အငှားချထားသည့် အစိုးရတိုက်ခန်းကို မဝယ်မိစေဖို့ ...

အငှားချထားသည့် အစိုးရတိုက်ခန်းကို မဝယ်မိစေဖို့ ... - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2020 2:45 pm တွင် တင်ခဲ့သည်
1184 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

''အစိုးရပိုင် တိုက်ခန်းမှာ ငှား ရမ်းနေထိုင်ရင် အဆင်ပြေပါ့မလား ဆရာ''ဟု လူလတ်ပိုင်းလူငယ်လေးတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

''မောင်ရင်က ရန်ကုန်ကို ရောက်တာကြာပြီလား''

''မကြာသေးပါဘူး ဆရာ။ ဇာတိက မုံရွာကပါ။ လုပ်ငန်းအရ ရန်ကုန်ကို ပြောင်းလာရတာပါ။ ဆရာ့ရဲ့ စာဖတ် ပရိသတ်တစ်ဦးဖြစ်တဲ့အတွက် အခုလိုလာရောက်ဆွေးနွေးတာပါ''

''ဝမ်းသာပါတယ်။ နယ်ကရောက်လာသူတိုင်းဟာ ရန်ကုန်မှာတော့ နေရေးကစပြီး အခက်အခဲရှိတာပဲ။ မောင်ရင်က အိမ်ထောင်ရှင်လား။ မိသားစုရှိပါသလား''

''ဟုတ်ကဲ့။ သားတစ်ယောက်ရှိ ပါတယ်။ လေးနှစ်သားပဲရှိပါသေး တယ်။ လောလောဆယ်တော့ ဇနီးနဲ့ သားကို မခေါ်ဖြစ်သေးဘူး။ ဒါ ကြောင့် အိမ်ငှားနေထိုင်ရင် ဘယ်လို အခြေအနေလဲ သိချင်လို့ပါ''

''အခု ဘယ်မှာနေလဲ''

''အဖေ့ရဲ့ အသိတစ်ဦးက သူ့မှာ အစိုးရတိုက်ခန်းတစ်ခန်းရထားတာ ရှိတယ်။ လောလောဆယ်တော့ သူ တို့ မနေကြဘူး။ အိမ်ခန်းငှားထား တယ် ပြောပါတယ်။ အဲဒီအိမ်ငှားက ဒီလကုန်မှာဆင်းမှာမို့ ကျွန်တော့်တို့ မိသားစုပြောင်းနေရင် ရတယ်ပြောလို့ ပါ''

''ပိုင်ရှင်တွေကတော့ အဲဒီမှာ မနေ ဘူးပေါ့။ ဘယ်နားမှာလို့ ပြောသလဲ''

''စမ်းချောင်းမြို့နယ်ထဲမှာလို့ ပြောပါတယ်။ ကျွန်တော်တို့ ငှားနေပြီး မှ အစိုးရက နှင်ချရင် ဘယ်လိုဖြစ်နိုင် ပါသလဲ။ ငှားခွင့်ကောရှိပါသလားဆို တာ သိချင်လို့ပါ''

''ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရလက်ထက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ပိုင် တိုက်ခန်းတွေကို ပြည်သူပိုင် တိုက်ခန်းများအဖြစ် ၁၉၆၅ ခုနှစ်က စပြီး အိမ်ငှားအဖြစ်ချထားပေးခဲ့တာ တွေရှိတယ်။ ယခုတိုင်ရှိနေဆဲ တိုက်ခန်းတွေရှိသကဲ့သို့ အချို့တိုက်ခန်းတွေကို ဖျက်ပြီး စီမံကိန်းတိုက်ခန်း သစ်တွေနဲ့ အစားထိုးတည်ဆောက်နေတဲ့ နေရာတွေလည်းရှိတယ်။ အဲဒီစီမံကိန်း တိုက်ခန်းတွေကိုတော့ ပြန် လည်ရောင်းချတဲ့စနစ်နဲ့ ဆောင်ရွက်နေကြတယ်''

''အချို့က ပြောတော့လည်း အစိုးရပိုင်တိုက်ခန်းတွေမှာ တစ်ဆင့် ငှားရမ်းခြင်းမပြုရလို့လည်း ပြောကြတယ်''

''မှန်ပါတယ်။ အစိုးရပိုင် တစ်နည်းအားဖြင့် အစိုးရဌာနပိုင် တိုက်ခန်းမှာ တရားဝင် အိမ်ငှားအဖြစ် နေပိုင်ခွင့်ရသူ များနဲ့ အငှားချထားတဲ့ အဖွဲ့အစည်း ဥပမာမြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်ဦးစီးဌာန) တို့ ချုပ်ဆိုတဲ့ စာချုပ်ရှိတယ်။ အဲဒီ အိမ်ရှင်အိမ်ငှားစာချုပ်မှာ မောင်ရင်ပြောတဲ့ စည်းကမ်းချက်တွေလည်းပါ ရှိလာတယ်''

''ဟုတ်ကဲ့ ဗဟုသုတအဖြစ် ပြောပြပါဦး ဆရာ''

''အဲဒီအိမ်ငှားစာချုပ်မှာ အိမ်ငှားဆိုသည်မှာ ပြည်သူ့အိုးအိမ်အဖွဲ့မှ အိမ်၊ အိမ်ခန်းငှားရမ်းနေထိုင်သူကို ဆိုလို သည်လို့ ဖော်ပြထားတယ်။ အိမ်ထောင်စုဝင်ဆိုသည်မှာ အိမ် အိမ်ခန်းရရှိသူ ဦးစီးအပေါ်တွင် မှီခို၍ တစ်အိမ် ထောင်တည်းစုဝေးနေ ထိုင်သူအားလုံးကို ဆိုလိုသည်။ 'မိသားစုဝင်' ဆိုသည်မှာ အိမ် အိမ်ခန်းရရှိ ချထားခံရသူ ဦးစီး၏ တရားဝင် ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ (တရားဝင်မွေးစားခြင်း အပါအဝင်) ကိုဆိုလိုသည်လို့ အဓိပ္ပာယ်သတ်မှတ်ဖော်ပြထားပါတယ်။ ဒါကြောင့် ဖော်ပြပါ မိသားစုဝင်တွေကလွဲလို့ မိသားစုဝင် မဟုတ်တဲ့သူ ကို နေထိုင်ခွင့်ပေးထား ခြင်းမရှိကြောင်း ဥပဒေကြောင်းအရ တွေ့ရှိနိုင်ပါတယ်''

''ဒါဆိုရင် ထပ်ဆင့်ငှားရမ်းခွင့် မရှိဘူးပေါ့နော်''

''ဒါနဲ့ ပတ်သက်လို့လည်း အိမ်ငှားစည်းကမ်းအဖြစ် အိမ်ငှားသည် (က) ပြည်သူ့ အိုးအိမ်အဖွဲ့၏ ခွင့်ပြုချက်မရဘဲ အိမ် အိမ်ခန်းတစ်ခုလုံးကိုသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း တစ်ဆင့် ငှားရမ်းခြင်းမ ပြုလုပ်ရ''

(ခ) တစ်ဆင့်ငှားရမ်းသည်ဆိုရာ၌ မိမိ၏ အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်းမရှိသူများကို အိမ် အိမ်ခန်းတွင် အတူနေထိုင်ခွင့်ပြု၍ အိမ်လခယူခြင်း၊ ထမင်းလခကိုယူ၍ အိမ်ခန်းတွင် နေထိုင်ခွင့်ပြုခြင်းများကို ဆိုလိုသည်။

(ဂ) အဖိုးစားနားဖြင့်ဖြစ်စေ အဘိုး စားနားမပါဘဲဖြစ်စေ၊ လွှဲပြောင်းခြင်း မပြုရလို့ တားမြစ်ထားချက်တွေပါရှိ တယ်''

''ဆရာပြောတဲ့ အိမ်ထောင်စု စာရင်းတွင်ပါဝင်ခြင်းမရှိသူဆိုတာက ဘာကိုပြောတာလဲ ဆရာ''

''အိမ်ထောင်ဦးစီးရဲ့ မိသားစုဝင်တွေထဲက သားသမီးအိမ်ထောင်ကျသွားမယ်ဆိုရင် သူ့ရဲ့ ခင်ပွန်း၊ ဇနီးအနေနဲ့ မိသားစုဝင်အဖြစ် အိမ်ထောင်စုစာရင်းမှာ ထည့်သွင်းခွင့်ရမှာဖြစ်ပါတယ်။ သူတို့လို ဆွေမျိုးအရင်း တော်စပ်သွား ရင် မိသားစုဝင်အဖြစ် တရားဝင်နေခွင့်ရတာကိုဆိုလိုပါတယ်''

''အချို့လည်းအခန်းကန့်ပြီး ငှားထားတာတွေရှိတယ်ပြောကြတယ်''

''အင်းပေါ့လေ၊ နေရေးထိုင်ရေးက ခက်ခဲလာတယ်။ မိမိလုပ်ကိုင်နေတဲ့ ရုံး၊ ကုမ္ပဏီနဲ့ ဝေးတဲ့နေရာမှာနေ ရင်လည်း သွားရေးခက်ခဲတာနဲ့ လမ်းမှာကားပိတ်နေတာနဲ့ အဆင်မပြေကြဘူး။ ရပ်ဆွေရပ်မျိုးဆိုပြီး ခေါ် ထားကြတာလည်းရှိပါတယ်။ တိုင်တန်းတဲ့ ကိစ္စရပ်မျိုးမရှိရင်တော့ ပြဿနာမဖြစ်ဘူးပေါ့ကွယ်။ အဆင် ပြေကြတယ်''

''အစိုးရတိုက်ခန်းကို ဝယ်နေတယ်ဆိုတာက ဘယ်လိုကိစ္စမျိုးလဲ ဆရာ''

''တိုက်ခန်းကို ဝယ်နေတယ်ဆိုတာက အပျောက်စနစ်သဘော ဝယ်တာဖြစ်တယ်။ အစိုးရက ငှားရမ်းထားတဲ့ တိုက်ခန်းတွေကိုတော့ လွှဲပြောင်း ရောင်းချခွင့်မရှိဘူး။ ဒါပေမယ့် အိုးအိမ်ဦးစီးဌာနကပဲဖြစ်ဖြစ် မြို့တော် စည်ပင်သာယာရေးအဖွဲ့ကပဲဖြစ်ဖြစ် ပိုင်ဆိုင်တဲ့ မြေပေါ်မှာ တည်ဆောက်ထားတဲ့ တိုက်ခန်း (အထူးသဖြင့် အိမ် ရာတိုက်ခန်း) တွေဖြစ်တယ်။ ဥပမာ ပြောရရင် လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ လှိုင်မြင်းမိုရ်အိမ်ရာ၊ ကမာရွတ်မြို့ နယ်အတွင်းမှာရှိတဲ့ မြကန်သာအိမ်ရာရှိ တိုက်ခန်းမျိုးတွေဖြစ်တယ်''

''အဲဒီလိုဝယ်တဲ့ တိုက်ခန်းတွေက အိမ်လခမပေးရဘူးပေါ့''

''အိမ်လခသဘောမျိုးတော့ မပေးရဘူး။ ဒါပေမယ့် သက်ဆိုင်ရာ အခွန်အခ ဥပမာ၊ မြေခွန်၊ စည်ပင်ခွန်စတဲ့ အခွန်အခတွေတော့ ဆောင်ကြရတယ်''

''အဲဒီတိုက်ခန်းတွေကိုတော့ လွှဲပြောင်းရောင်းချခွင့်ရှိတယ်ပေါ့''

''ဟုတ်ပါတယ်။ နှစ်သက်ရာ တန်ဖိုးသတ်မှတ်ပြီး ရောင်းချခွင့်ရှိပါ တယ်။ တိုက်ခန်းပိုင်ရှင်အမည်ပေါက် လည်း ပြောင်းလဲသတ်မှတ်ပေးတယ်''

''တိုက်ခန်းပိုင်ရှင်အမည်ပေါက် ဆိုတာက ဘယ်လိုကိစ္စကိုပြောတာလဲ''

''တိုက်ခန်းဝယ်သူအမည်ကို သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာန မြို့တော်စည်ပင်သာယာရေးကော်မတီထံ အမည် ပေါက်ပြောင်းလျှောက်ထားပြီး မှတ်တမ်းစာအုပ်မှာ တိုက်ခန်းပိုင်ရှင် အမည်ပြောင်းပေးသွားမှာဖြစ်ပါတယ်''

''ဒါဆိုရင် ငွေကြေးတတ်နိုင်ရင်တော့ တိုက်ခန်းကို ဝယ်နေတာ အဆင်ပြေတာပေါ့ ဆရာ''

မှန်ပါတယ်။ ဒါပေမယ့် အစိုးရက ငှားရမ်းထားတဲ့ တိုက်ခန်းကိုဝယ် ပြီးနေရင်တော့ ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ဘဲ ဥပဒေနဲ့အညီ တရားစွဲ ဖယ်ရှားခံရတာမျိုးဖြစ်နိုင်တဲ့အတွက် သေချာစုံစမ်းပြီးမှ ဝယ်ပါလို့ အကြံပြု ဆွေးနွေး လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အငွားခ်ထားသည့္ အစိုးရတိုက္ခန္းကို မ၀ယ္မိေစဖို႔ ...

''အစုိးရပုိင္ တုိက္ခန္းမွာ ငွား ရမ္းေနထုိင္ရင္ အဆင္ေျပပါ့မလား ဆရာ''ဟု လူလတ္ပုိင္းလူငယ္ေလးတစ္ဦးက စာေရးသူထံ လာေရာက္ေဆြးေႏြးပါသည္။

''ေမာင္ရင္က ရန္ကုန္ကုိ ေရာက္တာၾကာၿပီလား''

''မၾကာေသးပါဘူး ဆရာ။ ဇာတိက မုံရြာကပါ။ လုပ္ငန္းအရ ရန္ကုန္ကို ေျပာင္းလာရတာပါ။ ဆရာ့ရဲ႕ စာဖတ္ ပရိသတ္တစ္ဦးျဖစ္တဲ့အတြက္ အခုလုိလာေရာက္ေဆြးေႏြးတာပါ''

''ဝမ္းသာပါတယ္။ နယ္ကေရာက္လာသူတုိင္းဟာ ရန္ကုန္မွာေတာ့ ေနေရးကစၿပီး အခက္အခဲရွိတာပဲ။ ေမာင္ရင္က အိမ္ေထာင္ရွင္လား။ မိသားစုရွိပါသလား''

''ဟုတ္ကဲ့။ သားတစ္ေယာက္ရွိ ပါတယ္။ ေလးႏွစ္သားပဲရွိပါေသး တယ္။ ေလာေလာဆယ္ေတာ့ ဇနီးနဲ႔ သားကို မေခၚျဖစ္ေသးဘူး။ ဒါ ေၾကာင့္ အိမ္ငွားေနထုိင္ရင္ ဘယ္လုိ အေျခအေနလဲ သိခ်င္လုိ႔ပါ''

''အခု ဘယ္မွာေနလဲ''

''အေဖ့ရဲ႕ အသိတစ္ဦးက သူ႔မွာ အစုိးရတုိက္ခန္းတစ္ခန္းရထားတာ ရွိတယ္။ ေလာေလာဆယ္ေတာ့ သူ တုိ႔ မေနၾကဘူး။ အိမ္ခန္းငွားထား တယ္ ေျပာပါတယ္။ အဲဒီအိမ္ငွားက ဒီလကုန္မွာဆင္းမွာမုိ႔ ကြၽန္ေတာ့္တုိ႔ မိသားစုေျပာင္းေနရင္ ရတယ္ေျပာလုိ႔ ပါ''

''ပုိင္ရွင္ေတြကေတာ့ အဲဒီမွာ မေန ဘူးေပါ့။ ဘယ္နားမွာလုိ႔ ေျပာသလဲ''

''စမ္းေခ်ာင္းၿမိဳ႕နယ္ထဲမွာလုိ႔ ေျပာပါတယ္။ ကြၽန္ေတာ္တုိ႔ ငွားေနၿပီး မွ အစုိးရက ႏွင္ခ်ရင္ ဘယ္လုိျဖစ္ႏုိင္ ပါသလဲ။ ငွားခြင့္ေကာရွိပါသလားဆုိ တာ သိခ်င္လုိ႔ပါ''

''ျပည္ေထာင္စု ျမန္မာႏုိင္ငံ ေတာ္လွန္ေရး အစုိးရလက္ထက္က ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရး ဦးစီးဌာန ပုိင္ တုိက္ခန္းေတြကို ျပည္သူပုိင္ တုိက္ခန္းမ်ားအျဖစ္ ၁၉၆၅ ခုႏွစ္က စၿပီး အိမ္ငွားအျဖစ္ခ်ထားေပးခဲ့တာ ေတြရွိတယ္။ ယခုတုိင္ရွိေနဆဲ တုိက္ခန္းေတြရွိသကဲ့သုိ႔ အခ်ဳိ႕တုိက္ခန္းေတြကို ဖ်က္ၿပီး စီမံကိန္းတုိက္ခန္း သစ္ေတြနဲ႔ အစားထုိးတည္ေဆာက္ေနတဲ့ ေနရာေတြလည္းရွိတယ္။ အဲဒီစီမံကိန္း တုိက္ခန္းေတြကုိေတာ့ ျပန္ လည္ေရာင္းခ်တဲ့စနစ္နဲ႔ ေဆာင္ရြက္ေနၾကတယ္''

''အခ်ဳိ႕က ေျပာေတာ့လည္း အစုိးရပုိင္တုိက္ခန္းေတြမွာ တစ္ဆင့္ ငွားရမ္းျခင္းမျပဳရလုိ႔လည္း ေျပာၾကတယ္''

''မွန္ပါတယ္။ အစုိးရပုိင္ တစ္နည္းအားျဖင့္ အစုိးရဌာနပုိင္ တုိက္ခန္းမွာ တရားဝင္ အိမ္ငွားအျဖစ္ ေနပိုင္ခြင့္ရသူ မ်ားနဲ႔ အငွားခ်ထားတဲ့ အဖြဲ႔အစည္း ဥပမာၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံ႔ၿဖိဳးေရးဦးစီးဌာန (အုိးအိမ္ဦးစီးဌာန) တုိ႔ ခ်ဳပ္ဆုိတဲ့ စာခ်ဳပ္ရွိတယ္။ အဲဒီ အိမ္ရွင္အိမ္ငွားစာခ်ဳပ္မွာ ေမာင္ရင္ေျပာတဲ့ စည္းကမ္းခ်က္ေတြလည္းပါ ရွိလာတယ္''

''ဟုတ္ကဲ့ ဗဟုသုတအျဖစ္ ေျပာျပပါဦး ဆရာ''

''အဲဒီအိမ္ငွားစာခ်ဳပ္မွာ အိမ္ငွားဆုိသည္မွာ ျပည္သူ႔အုိးအိမ္အဖြဲ႔မွ အိမ္၊ အိမ္ခန္းငွားရမ္းေနထုိင္သူကို ဆုိလုိ သည္လုိ႔ ေဖာ္ျပထားတယ္။ အိမ္ေထာင္စုဝင္ဆုိသည္မွာ အိမ္ အိမ္ခန္းရရွိသူ ဦးစီးအေပၚတြင္ မွီခုိ၍ တစ္အိမ္ ေထာင္တည္းစုေဝးေန ထုိင္သူအားလုံးကို ဆုိလုိသည္။ 'မိသားစုဝင္' ဆုိသည္မွာ အိမ္ အိမ္ခန္းရရွိ ခ်ထားခံရသူ ဦးစီး၏ တရားဝင္ ဇနီး၊ ခင္ပြန္းႏွင့္ သားသမီးမ်ား (တရားဝင္ေမြးစားျခင္း အပါအဝင္) ကိုဆုိလုိသည္လုိ႔ အဓိပၸာယ္သတ္မွတ္ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ေဖာ္ျပပါ မိသားစုဝင္ေတြကလြဲလုိ႔ မိသားစုဝင္ မဟုတ္တဲ့သူ ကုိ ေနထုိင္ခြင့္ေပးထား ျခင္းမရွိေၾကာင္း ဥပေဒေၾကာင္းအရ ေတြ႔ရွိႏုိင္ပါတယ္''

''ဒါဆုိရင္ ထပ္ဆင့္ငွားရမ္းခြင့္ မရွိဘူးေပါ့ေနာ္''

''ဒါနဲ႔ ပတ္သက္လုိ႔လည္း အိမ္ငွားစည္းကမ္းအျဖစ္ အိမ္ငွားသည္ (က) ျပည္သူ႔ အိုးအိမ္အဖြဲ႔၏ ခြင့္ျပဳခ်က္မရဘဲ အိမ္ အိမ္ခန္းတစ္ခုလုံးကုိေသာ္လည္းေကာင္း တစ္စိတ္တစ္ပုိင္းကိုေသာ္လည္းေကာင္း တစ္ဆင့္ ငွားရမ္းျခင္းမ ျပဳလုပ္ရ''

(ခ) တစ္ဆင့္ငွားရမ္းသည္ဆုိရာ၌ မိမိ၏ အိမ္ေထာင္စုစာရင္းတြင္ ပါဝင္ျခင္းမရွိသူမ်ားကုိ အိမ္ အိမ္ခန္းတြင္ အတူေနထုိင္ခြင့္ျပဳ၍ အိမ္လခယူျခင္း၊ ထမင္းလခကိုယူ၍ အိမ္ခန္းတြင္ ေနထုိင္ခြင့္ျပဳျခင္းမ်ားကို ဆုိလုိသည္။

(ဂ) အဖုိးစားနားျဖင့္ျဖစ္ေစ အဘုိး စားနားမပါဘဲျဖစ္ေစ၊ လႊဲေျပာင္းျခင္း မျပဳရလုိ႔ တားျမစ္ထားခ်က္ေတြပါရွိ တယ္''

''ဆရာေျပာတဲ့ အိမ္ေထာင္စု စာရင္းတြင္ပါဝင္ျခင္းမရွိသူဆုိတာက ဘာကိုေျပာတာလဲ ဆရာ''

''အိမ္ေထာင္ဦးစီးရဲ႕ မိသားစုဝင္ေတြထဲက သားသမီးအိမ္ေထာင္က်သြားမယ္ဆုိရင္ သူ႔ရဲ႕ ခင္ပြန္း၊ ဇနီးအေနနဲ႔ မိသားစုဝင္အျဖစ္ အိမ္ေထာင္စုစာရင္းမွာ ထည့္သြင္းခြင့္ရမွာျဖစ္ပါတယ္။ သူတုိ႔လုိ ေဆြမ်ဳိးအရင္း ေတာ္စပ္သြား ရင္ မိသားစုဝင္အျဖစ္ တရားဝင္ေနခြင့္ရတာကုိဆုိလုိပါတယ္''

''အခ်ဳိ႕လည္းအခန္းကန္႔ၿပီး ငွားထားတာေတြရွိတယ္ေျပာၾကတယ္''

''အင္းေပါ့ေလ၊ ေနေရးထုိင္ေရးက ခက္ခဲလာတယ္။ မိမိလုပ္ကုိင္ေနတဲ့ ႐ုံး၊ ကုမၸဏီနဲ႔ ေဝးတဲ့ေနရာမွာေန ရင္လည္း သြားေရးခက္ခဲတာနဲ႔ လမ္းမွာကားပိတ္ေနတာနဲ႔ အဆင္မေျပၾကဘူး။ ရပ္ေဆြရပ္မ်ဳိးဆုိၿပီး ေခၚ ထားၾကတာလည္းရွိပါတယ္။ တုိင္တန္းတဲ့ ကိစၥရပ္မ်ဳိးမရွိရင္ေတာ့ ျပႆနာမျဖစ္ဘူးေပါ့ကြယ္။ အဆင္ ေျပၾကတယ္''

''အစုိးရတုိက္ခန္းကို ဝယ္ေနတယ္ဆုိတာက ဘယ္လုိကိစၥမ်ဳိးလဲ ဆရာ''

''တုိက္ခန္းကုိ ဝယ္ေနတယ္ဆုိတာက အေပ်ာက္စနစ္သေဘာ ဝယ္တာျဖစ္တယ္။ အစုိးရက ငွားရမ္းထားတဲ့ တုိက္ခန္းေတြကိုေတာ့ လႊဲေျပာင္း ေရာင္းခ်ခြင့္မရွိဘူး။ ဒါေပမယ့္ အုိးအိမ္ဦးစီးဌာနကပဲျဖစ္ျဖစ္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရးအဖဲြ႔ကပဲျဖစ္ျဖစ္ ပုိင္ဆုိင္တဲ့ ေျမေပၚမွာ တည္ေဆာက္ထားတဲ့ တုိက္ခန္း (အထူးသျဖင့္ အိမ္ ရာတုိက္ခန္း) ေတြျဖစ္တယ္။ ဥပမာ ေျပာရရင္ လႈိင္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ လႈိင္ျမင္းမုိရ္အိမ္ရာ၊ ကမာရြတ္ၿမိဳ႕ နယ္အတြင္းမွာရွိတဲ့ ျမကန္သာအိမ္ရာရွိ တုိက္ခန္းမ်ဳိးေတြျဖစ္တယ္''

''အဲဒီလုိဝယ္တဲ့ တုိက္ခန္းေတြက အိမ္လခမေပးရဘူးေပါ့''

''အိမ္လခသေဘာမ်ဳိးေတာ့ မေပးရဘူး။ ဒါေပမယ့္ သက္ဆုိင္ရာ အခြန္အခ ဥပမာ၊ ေျမခြန္၊ စည္ပင္ခြန္စတဲ့ အခြန္အခေတြေတာ့ ေဆာင္ၾကရတယ္''

''အဲဒီတုိက္ခန္းေတြကိုေတာ့ လႊဲေျပာင္းေရာင္းခ်ခြင့္ရွိတယ္ေပါ့''

''ဟုတ္ပါတယ္။ ႏွစ္သက္ရာ တန္ဖုိးသတ္မွတ္ၿပီး ေရာင္းခ်ခြင့္ရွိပါ တယ္။ တုိက္ခန္းပုိင္ရွင္အမည္ေပါက္ လည္း ေျပာင္းလဲသတ္မွတ္ေပးတယ္''

''တုိက္ခန္းပုိင္ရွင္အမည္ေပါက္ ဆုိတာက ဘယ္လုိကိစၥကိုေျပာတာလဲ''

''တုိက္ခန္းဝယ္သူအမည္ကုိ သက္ဆုိင္ရာ အုိးအိမ္ဦးစီးဌာန ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံ အမည္ ေပါက္ေျပာင္းေလွ်ာက္ထားၿပီး မွတ္တမ္းစာအုပ္မွာ တုိက္ခန္းပုိင္ရွင္ အမည္ေျပာင္းေပးသြားမွာျဖစ္ပါတယ္''

''ဒါဆုိရင္ ေငြေၾကးတတ္ႏုိင္ရင္ေတာ့ တုိက္ခန္းကုိ ဝယ္ေနတာ အဆင္ေျပတာေပါ့ ဆရာ''

မွန္ပါတယ္။ ဒါေပမယ့္ အစုိးရက ငွားရမ္းထားတဲ့ တုိက္ခန္းကိုဝယ္ ၿပီးေနရင္ေတာ့ ပိုင္ဆုိင္ခြင့္ရမွာ မဟုတ္ဘဲ ဥပေဒနဲ႔အညီ တရားစြဲ ဖယ္ရွားခံရတာမ်ဳိးျဖစ္ႏုိင္တဲ့အတြက္ ေသခ်ာစုံစမ္းၿပီးမွ ဝယ္ပါလုိ႔ အႀကံျပဳ ေဆြးေႏြး လုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service