ဆင်းရဲသောနိုင်ငံများ COVID-19 ကာကွယ်ဆေးဝယ်နိုင်ရန် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၁၂ ဘီလီယံ ထုတ်ချေး

ဆင်းရဲသောနိုင်ငံများ COVID-19 ကာကွယ်ဆေးဝယ်နိုင်ရန် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၁၂ ဘီလီယံ ထုတ်ချေး - Property News in Myanmar from iMyanmarHouse.com
15 Oct 2020 12:00 pm တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆင်းရဲသောဖွံ့ဖြိုးဆဲနိုင်ငံများ COVID-19 ကာကွယ်ဆေး ဝယ်ယူ၊ ဖြန့်ဖြူးနိုင်ရန်နှင့် ၎င်းတို့၏ နိုင်ငံသားများကို စမ်းသပ်၊ ကုသမှုများ ပြုလုပ်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အမှုဆောင်ဘုတ်အဖွဲ့က ကန်ဒေါ်လာ ၁၂ ဘီလီယံ ထုတ်ချေးရန် အတည်ပြုပေးလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ရင်ဆိုင်ရာတွင် ကူညီရန်အတွက် ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ ဖွံ့ဖြိုးဆဲနိုင်ငံများအား စုစုပေါင်း ကန်ဒေါ်လာ ၁၆၀ ဘီလီယံ ချေးငွေ ခွင့်ပြုသွားရန် စီစဉ်ထားမှု၏ တစိတ်တပိုင်းလည်း ဖြစ်သည်။

ယခုငွေကြေးထောက်ပံ့မှု အစီအစဉ်တွင် လက်ခံရရှိမည့်နိုင်ငံများအတွက် နည်းပညာပိုင်း အကူအညီများလည်း ပေးအပ်သွားမည်ဖြစ် ကြောင်း၊ အဆိုပါ အကူအညီအားဖြင့် ယင်းနိုင်ငံများတွင် ကာကွယ်ဆေးများ ဖြန့်ဖြူးရန် ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

ထို့အပြင် ဆေးဝါးကုမ္ပဏီများသို့လည်း ကာကွယ်ဆေး ဝယ်လိုအား အားကောင်းလိမ့်မည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ကာကွယ်ဆေးအတွက် ငွေကြေးအလုံအလောက်ရှိနေပြီဖြစ်သည်ကို အချက်ပြလိုက်ခြင်းလည်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခု ငွေကြေးထောက်ပံ့မှုအစီအစဉ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံက နိုင်ငံသားတွေဟာလည်း ဘေးကင်းပြီး ထိရောက်တဲ့ COVID-19 ကာကွယ်ဆေးတွေ ရဖို့ လိုအပ်တယ်ဆိုတာ သုတေသနနဲ့ ဆေးဝါးလုပ်ငန်းနယ်ပယ်ကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ငွေကြေးအပြင် နည်းပညာပိုင်းလည်း အကူအညီပေးမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆေးဝါးတွေ ဖြန့်ဖြူးရေးကို နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ဘေးကင်းပြီး ထိရောက်သည့် ကာကွယ်ဆေးများ ရရှိရေးနှင့် အားကောင်းသည့် ဖြန့်ဖြူးရေးစနစ်ရှိခြင်းတို့သည် ကပ်ရောဂါ လမ်းကြောင်း ပြောင်းလဲစေရေးအတွက် ပဓာနကျသည့်အပြင် ကပ်ဘေးကာလ စီးပွားရေးအထိနာကာ ဘဏ္ဍာရေးထိခိုက်မှုများရှိနေသည့် နိုင်ငံများအတွက် ပြန်လည်ထူထောင်တွန်းလှန်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဌ ဒေးဗစ် မဲလ်ပါ့စ် (David Malpass) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World Bank approves US$ 12bn for developing countries to purchase Covid-19 vaccines (Mercopress)

[Zawgyi]

ဆင္းရဲေသာႏိုင္ငံမ်ား COVID-19 ကာကြယ္ေဆးဝယ္ႏုိင္ရန္ ကမၻာ့ဘဏ္က ကန္ေဒၚလာ ၁၂ ဘီလီယံ ထုတ္ေခ်း

ဆင္းရဲေသာဖြံ႔ျဖိိဳးဆဲႏိုင္ငံမ်ား COVID-19 ကာကြယ္ေဆး ဝယ္ယူ၊ ျဖန္႔ျဖဴးႏိုင္ရန္ႏွင့္ ၎တို႔၏ ႏိုင္ငံသားမ်ားကို စမ္းသပ္၊ ကုသမႈမ်ား ျပဳလုပ္ရန္အတြက္ ကမၻာ့ဘဏ္၏ အမႈေဆာင္ဘုတ္အဖြဲ႔က ကန္ေဒၚလာ ၁၂ ဘီလီယံ ထုတ္ေခ်းရန္ အတည္ျပဳေပးလိုက္သည္။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘး ရင္ဆိုင္ရာတြင္ ကူညီရန္အတြက္ ၂၀၂၁ ခုႏွစ္၊ ဇြန္လအထိ ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားအား စုစုေပါင္း ကန္ေဒၚလာ ၁၆၀ ဘီလီယံ ေခ်းေငြ ခြင့္ျပဳသြားရန္ စီစဥ္ထားမႈ၏ တစိတ္တပိုင္းလည္း ျဖစ္သည္။

ယခုေငြေၾကးေထာက္ပံ့မႈ အစီအစဥ္တြင္ လက္ခံရရွိမည့္ႏိုင္ငံမ်ားအတြက္ နည္းပညာပိုင္း အကူအညီမ်ားလည္း ေပးအပ္သြားမည္ျဖစ္ ေၾကာင္း၊ အဆိုပါ အကူအညီအားျဖင့္ ယင္းႏိုင္ငံမ်ားတြင္ ကာကြယ္ေဆးမ်ား ျဖန္႔ျဖဴးရန္ ၾကိဳတင္ျပင္ဆင္ထားႏိုင္မည္ျဖစ္ေၾကာင္း ကမၻာ့ဘဏ္က ထုတ္ျပန္သည္။

ထို႔အျပင္ ေဆးဝါးကုမၸဏီမ်ားသို႔လည္း ကာကြယ္ေဆး ဝယ္လိုအား အားေကာင္းလိမ့္မည္ျဖစ္ေၾကာင္းႏွင့္ ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားတြင္ COVID-19 ကာကြယ္ေဆးအတြက္ ေငြေၾကးအလံုအေလာက္ရွိေနျပီျဖစ္သည္ကို အခ်က္ျပလိုက္ျခင္းလည္းျဖစ္ေၾကာင္း ကမၻာ့ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“အခု ေငြေၾကးေထာက္ပံ့မႈအစီအစဥ္ဟာ ဖြံ႔ျဖိဳးဆဲႏိုင္ငံက ႏိုင္ငံသားေတြဟာလည္း ေဘးကင္းျပီး ထိေရာက္တဲ့ COVID-19 ကာကြယ္ေဆးေတြ ရဖို႔ လိုအပ္တယ္ဆိုတာ သုေတသနနဲ႔ ေဆးဝါးလုပ္ငန္းနယ္ပယ္ကို အခ်က္ျပလိုက္တာလည္း ျဖစ္ပါတယ္” ဟု ကမၻာ့ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“ေငြေၾကးအျပင္ နည္းပညာပိုင္းလည္း အကူအညီေပးမွာျဖစ္တဲ့အတြက္ ဖြံ႔ျဖိဳးဆဲႏိုင္ငံေတြအေနနဲ႔ ေဆးဝါးေတြ ျဖန္႔ျဖဴးေရးကို ႏိုင္ငံတကာ မိတ္ဖက္ေတြနဲ႔ ပူးေပါင္းျပီး ၾကိဳတင္ျပင္ဆင္တာေတြ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္” ဟု ကမၻာ့ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပသည္။

ေဘးကင္းျပီး ထိေရာက္သည့္ ကာကြယ္ေဆးမ်ား ရရွိေရးႏွင့္ အားေကာင္းသည့္ ျဖန္႔ျဖဴးေရးစနစ္ရွိျခင္းတို႔သည္ ကပ္ေရာဂါ လမ္းေၾကာင္း ေျပာင္းလဲေစေရးအတြက္ ပဓာနက်သည့္အျပင္ ကပ္ေဘးကာလ စီးပြားေရးအထိနာကာ ဘ႑ာေရးထိခိုက္မႈမ်ားရွိေနသည့္ ႏိုင္ငံမ်ားအတြက္ ျပန္လည္ထူေထာင္တြန္းလွန္ႏိုင္ေရးအတြက္ အေထာက္အကူျဖစ္ေစမည္ျဖစ္ေၾကာင္း ကမၻာ့ဘဏ္အုပ္စု၏ ဥကၠဌ ေဒးဗစ္ မဲလ္ပါ့စ္ (David Malpass) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World Bank approves US$ 12bn for developing countries to purchase Covid-19 vaccines (Mercopress)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service