သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
9 Oct 2020 10:10 am တွင် တင်ခဲ့သည်
927 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

''နောက်အိမ်ထောင်ပြုလိုက်ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံလာရောက် ဆွေးနွေးပါသည်။

''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါတယ်''

''လက်ထက်ပွားပစ္စည်းတော့ မဟုတ်ဘူး၊ မိဘရဲ့ အမွေကိုတောင်း နေတာ''

''မိဘရဲ့ အမွေဆိုရင်တော့ သားသမီးအားလုံး ရပိုင်ခွင့်ရတယ်လေ''

''ကျွန်တော်အပြောမှားသွားတယ် ဆရာရယ်။ အဖြစ်အပျက်ကို ရှင်းပြဖို့လိုသွားတယ်''

''ကဲ-ပြောပါဦး၊ ဘယ်သူက ဘယ်လိုအမွေတောင်းလို့လဲ၊ ဦးမြင့်နဲ့ က ဘယ်လိုပတ်သက်မှုရှိသလဲ''

''ဒီလိုဆရာသမားရယ်၊ ကျွန် တော့် သားက အိမ်နဲ့ မြေတစ်ကွက် ဝယ်ဖို့ သွားကြည့်တယ်၊ ဂရန်မြေဖြစ် ပြီး အမည်ပေါက်ကလည်း သက်ရှိ ထင်ရှားရှိတယ်''

''ဒါဆိုရင် ဘာအခက်အခဲရှိနေလို့လဲ။ အမည်ပေါက် ကိုယ်တိုင် အရောင်းစာချုပ် ချုပ်ဆိုရတာပဲ''

''ဟုတ်ပါတယ်။ ရှင်းတယ်ဆိုပြီး ဝယ်ဖို့ဆုံးဖြတ် စရန်ငွေပေးလိုက်တာပေါ့''

''ကန့်ကွက်သူ ပေါ်လာလို့လား''

''ဟုတ်တယ်။ ချွေးမလုပ်သူက ကန့်ကွက်လာတာဗျ''

''ချွေးမလုပ်သူက ယောက္ခမမှ မကွယ်လွန်သေးတာ ဘယ်လိုကန့် ကွက်မလဲ''

''နောက်အိမ်ထောင်လည်းပြု ထားတယ်။ အဲဒါသူလည်း ရပိုင်ခွင့် ရှိပါတယ်ဆိုပြီး ကန့်ကွက်တာပဲ''

''နောက်အိမ်ထောင်မပြုမီက ဘယ်မှာနေသလဲ''

''အခုရောင်းမယ်ဆိုတဲ့ ယောက္ခမ အိမ်မှာနေတယ်''

''သားသမီးမကျန်ခဲ့ဘူးလား။ သားသမီးကျန်ရင်လည်း အမွေမမီ မြေးအဖြစ် အဘွားကွယ်လွန်မှရပိုင် ခွင့်ရှိမှာဖြစ်တယ်။ ဒါနဲ့ လင်ယောက်ျား ဘက်က မောင်နှမဘယ်နှယောက်ရှိလဲ''

''သားသမီးလည်း မကျန်ခဲ့ဘူး။ နောက်အိမ်ထောင်လည်းပြုသွားတယ် ဆိုတော့ ယောက္ခမဘက်ကတော့ သူနဲ့ ဘာမှမပတ်သက်ဘူးလို့ပြော တာပဲ။ ကျွန်တော်ကြားဖူးတာက အမွေရှင် မိဘထက်စောပြီးသားသမီးက ကွယ်လွန်ခဲ့ရင် ကျန်ခဲ့တဲ့ ချွေးမ သားမက်က အမွေရခွင့်မရှိဘူးဆိုတာ ဟုတ်ပါသလား''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာဝင်တွေဖြစ်ခဲ့ ရင်တော့ ဦးမြင့်ပြောသလို အမွေ ဆက်ခံတဲ့သားသမီးလည်းမရှိ။ မိဘတွေထက်လည်း စောပြီး ကွယ်လွန်ခဲ့ ရင်တော့ ကျန်တဲ့ ဇနီး၊ ခင်ပွန်းဟာ ယောက္ခမတွေထံက အမွေရခွင့်မရှိ ဘူး။ အခုကိစ္စက သားဖြစ်သူက သား သမီးမထွန်းကားခဲ့တော့ မိခင်ကွယ် လွန်မှ ဒီကိစ္စစဉ်းစားရမှာဖြစ်တယ်။ လင်ယောက်ျားဘက်က မောင်နှမ တွေက ဘာပြောကြသေးလဲ''

''လင်ယောက်ျားဘက်က မောင်နှ မသုံးယောက်ရှိတယ်။ ကွယ်လွန်သွားတာက သားအကြီးဆုံးဖြစ်တယ်''

''သြော်-ဒါကြောင့် ချွေးမဖြစ်သူက သြရသသားရဲ့ အမွေကို ရပိုင်ခွင့် ရှိတယ်လို့ ကန့်ကွက်တာဖြစ်မယ်။ သတင်းစာမပါလာဘူးလား''

''ရုတ်တရက်ထွက်လာတော့ ကန့်ကွက်သတင်းစာမပါလာခဲ့ဘူး ဗျာ။ ဒါပေမယ့် ဆရာပြောမှ သတိရ တယ်။ သြရသနဲ့ ဇနီးဖြစ်လို့ ရပိုင်ခွင့် ရှိတယ်ဆိုပြီး ကန့်ကွက်တာဆရာ''

''သြရသသားရဲ့ အခွင့်အရေး ကတော့ မဆုံးရှုံးဘူးပေါ့ဗျာ''

''သြရသရဲ့ အခွင့်အရေးဆိုတာ ဘာကိုပြောတာလဲဆရာ''

''သြရသအခွင့်အရေးဆိုတာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သီး ခြားအခွင့်အရေးပေးထားတာဖြစ် တယ်။ အကြီးဆုံးသားက ဖခင်ကွယ် လွန်သွားပြီး မိခင်ကျန်ခဲ့ရင်ဖြစ်စေ အကြီးဆုံးသမီးက မိခင်ကွယ်လွန်ပြီး ဖခင်ကျန်ခဲ့ရင်ဖြစ်စေ၊ ကျန်ရစ်သူ မိဘထံမှ အမွေပစ္စည်းရဲ့ လေးပုံတစ် ပုံကို တောင်းပိုင်ခွင့်ရှိတယ်လို့ ဥပဒေ မှာ ပြဋ္ဌာန်းထားတယ်''

''အခုကိစ္စက သြရသသားဖြစ် သူရဲ့ ဇနီးဖြစ်ပေမယ့် နောက်အိမ် ထောင်ပြုထားတော့ ရပိုင်ခွင့်ရှိပါ သေးလား''

''နောက်အိမ်ထောင်ပြုတယ်ဆို တာက လင်မယားကွာရှင်းပြီး နောက် အိမ်ထောင်ပြုထားတာလား။ လင် ယောက်ျားကွယ်လွန်ပြီးမှ နောက်အိမ် ထောင်ပြုသလားဆိုတာ စဉ်းစားရပါ တယ်''

''လင်ယောက်ျားမကွယ်လွန်မီ မှာ လင်မယားကွာရှင်းပြီးမှ နောက် အိမ်ထောင်ပြုခဲ့တယ်ဆိုရင်တော့ ယောက္ခမပိုင်အမွေပစ္စည်းပေါ်မှာ ရ ပိုင်ခွင့်မရှိဘူးပေါ့''

''မှန်ပါတယ်။ လင်ယောက်ျားနဲ့ ကွာရှင်းပြီး ပစ္စည်းခန်းမခွဲဝေရသေး ဘူးဆိုရင်လည်း လင်ယောက်ျားနဲ့ အတူလက်ထက်ပွားပစ္စည်းသာ ဥပေဒအရခွဲဝေရခွင့်ရှိပါတယ်။ ယောက္ခမပိုင်ပစ္စည်းကိုတော့ ရပိုင်ခွင့် မရှိတော့ပါဘူး''

''ပြောစကားအရတော့ လင် ယောက်ျားကွယ်လွန်ပြီးနောက်ပိုင်း မှာလည်း ယောက္ခမနဲ့အတူနေသေး တယ်ပြောတယ်။ တစ်နှစ်လောက် ကြာမှ နောက်အိမ်ထောင်ပြုတယ်လို့ ပြောပါတယ်''

''ဒါဆိုရင်တော့ လင်ယောက်ျား ရဲ့ သြရသအခွင့်အရေးကိုသူက ရပိုင်ခွင့်ရှိသွားပြီဖြစ်တယ်''

''ဘယ်လိုပဲဖြစ်ဖြစ်ခွဲပေးရမယ့် သဘောဖြစ်နေတာပေါ့''

''ဥပဒေအရတော့ ခံစားခွင့်ရှိ သွားပြီဖြစ်တယ်''

''ဒါပေမယ့်ဗျာ၊ နောက်အိမ် ထောင်နဲ့ ခံစားရမယ်ဆိုတော့လည်း အဘွားကြီးက မပေးချင်ဘူးပေါ့။ ဒါ ကြောင့် မရောင်းတော့ဘူးလို့လည်း ပြောပြန်တယ်''

''ဦးမြင့်ကို ရှင်းအောင်ပြောပြ ရရင် တရားရုံးချုပ်က ဆုံးဖြတ်ထား တဲ့ ဒေါ်စန်းလွင်နှင့် ဒေါ်သန်းသန်း ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင် ထုံး စာမျက်နှာ-၂၉ အမှုမှာ သားဖြစ် သူသည် အိမ်ထောင်ကျပြီးနောက် မိဘများနှင့်အတူ ဇနီးဖြစ်သူနှင့် နေထိုင်ခဲ့ကြသည်။ ဖခင်ကွယ်လွန်ပြီး နောက်ပိုင်းတွင်လည်း မိခင်နှင့်အတူ နေထိုင်ခဲ့သည်။ လင်ယောက်ျားကွယ် လွန်ပြီးနောက်တွင်လည်း ချွေးမဖြစ် သူသည် ယောက္ခမနှင့်အတူနေပြီး သုံးလအကြာမှ နောက်အိမ်ထောင်ပြု ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ချွေးမဖြစ်သူသည် ကွယ်လွန်သူ ခင် ပွန်းဖြစ်သူရရှိခံစားရမည့် အခွင့်အ ရေးကို ဆက်ခံရရှိပြီးမှ နောက်အိမ် ထောင်ပြုခြင်းဖြစ်သည်။ တရားစွဲဆို ချိန်တွင် နောက်အိမ်ထောင်ပြုပြီး ဖြစ်သည့် ချွေးမသည် ကွယ်လွန်သူ လင်၏ သြရသအခွင့်အရေးကို ဆက် ခံပြီး ယောက္ခမထံမှ အမွေတောင်းခွင့် ရှိသည်လို့ ဆုံးဖြတ်ထားပါတယ်''

''ဒါဆိုရင် ဒီကိစ္စမှာလည်း ချွေးမ က ဝေစုရနိုင်တယ်ပေါ့''

''မှန်ပါတယ်။ သြရသအခွင့်အ ရေးအရ အမွေဝေစု လေးပုံတစ်ပုံရ ခွင့်ရှိပါတယ်''

''အဘွားကြီးက မရောင်းတော့ ဘူးဆိုရင် ဘာဖြစ်နိုင်သလဲ''

''အမှုအခင်းဖြစ်ပြီး အမွေရလိုမှု တရားစွဲဆိုတာတွေဖြစ်နိုင်တယ်။ နှစ် ဦးနှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေရင် ဆက်ပြီးငွေချေပါ။ ညှိနှိုင်းမှုအဆင် မပြေရင်တော့ စရန်ငွေပြန်ယူလိုက် တာကကောင်းမယ်''ဟု အကြံပြု လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ၾသရသ သားသမီး၏ ဇနီးခင္ပြန္းတုိ႔ႏွင့္ သက္ဆုိင္ေနသည့္ ေျမႏွင့္အိမ္ကို ၀ယ္မည္ဆုိလွ်င္

''ေနာက္အိမ္ေထာင္ျပဳလုိက္ရင္ ပထမအိမ္ေထာင္က အေမြရပိုင္ ခြင့္ ရွိပါေသးသလား''ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံလာေရာက္ ေဆြးေႏြးပါသည္။

''ဘယ္လုိအေျခအေနမ်ဳိးျဖစ္ လုိ႔လဲ၊ ပထမ အိမ္ေထာင္နဲ႔ လက္ထက္ ပြားပစၥည္းဆုိရင္ေတာ့ ပထမဇနီး ခင္ပြန္းနဲ႔ ထက္ဝက္စီအေမြေဝစုရခြင့္ ရွိပါတယ္''

''လက္ထက္ပြားပစၥည္းေတာ့ မဟုတ္ဘူး၊ မိဘရဲ႕ အေမြကိုေတာင္း ေနတာ''

''မိဘရဲ႕ အေမြဆုိရင္ေတာ့ သားသမီးအားလုံး ရပိုင္ခြင့္ရတယ္ေလ''

''ကြၽန္ေတာ္အေျပာမွားသြားတယ္ ဆရာရယ္။ အျဖစ္အပ်က္ကုိ ရွင္းျပဖုိ႔လုိသြားတယ္''

''ကဲ-ေျပာပါဦး၊ ဘယ္သူက ဘယ္လုိအေမြေတာင္းလုိ႔လဲ၊ ဦးျမင့္နဲ႔ က ဘယ္လုိပတ္သက္မႈရွိသလဲ''

''ဒီလုိဆရာသမားရယ္၊ ကြၽန္ ေတာ့္ သားက အိမ္နဲ႔ ေျမတစ္ကြက္ ဝယ္ဖုိ႔ သြားၾကည့္တယ္၊ ဂရန္ေျမျဖစ္ ၿပီး အမည္ေပါက္ကလည္း သက္ရွိ ထင္ရွားရွိတယ္''

''ဒါဆုိရင္ ဘာအခက္အခဲရွိေနလုိ႔လဲ။ အမည္ေပါက္ ကုိယ္တုိင္ အေရာင္းစာခ်ဳပ္ ခ်ဳပ္ဆုိရတာပဲ''

''ဟုတ္ပါတယ္။ ရွင္းတယ္ဆုိၿပီး ဝယ္ဖုိ႔ဆုံးျဖတ္ စရန္ေငြေပးလုိက္တာေပါ့''

''ကန္႔ကြက္သူ ေပၚလာလုိ႔လား''

''ဟုတ္တယ္။ ေခြၽးမလုပ္သူက ကန္႔ကြက္လာတာဗ်''

''ေခြၽးမလုပ္သူက ေယာကၡမမွ မကြယ္လြန္ေသးတာ ဘယ္လုိကန္႔ ကြက္မလဲ''

''ေနာက္အိမ္ေထာင္လည္းျပဳ ထားတယ္။ အဲဒါသူလည္း ရပုိင္ခြင့္ ရွိပါတယ္ဆုိၿပီး ကန္႔ကြက္တာပဲ''

''ေနာက္အိမ္ေထာင္မျပဳမီက ဘယ္မွာေနသလဲ''

''အခုေရာင္းမယ္ဆုိတဲ့ ေယာကၡမ အိမ္မွာေနတယ္''

''သားသမီးမက်န္ခဲ့ဘူးလား။ သားသမီးက်န္ရင္လည္း အေမြမမီ ေျမးအျဖစ္ အဘြားကြယ္လြန္မွရပုိင္ ခြင့္ရွိမွာျဖစ္တယ္။ ဒါနဲ႔ လင္ေယာက်္ား ဘက္က ေမာင္ႏွမဘယ္ႏွေယာက္ရိွလဲ''

''သားသမီးလည္း မက်န္ခဲ့ဘူး။ ေနာက္အိမ္ေထာင္လည္းျပဳသြားတယ္ ဆုိေတာ့ ေယာကၡမဘက္ကေတာ့ သူနဲ႔ ဘာမွမပတ္သက္ဘူးလို႔ေျပာ တာပဲ။ ကြၽန္ေတာ္ၾကားဖူးတာက အေမြရွင္ မိဘထက္ေစာၿပီးသားသမီးက ကြယ္လြန္ခဲ့ရင္ က်န္ခဲ့တဲ့ ေခြၽးမ သားမက္က အေမြရခြင့္မရွိဘူးဆုိတာ ဟုတ္ပါသလား''

''ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ျမန္မာဗုဒၶဘာသာဝင္ေတြျဖစ္ခဲ့ ရင္ေတာ့ ဦးျမင့္ေျပာသလုိ အေမြ ဆက္ခံတဲ့သားသမီးလည္းမရွိ။ မိဘေတြထက္လည္း ေစာၿပီး ကြယ္လြန္ခဲ့ ရင္ေတာ့ က်န္တဲ့ ဇနီး၊ ခင္ပြန္းဟာ ေယာကၡမေတြထံက အေမြရခြင့္မရွိ ဘူး။ အခုကိစၥက သားျဖစ္သူက သား သမီးမထြန္းကားခဲ့ေတာ့ မိခင္ကြယ္ လြန္မွ ဒီကိစၥစဥ္းစားရမွာျဖစ္တယ္။ လင္ေယာက်္ားဘက္က ေမာင္ႏွမ ေတြက ဘာေျပာၾကေသးလဲ''

''လင္ေယာက်ာ္းဘက္က ေမာင္ႏွ မသုံးေယာက္ရွိတယ္။ ကြယ္လြန္သြားတာက သားအႀကီးဆုံးျဖစ္တယ္''

''ေၾသာ္-ဒါေၾကာင့္ ေခြၽးမျဖစ္သူက ၾသရသသားရဲ႕ အေမြကို ရပုိင္ခြင့္ ရွိတယ္လုိ႔ ကန္႔ကြက္တာျဖစ္မယ္။ သတင္းစာမပါလာဘူးလား''

''႐ုတ္တရက္ထြက္လာေတာ့ ကန္႔ကြက္သတင္းစာမပါလာခဲ့ဘူး ဗ်ာ။ ဒါေပမယ့္ ဆရာေျပာမွ သတိရ တယ္။ ၾသရသနဲ႔ ဇနီးျဖစ္လုိ႔ ရပုိင္ခြင့္ ရွိတယ္ဆုိၿပီး ကန္႔ကြက္တာဆရာ''

''ၾသရသသားရဲ႕ အခြင့္အေရး ကေတာ့ မဆုံး႐ႈံးဘူးေပါ့ဗ်ာ''

''ၾသရသရဲ႕ အခြင့္အေရးဆုိတာ ဘာကိုေျပာတာလဲဆရာ''

''ၾသရသအခြင့္အေရးဆုိတာ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ သီး ျခားအခြင့္အေရးေပးထားတာျဖစ္ တယ္။ အႀကီးဆုံးသားက ဖခင္ကြယ္ လြန္သြားၿပီး မိခင္က်န္ခဲ့ရင္ျဖစ္ေစ အႀကီးဆုံးသမီးက မိခင္ကြယ္လြန္ၿပီး ဖခင္က်န္ခဲ့ရင္ျဖစ္ေစ၊ က်န္ရစ္သူ မိဘထံမွ အေမြပစၥည္းရဲ႕ ေလးပုံတစ္ ပုံကုိ ေတာင္းပိုင္ခြင့္ရွိတယ္လုိ႔ ဥပေဒ မွာ ျပ႒ာန္းထားတယ္''

''အခုကိစၥက ၾသရသသားျဖစ္ သူရဲ႕ ဇနီးျဖစ္ေပမယ့္ ေနာက္အိမ္ ေထာင္ျပဳထားေတာ့ ရပုိင္ခြင့္ရွိပါ ေသးလား''

''ေနာက္အိမ္ေထာင္ျပဳတယ္ဆုိ တာက လင္မယားကြာရွင္းၿပီး ေနာက္ အိမ္ေထာင္ျပဳထားတာလား။ လင္ ေယာက်ာ္းကြယ္လြန္ၿပီးမွ ေနာက္အိမ္ ေထာင္ျပဳသလားဆုိတာ စဥ္းစားရပါ တယ္''

''လင္ေယာက်ာ္းမကြယ္လြန္မီ မွာ လင္မယားကြာရွင္းၿပီးမွ ေနာက္ အိမ္ေထာင္ျပဳခဲ့တယ္ဆုိရင္ေတာ့ ေယာကၡမပုိင္အေမြပစၥည္းေပၚမွာ ရ ပုိင္ခြင့္မရွိဘူးေပါ့''

''မွန္ပါတယ္။ လင္ေယာက်္ားနဲ႔ ကြာရွင္းၿပီး ပစၥည္းခန္းမခြဲေဝရေသး ဘူးဆုိရင္လည္း လင္ေယာက်္ားနဲ႔ အတူလက္ထက္ပြားပစၥည္းသာ ဥေပဒအရခြဲေဝရခြင့္ရွိပါတယ္။ ေယာကၡမပုိင္ပစၥည္းကုိေတာ့ ရပုိင္ခြင့္ မရွိေတာ့ပါဘူး''

''ေျပာစကားအရေတာ့ လင္ ေယာက်္ားကြယ္လြန္ၿပီးေနာက္ပိုင္း မွာလည္း ေယာကၡမနဲ႔အတူေနေသး တယ္ေျပာတယ္။ တစ္ႏွစ္ေလာက္ ၾကာမွ ေနာက္အိမ္ေထာင္ျပဳတယ္လုိ႔ ေျပာပါတယ္''

''ဒါဆုိရင္ေတာ့ လင္ေယာက်္ား ရဲ႕ ၾသရသအခြင့္အေရးကိုသူက ရပိုင္ခြင့္ရွိသြားၿပီျဖစ္တယ္''

''ဘယ္လုိပဲျဖစ္ျဖစ္ခဲြေပးရမယ့္ သေဘာျဖစ္ေနတာေပါ့''

''ဥပေဒအရေတာ့ ခံစားခြင့္ရွိ သြားၿပီျဖစ္တယ္''

''ဒါေပမယ့္ဗ်ာ၊ ေနာက္အိမ္ ေထာင္နဲ႔ ခံစားရမယ္ဆုိေတာ့လည္း အဘြားႀကီးက မေပးခ်င္ဘူးေပါ့။ ဒါ ေၾကာင့္ မေရာင္းေတာ့ဘူးလုိ႔လည္း ေျပာျပန္တယ္''

''ဦးျမင့္ကို ရွင္းေအာင္ေျပာျပ ရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထား တဲ့ ေဒၚစန္းလြင္ႏွင့္ ေဒၚသန္းသန္း ၂ဝ၁၇ ခုႏွစ္ ျမန္မာႏုိင္ငံတရားစီရင္ ထုံး စာမ်က္ႏွာ-၂၉ အမႈမွာ သားျဖစ္ သူသည္ အိမ္ေထာင္က်ၿပီးေနာက္ မိဘမ်ားႏွင့္အတူ ဇနီးျဖစ္သူႏွင့္ ေနထုိင္ခဲ့ၾကသည္။ ဖခင္ကြယ္လြန္ၿပီး ေနာက္ပိုင္းတြင္လည္း မိခင္ႏွင့္အတူ ေနထုိင္ခဲ့သည္။ လင္ေယာက်္ားကြယ္ လြန္ၿပီးေနာက္တြင္လည္း ေခြၽးမျဖစ္ သူသည္ ေယာကၡမႏွင့္အတူေနၿပီး သုံးလအၾကာမွ ေနာက္အိမ္ေထာင္ျပဳ ျခင္းျဖစ္သည္။ တစ္နည္းဆုိရေသာ္ ေခြၽးမျဖစ္သူသည္ ကြယ္လြန္သူ ခင္ ပြန္းျဖစ္သူရရွိခံစားရမည့္ အခြင့္အ ေရးကို ဆက္ခံရရွိၿပီးမွ ေနာက္အိမ္ ေထာင္ျပဳျခင္းျဖစ္သည္။ တရားစြဲဆုိ ခ်ိန္တြင္ ေနာက္အိမ္ေထာင္ျပဳၿပီး ျဖစ္သည့္ ေခြၽးမသည္ ကြယ္လြန္သူ လင္၏ ၾသရသအခြင့္အေရးကို ဆက္ ခံၿပီး ေယာကၡမထံမွ အေမြေတာင္းခြင့္ ရွိသည္လုိ႔ ဆုံးျဖတ္ထားပါတယ္''

''ဒါဆုိရင္ ဒီကိစၥမွာလည္း ေခြၽးမ က ေဝစုရႏုိင္တယ္ေပါ့''

''မွန္ပါတယ္။ ၾသရသအခြင့္အ ေရးအရ အေမြေဝစု ေလးပုံတစ္ပုံရ ခြင့္ရွိပါတယ္''

''အဘြားႀကီးက မေရာင္းေတာ့ ဘူးဆုိရင္ ဘာျဖစ္ႏုိင္သလဲ''

''အမႈအခင္းျဖစ္ၿပီး အေမြရလုိမႈ တရားစြဲဆုိတာေတြျဖစ္ႏုိင္တယ္။ ႏွစ္ ဦးႏွစ္ဖက္ညိႇႏႈိင္းလုိ႔ အဆင္ေျပရင္ ဆက္ၿပီးေငြေခ်ပါ။ ညိႇႏႈိင္းမႈအဆင္ မေျပရင္ေတာ့ စရန္ေငြျပန္ယူလုိက္ တာကေကာင္းမယ္''ဟု အႀကံျပဳ လုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service