ကိုဗစ်စည်းမျဉ်းအရ သန်းခေါင်အချိန်တွင် အရက်ဘားပိတ်တော့မည်ဟု ပြောကာ ဆိုင်မှထွက်ခိုင်းသောကြောင့် ရန်ပွဲဖြစ်ကာ ဝန်ထမ်းတစ်ဦး သေဆုံး
ကိုဗစ်စည်းမျဉ်းအရ သန်းခေါင်အချိန်တွင် အရက်ဘားပိတ်တော့မည်ဟု ပြောကာ ဆိုင်မှထွက်ခိုင်းသောကြောင့် ရန်ပွဲဖြစ်ကာ ဝန်ထမ်းတစ်ဦး သေဆုံး - Property News in Myanmar from iMyanmarHouse.com
7 Oct 2020 11:53 am တွင် တင်ခဲ့သည်
1302 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောင်ကောင်တွင် ကျုံလုန်း (Kowloon) အရပ်ရှိ ဈေးဝယ်ရနှ်နှင့် ညဘက်လည်ပတ်ရန် နာမည်ကျော်သော ကျင်းရှားစွေ (Tsim Sha Tsui) အရပ်တွင် အရက်ဘားတစ်ခု၌ ညသန်းခေါင်အချိန်တွင် အရက်ဘားပိတ်တော့မည်ဖြစ်သောကြောင့် ဆိုင်တွင်းမှ ထွက်ခွာပေးရန် ဖောက်သည်များကို ပြောကြားရာမှ ရန်ပွဲဖြစ်ပွားကာ ဆိုင်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်။
Apple Daily တွင် ဖော်ပြချက်အရ Austin Road ရှိ ဘားမှ ထွက်ခွာကြရန် ပြောလာချိန်တွင် အရက်ဘားအတွင်း ရောက်ရှိနေသူ ၂၀ ဦးခန့်ရှိသော အုပ်စုမှာ မကျေနပ်ခဲ့ကြချေ။
ကိုရိုနာဗိုင်းရပ်စ်ကာလ လူမှုအလှမ်းခွာရေး စည်းမျဉ်းများအရ အရက်ဘားများကို ည ၁၂ နာရီတွင် ပိတ်သိမ်းရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
မကျေနပ်သည့် ဖောက်သည်အုပ်စုသည် အရက်ဘားဝန်ထမ်း ၄ ဦးကို ပုလင်းများဖြင့် စတင်ရိုက်နှက်ရန်ရှာခဲ့ရာ တစ်ဦးမှာ သတိမေ့သွားခဲ့သည်။
အသက် ၃၆ နှစ်ရှိ အဆိုပါဝန်ထမ်းသည် ဦးခေါင်းတွင် ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ဦးနှောက်ထဲမှ အရည်များပင် ထွက်ကျလာခဲ့သည်။
အခင်းဖြစ်ရာသို့ ရောက်ရှိလာသည့် ဆေးဘက်အကူအဖွဲ့ဝင်တို့က ထိုဝန်ထမ်းကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြသည်။
သို့သော် ဆေးရုံတွင် အရေးပေါ်ကုသမှု မခံယူရသေးမီတွင်ပင် သေဆုံးသွားခဲ့သည်။
အရက်ဘားမှ ဖောက်သည်များမှာ ရဲတပ်ဖွဲ့ ရောက်မလာမီတွင် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။
အခြား အရက်ဘားဝန်ထမ်းတစ်ဦးမှာလည်း လူနာတင်ကားပေါ်သို့ ကပ်ဖြင့်ထမ်းကာ သယ်ယူခဲ့ရသည်။
ကျန်ဝန်ထမ်း ၂ ဦးမှာမူ ဒဏ်ရာအနည်းငယ်သာ ရရှိသောကြောင့် ၎င်းတို့ဘာသာ လမ်းလျှောက်နိုင်ကြသည်။
အမျိုးသမီးတစ်ဦးက Apple Daily သို့ ပြောကြားရာတွင် အရက်ဘားအနီးမှ ဖြတ်သွားချိန်တွင် ဆိုင်အတွင်းမှ ကျယ်လောင်သည့် အသံဗလံများ ကြားရကြောင်း၊ ထို့နောက် မကြာမီတွင်ပင် အနက်ရောင်ဝတ်ဆင်ထားသူ တစ်ဒါဇင်ခန့် ပြေးထွက်လာကြကြောင်း၊ ၎င်းတို့ ထဲမှ အချို့မှာ mask တပ်ဆင်ထားခြင်း မရှိကြကြောင်း၊ ညစ်ညမ်းစွာ ဆဲရေးပြောဆိုသွားကြကြောင်း ပြောကြားသည်။
နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့က အဆိုပါအရက်ဘားမှ သက်သေခံပစ္စည်းများ သိမ်းယူခဲ့ရာ ဖန်ခွက်များ၊ ဘီယာဘူးများနှင့် သွေးစွန်းနေသော တံမြက်စည်းတစ်ချောင်းတို့လည်း ပါဝင်သည်။
ယခုဖြစ်ရပ်ကို လူသတ်မှုအဖြစ် အာဏာပိုင်တို့က သတ်မှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာတို့တွင် ဖော်ပြသည်။
ဟောင်ကောင်တွင် COVID-19 ကူးစက်မှုများ ကျဆင်းလာနေသောကြောင့် အရက်ဘားများ၊ ညကလပ်များနှင့် ကာရာအိုကေဘားများကို စက်တင်ဘာလ ၁၈ ရက်မှ စတင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့သော် ညဉ့်သန်းခေါင်ယံအချိန်တွင် ပိတ်သိမ်းရန် အမိန့်ထုတ်ထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 1 dead in Tsim Sha Tsui bar fight after staff tell customers pub is closing at midnight (coconuts)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
Aung Theikdi Villa
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service