရသည္။ ၾသရသမွလြဲလွ်င္ က်န္သားသမီးမ်ားကုိ ကနိ႒ဟုေခၚသည္။

အကယ္၍ သားဦးသမီးဦးျဖစ္သူသည္ ၾသရသအရာကုိ မရမီ ေသဆုံးသြားပါက ကနိ႒သားသမီးမ်ား အနက္ ၾသရသျဖစ္ႏုိင္ေသာ အရည္အခ်င္းရွိသည့္ အႀကီးဆုံး ကနိ႒သားသမီးသည္ ၾသရသအျဖစ္ ရရွိႏုိ္င္ေပသည္။

ကနိ႒ သားသမီးမ်ား၏ အခြင္႔အေရးမွာ ၾသရသထက္ နိမ္႔က်ေပသည္။ ၾသရသသည္ မိဘႏွစ္ပါးအနက္ တစ္ဦးေသဆုံးလွ်င္ အေမြပုံပစၥည္း ၄ ပုံ ၁ ပုံ ေတာင္းဆုိႏုိင္ခြင္႔ရွိၾကေသာ္လည္း ကနိ႒သားသမီးမ်ား၌ ေတာင္းဆုိခြင္႔ မရွိၾကေပ။ ကနိ႒သားသမီးမ်ားသည္ မိဘျဖစ္သူက ေပးသမွ်သာ ရယူၾကရသည္။ သုိ႔ရာတြင္ က်န္ရစ္သူ မိဘေနာက္ အိမ္ေထာင္ျပဳလွ်င္မူကား အေမြခြဲေဝေပးရန္ ေတာင္းဆုိႏုိင္ခြင္႔ရွိၾကသည္။

အကယ္၍ ျမန္မာဗုဒၶဘာသာ ေယာက်ာ္းတစ္ေယာက္သည္ မယားႏွစ္ေယာက္ရွိသည္႔အနက္ တစ္ေယာက္ ေသဆုံးလွ်င္ ေသသူမယား၏ သားသမီးမ်ားသည္ ဖခင္ႏွင္႔ အျခားမယားထံမွ အေမြခြဲေဝေပးရန္ ေတာင္းဆုိႏုိင္ခြင္႔ရွိသည္။ အကယ္၍ ေသသူမိခင္သည္ ၄င္း၏မိဘမ်ားထံမွ အေမြဆက္ခံရရွိသည့္ ပစၥည္းမ်ားရွိခဲ႔လွ်င္ ထုိပစၥည္း၌ ၄င္းသားသမီးမ်ား၏ ေဝစုမွာ ၃ ပုံ ၂ပုံျဖစ္သည္။

မိဘႏွစ္ပါးအနက္ တစ္ဦးေသဆုံး၍ က်န္ရစ္သူ ေနာက္အိမ္ေထာင္ျပဳေသာေၾကာင္႔ သားသမီးမ်ားက အေမြေတာင္းခံလွ်င္ မိဘႏွစ္ပါး၏ ပစၥည္းမ်ားအနက္ တစ္ဝက္ကုိ သားသမီးကရရွိ၍ က်န္တစ္ဝက္ကုိ က်န္ရစ္ သူ မိဘကရသည္။ အကယ္၍ သားသမီးမ်ားအနက္ ၾသရသရွိလွ်င္ ၾသရသျဖစ္သူက ၄ ပုံ ၁ ပုံရရွိၿပီး ကနိ႒သားသမီးမ်ားက စုေပါင္းၿပီး ၄ ပုံ ၁ ပုံရမည္ျဖစ္သည္။

အကယ္၍ က်န္ရစ္သူမိဘ ေနာက္အိမ္ေထာင္ျပဳခ်ိန္တြင္ ၾသရသမရွိဘဲ ကနိ႒ သားသမီးမ်ားသာရွိလွ်င္ မိဘႏွစ္ပါး၏ပစၥည္းမွ တစ္ဝက္ကုိ က်န္ရစ္သူမိဘရရွိၿပီး အႀကီးဆုံးသားသမီးက ေလးပုံတစ္ပုံ ရရွိသည္။ က်န္ေလးပုံတစ္ပုံကုိ သားငယ္သမီးငယ္မ်ား စုေပါင္းၿပီး ရရွိၾကသည္။

မိဘႏွစ္ပါးအနက္ တစ္ဦးေသဆုံး၍ က်န္ရစ္သူ ေနာက္အိမ္ေထာင္ျပဳရာတြင္ ပထမအိမ္ေထာင္ႏွင္႔ ရရွိသည့္ ကေလးမ်ားတြင္ အေမြခြဲေဝေပးရန္ ေတာင္းဆုိခြင္႔ရွိသည္ဆုိရာ၌ က်န္ရစ္သူမိဘ ေနာက္အိမ္ေထာင္ ျပဳသည့္အခ်ိန္မွသာလွ်င္ ေတာင္းဆုိခြင္႔ရျခင္းျဖစ္သည္။ ေနာက္အိမ္ေထာင္မျပဳမီ ေတာင္းဆုိခြင့္ လုံးဝမရွိေပ။ ထုိသုိ႔ ေတာင္းဆုိခြင္႔ရသည္႔အခါတြင္ ထုိကေလး၏ အေမြေဝစုမွာ မိိဘအေမြ၏ တစ္ဝက္ျဖစ္သည္။

က်န္ရစ္သူ ေနာက္အိမ္ေထာင္ျပဳၿပီးေနာက္မွ ေတာင္းဆုိလွ်င္ ေနာက္အိမ္ေထာင္ျပဳခ်ိန္တြင္ရွိသည္႔ ပစၥည္းကုိ အေမြစုအျဖစ္ထားရမည္။ သုိ႔ရာတြင္ ေနာက္အိမ္ေထာင္ျပဳခ်ိန္တြင္ အေမြေတာင္းဆုိပါက မိဘႏွစ္ပါး ေပါင္းသင္းခ်ိန္က ရရွိသည္႔ ပစၥည္းကုိ အေမြပုံ အျဖစ္ ထားရေပမည္။

သားသမီးမ်ားအဖုိ႔ အေမြေတာင္းခံရမည့္ ကာလစည္းကမ္းသတ္ခ်ိန္မွာ က်န္ရစ္သူမိဘ ေနာက္အိမ္ေထာင္ျပဳခ်ိန္မွစ၍ တစ္ဆယ့္ႏွစ္ႏွစ္ သုိ႔မဟုတ္ က်န္ရစ္သူမိဘ မေသဆုံးမီ ထိုအခ်ိန္ႏွစ္ခုအနက္ အလ်င္က်သည့္ အခ်ိန္အတြင္း ေတာင္းဆုိရမည္ျဖစ္သည္။ အကယ္၍ ထုိအခ်ိန္အတြင္း အေမြမေတာင္းခံဘဲေနခဲ့ပါက အေမြေတာင္းႏုိင္ခြင့္ဆုံးရႈံးမည္ျဖစ္သည္။

မိဘႏွစ္ပါးအနက္ တစ္ဦးေသဆုံးၿပီး က်န္ရစ္သူမိဘ ေနာက္အိမ္ေထာင္ျပဳခ်ိန္တြင္ မိဘႏွစ္ပါးပစၥည္း မ်ားမွ အေမြေဝစုရယူၿပီးျဖစ္လွ်င္ က်န္ရစ္သူမိဘ ေနာက္အိမ္ေထာင္မျပဳမီ ရရွိသည္႔ အေမြပစၥည္းမ်ား၌ျဖစ္ေစ၊ ေနာက္အိမ္ေထာင္ႏွင္႔ ျဖစ္ပြားသည့္ လက္ထက္ပြားပစၥည္း၌ျဖစ္ေစ ထုိသားသမီးမ်ား၌ အေမြေတာင္းဆုိႏုိင္ခြင္႔ မရွိေပ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service