အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်တွင် မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာသည်သာတရားဝင်အသုံးပြုခွင့်ရခြင်း

အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်တွင် မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာသည်သာတရားဝင်အသုံးပြုခွင့်ရခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
9 Oct 2020 12:55 pm တွင် တင်ခဲ့သည်
1258 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းဖြစ်သည့် အိမ်ခြံမြေဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူမှသာဥပဒေအရဝယ်ယူသူသည် တရားဝင်ပိုင်ဆိုင်မည်ဖြစ်သည်။

မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်အတွက် နိုင်ငံတော်သို့ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှ သတ်မှတ်ပေးသည့် တန်ဖိုးအပေါ် ဝင်ငွေရလမ်းတင်ပြရန်လိုအပ်ပြီးတင်ပြနိုင်ခြင်းမရှိပါကဝယ်ခွန် ၆ % ပေးဆောင်ရခြင်း၊ တံဆိပ်ခေါင်းခွန် ၄ % နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခ ၀.၅ % အသီးသီးပေးသွင်းရန်လိုအပ်မည်ဖြစ်သည်။

ဝယ်ယူသူများအနေဖြင့် အဆိုပါလုပ်ငန်းစဉ်အဆင့်ဆင့်လုပ်ကိုင်ရာတွင် မူလအမည်ပေါက်ပိုင်ဆိုင်သည့် ရောင်းသူကိုထပ်ခါထပ်ခါ မခေါ်ယူလိုခြင်း၊ ချက်ချင်းအခွန်ပေးဆောင်ရန် အခက်အခဲရှိခြင်းများကြောင့် ရောင်းသူထံမှ အထူးကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပြီးဆက်လက်ဆောင်ရွက်ကျပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာများသည်သာရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊ အခွန်ရုံးများတွင် တရားဝင်အသုံးပြုရန် လုံလောက်မှာဖြစ်ပါသည်။ နိုထရီပဗ္ဗလစ်ရှေ့နေဖြင့် ဆောင်ရွက်သောကိုယ်စားလှယ်လွှဲစာများသည် အိမ်ခြံမြေအရောင်းအဝယ်ကိစ္စများတွင် အသုံးပြု၍မရပါ။ အထက်ပါရုံးများ၌လက်ခံဆောင်ရွက်ခြင်း ပြုလုပ်၍မရရှိပါ။

နိုထရီပဗ္ဗလစ်ရှေ့နေများဖြင့် ဆောင်ရွက်သောကိုယ်စားလှယ်လွှဲစာများသည် တရားရုံးနှင့် သက်ဆိုင်သော အမှုကိစ္စအတွက်ဖြစ်စေ၊ အခြားပြင်ပကိစ္စများ အတွက်ဖြစ်စေ ဆောင်ရွက်မှုများတွင် အသုံးပြု၍ရပါသည်။

ကိုယ်စားလှယ်လွှဲစာများကို မှတ်ပုံတင်ခြင်း မတင်ခြင်းသည် လုပ်ဆောင်သော လုပ်ငန်းကိစ္စပေါ် မူတည်သည်။ တစ်နည်းဆိုသော် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် အိမ်ခြံမြေအရောင်းအဝယ်ကိစ္စများနှင့် စပ်လျဉ်းသည် ကိစ္စမျိုးဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်သည်။

အကယ်၍ရောင်းသူထံမှ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာရယူထားခြင်းမရှိပါကမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်အတွက် နောက်ပိုင်းဆက်လက်လုပ်ကိုင်ရမည့် လုပ်ငန်းများကိုဆောင်ရွက်၍မရဖြစ်သွားပါမည်။

ထိုအခါမှ ရောင်းသူကိုအဆက်အသွယ်ပျက်သွားပါကလိုက်လံရှာဖွေရန်ခက်ခဲခြင်း၊ အချိန်ကြာပြီးဖြစ်၍ရောင်းသူမှ ကိုယ်စားလှယ်လွွှဲစာလုပ်ပေးရန်အတွက် အဖိုးအခထပ်မံတောင်းခံခြင်းမျာ ကြုံတွေ့ရမှာဖြစ်ပါသည်။ ရောင်းသူကိုလုံးဝရှာဖွေမတွေ့ရှိတော့ပါကလည်းတရားရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှု တရားမမှုစွဲဆိုပြီးမှသာရောင်းသူကိုယ်စားတရားရုံးမှ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ပါကလည်းအချိန်ပိုမိုကြာမြင့်ခြင်း၊ ငွေကြေးပိုမိုကုန်ကြခြင်းများကိုရင်ဆိုင်ရမှာဖြစ်သည့်အတွက် အရောင်းအဝယ်စတင်ဆောင်ရွက်စဉ်ကပင် မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာပြုလုပ်ရယူထားရန် အရေးကြီးပေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ျခံေျမအေရာင္းအဝယ္ကိစၥရပ္တြင္ မွတ္ပံုတင္ကိုယ္စားလွယ္လဲႊစာသည္သာတရားဝင္အသံုးျပဳခြင့္ရျခင္း

စာခ်ဳပ္စာတမ္းမွတ္ပံုတင္ဥပေဒအရမေရႊ႕မေျပာင္းႏုိင္သည့္ပစၥည္းျဖစ္သည့္ အိမ္ျခံံေျမဝယ္ယူရာတြင္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုဝယ္ယူမွသာဥပေဒအရဝယ္ယူသူသည္ တရားဝင္ပိုင္ဆိုင္မည္ျဖစ္သည္။

မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္အတြက္ ႏိုင္ငံေတာ္သို႔ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႔မွ သတ္မွတ္ေပးသည့္ တန္ဖိုးအေပၚ ဝင္ေငြရလမ္းတင္ျပရန္လိုအပ္ၿပီးတင္ျပႏိုင္ျခင္းမရွိပါကဝယ္ခြန္ ၆ % ေပးေဆာင္ရျခင္း၊ တံဆိပ္ေခါင္းခြန္ ၄ % ႏွင့္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ခ ၀.၅ % အသီးသီးေပးသြင္းရန္လိုအပ္မည္ျဖစ္သည္။

ဝယ္ယူသူမ်ားအေနျဖင့္ အဆိုပါလုပ္ငန္းစဥ္အဆင့္ဆင့္လုပ္ကိုင္ရာတြင္ မူလအမည္ေပါက္ပိုင္ဆိုင္သည့္ ေရာင္းသူကိုထပ္ခါထပ္ခါ မေခၚယူလိုျခင္း၊ ခ်က္ခ်င္းအခြန္ေပးေဆာင္ရန္ အခက္အခဲရွိျခင္းမ်ားေၾကာင့္ ေရာင္းသူထံမွ အထူးကိုယ္စားလွယ္လႊဲစာ ျပဳလုပ္ၿပီးဆက္လက္ေဆာင္ရြက္က်ပါသည္။

ထိုသို႔ေဆာင္ရြက္ရာတြင္ မွတ္ပံုတင္ကိုယ္စားလွယ္လႊဲစာမ်ားသည္သာရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုး၊ အခြန္ရံုးမ်ားတြင္ တရားဝင္အသံုးျပဳရန္ လံုေလာက္မွာျဖစ္ပါသည္။ ႏိုထရီပဗၺလစ္ေရွ႕ေနျဖင့္ ေဆာင္ရြက္ေသာကိုယ္စားလွယ္လြႊဲစာမ်ားသည္ အိမ္ျခံေျမအေရာင္းအဝယ္ကိစၥမ်ားတြင္ အသံုးျပဳ၍မရပါ။ အထက္ပါရံုးမ်ား၌လက္ခံေဆာင္ရြက္ျခင္း ျပဳလုပ္၍မရရွိပါ။

ႏိုထရီပဗၺလစ္ေရွ႕ေနမ်ားျဖင့္ ေဆာင္ရြက္ေသာကိုယ္စားလွယ္လႊဲစာမ်ားသည္ တရားရံုးႏွင့္ သက္ဆိုင္ေသာ အမႈကိစၥအတြက္ျဖစ္ေစ၊ အျခားျပင္ပကိစၥမ်ား အတြက္ျဖစ္ေစ ေဆာင္ရြက္မႈမ်ားတြင္ အသံုးျပဳ၍ရပါသည္။

ကိုယ္စားလွယ္လဲႊစာမ်ားကို မွတ္ပံုတင္ျခင္း မတင္ျခင္းသည္ လုပ္ေဆာင္ေသာ လုပ္ငန္းကိစၥေပၚ မူတည္သည္။ တစ္နည္းဆိုေသာ္ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားျဖစ္သည့္ အိမ္ျခံေျမအေရာင္းအဝယ္ကိစၥမ်ားႏွင့္ စပ္လ်ဥ္းသည္ ကိစၥမ်ဳိးျဖစ္ပါက စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္ မျဖစ္မေနမွတ္ပံုတင္ရမည္ျဖစ္သည္။

အကယ္၍ေရာင္းသူထံမွ မွတ္ပံုတင္ကိုယ္စားလွယ္လႊဲစာရယူထားျခင္းမရွိပါကမွတ္ပံုတင္စာခ်ဳပ္ ခ်ဳပ္ဆိုရန္အတြက္ ေနာက္ပိုင္းဆက္လက္လုပ္ကိုင္ရမည့္ လုပ္ငန္းမ်ားကိုေဆာင္ရြက္၍မရျဖစ္သြားပါမည္။

ထိုအခါမွ ေရာင္းသူကိုအဆက္အသြယ္ပ်က္သြားပါကလုိက္လံရွာေဖြရန္ခက္ခဲျခင္း၊ အခ်ိန္ၾကာၿပီးျဖစ္၍ေရာင္းသူမွ ကိုယ္စားလွယ္လႊြဲစာလုပ္ေပးရန္အတြက္ အဖိုးအခထပ္မံေတာင္းခံျခင္းမ်ာ ၾကံဳေတြ႕ရမွာျဖစ္ပါသည္။ ေရာင္းသူကိုလံုးဝရွာေဖြမေတြ႕ရွိေတာ့ပါကလည္းတရားရံုးတြင္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ေပးေစလိုမႈ တရားမမႈစြဲဆိုၿပီးမွသာေရာင္းသူကိုယ္စားတရားရံုးမွ ဆက္လက္ေဆာင္ရြက္ေပးမည္ျဖစ္သည္။

ထုိသုိ႔ ေဆာင္ရြက္ပါကလည္းအခ်ိန္ပိုမိုၾကာျမင့္ျခင္း၊ ေငြေၾကးပိုမိုကုန္ၾကျခင္းမ်ားကိုရင္ဆိုင္ရမွာျဖစ္သည့္အတြက္ အေရာင္းအဝယ္စတင္ေဆာင္ရြက္စဥ္ကပင္ မွတ္ပံုတင္ကိုုယ္စားလွယ္လႊဲစာျပဳလုပ္ရယူထားရန္ အေရးၾကီးေပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service