တရုတ်တွင် ကျောင်းသားများအား စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေး အခမဲ့ထိုးပေးနေ

တရုတ်တွင် ကျောင်းသားများအား စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေး အခမဲ့ထိုးပေးနေ - Property News in Myanmar from iMyanmarHouse.com
15 Oct 2020 12:08 pm တွင် တင်ခဲ့သည်
1097 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကာကွယ်ဆေးနှစ်မျိုး တီထွင်စမ်းသပ်နေသည့် တရုတ်နိုင်ငံပိုင် Sinopharm Group Co Ltd ၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုက နိုင်ငံခြားသို့ အဆင့်မြင့်ပညာသင်သွားရောက်မည့် တရုတ်ကျောင်းသားများအတွက် ၎င်းကာကွယ်ဆေးများကို အခမဲ့ထိုးပေးရန် ကမ်းလှမ်းနေကြောင်း နေ့စဉ်ထုတ်အမေရိကန်သတင်းစာ Wall Street Journal က အောက်တိုဘာ ၁၄ တွင် ဖော်ပြခဲ့သည်။

၎င်းကုမ္ပဏီ၏ ဝဘ်ဆိုက်တွင် ဖော်ပြချက်နှင့် ထိုအစီအစဉ်တွင် ပါဝင်ထိုးနှံခံရန် လျှောက်ထားသည့် ကျောင်းသားအချို့တို့ကို ကိုးကား၍ အဆိုပါသတင်းစာ၏ အစီရင်ခံချက်အရ China National Biotec Group Co (CNBG) ၏ ထိုအစီအစဉ်သည် ပြည်တွင်းဖြစ်ကာကွယ်ဆေးထိုးနှံမှုများတွင် လူထု၏ ယုံကြည်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။

ကျောင်းသားများအား ကာကွယ်ဆေးထိုးနှံပေးမည့် ကြေညာချက်အား ကုမ္ပဏီဝဘ်ဆိုက်တွင် တင်ခဲ့ကာ ထိုးနှံခံလိုသူများသည် ထိုဝဘ်ဆိုက်တွင် လျှောက်ထားနိုင်ကြောင်းလည်း အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။

၄၈၁,၆၁၃ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ထိုးနှံခံရန် လျှောက်ထားသူ နောက်ထပ် ၉၃,၆၅၃ ဦး ကျန်ရှိသေးကြောင်း အောက်တိုဘာ ၁၂ တွင် ထိုဝဘ်ဆိုက်က ကြေညာခဲ့သည်။

အောက်တိုဘာ ၁၃ မှစတင်ကာ ထိုဝဘ်ဆိုက်မှာ ခေတ္တချို့ယွင်းသွားခဲ့ပြီး ပြုပြင်ဆဲဖြစ်ကြောင်း တွေ့ရသည်။

ရိုက်တာသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအား CNBG မှ တစ်စုံတစ်ရာမှတ်ချက်မပြုခဲ့ပေ။

တရုတ်သည် CNBG နှင့် အမေရိကန်တွင် စာရင်းဝင်သည့် Sinovac Biotech တို့မှ တီထွင်စမ်းသပ်နေသည့် ကာကွယ်ဆေးသုံးမျိုးအား အရေး‌ပေါ်အသုံးပြုမှုအစီအစဉ်ကို ဇူလိုင်တွင် စတင်ခဲ့သည်။

CanSion Biologics မှ တီထွင်နေသည့် စတုတ္ထမြောက်ကာကွယ်ဆေးကိုလည်း အသုံးပြုရန် တရုတ်စစ်တပ်က ဇွန်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။

တရုတ်တွင် ထိုဆေးကုမ္ပဏီများ၏လက်တွေ့စမ်းသပ်မှုနောက်ဆုံးအဆင့်များကြောင့် တရုတ်ပြည်သူထောင်သောင်းပေါင်းများစွာသည် စမ်းသပ်ဆဲကာကွယ်ဆေးများကို ထိုးထားကြပြီးဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွမ်ယင်၏ ပြောကြားချက်အရ တရုတ်အစိုးရက အ‌စောဆုံး လာမည့်လတွင် ကာကွယ်ဆေးတစ်မျိုး ရရှိနိုင်ကြောင်း ကြေညာထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China's Sinopharm offers experimental COVID-19 vaccines to students: WSJ (Reuters, Aljazeera)

 

[Zawgyi]

 

တ႐ုတ္တြင္ ေက်ာင္းသားမ်ားအား စမ္းသပ္ဆဲ COVID-19 ကာကြယ္ေဆး အခမဲ့ထိုးေပးေန

COVID-19 ကာကြယ္ေဆးႏွစ္မ်ိဳး တီထြင္စမ္းသပ္ေနသည့္ တ႐ုတ္ႏိုင္ငံပိုင္ Sinopharm Group Co Ltd ၏ လက္ေအာက္ခံကုမၸဏီခြဲတစ္ခုက ႏိုင္ငံျခားသို႔ အဆင့္ျမင့္ပညာသင္သြားေရာက္မည့္ တ႐ုတ္ေက်ာင္းသားမ်ားအတြက္ ၎ကာကြယ္ေဆးမ်ားကို အခမဲ့ထိုးေပးရန္ ကမ္းလွမ္းေနေၾကာင္း ေန႔စဥ္ထုတ္အေမရိကန္သတင္းစာ Wall Street Journal က ေအာက္တိုဘာ ၁၄ တြင္ ေဖာ္ျပခဲ့သည္။

၎ကုမၸဏီ၏ ဝဘ္ဆိုက္တြင္ ေဖာ္ျပခ်က္ႏွင့္ ထိုအစီအစဥ္တြင္ ပါဝင္ထိုးႏွံခံရန္ ေလွ်ာက္ထားသည့္ ေက်ာင္းသားအခ်ိဳ႕တို႔ကို ကိုးကား၍ အဆိုပါသတင္းစာ၏ အစီရင္ခံခ်က္အရ China National Biotec Group Co (CNBG) ၏ ထိုအစီအစဥ္သည္ ျပည္တြင္းျဖစ္ကာကြယ္ေဆးထိုးႏွံမႈမ်ားတြင္ လူထု၏ ယုံၾကည္မႈကို တိုးျမႇင့္ရန္ ရည္႐ြယ္ေၾကာင္း သိရသည္။

ေက်ာင္းသားမ်ားအား ကာကြယ္ေဆးထိုးႏွံေပးမည့္ ေၾကညာခ်က္အား ကုမၸဏီဝဘ္ဆိုက္တြင္ တင္ခဲ့ကာ ထိုးႏွံခံလိုသူမ်ားသည္ ထိုဝဘ္ဆိုက္တြင္ ေလွ်ာက္ထားႏိုင္ေၾကာင္းလည္း အဆိုပါသတင္းစာက ေဖာ္ျပခဲ့သည္။

၄၈၁,၆၁၃ ဦးကို ထိုးႏွံေပးၿပီးျဖစ္ေၾကာင္းႏွင့္ ထိုးႏွံခံရန္ ေလွ်ာက္ထားသူ ေနာက္ထပ္ ၉၃,၆၅၃ ဦး က်န္႐ွိေသးေၾကာင္း ေအာက္တိုဘာ ၁၂ တြင္ ထိုဝဘ္ဆိုက္က ေၾကညာခဲ့သည္။

ေအာက္တိုဘာ ၁၃ မွစတင္ကာ ထိုဝဘ္ဆိုက္မွာ ေခတၱခ်ိဳ႕ယြင္းသြားခဲ့ၿပီး ျပဳျပင္ဆဲျဖစ္ေၾကာင္း ေတြ႕ရသည္။

႐ိုက္တာသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအား CNBG မွ တစ္စုံတစ္ရာမွတ္ခ်က္မျပဳခဲ့ေပ။

တ႐ုတ္သည္ CNBG ႏွင့္ အေမရိကန္တြင္ စာရင္းဝင္သည့္ Sinovac Biotech တို႔မွ တီထြင္စမ္းသပ္ေနသည့္ ကာကြယ္ေဆးသုံးမ်ိဳးအား အေရး‌ေပၚအသုံးျပဳမႈအစီအစဥ္ကို ဇူလိုင္တြင္ စတင္ခဲ့သည္။

CanSion Biologics မွ တီထြင္ေနသည့္ စတုတၳေျမာက္ကာကြယ္ေဆးကိုလည္း အသုံးျပဳရန္ တ႐ုတ္စစ္တပ္က ဇြန္တြင္ အတည္ျပဳခဲ့ၿပီးျဖစ္သည္။

တ႐ုတ္တြင္ ထိုေဆးကုမၸဏီမ်ား၏လက္ေတြ႕စမ္းသပ္မႈေနာက္ဆုံးအဆင့္မ်ားေၾကာင့္ တ႐ုတ္ျပည္သူေထာင္ေသာင္းေပါင္းမ်ားစြာသည္ စမ္းသပ္ဆဲကာကြယ္ေဆးမ်ားကို ထိုးထားၾကၿပီးျဖစ္သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ဟြာခြၽမ္ယင္၏ ေျပာၾကားခ်က္အရ တ႐ုတ္အစိုးရက အ‌ေစာဆုံး လာမည့္လတြင္ ကာကြယ္ေဆးတစ္မ်ိဳး ရ႐ွိႏိုင္ေၾကာင္း ေၾကညာထားေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China's Sinopharm offers experimental COVID-19 vaccines to students: WSJ (Reuters, Aljazeera)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service