တုပ်ကွေးကာကွယ်ဆေးက COVID-19 ကို ကာကွယ်မှုပေးနိုင်သည့် အခွင့်အလမ်း

တုပ်ကွေးကာကွယ်ဆေးက COVID-19 ကို ကာကွယ်မှုပေးနိုင်သည့် အခွင့်အလမ်း - Property News in Myanmar from iMyanmarHouse.com
9 Oct 2020 12:07 pm တွင် တင်ခဲ့သည်
2070 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အကယ်၍ သင်သည် ယခုနှစ်အတွက် တုပ်ကွေးကာကွယ်ဆေး မထိုးရသေးပါက ဦးစားပေးအကြောင်းရပ်အဖြစ် သတ်မှတ်ကာ ဆေးထိုးသင့်သည့် အကြောင်းရင်းတစ်ခု ရှိနေသည်။

တုပ်ကွေးကာကွယ်ဆေးသည် COVID-19 ကိုလည်း ကာကွယ်မှုအချို့ ရရှိနိုင်သည့် အခွင့်အလမ်းရှိနေကြောင်း အမေရိကန် ပြည်ထောင်စု၊ မေရီလန်းတက္ကသိုလ်ဆေးကျောင်း (University of Maryland School of Medicine) မှ လူသားဗိုင်းရပ်စ်ပညာ အင်စတီကျု (Institute of Human Virology) ၏ အကြီးအကဲ ဗိုင်းရပ်စ်ပညာရှင် ရောဘတ် ဂါလိုက ပြောကြားသည်။

ရောဘတ်ဂါလိုသည် ကမ္ဘာလုံးဆိုင်ရာ ဗိုင်းရပ်စ် ကွန်ရက် (Global Virus Network) ၏ ဥက္ကဌလည်း ဖြစ်သည်။

အဓိကအချက်မှာ တုပ်ကွေးကာကွယ်ဆေး ချက်ချင်းထိုးကြရန်ဖြစ်ကြောင်း ရောဘတ်ဂါလိုက ပြောကြားသည်။

ရောဘတ်ဂါလိုသည် HIV ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့သည့် အဓိကသိပ္ပံပညာရှင်များတွင် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။

“ဒီ ကာကွယ်ဆေးမှာက သက်ရှိဗိုင်းရပ်စ်တွေ ပါဝင်ပါတယ်။ ဗိုင်းရပ်စ်ကို အားနည်းအောင် ပြုလုပ်ထားပြီးဖြစ်တဲ့အတွက် ရောဂါ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်ကတော့ အသက်ရှိနေတဲ့ဗိုင်းရပ်စ်ပါ။” ဟု ရောဘတ် ဂါလိုက ဆိုသည်။

အသက်ရှိနေသည့်ဗိုင်းရပ်စ်ကို ထိုးသွင်းရမည်ဟုဆိုခြင်းမှာ အလွန်ကြောက်စရာဟု ယူဆနိုင်သည်။

သို့သော် ဘေးအန္တရာယ်မရှိစေရန် စံမီနည်းလမ်းများဖြင့် ထုတ်လုပ်ထားသောကြောင့် အာနိသင်ထက်မြက်သည့် ကာကွယ်ဆေးများ ဖြစ်ကြသည်။

စင်စစ်ကား လူတိုင်းသည် မိမိတို့ငယ်စဉ်ကတည်းကပင် အသက်ရှိနေသော ဗိုင်းရပ်စ်များ ထိုးသွင်းခံခဲ့ကြရပြီးဖြစ်ရာ သာဓကအားဖြင့် ဝက်သက်ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးတို့ဖြစ်ကြသည်။

ယင်းသို့သော ကာကွယ်ဆေးများသည် ကိုယ်ခံအားစနစ်အတွက် မျှော်လင့်မထားသည့် အကျိုးကျေးဇူးများ မည်သို့ရှိနိုင်သည်ကို ယခုအခါ သိပ္ပံပညာရှင်များက စတင်လေ့လာလျက် ရှိကြသည်။

ကာကွယ်ဆေးတစ်ခု ထုတ်လုပ်မည်ဆိုလျှင် သိပ္ပံပညာရှင်များအနေဖြင့် အသုံးပြုနိုင်သည့် မဟာဗျူဟာ အချို့ရှိသည်။

ဘက်တီးရီးယား၏ အစိတ်အပိုင်းတစ်ခုကို ရယူကာ လူ့ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုပေါ်ပေါက်လာစေရန် ပြုလုပ်သည့် နည်းလမ်းနှင့် ရောဂါပစ္စည်းကို သတ်ဖြတ်လိုက်ပြီး ကြွင်းကျန်ရစ်သော ဗိုင်းရပ်စ်အသေကို ကာကွယ်ဆေးထုတ်ရန် အသုံးပြုသည့် နည်းလမ်း (သို့မဟုတ်) ဗိုင်းရပ်စ်အရှင်ကို ရယူကာ ဓာတ်ခွဲခန်းထဲတွင် အားနည်းသွားအောင်ပြုလုပ်လိုက်ပြီးမှ ကာကွယ်ဆေးထုတ်သည့် နည်းလမ်း အစရှိသဖြင့် ရှိကြသည်။

အသက်ရှိနေသောဗိုင်းရပ်စ်များအား အားနည်းသွားအောင်ပြုလုပ်ကာ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများနှင့် စပ်လျဉ်းပြီး ပြီးခဲ့သော ရာစုနှစ်အတွင်း သိပ္ပံပညာရှင်များက ထူးခြားချက်တစ်ရပ်ကို သတိပြုမိခဲ့ကြသည်။

ထူးခြားချက်ကား အဆိုပါကာကွယ်ဆေးများသည် အဓိကပစ်မှတ်ထားသည့် ရောဂါကို အကာအကွယ်ပေးရုံသာမကဘဲ အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ အပါအဝင် ရောဂါများစွာကို အကာအကွယ်ပေးကြောင်းလည်း တွေ့ရှိလာခဲ့ကြသည်။

“ဒါနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား များစွာရှိပါတယ်။ အားနည်းချက်ကတော့ ကာကွယ်မှုဟာ ကာလဘယ်လောက်ရှိသလဲ ဆိုတာ ကျွန်တော်တို့ တကယ်မသိကြသေးပါဘူး။ လပိုင်းလောက်သာ အလုပ်လုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျိန်းသေတော့ မပြောနိုင်ပါဘူး” ဟု ရောဘတ်ဂါလိုက ပြောကြားသည်။

သာဓကအနေဖြင့် အဆုပ်ရောဂါကာကွယ်ဆေးကို ကြည့်ပါ။

အဆုပ်ရောဂါကာကွယ်ဆေးကို BCG (Bacille Calmette-Guerin) ဟုခေါ်ပြီး အားနည်းအောင် ပြုလုပ်ထားသည့် အသက်ရှိနေသော တီဘီဗိုင်းရပ်စ်ပိုး ပါဝင်သည်။ နွားများမှ ရရှိသော TB ဗိုင်းရပ်စ်မျိုးကို အသုံးပြုထားခြင်း ဖြစ်သည်။

BCG ကာကွယ်ဆေးကို ၁၉၂၀ ပြည့်လွန်ကာလများက ဆွီဒင်နိုင်ငံမှ ဆရာဝန်များ ပထမဆုံး စတင်အသုံးပြုခဲ့စဉ်တွင် သတိထားမိခဲ့ကြသည်မှာ BCG ကာကွယ်ဆေးထိုးထားသည့် ကလေးငယ်များသည် TB ကြောင့် သေဆုံးမှုနှုန်း လျှော့ချပေးနိုင်ရုံမျှ မကဘဲ အခြားရောဂါများကြောင့် သေဆုံးမှုနှုန်းမှာလည်း ကာကွယ်ဆေးမထိုးထားသည့် ကလေးများနှင့် နှိုင်းယှဉ်လျှင် ၃ ဆခန့် ပိုမိုနည်းပါးကြောင်း တွေ့ရှိခဲ့ကြသည်။

၁၉၇၀ ပြည့်လွန်ကာလများတွင်လည်း အနောက်အာဖရိကမှ သိပ္ပံပညာရှင်များသည် အလားတူ အခြေအနေမျိုးကို BCG ကာကွယ်ဆေးတွင်သာမက ဝက်သက်ကာကွယ်ဆေးတွင်လည်း တွေ့ရှိခဲ့ကြသည်။

တနည်းပြောရလျှင် အဆိုပါကာကွယ်ဆေးတို့သည် ရောဂါပစ္စည်းမျိုးစုံကို ရင်ဆိုင်ရန်အတွက် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

မကြာသေးမီက နယ်သာလန်နိုင်ငံတွင် ဆရာဝန်တို့သည် BCG ကာကွယ်ဆေးမှာ ငန်းဝါဖျား အပျော့စားကို ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ခဲ့ကြသည်။ စမ်းသပ်ရာတွင် မိမိဆန္ဒအလျောက် စမ်းသပ်ခံမည့် အုပ်စုတစ်ခုကို BCG ကာကွယ်ဆေးထိုးပေးပြီး အခြားအုပ်စုတစ်ခုကိုမူ မည်သည့်အာနိသင်မှ မပါသည့် Placebo ဆေးထိုးပေးကာ စမ်းသပ်ခဲ့ကြသည်။

နိဂုံးချုပ်တွေ့ရှိချက်မှာ BCG ကာကွယ်ဆေးထိုးထားသူများသည် Placebo ဆေးပေးထားသူများထက် အဆိုပါဗိုင်းရပ်စ်အပေါ် အားကောင်းသည့် ကိုယ်ခံအား တုံ့ပြန်မှု ရရှိကာ ဗိုင်းရပ်စ်ကို ထိရောက်စွာ ရှင်းထုတ်နိုင်သည်ကို တွေ့ရသည်။

ထိုသို့ သက်ရောက်မှုမျိုးပေးသည်မှာ BCG ကာကွယ်ဆေးတစ်ခုတည်း မဟုတ်ချေ။ အသက်ရှိသည့်ဗိုင်းရပ်စ်ဖြင့် ထုတ်လုပ်ထားသော မည်သည့်ကာကွယ်ဆေးမဆို အလားတူအာနိသင်မျိုးရှိကာ အတိအကျမပြောနိုင်သည့် ကာကွယ်မှုမျိုး ပေးနိုင်စွမ်းရှိနေကြောင်း ထင်ရှားလာသည်။

ပါဝင်သည့် ကာကွယ်ဆေးများမှာ ပိုလီယိုသောက်ဆေး ကာကွယ်ဆေး၊ ဝက်သက်နှင့် အသက်ရှိဗိုင်းရပ်စ်ဖြင့် ထုတ်လုပ်ထားသော တုပ်ကွေးကာကွယ်ဆေးများ ဖြစ်သည်။

ယခုအချက်များအပေါ် သိပ္ပံပညာရှင်များသည် လက်ခံယုံကြည်ရန် ခက်ခဲခဲ့ကြကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ယခု သဘောတရားမှာ ကာကွယ်ဆေးများ အလုပ်လုပ်ပုံနှင့် စပ်လျဉ်းပြီး ၎င်းတို့သိမြင်ထားသည်များနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်ပြည်ထောင်စု၊ အွန်တေရီယိုပြည်နယ်၊ McMasters University မှ ကိုယ်ခံအားကျွမ်းကျင်ပညာရှင် Zhou Xing က ပြောကြားသည်။

“ဒါက သဘောတရားအသစ်တစ်ခုဖြစ်ပြီး ကိုယ်ခံအားပညာနယ်ပယ်မှာ ပြီးခဲ့တဲ့ ၅ နှစ်ကနေ ၁၀ နှစ်အကြားမှာ ပေါ်ပေါက်ခဲ့တဲ့ အယူအဆဖြစ်ပါတယ်” ဟု Xing က ပြောသည်။

ယေဘုယျ သဘောတရားမှာ ကာကွယ်ဆေးတို့သည် ခန္ဓာကိုယ်အားလှည့်စားကာ ပဋိပစ္စည်းများ ထုတ်လုပ်စေခြင်းပုံစံဖြင့် အလုပ်လုပ်ဆောင်သည်။

၎င်းတို့သည် ကူးစက်ရောဂါတစ်မျိုးတည်းကိုသာ ပစ်မှတ်ထားကာ ချေမှုန်းလေ့ရှိကြသည်။

သက်ရှိဗိုင်းရပ်စ်များဖြင့် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများသည်လည်း ပဋိပစ္စည်းများဖြင့် အလုပ်လုပ်ခြင်းဖြစ်သော်လည်း တစုံတရာ ပိုမိုအလုပ်လုပ်ပေးဟန်ရသည်။

၎င်းတို့သည် ကိုယ်ခန္ဓာ၏ ရှေ့တန်းခံစစ်မှူးတို့ကို အထူးအားအင်ဖြည့်တင်းပေး၏။ ကိုယ်ခံအားဆဲလ်တို့သည် ဦးစွာအားဖြင့် ကျူးကျော် ဝင်ရောက်လာသူကို မှတ်မိသိရှိအောင်လုပ်ကာ ယင်းနောက် ထိန်းချုပ်မရနိုင်အောင် ကူးစက်မှုမဖြစ်ပေါ်မီ ရှင်းထုတ်နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း Xing က ပြောကြားသည်။

အသက်ရှိဗိုင်းရပ်စ်ဖြင့် ထုတ်လုပ်သော ကာကွယ်ဆေးတို့သည် ရိုးတွင်းခြင်ဆီမှ ဆဲလ်များကို တမျိုးတဖုံပြောင်းလဲစေသည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။

ပဋိပစ္စည်းများနှင့် မတူသည့်အချက်မှာ ရိုးတွင်းခြင်ဆီဆဲလ်တို့သည် ဦးတည်ချက် အတိအကျမရှိဘဲ ကျူးကျော်ဝင်ရောက်လာသူ ပုံသဏ္ဍာန်မျိုးစုံကို ခုခံကာကွယ်ကြသည်။

ထို့အပြင် ဗိုင်းရပ်စ်တို့ လူ့ကိုယ်ခန္ဓာထဲသို့ စတင်ဝင်ရောက်လာသည်နှင့် ခုခံရေးအတွက် ရိုးတွင်းခြင်ဆီဆဲလ်တို့ လျင်မြန်စွာလှုပ်ရှားကြသည်။

ယခုပေါ်ပေါက်လာသည့် မေးခွန်းကား သက်ရှိဗိုင်းရပ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နာမကျန်းမဖြစ်မီ (သို့မဟုတ်) ကူးစက်မှုများ ဆိုးရွားစွာဖြစ်ပေါ်မလာမီ ဗိုင်းရပ်စ်ကို အလျင်အမြန်တိုက်ထုတ်ရေးအတွက် အထောက်အကူ ပြုမည်လောဟူသည့် မေးခွန်းပေါ်ပေါက်သည်။

အဆိုပါ မေးခွန်းကို အဖြေရှာနိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များသည် BCG ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးတို့ဖြင့် လက်တွေ့စမ်းသပ်မှု များစွာပြုလုပ်လျက်ရှိပြီး COVID-19 ကို ကာကွယ်နိုင်စွမ်း ရှိ၊ မရှိ လေ့လာလျက် ရှိသည်။

သို့သော် အဆိုပါကာကွယ်ဆေးများသည် COVID-19 အတွက် သီးသန့်ထုတ်လုပ်သည့် ကာကွယ်ဆေးလောက် အာနိသင် ထက်မြက်ကာ တာရှည်ခံလိမ့်မည်ဟု ယုံကြည်သူ မရှိကြကြောင်း လော့စ်အိန်ဂျလိမြို့တွင် လက်တွေ့စမ်းသပ်လေ့လာမှုများ ပြုလုပ်နေသူ ဒေါက်တာ Moshe Arditi က ပြောကြားသည်။

ဒေါက်တာ Moshe Arditi က ပြောကြားရာတွင် BCG ကာကွယ်ဆေးတွင် ကောင်းကျိုးများရှိနေကြောင်း၊ ၎င်းသည် ဈေးသက်သာကြောင်း၊ ဆေးတစ်ကြိမ်ကုစာအတွက် ဒေါ်လာအနည်းငယ်သာ ကုန်ကျကြောင်း၊ အဆိုပါဆေးမှာ ဘေးကင်းကြောင်း အားလုံးသိထားပြီးဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကလေးငယ်ပေါင်း သန်း ၁၃၀ ကျော် BCG ကာကွယ်ဆေး ထိုးနေကြရာ ဆေး၏ ဘေးကင်းမှု သက်သေမှာ အလွန်ခိုင်မာလှကြောင်း ပြောကြားသည်။

လာမည့်နှစ်စပိုင်းတွင် BCG ကာကွယ်ဆေးကို covid-19 ကုသရေးအတွက် အတည်ပြုပေးသင့်ကြောင်း၊ ဘေးကင်းကာ ထိရောက်သည့် COVID-19 ကာကွယ်ဆေးမရမီတွင် ပေါင်းကူးတံတားအဖြစ် အသုံးပြုသင့်ကြော်း ဒေါက်တာ Arditi က ပြောကြားသည်။

ဗိုင်းရပ်စ်ပညာရှင် ရောဘတ် ဂါလိုကလည်း အသက်ရှိဗိုင်းရပ်စ်များဖြင့် ထုတ်လုပ်ထားသော တုပ်ကွေးကာကွယ်ဆေးကို ထိုးသင့်ကြောင်း ပြောကြားထားသည်။ ယခုနှစ်တွင် တုပ်ကွေးကာကွယ်ဆေးသည် ပုံစံ ၂ မျိုးဖြင့်လာသည်။

ထိုးဆေးနှင့် နှာခေါင်းဖြန်းဆေးပုံစံတို့ ဖြစ်၏။

ထိုးဆေးသည် အသက် ၆ လအထက်ရှိသူအားလုံးအတွက် ထိုးနှံနိုင်ကြောင်း အတည်ပြုထားပြီး ဗိုင်းရပ်စ် အသေ (သို့မဟုတ်) ဗိုင်းရပ်စ်၏ အစိတ်အပိုင်းများဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

နှာခေါင်းဖြန်းဆေး (FluMist) ကိုမူ အသက် ၂ နှစ်မှ ၄၉ နှစ်ကြားရှိသူများ အသုံးပြုနိုင်ပြီး သက်ရှိတုပ်ကွေးဗိုင်းရပ်စ်များဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

“ခင်ဗျားတို့ စောင့်ကြည့်ပါ။ အသက်ရှိတဲ့ တုပ်ကွေးဗိုင်းရပ်စ်နဲ့ ပြုလုပ်ထားတဲ့ ကာကွယ်ဆေးရယူထားသူတွေဟာ COVID-19 ကနေ အကာအကွယ် ရကြပါလိမ့်မယ်။ ဒါကတော့ အကြမ်းဖျင်းခန့်မှန်းချက်ပါ” ဟု ရောဘတ်ဂါလိုက ဆိုသည်။

သို့သော် မည်သို့ဖြစ်စေ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးချိန်ဆိုပါကလည်း ယခုပြုလုပ်နေရသည့် ဗိုင်းရပ်စ်ကာကွယ်ဆေး စည်းမျဉ်းများဖြစ်သော mask တပ်ခြင်း၊ လူမှုအလှမ်းခွါခြင်း၊ လက်ဆေးခြင်းနှင့် လူသူများပြားသော အဆောက်အအုံအတွင်း၊ အပြင် နေရာများကို ရှောင်ကျဉ်ခြင်းများ ဆက်လက်လိုက်နာကျင့်သုံးနေသင့်လေသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Could The Live Flu Vaccine Help You Fight Off COVID-19? (npr.org)

 

[Zawgyi]

တုပ္ေကြးကာကြယ္ေဆးက COVID-19 ကို ကာကြယ္မႈေပးႏိုင္သည့္ အခြင့္အလမ္း

အကယ္၍ သင္သည္ ယခုႏွစ္အတြက္ တုပ္ေကြးကာကြယ္ေဆး မထုိးရေသးပါက ဦးစားေပးအေၾကာင္းရပ္အျဖစ္ သတ္မွတ္ကာ ေဆးထုိးသင့္သည့္ အေၾကာင္းရင္းတစ္ခု ရွိေနသည္။

တုပ္ေကြးကာကြယ္ေဆးသည္ COVID-19 ကိုလည္း ကာကြယ္မႈအခ်ဳိ ႔ ရရွိႏိုင္သည့္ အခြင့္အလမ္းရွိေနေၾကာင္း အေမရိကန္ ျပည္ေထာင္စု၊ ေမရီလန္းတကၠသိုလ္ေဆးေက်ာင္း (University of Maryland School of Medicine) မွ လူသားဗိုင္းရပ္စ္ပညာ အင္စတီက်ဳ (Institute of Human Virology) ၏ အၾကီးအကဲ ဗိုင္းရပ္စ္ပညာရွင္ ေရာဘတ္ ဂါလိုက ေျပာၾကားသည္။

ေရာဘတ္ဂါလိုသည္ ကမၻာလံုးဆိုင္ရာ ဗိုင္းရပ္စ္ ကြန္ရက္ (Global Virus Network) ၏ ဥကၠဌလည္း ျဖစ္သည္။

အဓိကအခ်က္မွာ တုပ္ေကြးကာကြယ္ေဆး ခ်က္ခ်င္းထုိးၾကရန္ျဖစ္ေၾကာင္း ေရာဘတ္ဂါလိုက ေျပာၾကားသည္။

ေရာဘတ္ဂါလိုသည္ HIV ဗိုင္းရပ္စ္ကို ရွာေဖြေတြ႔ရွိခဲ့သည့္ အဓိကသိပၸံပညာရွင္မ်ားတြင္ တစ္ဦးအပါအဝင္လည္း ျဖစ္သည္။

“ဒီ ကာကြယ္ေဆးမွာက သက္ရွိဗိုင္းရပ္စ္ေတြ ပါဝင္ပါတယ္။ ဗိုင္းရပ္စ္ကို အားနည္းေအာင္ ျပဳလုပ္ထားျပီးျဖစ္တဲ့အတြက္ ေရာဂါ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ ဗိုင္းရပ္စ္ကေတာ့ အသက္ရွိေနတဲ့ဗိုင္းရပ္စ္ပါ။” ဟု ေရာဘတ္ ဂါလိုက ဆိုသည္။

အသက္ရွိေနသည့္ဗိုင္းရပ္စ္ကို ထိုးသြင္းရမည္ဟုဆိုျခင္းမွာ အလြန္ေၾကာက္စရာဟု ယူဆႏိုင္သည္။

သို႔ေသာ္ ေဘးအႏၱရာယ္မရွိေစရန္ စံမီနည္းလမ္းမ်ားျဖင့္ ထုတ္လုပ္ထားေသာေၾကာင့္ အာနိသင္ထက္ျမက္သည့္ ကာကြယ္ေဆးမ်ား ျဖစ္ၾကသည္။

စင္စစ္ကား လူတိုင္းသည္ မိမိတု႔ိငယ္စဥ္ကတည္းကပင္ အသက္ရွိေနေသာ ဗိုင္းရပ္စ္မ်ား ထိုးသြင္းခံခဲ့ၾကရျပီးျဖစ္ရာ သာဓကအားျဖင့္ ဝက္သက္ကာကြယ္ေဆးႏွင့္ ပိုလီယိုကာကြယ္ေဆးတို႔ျဖစ္ၾကသည္။

ယင္းသို႔ေသာ ကာကြယ္ေဆးမ်ားသည္ ကိုယ္ခံအားစနစ္အတြက္ ေမွ်ာ္လင့္မထားသည့္ အက်ဳိးေက်းဇူးမ်ား မည္သို႔ရွိႏိုင္သည္ကို ယခုအခါ သိပၸံပညာရွင္မ်ားက စတင္ေလ့လာလ်က္ ရွိၾကသည္။

ကာကြယ္ေဆးတစ္ခု ထုတ္လုပ္မည္ဆိုလွ်င္ သိပၸံပညာရွင္မ်ားအေနျဖင့္ အသံုးျပဳႏိုင္သည့္ မဟာဗ်ဴဟာ အခ်ဳိ ႔ရွိသည္။

ဘက္တီးရီးယား၏ အစိတ္အပိုင္းတစ္ခုကို ရယူကာ လူ႔ကိုယ္ခံအားစနစ္၏ တံု႔ျပန္မႈေပၚေပါက္လာေစရန္ ျပဳလုပ္သည့္ နည္းလမ္းႏွင့္ ေရာဂါပစၥည္းကို သတ္ျဖတ္လိုက္ျပီး ၾကြင္းက်န္ရစ္ေသာ ဗိုင္းရပ္စ္အေသကို ကာကြယ္ေဆးထုတ္ရန္ အသံုးျပဳသည့္ နည္းလမ္း (သို႔မဟုတ္) ဗိုင္းရပ္စ္အရွင္ကို ရယူကာ ဓာတ္ခြဲခန္းထဲတြင္ အားနည္းသြားေအာင္ျပဳလုပ္လုိက္ျပီးမွ ကာကြယ္ေဆးထုတ္သည့္ နည္းလမ္း အစရွိသျဖင့္ ရွိၾကသည္။

အသက္ရွိေနေသာဗိုင္းရပ္စ္မ်ားအား အားနည္းသြားေအာင္ျပဳလုပ္ကာ ထုတ္လုပ္ထားသည့္ ကာကြယ္ေဆးမ်ားႏွင့္ စပ္လ်ဥ္းျပီး ျပီးခဲ့ေသာ ရာစုႏွစ္အတြင္း သိပၸံပညာရွင္မ်ားက ထူးျခားခ်က္တစ္ရပ္ကို သတိျပဳမိခဲ့ၾကသည္။

ထူးျခားခ်က္ကား အဆိုပါကာကြယ္ေဆးမ်ားသည္ အဓိကပစ္မွတ္ထားသည့္ ေရာဂါကို အကာအကြယ္ေပးရံုသာမကဘဲ အသက္ရႈ လမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါမ်ား အပါအဝင္ ေရာဂါမ်ားစြာကို အကာအကြယ္ေပးေၾကာင္းလည္း ေတြ႔ရွိလာခဲ့ၾကသည္။

“ဒါနဲ႔ ပတ္သက္ျပီး သက္ေသအေထာက္အထား မ်ားစြာရွိပါတယ္။ အားနည္းခ်က္ကေတာ့ ကာကြယ္မႈဟာ ကာလဘယ္ေလာက္ရွိသလဲ ဆိုတာ ကၽြန္ေတာ္တို႔ တကယ္မသိၾကေသးပါဘူး။ လပိုင္းေလာက္သာ အလုပ္လုပ္တာမ်ဳိးလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ က်ိန္းေသေတာ့ မေျပာႏိုင္ပါဘူး” ဟု ေရာဘတ္ဂါလိုက ေျပာၾကားသည္။

သာဓကအေနျဖင့္ အဆုပ္ေရာဂါကာကြယ္ေဆးကို ၾကည့္ပါ။

အဆုပ္ေရာဂါကာကြယ္ေဆးကို BCG (Bacille Calmette-Guerin) ဟုေခၚျပီး အားနည္းေအာင္ ျပဳလုပ္ထားသည့္ အသက္ရွိေနေသာ တီဘီဗိုင္းရပ္စ္ပိုး ပါဝင္သည္။ ႏြားမ်ားမွ ရရွိေသာ TB ဗိုင္းရပ္စ္မ်ဳိးကို အသံုးျပဳထားျခင္း ျဖစ္သည္။

BCG ကာကြယ္ေဆးကို ၁၉၂၀ ျပည့္လြန္ကာလမ်ားက ဆြီဒင္ႏိုင္ငံမွ ဆရာဝန္မ်ား ပထမဆံုး စတင္အသံုးျပဳခဲ့စဥ္တြင္ သတိထားမိခဲ့ၾကသည္မွာ BCG ကာကြယ္ေဆးထုိးထားသည့္ ကေလးငယ္မ်ားသည္ TB ေၾကာင့္ ေသဆံုးမႈႏႈန္း ေလွ်ာ့ခ်ေပးႏိုင္ရံုမွ် မကဘဲ အျခားေရာဂါမ်ားေၾကာင့္ ေသဆံုးမႈႏႈန္းမွာလည္း ကာကြယ္ေဆးမထိုးထားသည့္ ကေလးမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ ၃ ဆခန္႔ ပိုမိုနည္းပါးေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

၁၉၇၀ ျပည့္လြန္ကာလမ်ားတြင္လည္း အေနာက္အာဖရိကမွ သိပံၸပညာရွင္မ်ားသည္ အလားတူ အေျခအေနမ်ဳိးကို BCG ကာကြယ္ေဆးတြင္သာမက ဝက္သက္ကာကြယ္ေဆးတြင္လည္း ေတြ႔ရွိခဲ့ၾကသည္။

တနည္းေျပာရလွ်င္ အဆိုပါကာကြယ္ေဆးတို႔သည္ ေရာဂါပစၥည္းမ်ဳိးစံုကို ရင္ဆိုင္ရန္အတြက္ ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးသည္ဟု ဆိုလိုျခင္း ျဖစ္သည္။

မၾကာေသးမီက နယ္သာလန္ႏိုင္ငံတြင္ ဆရာဝန္တို႔သည္ BCG ကာကြယ္ေဆးမွာ ငန္းဝါဖ်ား အေပ်ာ့စားကို ကာကြယ္ႏိုင္ျခင္း ရွိ၊ မရွိ စမ္းသပ္ခဲ့ၾကသည္။ စမ္းသပ္ရာတြင္ မိမိဆႏၵအေလ်ာက္ စမ္းသပ္ခံမည့္ အုပ္စုတစ္ခုကို BCG ကာကြယ္ေဆးထုိးေပးျပီး အျခားအုပ္စုတစ္ခုကိုမူ မည္သည့္အာနိသင္မွ မပါသည့္ Placebo ေဆးထိုးေပးကာ စမ္းသပ္ခဲ့ၾကသည္။

နိဂံုးခ်ဳပ္ေတြ႔ရွိခ်က္မွာ BCG ကာကြယ္ေဆးထုိးထားသူမ်ားသည္ Placebo ေဆးေပးထားသူမ်ားထက္ အဆိုပါဗိုင္းရပ္စ္အေပၚ အားေကာင္းသည့္ ကိုယ္ခံအား တံု႔ျပန္မႈ ရရွိကာ ဗိုင္းရပ္စ္ကို ထိေရာက္စြာ ရွင္းထုတ္ႏိုင္သည္ကို ေတြ႔ရသည္။

ထိုသို႔ သက္ေရာက္မႈမ်ဳိးေပးသည္မွာ BCG ကာကြယ္ေဆးတစ္ခုတည္း မဟုတ္ေခ်။ အသက္ရွိသည့္ဗိုင္းရပ္စ္ျဖင့္ ထုတ္လုပ္ထားေသာ မည္သည့္ကာကြယ္ေဆးမဆို အလားတူအာနိသင္မ်ဳိးရွိကာ အတိအက်မေျပာႏိုင္သည့္ ကာကြယ္မႈမ်ဳိး ေပးႏိုင္စြမ္းရွိေနေၾကာင္း ထင္ရွားလာသည္။

ပါဝင္သည့္ ကာကြယ္ေဆးမ်ားမွာ ပိုလီယိုေသာက္ေဆး ကာကြယ္ေဆး၊ ဝက္သက္ႏွင့္ အသက္ရွိဗိုင္းရပ္စ္ျဖင့္ ထုတ္လုပ္ထားေသာ တုပ္ေကြးကာကြယ္ေဆးမ်ား ျဖစ္သည္။

ယခုအခ်က္မ်ားအေပၚ သိပံၸပညာရွင္မ်ားသည္ လက္ခံယံုၾကည္ရန္ ခက္ခဲခဲ့ၾကေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ ယခု သေဘာတရားမွာ ကာကြယ္ေဆးမ်ား အလုပ္လုပ္ပံုႏွင့္ စပ္လ်ဥ္းျပီး ၎တို႔သိျမင္ထားသည္မ်ားႏွင့္ ဆန္႔က်င္ေနေၾကာင္း အေမရိကန္ျပည္ေထာင္စု၊ အြန္ေတရီယိုျပည္နယ္၊ McMasters University မွ ကိုယ္ခံအားကၽြမ္းက်င္ပညာရွင္ Zhou Xing က ေျပာၾကားသည္။

“ဒါက သေဘာတရားအသစ္တစ္ခုျဖစ္ျပီး ကိုယ္ခံအားပညာနယ္ပယ္မွာ ျပီးခဲ့တဲ့ ၅ ႏွစ္ကေန ၁၀ ႏွစ္အၾကားမွာ ေပၚေပါက္ခဲ့တဲ့ အယူအဆျဖစ္ပါတယ္” ဟု Xing က ေျပာသည္။

ေယဘုယ် သေဘာတရားမွာ ကာကြယ္ေဆးတို႔သည္ ခႏၶာကိုယ္အားလွည့္စားကာ ပဋိပစၥည္းမ်ား ထုတ္လုပ္ေစျခင္းပံုစံျဖင့္ အလုပ္လုပ္ေဆာင္သည္။

၎တို႔သည္ ကူးစက္ေရာဂါတစ္မ်ဳိးတည္းကိုသာ ပစ္မွတ္ထားကာ ေခ်မႈန္းေလ့ရွိၾကသည္။

သက္ရွိဗိုင္းရပ္စ္မ်ားျဖင့္ ထုတ္လုပ္ထားသည့္ ကာကြယ္ေဆးမ်ားသည္လည္း ပဋိပစၥည္းမ်ားျဖင့္ အလုပ္လုပ္ျခင္းျဖစ္ေသာ္လည္း တစံုတရာ ပိုမိုအလုပ္လုပ္ေပးဟန္ရသည္။

၎တို႔သည္ ကိုယ္ခႏၶာ၏ ေရွ ႔တန္းခံစစ္မွဴးတို႔ကို အထူးအားအင္ျဖည့္တင္းေပး၏။ ကိုယ္ခံအားဆဲလ္တို႔သည္ ဦးစြာအားျဖင့္ က်ဴးေက်ာ္ ဝင္ေရာက္လာသူကို မွတ္မိသိရွိေအာင္လုပ္ကာ ယင္းေနာက္ ထိန္းခ်ဳပ္မရႏိုင္ေအာင္ ကူးစက္မႈမျဖစ္ေပၚမီ ရွင္းထုတ္ႏိုင္ရန္ ၾကိဳးပမ္းျခင္း ျဖစ္ေၾကာင္း Xing က ေျပာၾကားသည္။

အသက္ရွိဗိုင္းရပ္စ္ျဖင့္ ထုတ္လုပ္ေသာ ကာကြယ္ေဆးတို႔သည္ ရိုးတြင္းျခင္ဆီမွ ဆဲလ္မ်ားကို တမ်ဳိးတဖံုေျပာင္းလဲေစသည္ဟု သိပံၸပညာရွင္မ်ားက ယူဆၾကသည္။

ပဋိပစၥည္းမ်ားႏွင့္ မတူသည့္အခ်က္မွာ ရိုးတြင္းျခင္ဆီဆဲလ္တို႔သည္ ဦးတည္ခ်က္ အတိအက်မရွိဘဲ က်ဴးေက်ာ္ဝင္ေရာက္လာသူ ပံုသ႑ာန္မ်ဳိးစံုကို ခုခံကာကြယ္ၾကသည္။

ထို႔အျပင္ ဗိုင္းရပ္စ္တို႔ လူ႔ကိုယ္ခႏၶာထဲသို႔ စတင္ဝင္ေရာက္လာသည္ႏွင့္ ခုခံေရးအတြက္ ရိုးတြင္းျခင္ဆီဆဲလ္တို႔ လ်င္ျမန္စြာလႈပ္ရွားၾကသည္။

ယခုေပၚေပါက္လာသည့္ ေမးခြန္းကား သက္ရွိဗိုင္းရပ္စ္တို႔ျဖင့္ ထုတ္လုပ္ထားသည့္ ကာကြယ္ေဆးမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ နာမက်န္းမျဖစ္မီ (သို႔မဟုတ္) ကူးစက္မႈမ်ား ဆိုးရြားစြာျဖစ္ေပၚမလာမီ ဗိုင္းရပ္စ္ကို အလ်င္အျမန္တိုက္ထုတ္ေရးအတြက္ အေထာက္အကူ ျပဳမည္ေလာဟူသည့္ ေမးခြန္းေပၚေပါက္သည္။

အဆိုပါ ေမးခြန္းကို အေျဖရွာႏိုင္ရန္အတြက္ ကမၻာတစ္ဝန္းမွ သိပံၸပညာရွင္မ်ားသည္ BCG ကာကြယ္ေဆး၊ ပိုလီယိုကာကြယ္ေဆးတို႔ျဖင့္ လက္ေတြ႔စမ္းသပ္မႈ မ်ားစြာျပဳလုပ္လ်က္ရွိျပီး COVID-19 ကို ကာကြယ္ႏိုင္စြမ္း ရွိ၊ မရွိ ေလ့လာလ်က္ ရွိသည္။

သို႔ေသာ္ အဆိုပါကာကြယ္ေဆးမ်ားသည္ COVID-19 အတြက္ သီးသန္႔ထုတ္လုပ္သည့္ ကာကြယ္ေဆးေလာက္ အာနိသင္ ထက္ျမက္ကာ တာရွည္ခံလိမ့္မည္ဟု ယံုၾကည္သူ မရွိၾကေၾကာင္း ေလာ့စ္အိန္ဂ်လိျမိဳ ႔တြင္ လက္ေတြ႔စမ္းသပ္ေလ့လာမႈမ်ား ျပဳလုပ္ေနသူ ေဒါက္တာ Moshe Arditi က ေျပာၾကားသည္။

ေဒါက္တာ Moshe Arditi က ေျပာၾကားရာတြင္ BCG ကာကြယ္ေဆးတြင္ ေကာင္းက်ဳိးမ်ားရွိေနေၾကာင္း၊ ၎သည္ ေစ်းသက္သာေၾကာင္း၊ ေဆးတစ္ၾကိမ္ကုစာအတြက္ ေဒၚလာအနည္းငယ္သာ ကုန္က်ေၾကာင္း၊ အဆိုပါေဆးမွာ ေဘးကင္းေၾကာင္း အားလံုးသိထားျပီးျဖစ္ေၾကာင္း၊ ႏွစ္စဥ္ႏွစ္တိုင္း ကေလးငယ္ေပါင္း သန္း ၁၃၀ ေက်ာ္ BCG ကာကြယ္ေဆး ထုိးေနၾကရာ ေဆး၏ ေဘးကင္းမႈ သက္ေသမွာ အလြန္ခိုင္မာလွေၾကာင္း ေျပာၾကားသည္။

လာမည့္ႏွစ္စပိုင္းတြင္ BCG ကာကြယ္ေဆးကို covid-19 ကုသေရးအတြက္ အတည္ျပဳေပးသင့္ေၾကာင္း၊ ေဘးကင္းကာ ထိေရာက္သည့္ COVID-19 ကာကြယ္ေဆးမရမီတြင္ ေပါင္းကူးတံတားအျဖစ္ အသံုးျပဳသင့္ေၾကာ္း ေဒါက္တာ Arditi က ေျပာၾကားသည္။

ဗိုင္းရပ္စ္ပညာရွင္ ေရာဘတ္ ဂါလိုကလည္း အသက္ရွိဗိုင္းရပ္စ္မ်ားျဖင့္ ထုတ္လုပ္ထားေသာ တုပ္ေကြးကာကြယ္ေဆးကို ထိုးသင့္ေၾကာင္း ေျပာၾကားထားသည္။ ယခုႏွစ္တြင္ တုပ္ေကြးကာကြယ္ေဆးသည္ ပုံစံ ၂ မ်ဳိးျဖင့္လာသည္။

ထိုးေဆးႏွင့္ ႏွာေခါင္းျဖန္းေဆးပံုစံတို႔ ျဖစ္၏။

ထိုးေဆးသည္ အသက္ ၆ လအထက္ရွိသူအားလံုးအတြက္ ထိုးႏွံႏိုင္ေၾကာင္း အတည္ျပဳထားျပီး ဗိုင္းရပ္စ္ အေသ (သို႔မဟုတ္) ဗိုင္းရပ္စ္၏ အစိတ္အပိုင္းမ်ားျဖင့္ ထုတ္လုပ္ထားျခင္း ျဖစ္သည္။

ႏွာေခါင္းျဖန္းေဆး (FluMist) ကိုမူ အသက္ ၂ ႏွစ္မွ ၄၉ ႏွစ္ၾကားရွိသူမ်ား အသံုးျပဳႏိုင္ျပီး သက္ရွိတုပ္ေကြးဗိုင္းရပ္စ္မ်ားျဖင့္ ထုတ္လုပ္ထားျခင္း ျဖစ္သည္။

“ခင္ဗ်ားတို႔ ေစာင့္ၾကည့္ပါ။ အသက္ရွိတဲ့ တုပ္ေကြးဗိုင္းရပ္စ္နဲ႔ ျပဳလုပ္ထားတဲ့ ကာကြယ္ေဆးရယူထားသူေတြဟာ COVID-19 ကေန အကာအကြယ္ ရၾကပါလိမ့္မယ္။ ဒါကေတာ့ အၾကမ္းဖ်င္းခန္႔မွန္းခ်က္ပါ” ဟု ေရာဘတ္ဂါလိုက ဆိုသည္။

သို႔ေသာ္ မည္သို႔ျဖစ္ေစ COVID-19 ကာကြယ္ေဆး ထုိးႏွံျပီးခ်ိန္ဆိုပါကလည္း ယခုျပဳလုပ္ေနရသည့္ ဗိုင္းရပ္စ္ကာကြယ္ေဆး စည္းမ်ဥ္းမ်ားျဖစ္ေသာ mask တပ္ျခင္း၊ လူမႈအလွမ္းခြါျခင္း၊ လက္ေဆးျခင္းႏွင့္ လူသူမ်ားျပားေသာ အေဆာက္အအံုအတြင္း၊ အျပင္ ေနရာမ်ားကို ေရွာင္က်ဥ္ျခင္းမ်ား ဆက္လက္လိုက္နာက်င့္သံုးေနသင့္ေလသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Could The Live Flu Vaccine Help You Fight Off COVID-19? (npr.org)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service