လယ်ယာမြေလွှဲပြောင်းခြင်းဆိုင်ရာစာချုပ်များမှအပ ကျန်မြေများအား မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုထားသည့် ကိစ္စရပ်များ

လယ်ယာမြေလွှဲပြောင်းခြင်းဆိုင်ရာစာချုပ်များမှအပ ကျန်မြေများအား မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုထားသည့် ကိစ္စရပ်များ - Property Knowledge in Myanmar from iMyanmarHouse.com
9 Oct 2020 1:10 pm တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

လယ်ယာမြေလွှဲပြောင်းခြင်းဆိုင်ရာစာချုပ်များမဟုတ်သည့် ကျန်မြေများအတွက် ဆောင်ရွက်သည့် စာချုပ်စာတမ်းများအပေါ် မှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုခြင်းအတွက် ဥပဒေပြဌာန်းစဉ်ကပင် စာချုပ်စာတမ်းမှတ်ပုံတင် လက်စွဲဥပဒေစာအုပ်၏ အမိန့်ကြော်ငြာစာအပိုဒ်၌အထွေထွေဌာန၏ (၄-၁၂-၁၉၁၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၄၄ဖြင့် ထည့်သွင်းကြေညာသတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းကြော်ငြာစာအပိုဒ် (က)၏ ခြွင်းချက်အမှတ် (vii, viii, ix, x, xi, xii, xiii) တို့တွင်ဖော်ပြထားသောစာချုပ်စာတမ်းများအတွက် မှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုခဲ့သည်။ ယင်းကင်းလွတ်ခွင့်စာကို ပြင်ဆင်ပြဌာန်းခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အမိန့်ကြော်ညာချက်များ ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။ လက်ရှိမှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုထားသည့် ကိစ္စရပ်များမှာအောက်ပါအတိုင်းဖြစ်သည်။

(က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၄-၁၂-၁၉၁၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၄၄ဖြင့် ထည့်သွင်းကြေညာသတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းကြော်ငြာစာအပိုဒ် (က) ၏ ခြွင်းချက်အမှတ် (၆)အရဗုဒ္ဓဘာသာဝင်သံဃာတော်အချင်းချင်းဝိနည်းတော်နှင့်အညီလွှဲပြောင်းပေးကမ်းသည့် (သို့မဟုတ်) အငြင်းပွားမှု အတွက် သာသနာရေးနှင့်ပတ်သက်သောမရွှေ့မပြောင်းနိုင်သောပစ္စည်းရပိုင်ခွင့် အဆုံးအဖြတ်ပေးသည့် စာချုပ်စာတမ်းများအတွက် မှတ်ပုံတင်ခလွတ်ငြိမ်းခွင့်ပြုထားသည်။

(ခ) ဘဏ္ဍရေးနှင့်အခွန်တော်ဝန်ကြီးဌာန၏ (၃၀-၄-၅၂)ရက်စွဲပါ အမိန့်ကြောငြာချက်အမှတ် ၁၅၉ ဖြင့် အထွေထွေဌာန၏ (၄-၁၂-၁၉၁၃)ရက်စွဲပါ ကြေညာချက်အမှတ် ၃၄၄၊ အမှတ် ၁ တွင်ပါရှိသည့် အခကြေးငွေ စာရင်း၏ အပိုဒ် (က)တွင် ခြွန်းချက်အမှတ် (၁၂)အဖြစ် ၁၉၅၂ခုနှစ်၊ ဧပြီ (၁)ရက်နေ့ နောက်ပိုင်း အိန္ဒိယနိုင်ငံ အစိုးရမှ သံရုံးကိစ္စများအတွက်ဖြစ်စေ၊ ကော်စစ်ဝန်ရုံးကိစ္စများအတွက်ဖြစ်စေ၊ သာမန်ကိစ္စရပ်များ အတွက်ဖြစ်စေ မြန်မာနိုင်ငံအတွင်း ရယူသော မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ချုုပ်ဆိုသော စာချုပ်စာတမ်းများအတွက် မှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုထားသည်။

(ဂ) တော်လှန်ရေးအစိုးရ၊ သမဝါသမဌာန၏ (၁-၉-၆၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၆)အရသမအသင်းများ၏လုပ်ငန်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အသင်းကိုယ်စားဖြစ်စေ အသင်း၏အရာရှိ (သို့မဟုတ်) အသင်းသားတစ်ဦးဦးဖြစ်စေ ချုုပ်ဆိုသော စာချုပ်စာတမ်းများအတွက် တည်ဆဲတရားဥပဒေအရ မှတ်ပုံတင်ခများကင်းလွတ်ခွင့်ပြုထားသည်။

(ဃ) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန၏ (၃၁-၅-၆၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၁)အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ အကျိုးအလို့ဌာ ချုပ်ဆိုသည့် စာချုပ်စာတမ်းများအတွက် မှတ်ပုံတင်ခလွတ်ငြိမ်းခွင့်ပြုထားသည်။ (ယင်းအမိန့်အရ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးနှင့် ပုဂ္ဂိလကဆန်စက်ပိုင်ရှင်တို့၏ ၎င်းတို့ဆန်စက်နှင့်မရွှေ့မပြောင်းနိုင်သောပစ္စည်းများအားအပေါင်ထား၍ငွေချေးသောစာချုပ် မှတ်ပုံတင်မှုများကိုမှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုထားသည်။

(င) ကြေး/မြေ (ရုံးချုပ်)၏ (၂၆-၆-၇၉)ရက်စွဲပါ စာအမှတ် (၃၀၆)/(၄-၇-၈)/(၇၉)အရ အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် ပြင်ဆင်မွန်းမံသည့် ဆန်စက်များနှင့် စာချုပ်ချုပ်ဆိုသည့်ချေးငွေအပေါင်စာချုပ်များကို မှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမလႊဲေျပာင္းျခင္းဆိုင္ရာစာခ်ဳပ္မ်ားမွအပ က်န္ေျမမ်ားအား မွတ္ပံုတင္ရာတြင္ မွတ္ပံုတင္ခကင္းလြတ္ခြင့္ျပဳထားသည့္ ကိစၥရပ္မ်ား

လယ္ယာေျမလႊဲေျပာင္းျခင္းဆိုင္ရာစာခ်ဳပ္မ်ားမဟုတ္သည့္ က်န္ေျမမ်ားအတြက္ ေဆာင္ရြက္သည့္ စာခ်ဳပ္စာတမ္းမ်ားအေပၚ မွတ္ပံုတင္ခကင္းလြတ္ခြင့္ျပဳျခင္းအတြက္ ဥပေဒျပဌာန္းစဥ္ကပင္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ လက္စြဲဥပေဒစာအုပ္၏ အမိန္႔ေၾကာ္ျငာစာအပိုဒ္၌အေထြေထြဌာန၏ (၄-၁၂-၁၉၁၃)ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာအမွတ္ ၃၄၄ျဖင့္ ထည့္သြင္းေၾကညာသတ္မွတ္ခဲ့ၿပီးျဖစ္ပါသည္။ ယင္းေၾကာ္ျငာစာအပိုဒ္ (က)၏ ျခြင္းခ်က္အမွတ္ (vii, viii, ix, x, xi, xii, xiii) တို႔တြင္ေဖာ္ျပထားေသာစာခ်ဳပ္စာတမ္းမ်ားအတြက္ မွတ္ပံုတင္ခကင္းလြတ္ခြင့္ျပဳခဲ့သည္။ ယင္းကင္းလြတ္ခြင့္စာကို ျပင္ဆင္ျပဌာန္းျခင္း၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၏ အမိန္႔ေၾကာ္ညာခ်က္မ်ား ျပင္ဆင္ျဖည့္စြက္ျခင္းတို႔ကိုေဆာင္ရြက္ခဲ့ၾကပါသည္။ လက္ရွိမွတ္ပံုတင္ခကင္းလြတ္ခြင့္ျပဳထားသည့္ ကိစၥရပ္မ်ားမွာေအာက္ပါအတိုင္းျဖစ္သည္။

(က) အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ (၄-၁၂-၁၉၁၃)ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာအမွတ္ ၃၄၄ျဖင့္ ထည့္သြင္းေၾကညာသတ္မွတ္ခဲ့ၿပီးျဖစ္ပါသည္။ ယင္းေၾကာ္ျငာစာအပိုဒ္ (က) ၏ ျခြင္းခ်က္အမွတ္ (၆)အရဗုဒၶဘာသာဝင္သံဃာေတာ္အခ်င္းခ်င္းဝိနည္းေတာ္ႏွင့္အညီလႊဲေျပာင္းေပးကမ္းသည့္ (သို႔မဟုတ္) အျငင္းပြားမႈ အတြက္ သာသနာေရးႏွင့္ပတ္သက္ေသာမေရႊ႕မေျပာင္းႏုိင္ေသာပစၥည္းရပိုင္ခြင့္ အဆံုးအျဖတ္ေပးသည့္ စာခ်ဳပ္စာတမ္းမ်ားအတြက္ မွတ္ပံုတင္ခလြတ္ၿငိမ္းခြင့္ျပဳထားသည္။

(ခ) ဘ႑ေရးႏွင့္အခြန္ေတာ္ဝန္ႀကီးဌာန၏ (၃၀-၄-၅၂)ရက္စြဲပါ အမိန္႔ေၾကာျငာခ်က္အမွတ္ ၁၅၉ ျဖင့္ အေထြေထြဌာန၏ (၄-၁၂-၁၉၁၃)ရက္စြဲပါ ေၾကညာခ်က္အမွတ္ ၃၄၄၊ အမွတ္ ၁ တြင္ပါရွိသည့္ အခေၾကးေငြ စာရင္း၏ အပိုဒ္ (က)တြင္ ျခြန္းခ်က္အမွတ္ (၁၂)အျဖစ္ ၁၉၅၂ခုႏွစ္၊ ဧၿပီ (၁)ရက္ေန႔ ေနာက္ပိုင္း အိႏၵိယႏိုင္ငံ အစိုးရမွ သံရံုးကိစၥမ်ားအတြက္ျဖစ္ေစ၊ ေကာ္စစ္ဝန္ရံုးကိစၥမ်ားအတြက္ျဖစ္ေစ၊ သာမန္ကိစၥရပ္မ်ား အတြက္ျဖစ္ေစ ျမန္မာႏိုင္ငံအတြင္း ရယူေသာ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားႏွင့္စပ္လ်ဥ္း၍ ခ်ုဳပ္ဆိုေသာ စာခ်ဳပ္စာတမ္းမ်ားအတြက္ မွတ္ပံုတင္ခကင္းလြတ္ခြင့္ျပဳထားသည္။

(ဂ) ေတာ္လွန္ေရးအစိုးရ၊ သမဝါသမဌာန၏ (၁-၉-၆၅)ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာအမွတ္ (၆၆)အရသမအသင္းမ်ား၏လုပ္ငန္းႏွင့္စပ္လ်ဥ္း၍ျဖစ္ေစ၊ အသင္းကိုယ္စားျဖစ္ေစ အသင္း၏အရာရွိ (သို႔မဟုတ္) အသင္းသားတစ္ဦးဦးျဖစ္ေစ ခ်ုဳပ္ဆိုေသာ စာခ်ဳပ္စာတမ္းမ်ားအတြက္ တည္ဆဲတရားဥပေဒအရ မွတ္ပံုတင္ခမ်ားကင္းလြတ္ခြင့္ျပဳထားသည္။

(ဃ) လယ္ယာေျမႏုိင္ငံပိုင္ျပဳလုပ္ေရးဝန္ႀကီးဌာန၏ (၃၁-၅-၆၅)ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာအမွတ္ (၅၁)အရ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္အစိုးရ၏ အက်ိဳးအလို႔ဌာ ခ်ဳပ္ဆိုသည့္ စာခ်ဳပ္စာတမ္းမ်ားအတြက္ မွတ္ပံုတင္ခလြတ္ၿငိမ္းခြင့္ျပဳထားသည္။ (ယင္းအမိန္႔အရ ျမန္မာ့လယ္ယာထြက္ကုန္ပစၥည္းေရာင္းဝယ္ေရးႏွင့္ ပုဂၢိလကဆန္စက္ပိုင္ရွင္တုိ႔၏ ၄င္းတုိ႔ဆန္စက္ႏွင့္မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္းမ်ားအားအေပါင္ထား၍ေငြေခ်းေသာစာခ်ဳပ္ မွတ္ပံုတင္မႈမ်ားကိုမွတ္ပံုတင္ခကင္းလြတ္ခြင့္ျပဳထားသည္။

(င) ေၾကး/ေျမ (ရံုးခ်ဳပ္)၏ (၂၆-၆-၇၉)ရက္စြဲပါ စာအမွတ္ (၃၀၆)/(၄-၇-၈)/(၇၉)အရ အာရွဖြ႔ံၿဖိဳးေရးဘဏ္ ေခ်းေငြျဖင့္ ျပင္ဆင္မြန္းမံသည့္ ဆန္စက္မ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေခ်းေငြအေပါင္စာခ်ဳပ္မ်ားကို မွတ္ပံုတင္ခကင္းလြတ္ခြင့္ျပဳထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service