တရုတ်ပြည် ချင်းတောင်မြို့တွင် ၅ ရက်အတွင်း ပြည်သူ ၉ သန်းလုံးကို COVID-19 စစ်ဆေးမည်

တရုတ်ပြည် ချင်းတောင်မြို့တွင် ၅ ရက်အတွင်း ပြည်သူ ၉ သန်းလုံးကို COVID-19 စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
13 Oct 2020 11:47 am တွင် တင်ခဲ့သည်
1002 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုတ်ပြည်အရှေ့ပိုင်း ရှန်တုံပြည်နယ်၊ ချင်းတောင်မြို့ (Qingdao) တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တွေ့လာရသောကြောင့် မြို့နေ ပြည်သူ ၉ သန်းလုံးကို ၅ ရက်အတွင်း COVID-19 စစ်ဆေးသွားမည်ဟု ဆိုသည်။

ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ချင်းတောင်မြို့တွင် လူ ၁၂ ဦးတွင် ဒေသတွင်းကူးစက်ဖြစ်ပွားလာသောကြောင့် ပိုမိုကူးစက်မှုများ ပေါ်ပေါက်လာမည်ကို ရတက်မအေးဖြစ်နေကြသည်။

တရုတ်ပြည်သည် သြဂုလလယ်ပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိသူပမာဏ ကြီးမားစွာကျဆင်း ကင်းစင်သွားခဲ့ပြီး အသစ်တွေ့ရှိလာမှုများမှာလည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများသာ ဖြစ်ကြသည်။

သို့သော် အောက်တိုဘာလ ၁၁ ရက်တွင်မူ ချင်းတောင်မြို့တွင် လူတစ်ဒါဇင်ခန့်တွင် ပြည်တွင်းကူးစက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ကူးစက်ပုံမှာ ပြည်ပမှ ပြန်လာသူများကို ကုသပေးနေသည့် ဆေးရုံတစ်ခုမှတဆင့် ကူးစက်ခြင်းဖြစ်ကြောင်း ချင်းတောင်မြို့ မြူနီစပယ် ကျန်းမာရေးကော်မရှင်က တနင်္လာနေ့တွင် ထုတ်ပြန်သည်။

ကူးစက်မှုများ ဖြစ်ပွားရာ Qingdao Chest ဆေးရုံကို lockdown ချထားပြီး ဝန်ထမ်းများ၊ လူနာများအပြင် ပြည်သူပေါင်း ၁၁၄၈၆၂ ဦးအား စမ်းသပ်ပေးပြီးဖြစ်ကာ တနင်္လာနေ့အထိ အချက်အလက်များအရ အားလုံးမှာ ရောဂါမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

စမ်းသပ်မှုများကို တစ်မြို့လုံးအတိုင်းအတာ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နေလူဦးရေ ၉ သန်းလုံးကို စစ်ဆေးသွားမည် ဖြစ်သည်။

ပေကျင်းနှင့် တရုတ်ပြည်ရှိ ကူးစက်မှုအများအပြားတွေ့သော မြို့ကြီးများတွင် အလုံးအရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတိုင်း ချင်းတောင်တွင် စစ်ဆေးရန် စီစဉ်လာခြင်း ဖြစ်သည်။

ထိုကဲ့သို့ အလုံးအရင်းစစ်ဆေးမှုများကြောင့် တရုတ်ပြည်၏ စုစုပေါင်း ကူးစက်မှုနှုန်း နည်းပါးအောင် အောင်မြင်စွာထိန်းထားနိုင်ခြင်း ဖြစ်သည်။

အလုံးအရင်းစစ်ဆေးနိုင်မှုများကြောင့် ပုံမှန်လူနေမှုဘဝသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခြင်းဖြစ်ကာ ဆောင်းလယ်ပွဲတော်အတွင်းမှ အမျိုးသားအားလပ်ရက်ဖြစ်သော Golden Week အတွင်း ခရီးသွား သန်း ၆၀၀ ခန့် ခရီးသွားလာမှုများ ရှိသည်။

ချင်းတောင်မြို့သည် ပင်လယ်ကမ်းခြေနေရာပေါင်း များစွာရှိပြီး ကမ္ဘာလှည့်ခရီးသွားများအကြား နာမည်ကျော်သည့်နေရာတစ်ခု ဖြစ်သည်။

ကူးစက်မှုစတင်ဖြစ်ပွားပုံကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ချင်းတောင်မြို့ အာဏာပိုင်အဖွဲ့က ပြောကြားသည်။

ယခုရက်သတ္တပတ် အချက်အလက်များအရ တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၈၅၅၇၈ ဦးရှိခဲ့ပြီး သေဆုံးသူ ၄၆၃၄ ဦးရှိကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China to test 9 million people as coronavirus cluster detected in city of Qingdao (CNN)

[Zawgyi]

တရုတ္ျပည္ ခ်င္းေတာင္ျမိဳ ႔တြင္ ၅ ရက္အတြင္း ျပည္သူ ၉ သန္းလံုးကို COVID-19 စစ္ေဆးမည္

တရုတ္ျပည္အေရွ ႔ပိုင္း ရွန္တုံျပည္နယ္၊ ခ်င္းေတာင္ျမိဳ ႔ (Qingdao) တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ေတြ႔လာရေသာေၾကာင့္ ျမိဳ ႔ေန ျပည္သူ ၉ သန္းလံုးကို ၅ ရက္အတြင္း COVID-19 စစ္ေဆးသြားမည္ဟု ဆိုသည္။

ပင္လယ္ဆိပ္ကမ္းျမိဳ ႔တစ္ျမိဳ ႔ျဖစ္ေသာ ခ်င္းေတာင္ျမိဳ ႔တြင္ လူ ၁၂ ဦးတြင္ ေဒသတြင္းကူးစက္ျဖစ္ပြားလာေသာေၾကာင့္ ပိုမိုကူးစက္မႈမ်ား ေပၚေပါက္လာမည္ကို ရတက္မေအးျဖစ္ေနၾကသည္။

တရုတ္ျပည္သည္ ၾသဂုလလယ္ပိုင္းကတည္းက ကိုရိုနာဗိုင္းရပ္စ္ ေရာဂါရွိသူပမာဏ ၾကီးမားစြာက်ဆင္း ကင္းစင္သြားခဲ့ျပီး အသစ္ေတြ႔ရွိလာမႈမ်ားမွာလည္း ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ားသာ ျဖစ္ၾကသည္။

သို႔ေသာ္ ေအာက္တိုဘာလ ၁၁ ရက္တြင္မူ ခ်င္းေတာင္ျမိဳ ႔တြင္ လူတစ္ဒါဇင္ခန္႔တြင္ ျပည္တြင္းကူးစက္မႈမ်ား ျဖစ္ေပၚလာခဲ့သည္။

ကူးစက္ပံုမွာ ျပည္ပမွ ျပန္လာသူမ်ားကို ကုသေပးေနသည့္ ေဆးရံုတစ္ခုမွတဆင့္ ကူးစက္ျခင္းျဖစ္ေၾကာင္း ခ်င္းေတာင္ျမိဳ ႔ ျမဴနီစပယ္ က်န္းမာေရးေကာ္မရွင္က တနလၤာေန႔တြင္ ထုတ္ျပန္သည္။

ကူးစက္မႈမ်ား ျဖစ္ပြားရာ Qingdao Chest ေဆးရံုကို lockdown ခ်ထားျပီး ဝန္ထမ္းမ်ား၊ လူနာမ်ားအျပင္ ျပည္သူေပါင္း ၁၁၄၈၆၂ ဦးအား စမ္းသပ္ေပးျပီးျဖစ္ကာ တနလၤာေန႔အထိ အခ်က္အလက္မ်ားအရ အားလံုးမွာ ေရာဂါမရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္ဟု ဆိုသည္။

စမ္းသပ္မႈမ်ားကို တစ္ျမိဳ ႔လံုးအတိုင္းအတာ ဆက္လက္ျပဳလုပ္သြားမည္ျဖစ္ျပီး ျမိဳ ႔ေနလူဦးေရ ၉ သန္းလံုးကို စစ္ေဆးသြားမည္ ျဖစ္သည္။

ေပက်င္းႏွင့္ တရုတ္ျပည္ရွိ ကူးစက္မႈအမ်ားအျပားေတြ႔ေသာ ျမိဳ ႔ၾကီးမ်ားတြင္ အလံုးအရင္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည့္အတိုင္း ခ်င္းေတာင္တြင္ စစ္ေဆးရန္ စီစဥ္လာျခင္း ျဖစ္သည္။

ထိုကဲ့သို႔ အလံုးအရင္းစစ္ေဆးမႈမ်ားေၾကာင့္ တရုတ္ျပည္၏ စုစုေပါင္း ကူးစက္မႈႏႈန္း နည္းပါးေအာင္ ေအာင္ျမင္စြာထိန္းထားႏိုင္ျခင္း ျဖစ္သည္။

အလံုးအရင္းစစ္ေဆးႏိုင္မႈမ်ားေၾကာင့္ ပံုမွန္လူေနမႈဘဝသို႔ ျပန္လည္ပို႔ေဆာင္ေပးႏိုင္ျခင္းျဖစ္ကာ ေဆာင္းလယ္ပြဲေတာ္အတြင္းမွ အမ်ဳိးသားအားလပ္ရက္ျဖစ္ေသာ Golden Week အတြင္း ခရီးသြား သန္း ၆၀၀ ခန္႔ ခရီးသြားလာမႈမ်ား ရွိသည္။

ခ်င္းေတာင္ျမိဳ ႔သည္ ပင္လယ္ကမ္းေျခေနရာေပါင္း မ်ားစြာရွိျပီး ကမၻာလွည့္ခရီးသြားမ်ားအၾကား နာမည္ေက်ာ္သည့္ေနရာတစ္ခု ျဖစ္သည္။

ကူးစက္မႈစတင္ျဖစ္ပြားပုံကို စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း ခ်င္းေတာင္ျမိဳ ႔ အာဏာပိုင္အဖြဲ႔က ေျပာၾကားသည္။

ယခုရက္သတၱပတ္ အခ်က္အလက္မ်ားအရ တရုတ္ျပည္တြင္ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၈၅၅၇၈ ဦးရွိခဲ့ျပီး ေသဆံုးသူ ၄၆၃၄ ဦးရွိေၾကာင္း တရုတ္အမ်ဳိးသားက်န္းမာေရးေကာ္မရွင္က ထုတ္ျပန္သည့္ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China to test 9 million people as coronavirus cluster detected in city of Qingdao (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service