AZD7442 ပဋိပစ္စည်းဆေးပေါင်းကို တတိယဆင့် စမ်းသပ်ရန် ကန်အစိုးရက ဒေါ်လာ သန်း ၅၀၀ နီးပါးထုတ်ပေး

AZD7442 ပဋိပစ္စည်းဆေးပေါင်းကို တတိယဆင့် စမ်းသပ်ရန် ကန်အစိုးရက ဒေါ်လာ သန်း ၅၀၀ နီးပါးထုတ်ပေး - Property News in Myanmar from iMyanmarHouse.com
13 Oct 2020 12:02 pm တွင် တင်ခဲ့သည်
768 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

AstraZeneca ကုမ္ပဏီသည် SARS-CoV-2 ဗိုင်းရပ်စ်တိုက်ဖျက်ရေး ပဋိပစ္စည်းဆေးပေါင်းဖြစ်သည့် AZD7442 ကို တတိယဆင့် စမ်းသပ်မှု (phase 3 clinical trial) ၂ ကြိမ်ပြုလုပ်ရန်အတွက် အမေရိကန်အစိုးရထံမှ ကန်ဒေါ်လာ ၄၈၆ သန်း ထောက်ပံ့မှု ရရှိခဲ့သည်။

အဆိုပါ ၂ ကြိမ်စမ်းသပ်မှုဖြင့် ပဋိပစ္စည်းတို့သည် ကိုရိုနာဗိုင်းရပ်စ်ကို ၁၂ လနှင့်အထက် ကာကွယ်နိုင်စွမ်း ရှိ၊ မရှိ လေ့လာသွားမည် ဖြစ်သည်။

Covid-19 ကပ်ဘေးကာလအတွင်း SARS-CoV-2 ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကနဦးဆွေးနွေးမှုများစွာတွင် အလားအလာရှိသော ကုထုံးများကိုသာ ဗဟိုပြုခဲ့ကြသည်။

AstraZeneca ကုမ္ပဏီကမူ ပဋိပစ္စည်းများကိုသုံးသည့် နည်းလမ်းအပေါ်တွင် ပိုမိုစိတ်ဝင်စားခဲ့ပြီး ပဋိပစ္စည်းဆေးဝါးတို့၏ ဗိုင်းရပ်စ် ကာကွယ်နိုင်မှုနှင့် COVID-19 ဖြစ်ပွားမလာစေရန် ကာကွယ်ပေးနိုင်မှု အလားအလာကိုသာ အမြဲပြောဆိုခဲ့သည်။ အထူးသဖြင့် ကာကွယ်ဆေး မရနိုင်သူများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

Regeneron ကုမ္ပဏီက မပြုပြင်သည့် ပဋိပစ္စည်းများကို အသုံးပြုပြီး AstraZeneca ကမူ သက်တမ်းဝက် တိုးမြှင့်ထားသည့် နည်းပညာကို အသုံးပြုခြင်းကြောင့် ကာကွယ်မှုကို ၁၂ နှင့်အထက်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

AZD7442 ၏ မျှော်မှန်းထားသော ကာကွယ်မှုသက်တမ်းကာလကြောင့် အမေရိကန်အစိုးရနှင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီး အဆင့် ၃ စမ်းသပ်မှု ၂ ကြိမ်ပြုလုပ်ရေးအတွက် ဆေးဝါးများပြားစွာ ထုတ်လုပ်နိုင်ရန် ကန်ဒေါ်လာ ၄၈၆ သန်း ထောက်ပံ့ကူညီမှု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အပြန်အလှန်အားဖြင့် အမေရိကန်အစိုးရက အမေရိကန်ပြည်တွင်းတွင် အသုံးပြုရန် AZD7442 ဆေး ၁၀၀,၀၀၀ ရရှိမည် ဖြစ်သည်။

အမေရိကန်အစိုးရက ၂၀၂၁ ခုနှစ်တွင် ဆေးအလုံးရေ တစ်သန်းနှင့်အထက် ဝယ်ယူခွင့်လည်း ရွေးချယ်နိုင်သည်ဟု ဆိုသည်။

AstraZeneca ကုမ္ပဏီက လာမည့် ရက်သတ္တပတ်များအတွင်း အဆင့် ၃ စမ်းသပ်မှုများ စတင်ပြုလုပ်သွားရန် စီစဉ်ထားသည်။

အဆင့် ၃ စမ်းသပ်မှု ၂ ကြိမ်တွင် လူပေါင်း ၅၀၀၀ ဝန်းကျင်ကို စမ်းသပ်သွားမည်ဖြစ်ကာ AZD7442 သည် ရောဂါကူးစက်မှုကို ၁၂ နှင့်အထက် ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိ၊ မရှိ လေ့လာမည် ဖြစ်သည်။

အဆင့် ၃ စမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေသည့် COVID-19 ကာကွယ်ဆေးပေါင်း များစွာရှိနေပြီး AZD7442 ဆေးသည် ကမ္ဘာ့ပြည်သူတို့ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အခြေခံအသုံးပြုသည့်ဆေး ဖြစ်လာဖွယ်ကား မရှိချေ။

သို့သော် သမားရိုးကျ ကာကွယ်ဆေးများသည် သက်ကြီးရွယ်အိုများနှင့် အချို့သောအုပ်စုများအတွက် ရောဂါပြီးသည့်ကိုယ်ခံအား ပေးစွမ်းနိုင်မှု မရှိခြင်းမျိုးရှိနိုင်သည်။

AZD7442 နှင့် SARS-CoV-2 ဗိုင်းရပ်စ်ချေမှုန်းသည့် ပဋိပစ္စည်းအခြေပြုဆေးများ ထုတ်လုပ်သည့် Eli Lilly ၊ Regeneron တို့ကဲ့သို့ ကုမ္ပဏီများမှ ပဋိပစ္စည်းဆေးများမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အလျင်အမြန်တိုက်ထုတ်ရေးအတွက် ကာကွယ်ဆေးဖြင့် လုံလောက်သည့် ကိုယ်ခံအားတုံ့ပြန်မှု လုပ်ဆောင်နိုင်စွမ်း မရှိသော လူအုပ်စုများအတွက် အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။

ပဋိပစ္စည်းတို့သည် အန္တရာယ်များသော လူများအတွက် ကာကွယ်ဆေးအပြင် ဖြည့်စွက်ပေးသော ကုသမှုအနေဖြင့်လည်း ပေးနိုင်သည်။

အဆင့် ၃ စမ်းသပ်မှု၏ ဒုတိယဆင့်တွင် လူပေါင်း ၁၁၀၀ ခန့်ကို စမ်းသပ်မည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို AZD7442 ၏ အာနိသင်ကို စမ်းသပ်မည် ဖြစ်သည်။

အကယ်၍ အောင်မြင်မှုတွေ့ရပါက AZD7442 ကို ရောဂါကူးစက်ခံရကာစ လူနာများအား လက်ဦးမှုရယူ ကုသရေး ဆေးဝါးအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: AstraZeneca gets $486M to test if COVID-19 antibodies can provide 12 months of protection (fiercebiotech)

[Zawgyi]

AZD7442 ပဋိပစၥည္းေဆးေပါင္းကို တတိယဆင့္ စမ္းသပ္ရန္ ကန္အစိုးရက ေဒၚလာ သန္း ၅၀၀ နီးပါးထုတ္ေပး

AstraZeneca ကုမၸဏီသည္ SARS-CoV-2 ဗိုင္းရပ္စ္တိုက္ဖ်က္ေရး ပဋိပစၥည္းေဆးေပါင္းျဖစ္သည့္ AZD7442 ကို တတိယဆင့္ စမ္းသပ္မႈ (phase 3 clinical trial) ၂ ၾကိမ္ျပဳလုပ္ရန္အတြက္ အေမရိကန္အစိုးရထံမွ ကန္ေဒၚလာ ၄၈၆ သန္း ေထာက္ပံ့မႈ ရရွိခဲ့သည္။

အဆိုပါ ၂ ၾကိမ္စမ္းသပ္မႈျဖင့္ ပဋိပစၥည္းတို႔သည္ ကိုရိုနာဗိုင္းရပ္စ္ကို ၁၂ လႏွင့္အထက္ ကာကြယ္ႏိုင္စြမ္း ရွိ၊ မရွိ ေလ့လာသြားမည္ ျဖစ္သည္။

Covid-19 ကပ္ေဘးကာလအတြင္း SARS-CoV-2 ဗိုင္းရပ္စ္တိုက္ဖ်က္ေရး ကနဦးေဆြးေႏြးမႈမ်ားစြာတြင္ အလားအလာရွိေသာ ကုထံုးမ်ားကိုသာ ဗဟိုျပဳခဲ့ၾကသည္။

AstraZeneca ကုမၸဏီကမူ ပဋိပစၥည္းမ်ားကိုသံုးသည့္ နည္းလမ္းအေပၚတြင္ ပိုမိုစိတ္ဝင္စားခဲ့ျပီး ပဋိပစၥည္းေဆးဝါးတို႔၏ ဗိုင္းရပ္စ္ ကာကြယ္ႏိုင္မႈႏွင့္ COVID-19 ျဖစ္ပြားမလာေစရန္ ကာကြယ္ေပးႏိုင္မႈ အလားအလာကိုသာ အျမဲေျပာဆိုခဲ့သည္။ အထူးသျဖင့္ ကာကြယ္ေဆး မရႏိုင္သူမ်ားအတြက္ ရည္ရြယ္သည္ဟု ဆိုသည္။

Regeneron ကုမၸဏီက မျပဳျပင္သည့္ ပဋိပစၥည္းမ်ားကို အသံုးျပဳျပီး AstraZeneca ကမူ သက္တမ္းဝက္ တိုးျမွင့္ထားသည့္ နည္းပညာကို အသံုးျပဳျခင္းေၾကာင့္ ကာကြယ္မႈကို ၁၂ ႏွင့္အထက္ေပးႏိုင္မည္ဟု ေမွ်ာ္လင့္ထားသည္။

AZD7442 ၏ ေမွ်ာ္မွန္းထားေသာ ကာကြယ္မႈသက္တမ္းကာလေၾကာင့္ အေမရိကန္အစိုးရႏွင့္ သေဘာတူညီခ်က္တစ္ရပ္ ရရွိခဲ့ျပီး အဆင့္ ၃ စမ္းသပ္မႈ ၂ ၾကိမ္ျပဳလုပ္ေရးအတြက္ ေဆးဝါးမ်ားျပားစြာ ထုတ္လုပ္ႏိုင္ရန္ ကန္ေဒၚလာ ၄၈၆ သန္း ေထာက္ပံ့ကူညီမႈ ရရွိခဲ့ျခင္းလည္း ျဖစ္သည္။

အျပန္အလွန္အားျဖင့္ အေမရိကန္အစိုးရက အေမရိကန္ျပည္တြင္းတြင္ အသံုးျပဳရန္ AZD7442 ေဆး ၁၀၀,၀၀၀ ရရွိမည္ ျဖစ္သည္။

အေမရိကန္အစိုးရက ၂၀၂၁ ခုႏွစ္တြင္ ေဆးအလံုးေရ တစ္သန္းႏွင့္အထက္ ဝယ္ယူခြင့္လည္း ေရြးခ်ယ္ႏိုင္သည္ဟု ဆိုသည္။

AstraZeneca ကုမၸဏီက လာမည့္ ရက္သတၱပတ္မ်ားအတြင္း အဆင့္ ၃ စမ္းသပ္မႈမ်ား စတင္ျပဳလုပ္သြားရန္ စီစဥ္ထားသည္။

အဆင့္ ၃ စမ္းသပ္မႈ ၂ ၾကိမ္တြင္ လူေပါင္း ၅၀၀၀ ဝန္းက်င္ကို စမ္းသပ္သြားမည္ျဖစ္ကာ AZD7442 သည္ ေရာဂါကူးစက္မႈကို ၁၂ ႏွင့္အထက္ ထိေရာက္စြာ ကာကြယ္ႏိုင္စြမ္း ရွိ၊ မရွိ ေလ့လာမည္ ျဖစ္သည္။

အဆင့္ ၃ စမ္းသပ္မႈအဆင့္သို႔ ေရာက္ရွိေနသည့္ COVID-19 ကာကြယ္ေဆးေပါင္း မ်ားစြာရွိေနျပီး AZD7442 ေဆးသည္ ကမၻာ့ျပည္သူတို႔ကို ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ အေျခခံအသံုးျပဳသည့္ေဆး ျဖစ္လာဖြယ္ကား မရွိေခ်။

သို႔ေသာ္ သမားရိုးက် ကာကြယ္ေဆးမ်ားသည္ သက္ၾကီးရြယ္အိုမ်ားႏွင့္ အခ်ဳိ ႔ေသာအုပ္စုမ်ားအတြက္ ေရာဂါျပီးသည့္ကိုယ္ခံအား ေပးစြမ္းႏိုင္မႈ မရွိျခင္းမ်ဳိးရွိႏိုင္သည္။

AZD7442 ႏွင့္ SARS-CoV-2 ဗိုင္းရပ္စ္ေခ်မႈန္းသည့္ ပဋိပစၥည္းအေျချပဳေဆးမ်ား ထုတ္လုပ္သည့္ Eli Lilly ၊ Regeneron တို႔ကဲ့သို႔ ကုမၸဏီမ်ားမွ ပဋိပစၥည္းေဆးမ်ားမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈကို အလ်င္အျမန္တိုက္ထုတ္ေရးအတြက္ ကာကြယ္ေဆးျဖင့္ လံုေလာက္သည့္ ကိုယ္ခံအားတံု႔ျပန္မႈ လုပ္ေဆာင္ႏိုင္စြမ္း မရွိေသာ လူအုပ္စုမ်ားအတြက္ အကာအကြယ္ေပးႏိုင္မည္ ျဖစ္သည္။

ပဋိပစၥည္းတို႔သည္ အႏၱရာယ္မ်ားေသာ လူမ်ားအတြက္ ကာကြယ္ေဆးအျပင္ ျဖည့္စြက္ေပးေသာ ကုသမႈအေနျဖင့္လည္း ေပးႏိုင္သည္။ အဆင့္ ၃ စမ္းသပ္မႈ၏ ဒုတိယဆင့္တြင္ လူေပါင္း ၁၁၀၀ ခန္႔ကို စမ္းသပ္မည္ျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ားကို AZD7442 ၏ အာနိသင္ကို စမ္းသပ္မည္ ျဖစ္သည္။

အကယ္၍ ေအာင္ျမင္မႈေတြ႔ရပါက AZD7442 ကို ေရာဂါကူးစက္ခံရကာစ လူနာမ်ားအား လက္ဦးမႈရယူ ကုသေရး ေဆးဝါးအျဖစ္ အသံုးျပဳႏိုင္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: AstraZeneca gets $486M to test if COVID-19 antibodies can provide 12 months of protection (fiercebiotech)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service