အိမ်ငှားရှိသည့် အိမ်ကို အသစ်ပြန်ဆောက်မည်ဆိုလျှင်

အိမ်ငှားရှိသည့် အိမ်ကို အသစ်ပြန်ဆောက်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
10 Oct 2020 12:16 pm တွင် တင်ခဲ့သည်
1043 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

'' အိမ်ငှားရှိတဲ့ အိမ်ကို အသစ်ပြန်ဆောက်မယ်ဆိုပါတော့ ဆရာ။ အိမ်သစ်မှာ အိမ်ငှားတွေကို ပြန်ထားရမယ်လို့ ဥပဒေရှိပါသလား'' ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

''မိတ်ဆွေကြီးက အိမ်ကို ဘယ်လို ပုံစံမျိုး ပြန်ဆောက်ချင်တာလဲ။ မြေက ဘယ်မှာလဲ။ ရန်ကုန်မြို့ နယ်နိမိတ်ထဲ မှာပဲလား''

''ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲမှာပါ။ ကန်ထရိုက်ပေးပြီး ဆောက်ကြတဲ့အခါ အိမ်ငှားတွေကို အခန်းပြန်ပေး ရတဲ့စနစ်ဖြစ်နေတာက ဥပဒေရှိလို့လားဆိုတာ သိချင်လို့ပါ''

''မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပါ ပြဋ္ဌာန်းချက်ပါ အိမ်ငှားတာဝန်ဖောက်ဖျက်မှုတွေနဲ့ ငြိစွန်းနေ ရင်တော့ ဥပဒေနဲ့အညီ တရားရုံးမှာ တရားစွဲဆိုနှင်ချခွင့်ရှိမှာ ဖြစ်ပါတယ်''

''ဆရာပြောစကားအရဆိုရင် အိမ်ငှားတာဝန်ဖောက်ဖျက်တဲ့အချက်မရှိရင်တော့ အိမ်မှ နှင်ချခွင့်မရှိဘူးဆိုတဲ့ သဘောပေါ့''

''မှန်ပါတယ်။ ဒါကြောင့် မြေရှင်တွေအနေနဲ့ အကျိုးအမြတ်ရအောင် ကန်ထရိုက်စနစ်နဲ့ ခြောက်ထပ်၊ ရှစ်ထပ် တိုက်တွေဆောက်ကြတာပေါ့။ တစ်ခါတစ်ရံမှာ အိမ်ရှင်ကိုယ်တိုင်နေတာမဟုတ်ဘဲ အိမ်ငှားတွေချည်းပဲ အငှားချထားတဲ့ အိမ်ခန်းတွေလည်း ရှိတတ်ကြတယ်''

''ဟုတ်ကဲ့။ ကျွန်တော့် ဖခင်လက်ထက်ကတည်းကငှားနေတဲ့ အိမ်ငှားတွေရှိနေတယ်။ အိမ်ကလည်း ပျဉ်ထောင် အိမ်တစ်ထပ်ဆိုတော့ ဆွေးနေပြီပေါ့။ အဲဒါကိုအိမ် အသစ်ပြန်ဆောက်ချင်လို့ ဆရာ''

''အိမ်ငှားက ဘယ်နှဦးရှိနေလို့လဲ''

''မိသားစုနှစ်စုရှိတယ် ဆရာ''

''အခန်းက ဘယ်နှခန်းဖွဲ့ထားသလဲ''

''နှစ်ခန်းဆရာ။ မိသားစုတစ်စုစီနေကြတာ''

''တိုက်ဆောက်ရင်လည်း သူတို့ကို တစ်ခန်းစီပေးရမယ့် သဘောဖြစ်နေတာပေါ့''

''ဟုတ်တယ်ဆရာ။ ဖယ်ပေးဖို့ပြောတော့လည်း တိုက်ခန်းဆောက်ရင် တစ်ခန်းရမှာ သေချာတယ်ဆိုပြီး တိုက်ခန်းတစ်ခန်းဖိုးလောက်တောင်းနေတာ ဆရာ''

''ဒါကလည်း ထုံးတမ်းစဉ်လာလိုဖြစ်နေတာကိုး။ ဒါကြောင့်လည်း အိမ်နှင်မှုတွေဖြစ်နေကြတာပေါ့။ လောဘနဲ့ ရှေ့ထားပြီး အမှုအခင်းတွေဖြစ်နေကြတယ်''

''နိုင်ငံတော် အစိုးရက စီမံကိန်းနဲ့ တည်ဆောက်တဲ့ တိုက်ခန်းတွေမှာလည်း မူလအိမ်ငှားတွေကို တိုက်ခန်း တစ်ခန်းပေးတယ်လို့ သိရတယ်''

''ဟုတ်ကဲ့ ရှိခဲ့ပါတယ်။ ကျွန်တော် မှတ်သားသိရှိထားတာတော့ ကမာရွတ်မြို့နယ်က ယခင်ဝဂ္ဂီရပ်ကွက်ကို အဆင့်မြင့်တိုက်ခန်းတွေအဖြစ် စီမံကိန်းချဆောက်လုပ်ခဲ့ပါတယ်။ အဲဒီမှာ မိတ်ဆွေကြီးပြောသလို အိမ်ငှားတွေ ကို သင့်လျော်တဲ့ တိုက်ခန်းမှာ ပြန်လည်နေရာချထားပေးတာတွေ ရှိပါတယ်''

''ဒါဆိုရင် မြန်မာနိုင်ငံမှာ အစဉ်အလာသဘောမျိုးဖြစ်နေတာပေါ့''

''ဒါကတော့ နှစ်ဦးနှစ်ဖက် မနစ်နာအောင် ညှိနှိုင်းဆောင်ရွက်တဲ့သဘောပေါ့။ အိမ်ငှားတွေကို အခန်း တစ်ခန်း ပေးတယ်ဆိုတာ အိမ်ငှားအဖြစ် ဆက်လက်ထားတာမျိုး ဖြစ်ပါတယ်''

''အပိုင်ပေးတာမျိုး မဟုတ်ဘူးပေါ့''

''တချို့ကလည်း အိမ်ငှားဆိုပေမယ့် အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ အိမ်ငှားတွေလည်း ရှိကြတယ်။ သူတို့ ကတော့ မိမိအစားရတဲ့ တိုက်ခန်းကို ပြန်လည်ရောင်းချလွှဲပြောင်းခွင့်ရမှာ ဖြစ်ပါတယ်''

''လစဉ် ငှားရမ်းခနဲ့ ငှားရမ်းထားခဲ့တဲ့ အိမ်ငှားတွေက ဘယ်လိုဖြစ်နိုင်သလဲ''

''သင့်တော်တဲ့အခန်းကို ပြန်လည်အငှားချခြင်းဖြစ်ပါတယ်။ အိမ်လခကောက်ခံပြီး အိမ်ရှင်အိမ်ငှားအဖြစ် ဆက်လက်နေသွားရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာနမှာ မြေရှင်၊ ကန်ထရိုက်၊ အိမ်ငှားတို့နဲ့ ညှိနှိုင်းတဲ့အခါ အိမ်ငှားရတဲ့အခန်းကို ပြန်လည်ရောင်းချခွင့် မရှိ။ လွှဲပြောင်းခွင့်မရှိ၊ အိမ်ငှားအဖြစ်သာ နေထိုင်ခွင့်ပြုကြောင်း သဘောတူ စာချုပ်စာတမ်းချုပ်ဆိုပြီး အိမ်ဆောက် ခွင့်ပြုတာတွေရှိပါတယ်''

''တိုက်အသစ်ဆောက်ရင် မြို့တော်စည်ပင်သာယာရေး ကော်မတီသက်ဆိုင်ရာဌာနမှာ မြေရှင်၊ ကန်ထရိုက်၊ အိမ်ငှားများနဲ့ ညှိနှိုင်းသဘောတူမှ အိမ်ဆောက်ခွင့်ရတာ မဟုတ်လား''

''ဟုတ်ပါတယ်။ အားလုံး သဘောတူညီချက်ရမှ အိမ်သစ်ဆောက်လုပ်ခွင့်ချပေးမှာ ဖြစ်ပါတယ်''

''ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်။ အိမ်အသစ် ပြန်ဆောက်ဖို့ တရားရုံးမှာ လျှောက်ထားလို့ရတယ်။ အိမ်ငှား တွေကိုနှင်ပြီး အိမ်သစ်ဆောက်ခွင့်ပေးတယ်လို့ ကြားဖူးတယ် ဆရာ။ အဲဒါမျိုးရှိပါသလား''

မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ - ၁၂ (၁)(င) မှာ၊ အိမ်ရှင်ဖြစ်သူသည် ၎င်း၏ လက်ရှိ အဆောက်အအုံကို အသစ်ဆောက်လုပ်ရန် သို့မဟုတ် အရေးကြီးသော ပုံသဏ္ဌာန်ပြောင်းလဲသော ပြုပြင်မှု များ ပြုလုပ်ရန်အတွက် ရိုးဖြောင့်သော သဘောဖြင့် ၎င်း၏ အဆောက်အအုံကို ရယူလိုပါက အိမ်ငှားအား ဖယ်ရှား ပေးရန် တရားစွဲဆိုခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါတယ်။ တစ်ဆက်တည်းမှာပဲ အိမ်ရှင်သည် အိမ်ငှားပြောင်းရွှေ့ သည့် နေ့ရက်မှစ၍ ကိုးလထက်မပိုဘဲ တရားရုံးက သတ်မှတ်သော ကာလအတွင်း ယင်းအဆောက်အအုံ သစ်ဆောက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းကိစ္စကို ပြီးစီးအောင် ဆောင်ရွက်ပါမည်ဟုလည်းကောင်း၊ အသစ် ဆောက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းကိစ္စပြီးစီးက ဖယ်ရှားပေးရသော အိမ်ငှားက ပြန်လည်၍ ငှားရမ်းလိုပါလျှင် အငှားချထားပါမည်ဟုလည်းကောင်း တရားရုံးက သတ်မှတ်သည့် ငွေအရေအတွက်ဖြင့် ခံဝန်ချုပ်ဆိုရမည်လို့ ဖော်ပြထားပါတယ်''

''ဘယ်လို အထောက်အထားတွေ ပြဖို့လိုပါသလဲ''

''ငှားရမ်းထားသည့် အိမ်မှာ ဟောင်းနွမ်းကြာမြင့်နေပြီဖြစ်ကြောင်း၊ အိမ်ရှင်အနေဖြင့် သက်ဆိုင်ရာ စည်ပင်မြူနီစီ ပါယ်အဖွဲ့၏ အိမ်သစ်ဆောက်လုပ်ရန်အခွင့်အမိန့်ရရှိပြီးဖြစ်ကြောင်း၊ အိမ်ရှင်သည် အိမ်သစ်ဆောက်လုပ်နိုင် သည့် ဓနအင်အားလည်းရှိကြောင်း တို့မှာ အကြောင်း အားလျော်စွာ ရိုးဖြောင့်သော သဘောဖြင့် အိမ်ပြင်ဆင်၊ အသစ်ဆောက် လုပ်ရန်အတွက် ဥပစာကို ရယူလိုသည်မှာ မှန်ကန်သည်ဟု ဒေါ်သိန်းရွှေနှင့် အက်စ်အမ်ချောင် ဒူရီ (၁၉၆၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၁၅၉) မှာ ဆုံးဖြတ်ထားပါတယ်။ ယခုတိုင် အဲဒီအချက်မျာ ကို လိုက်နာဆောင်ရွက်လျက်ရှိပါတယ်''

''ဒါဆိုရင် မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အိမ်ဆောက်လုပ်ခွင့်တင်ပြဖို့ လိုတာပေါ့။ တကယ်လို့ အိမ်ငှားက ပြန်လည်၍ ငှားရမ်း နေထိုင်လိုလျှင် အငှားချထားရမယ်ဆိုတာက ဘယ်လိုလဲ ဆရာ''

''အိမ်ရှင်အနေနဲ့ တရားရုံးမှာ ခံဝန်ချုပ်ပြုလုပ်ပြီး၊ ယင်းခံဝန်ချုပ်ကို ဖောက်ဖျက်ရင် ဖယ်ရှားပေးခဲ့ရသော အိမ်ငှားအနေဖြင့် ခံဝန်ချုပ်အရ အိမ်ငှားအပေါ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ (၂) နှင့် (၃) တို့အရ တရားရုံးက အရေးယူပေးရန် လျှောက်ထားနိုင်တယ်။ တရားရုံးက ခံဝန်ချုပ်ဖြင့် ချုပ်ဆိုထားသော ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ အိမ်ငှားအားလျော်ကြေးပေးစေခြင်း၊ အိမ်ငှားက သဘောတူလျှင် အိမ် ငှားအား တရားရုံးမှ အမိန့်ဒီကရီ မချမီထားရှိသည့် စည်းကမ်းအတိုင်း အချင်းဖြစ်ဥပစာကို အပ်နှံငှားရမ်း ခြင်းဆိုတဲ့ အချက်သုံးချက်ထဲက အမှုအခြေအနေကို လိုက်ပြီး တရားရုံးက အမိန့်ချနိုင်တယ်။ ဒါကြောင့် လက်ရှိ ကာလမှာ အိမ်ငှားနဲ့ ညှိနှိုင်းဆောင်ရွက်နေကြခြင်းဖြစ်တယ်''ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ငွားရွိသည့္ အိမ္ကုိ အသစ္ျပန္ေဆာက္မည္ဆုိလွ်င္

'' အိမ္ငွားရွိတဲ့ အိမ္ကုိ အသစ္ျပန္ေဆာက္မယ္ဆုိပါေတာ့ ဆရာ။ အိမ္သစ္မွာ အိမ္ငွားေတြကို ျပန္ထားရမယ္လုိ႔ ဥပေဒရွိပါသလား''ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံ လာေရာက္ေဆြးေႏြးပါသည္။

''မိတ္ေဆြႀကီးက အိမ္ကို ဘယ္လုိ ပုံစံမ်ဳိး ျပန္ေဆာက္ခ်င္တာလဲ။ ေျမက ဘယ္မွာလဲ။ ရန္ကုန္ၿမိဳ႕ နယ္နိမိတ္ထဲ မွာပဲလား''

''ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္ထဲမွာပါ။ ကန္ထ႐ုိက္ေပးၿပီး ေဆာက္ၾကတဲ့အခါ အိမ္ငွားေတြကုိ အခန္းျပန္ေပး ရတဲ့စနစ္ျဖစ္ေနတာက ဥပေဒရွိလုိ႔လားဆုိတာ သိခ်င္လုိ႔ပါ''

''ၿမိဳ႕ျပဆုိင္ရာ ငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒပါ ျပ႒ာန္းခ်က္ပါ အိမ္ငွားတာဝန္ေဖာက္ဖ်က္မႈေတြနဲ႔ ၿငိစြန္းေန ရင္ေတာ့ ဥပေဒနဲ႔အညီ တရား႐ုံးမွာ တရားစြဲဆုိႏွင္ခ်ခြင့္ရွိမွာ ျဖစ္ပါတယ္''

''ဆရာေျပာစကားအရဆုိရင္ အိမ္ငွားတာဝန္ေဖာက္ဖ်က္တဲ့အခ်က္မရွိရင္ေတာ့ အိမ္မွ ႏွင္ခ်ခြင့္မရွိဘူးဆုိတဲ့ သေဘာေပါ့''

''မွန္ပါတယ္။ ဒါေၾကာင့္ ေျမရွင္ေတြအေနနဲ႔ အက်ဳိးအျမတ္ရေအာင္ ကန္ထ႐ုိက္စနစ္နဲ႔ ေျခာက္ထပ္၊ ရွစ္ထပ္ တုိက္ေတြေဆာက္ၾကတာေပါ့။ တစ္ခါတစ္ရံမွာ အိမ္ရွင္ကုိယ္တုိင္ေနတာမဟုတ္ဘဲ အိမ္ငွားေတြခ်ည္းပဲ အငွားခ်ထားတဲ့ အိမ္ခန္းေတြလည္း ရွိတတ္ၾကတယ္''

''ဟုတ္ကဲ့။ ကြၽန္ေတာ့္ ဖခင္လက္ထက္ကတည္းကငွားေနတဲ့ အိမ္ငွားေတြရွိေနတယ္။ အိမ္ကလည္း ပ်ဥ္ေထာင္ အိမ္တစ္ထပ္ဆုိေတာ့ ေဆြးေနၿပီေပါ့။ အဲဒါကိုအိမ္ အသစ္ျပန္ေဆာက္ခ်င္လုိ႔ ဆရာ''

''အိမ္ငွားက ဘယ္ႏွဦးရွိေနလုိ႔လဲ''

''မိသားစုႏွစ္စုရွိတယ္ ဆရာ''

''အခန္းက ဘယ္ႏွခန္းဖြဲ႔ထားသလဲ''

''ႏွစ္ခန္းဆရာ။ မိသားစုတစ္စုစီေနၾကတာ''

''တုိက္ေဆာက္ရင္လည္း သူတုိ႔ကုိ တစ္ခန္းစီေပးရမယ့္ သေဘာျဖစ္ေနတာေပါ့''

''ဟုတ္တယ္ဆရာ။ ဖယ္ေပးဖုိ႔ေျပာေတာ့လည္း တုိက္ခန္းေဆာက္ရင္ တစ္ခန္းရမွာ ေသခ်ာတယ္ဆုိၿပီး တုိက္ခန္းတစ္ခန္းဖုိးေလာက္ေတာင္းေနတာ ဆရာ''

''ဒါကလည္း ထုံးတမ္းစဥ္လာလုိျဖစ္ေနတာကုိး။ ဒါေၾကာင့္လည္း အိမ္ႏွင္မႈေတြျဖစ္ေနၾကတာေပါ့။ ေလာဘနဲ႔ ေရွ႕ထားၿပီး အမႈအခင္းေတြျဖစ္ေနၾကတယ္''

''ႏုိင္ငံေတာ္ အစုိးရက စီမံကိန္းနဲ႔ တည္ေဆာက္တဲ့ တုိက္ခန္းေတြမွာလည္း မူလအိမ္ငွားေတြကို တုိက္ခန္း တစ္ခန္းေပးတယ္လုိ႔ သိရတယ္''

''ဟုတ္ကဲ့ ရွိခဲ့ပါတယ္။ ကြၽန္ေတာ္ မွတ္သားသိရွိထားတာေတာ့ ကမာရြတ္ၿမိဳ႕နယ္က ယခင္ဝဂၢီရပ္ကြက္ကို အဆင့္ျမင့္တုိက္ခန္းေတြအျဖစ္ စီမံကိန္းခ်ေဆာက္လုပ္ခဲ့ပါတယ္။ အဲဒီမွာ မိတ္ေဆြႀကီးေျပာသလုိ အိမ္ငွားေတြ ကို သင့္ေလ်ာ္တဲ့ တုိက္ခန္းမွာ ျပန္လည္ေနရာခ်ထားေပးတာေတြ ရွိပါတယ္''

''ဒါဆုိရင္ ျမန္မာႏုိင္ငံမွာ အစဥ္အလာသေဘာမ်ဳိးျဖစ္ေနတာေပါ့''

''ဒါကေတာ့ ႏွစ္ဦးႏွစ္ဖက္ မနစ္နာေအာင္ ညိႇႏႈိင္းေဆာင္ရြက္တဲ့သေဘာေပါ့။ အိမ္ငွားေတြကို အခန္း တစ္ခန္း ေပးတယ္ဆုိတာ အိမ္ငွားအျဖစ္ ဆက္လက္ထားတာမ်ဳိး ျဖစ္ပါတယ္''

''အပုိင္ေပးတာမ်ဳိး မဟုတ္ဘူးေပါ့''

''တခ်ဳိ႕ကလည္း အိမ္ငွားဆုိေပမယ့္ အေပ်ာက္စနစ္နဲ႔ ဝယ္ထားတဲ့ အိမ္ငွားေတြလည္း ရွိၾကတယ္။ သူတုိ႔ ကေတာ့ မိမိအစားရတဲ့ တုိက္ခန္းကို ျပန္လည္ေရာင္းခ်လႊဲေျပာင္းခြင့္ရမွာ ျဖစ္ပါတယ္''

''လစဥ္ ငွားရမ္းခနဲ႔ ငွားရမ္းထားခဲ့တဲ့ အိမ္ငွားေတြက ဘယ္လုိျဖစ္ႏုိင္သလဲ''

''သင့္ေတာ္တဲ့အခန္းကို ျပန္လည္အငွားခ်ျခင္းျဖစ္ပါတယ္။ အိမ္လခေကာက္ခံၿပီး အိမ္ရွင္အိမ္ငွားအျဖစ္ ဆက္လက္ေနသြားရမွာ ျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာ ဌာနမွာ ေျမရွင္၊ ကန္ထ႐ုိက္၊ အိမ္ငွားတုိ႔နဲ႔ ညိႇႏႈိင္းတဲ့အခါ အိမ္ငွားရတဲ့အခန္းကို ျပန္လည္ေရာင္းခ်ခြင့္ မရွိ။ လႊဲေျပာင္းခြင့္မရွိ၊ အိမ္ငွားအျဖစ္သာ ေနထုိင္ခြင့္ျပဳေၾကာင္း သေဘာတူ စာခ်ဳပ္စာတမ္းခ်ဳပ္ဆုိၿပီး အိမ္ေဆာက္ ခြင့္ျပဳတာေတြရွိပါတယ္''

''တုိက္အသစ္ေဆာက္ရင္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီသက္ဆုိင္ရာဌာနမွာ ေျမရွင္၊ ကန္ထ႐ုိက္၊ အိမ္ငွားမ်ားနဲ႔ ညိႇႏႈိင္းသေဘာတူမွ အိမ္ေဆာက္ခြင့္ရတာ မဟုတ္လား''

''ဟုတ္ပါတယ္။ အားလုံး သေဘာတူညီခ်က္ရမွ အိမ္သစ္ေဆာက္လုပ္ခြင့္ခ်ေပးမွာ ျဖစ္ပါတယ္''

''ကြၽန္ေတာ္ၾကားဖူးတာတစ္ခုရွိတယ္။ အိမ္အသစ္ ျပန္ေဆာက္ဖုိ႔ တရား႐ုံးမွာ ေလွ်ာက္ထားလုိ႔ရတယ္။ အိမ္ငွား ေတြကိုႏွင္ၿပီး အိမ္သစ္ေဆာက္ခြင့္ေပးတယ္လုိ႔ ၾကားဖူးတယ္ ဆရာ။ အဲဒါမ်ဳိးရွိပါသလား''

ၿမိဳ႕ျပဆုိင္ရာ ငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ - ၁၂ (၁)(င) မွာ၊ အိမ္ရွင္ျဖစ္သူသည္ ၎၏ လက္ရွိ အေဆာက္အအုံကုိ အသစ္ေဆာက္လုပ္ရန္ သုိ႔မဟုတ္ အေရးႀကီးေသာ ပုံသဏၭာန္ေျပာင္းလဲေသာ ျပဳျပင္မႈ မ်ား ျပဳလုပ္ရန္အတြက္ ႐ုိးေျဖာင့္ေသာ သေဘာျဖင့္ ၎၏ အေဆာက္အအုံကို ရယူလုိပါက အိမ္ငွားအား ဖယ္ရွား ေပးရန္ တရားစြဲဆုိခြင့္ရွိေၾကာင္း ျပ႒ာန္းထားပါတယ္။ တစ္ဆက္တည္းမွာပဲ အိမ္ရွင္သည္ အိမ္ငွားေျပာင္းေရႊ႕ သည့္ ေန႔ရက္မွစ၍ ကိုးလထက္မပုိဘဲ တရား႐ုံးက သတ္မွတ္ေသာ ကာလအတြင္း ယင္းအေဆာက္အအုံ သစ္ေဆာက္ျခင္း သို႔မဟုတ္ ျပဳျပင္ျခင္းကိစၥကုိ ၿပီးစီးေအာင္ ေဆာင္ရြက္ပါမည္ဟုလည္းေကာင္း၊ အသစ္ ေဆာက္ျခင္း သုိ႔မဟုတ္ ျပဳျပင္ျခင္းကိစၥၿပီးစီးက ဖယ္ရွားေပးရေသာ အိမ္ငွားက ျပန္လည္၍ ငွားရမ္းလုိပါလွ်င္ အငွားခ်ထားပါမည္ဟုလည္းေကာင္း တရား႐ုံးက သတ္မွတ္သည့္ ေငြအေရအတြက္ျဖင့္ ခံဝန္ခ်ဳပ္ဆုိရမည္လုိ႔ ေဖာ္ျပထားပါတယ္''

''ဘယ္လုိ အေထာက္အထားေတြ ျပဖုိ႔လုိပါသလဲ''

''ငွားရမ္းထားသည့္ အိမ္မွာ ေဟာင္းႏြမ္းၾကာျမင့္ေနၿပီျဖစ္ေၾကာင္း၊ အိမ္ရွင္အေနျဖင့္ သက္ဆုိင္ရာ စည္ပင္ျမဴနီစီ ပါယ္အဖဲြ႔၏ အိမ္သစ္ေဆာက္လုပ္ရန္အခြင့္အမိန္႔ရရွိၿပီးျဖစ္ေၾကာင္း၊ အိမ္ရွင္သည္ အိမ္သစ္ေဆာက္လုပ္ႏုိင္ သည့္ ဓနအင္အားလည္းရွိေၾကာင္း တုိ႔မွာ အေၾကာင္း အားေလ်ာ္စြာ ႐ုိးေျဖာင့္ေသာ သေဘာျဖင့္ အိမ္ျပင္ဆင္၊ အသစ္ေဆာက္ လုပ္ရန္အတြက္ ဥပစာကို ရယူလုိသည္မွာ မွန္ကန္သည္ဟု ေဒၚသိန္းေရႊႏွင့္ အက္စ္အမ္ေခ်ာင္ ဒူရီ (၁၉၆၃ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ -၁၅၉) မွာ ဆုံးျဖတ္ထားပါတယ္။ ယခုတုိင္ အဲဒီအခ်က္မ်ာ ကုိ လုိက္နာေဆာင္ရြက္လ်က္ရွိပါတယ္''

''ဒါဆုိရင္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ အိမ္ေဆာက္လုပ္ခြင့္တင္ျပဖုိ႔ လုိတာေပါ့။ တကယ္လုိ႔ အိမ္ငွားက ျပန္လည္၍ ငွားရမ္း ေနထုိင္လုိလွ်င္ အငွားခ်ထားရမယ္ဆုိတာက ဘယ္လုိလဲ ဆရာ''

''အိမ္ရွင္အေနနဲ႔ တရား႐ုံးမွာ ခံဝန္ခ်ဳပ္ျပဳလုပ္ၿပီး၊ ယင္းခံဝန္ခ်ဳပ္ကို ေဖာက္ဖ်က္ရင္ ဖယ္ရွားေပးခဲ့ရေသာ အိမ္ငွားအေနျဖင့္ ခံဝန္ခ်ဳပ္အရ အိမ္ငွားအေပၚ ငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒ ပုဒ္မ (၂) ႏွင့္ (၃) တုိ႔အရ တရား႐ုံးက အေရးယူေပးရန္ ေလွ်ာက္ထားႏုိင္တယ္။ တရား႐ုံးက ခံဝန္ခ်ဳပ္ျဖင့္ ခ်ဳပ္ဆုိထားေသာ ေငြကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္း၊ အိမ္ငွားအားေလ်ာ္ေၾကးေပးေစျခင္း၊ အိမ္ငွားက သေဘာတူလွ်င္ အိမ္ ငွားအား တရား႐ုံးမွ အမိန္႔ဒီကရီ မခ်မီထားရွိသည့္ စည္းကမ္းအတုိင္း အခ်င္းျဖစ္ဥပစာကို အပ္ႏွံငွားရမ္း ျခင္းဆုိတဲ့ အခ်က္သုံးခ်က္ထဲက အမႈအေျခအေနကုိ လုိက္ၿပီး တရား႐ုံးက အမိန္႔ခ်ႏုိင္တယ္။ ဒါေၾကာင့္ လက္ရွိ ကာလမွာ အိမ္ငွားနဲ႔ ညိႇႏႈိင္းေဆာင္ရြက္ေနၾကျခင္းျဖစ္တယ္''ဟု ရွင္းျပေဆြးေႏြးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service