ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ခိုင်ကြေးဆိုသည်မှာတည်ဆဲမြေခွန်နှုန်းထားများအရ မြေခွန်စည်းကြပ်လျက်ရှိရာ စည်းကြပ်သည့်မြေခွန်ပေါ်တွင် နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်သည့် ငွေကို ခိုင်ကြေးဟုခေါ်သည်။တစ်နည်းအားဖြင့်ဆိုသော် ခိုင်ကြေးဆိုသည်မှာ အခွန်တော်ကောက်ခံပေးရသည့်အတွက် အချိုးကျရငွေဖြစ်ပြီး အခွန်တော်အပေါ်၌ ခိုင်ကြေးကိုရသည်ဟုဆိုလိုပါသည်။
၁၈၈၀ ပြည့်နှစ်၊ ခရိုင် ခိုင်ကြေးအက်ဥပဒေ ပုဒ်မ(၁)အရ မြူနီစီပယ်အက်ဥပဒေ အာဏာသက်ရောက်သည့် မြို့မြေများသည် ခိုင်ကြေးအက်ဥပဒေတွင် အကျုံးဝင်ခြင်း မရှိသဖြင့် မြူနီစီပယ်အက်ဥပဒေ အာဏာသက်ရောက်သည့် မြို့မြေများအတွင်း စည်းကြပ်သည့် မြေခွန်ပေါ်တွင် ခိုင်ကြေးမထည့်သွင်းရပါ။ ၁၉၄၇ ခုနှစ် တွင်ပြင်ဆင် ပြဋ္ဌာန်းထားသော ခရိုင်ခိုင်ကြေးအက်ဥပဒေကိုပြင်ဆင်သည့်အက်ဥပဒေအရ အထက်မြန်မာနိုင်ငံတို့လည်း အကျုံးဝင်သည်ဟု ဖော်ပြထားသည့်အတွက် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး အကျုံးဝင်ကြောင်း တွေ့ရှိရသည်။
၁၈၈၀ ပြည့်နှစ် ခရိုင်ခိုင်ကြေး အက်ဥပဒေပုဒ်မ(၄) တွင် “အခွန်စည်းကြပ်ရာတွင် ကျသင့်သည့်အခွန်ပေါ်၌ ၁၀ ရာခိုင်နှုန်း ထပ်ဆောင်း၍ ခိုင်ကြေးအဖြစ် ထပ်မံ စည်းကြပ်ရမည်” ဟု ဖော်ပြပါရှိသည်။
မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိသော မြို့မြေများမှ စိုက်ပျိုးမြေများကို ခိုင်ကြေး ကောက်ခံရန် မလိုကြောင်း၊ မြို့မြေငှားခ၊ မြို့တွင်းမြေခွန်တို့ကိုလည်း ခိုင်ကြေး ကောက်ခံရန်မလိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားထားပါသည်။
ခိုင်ကြေး တွက်ချက်ပုံမှာ ခိုင်ကြေးအပါအဝင် မြေခွန် ငွေကျပ် ၁၁၀ ကောက်ခံရရှိသည်။ ပထမအဆင့် ခိုင်ကြေးသည် (၁/၁၁x၁၁၀)=၁၀ကျပ် ဖြစ်ပါသည်။ ထိုဒေသအတွက် လုပ်အားခမှာ ၅ ရာခိုင်နှုန်း နှင့် ရှားပါးစရိတ် ၅ ရာခိုင်နှုန်းဖြစ်လျှင် ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော လုပ်အားခ ၁ ကျပ်ကို အထက်ပါ ခိုင်ကြေး ၁၀ ကျပ်မှ နုတ်ပယ်ရပါမည်။ အသားတင်ခိုင်ကြေးသည် (၁၀-၁)=၉ကျပ် ဖြစ်ပါသည်။ ထို ၉ ကျပ်ကိုသာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ထုတ်ပေးရမည်ဖြစ်သည်။
ခိုင်ကြေးကောက်ခံခြင်းကို ပြည်တွင်းအခွန်များဦးစီးဌာန၏ ညွှန်ကြားလွှာအမှတ် ၁/၇၃(မယ)ဖြင့် ခိုင်ကြေး စည်းကြပ်ကောက်ခံခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ခိုင်ကြေးလွှဲပြောင်းပေးခြင်းကိစ္စ၊ ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးရုံး၏ ၁၉၁၁-၁၉၆၉ ရက်စွဲပါ စာအမှတ်(၄၇၁/၃သ-၂)ဖြင့် ၁၈၈၀ ပြည့်နှစ် ခရိုင်ခိုင်ကြေးအက်ဥပဒေအရ ခိုင်ကြေးစည်းကြပ်ခြင်း ရှင်းလင်းချက်နှင့် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၀-၇-၁၉၇၃ ရက်စွဲပါစာအမှတ် (၁-၂/၄/အဒ-၂)ဖြင့် ခိုင်ကြေးနှင့် ပတ်သက်သည့် အထွေထွေညွှန်ကြားချက်တို့ဖြင့် ညွှန်ကြားထားရှိပြီး ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေျမခြန္ေပၚတြင္ ေကာက္ခံသည့္ ခိုင္ေၾကးဆိုတာဘာလဲ။ ဘယ္ေဒသတြင္ ေပးေဆာင္ရသလဲ။
ခိုင္ေၾကးဆိုသည္မွာတည္ဆဲေျမခြန္ႏႈန္းထားမ်ားအရ ေျမခြန္စည္းၾကပ္လ်က္႐ွိရာ စည္းၾကပ္သည့္ေျမခြန္ေပၚတြင္ ေနာက္ထပ္ ၁၀ ရာခိုင္ႏႈန္း ထပ္မံစည္းၾကပ္သည့္ ေငြကို ခိုင္ေၾကးဟုေခၚသည္။တစ္နည္းအားျဖင့္ဆိုေသာ္ ခိုင္ေၾကးဆိုသည္မွာ အခြန္ေတာ္ေကာက္ခံေပးရသည့္အတြက္ အခ်ိဳးက်ရေငြျဖစ္ၿပီး အခြန္ေတာ္အေပၚ၌ ခိုင္ေၾကးကိုရသည္ဟုဆိုလိုပါသည္။
၁၈၈၀ ျပည့္ႏွစ္၊ ခ႐ိုင္ ခိုင္ေၾကးအက္ဥပေဒ ပုဒ္မ(၁)အရ ျမဴနီစီပယ္အက္ဥပေဒ အာဏာသက္ေရာက္သည့္ ၿမိဳ႕ေျမမ်ားသည္ ခိုင္ေၾကးအက္ဥပေဒတြင္ အက်ံဳးဝင္ျခင္း မ႐ွိသျဖင့္ ျမဴနီစီပယ္အက္ဥပေဒ အာဏာသက္ေရာက္သည့္ ၿမိဳ႕ေျမမ်ားအတြင္း စည္းၾကပ္သည့္ ေျမခြန္ေပၚတြင္ ခိုင္ေၾကးမထည့္သြင္းရပါ။ ၁၉၄၇ ခုႏွစ္ တြင္ျပင္ဆင္ ျပ႒ာန္းထားေသာ ခ႐ိုင္ခိုင္ေၾကးအက္ဥပေဒကိုျပင္ဆင္သည့္အက္ဥပေဒအရ အထက္ျမန္မာႏိုင္ငံတို႔လည္း အက်ံဳးဝင္သည္ဟု ေဖာ္ျပထားသည့္အတြက္ လက္႐ွိအခ်ိန္တြင္ ျမန္မာႏိုင္ငံတစ္ဝန္းလုံး အက်ံဳးဝင္ေၾကာင္း ေတြ႕႐ွိရသည္။
၁၈၈၀ ျပည့္ႏွစ္ ခ႐ိုင္ခိုင္ေၾကး အက္ဥပေဒပုဒ္မ(၄) တြင္ “အခြန္စည္းၾကပ္ရာတြင္ က်သင့္သည့္အခြန္ေပၚ၌ ၁၀ ရာခိုင္ႏႈန္း ထပ္ေဆာင္း၍ ခိုင္ေၾကးအျဖစ္ ထပ္မံ စည္းၾကပ္ရမည္” ဟု ေဖာ္ျပပါ႐ွိသည္။
ၿမိဳ႕နယ္စည္ပင္သာယာ နယ္နိမိတ္အတြင္း႐ွိေသာ ၿမိဳ႕ေျမမ်ားမွ စိုက္ပ်ိဳးေျမမ်ားကို ခိုင္ေၾကး ေကာက္ခံရန္ မလိုေၾကာင္း၊ ၿမိဳ႕ေျမငွားခ၊ ၿမိဳ႕တြင္းေျမခြန္တို႔ကိုလည္း ခိုင္ေၾကး ေကာက္ခံရန္မလိုအပ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ၫႊန္ၾကားထားပါသည္။
ခိုင္ေၾကး တြက္ခ်က္ပုံမွာ ခိုင္ေၾကးအပါအဝင္ ေျမခြန္ ေငြက်ပ္ ၁၁၀ ေကာက္ခံရ႐ွိသည္။ ပထမအဆင့္ ခိုင္ေၾကးသည္ (၁/၁၁x၁၁၀)=၁၀က်ပ္ ျဖစ္ပါသည္။ ထိုေဒသအတြက္ လုပ္အားခမွာ ၅ ရာခိုင္ႏႈန္း ႏွင့္ ႐ွားပါးစရိတ္ ၅ ရာခိုင္ႏႈန္းျဖစ္လွ်င္ ၁၀ ရာခိုင္ႏႈန္းႏွင့္ ညီမွ်ေသာ လုပ္အားခ ၁ က်ပ္ကို အထက္ပါ ခိုင္ေၾကး ၁၀ က်ပ္မွ ႏုတ္ပယ္ရပါမည္။ အသားတင္ခိုင္ေၾကးသည္ (၁၀-၁)=၉က်ပ္ ျဖစ္ပါသည္။ ထို ၉ က်ပ္ကိုသာ ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕သို႔ ထုတ္ေပးရမည္ျဖစ္သည္။
ခိုင္ေၾကးေကာက္ခံျခင္းကို ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ ၫႊန္ၾကားလႊာအမွတ္ ၁/၇၃(မယ)ျဖင့္ ခိုင္ေၾကး စည္းၾကပ္ေကာက္ခံျခင္းႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕သို႔ ခိုင္ေၾကးလႊဲေျပာင္းေပးျခင္းကိစၥ၊ ေၾကးတိုင္ႏွင့္ ေျမစာရင္းမင္းႀကီး႐ုံး၏ ၁၉၁၁-၁၉၆၉ ရက္စြဲပါ စာအမွတ္(၄၇၁/၃သ-၂)ျဖင့္ ၁၈၈၀ ျပည့္ႏွစ္ ခ႐ိုင္ခိုင္ေၾကးအက္ဥပေဒအရ ခိုင္ေၾကးစည္းၾကပ္ျခင္း ႐ွင္းလင္းခ်က္ႏွင့္ ျပည္ထဲေရးႏွင့္သာသနာေရး ဝန္ႀကီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ၃၀-၇-၁၉၇၃ ရက္စြဲပါစာအမွတ္ (၁-၂/၄/အဒ-၂)ျဖင့္ ခိုင္ေၾကးႏွင့္ ပတ္သက္သည့္ အေထြေထြၫႊန္ၾကားခ်က္တို႔ျဖင့္ ၫႊန္ၾကားထား႐ွိၿပီး ျဖစ္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com