ဘဏ်ခုနှစ်ဘဏ်ကနေအွန်လိုင်းစနစ်နဲ့ အခွန်ပေးဆောင်နိုင်ပြီဖြစ်

ဘဏ်ခုနှစ်ဘဏ်ကနေအွန်လိုင်းစနစ်နဲ့ အခွန်ပေးဆောင်နိုင်ပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
7 Oct 2020 10:59 am တွင် တင်ခဲ့သည်
586 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အွန်လိုင်းစနစ်ဖြင့် အခွန်ငွေပေးဆောင်နိုင်သောပုဂ္ဂလိကဘဏ်ခုနစ်ခုအထိရှိလာကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အောက်တိုဘာပထမပတ်တွင် ထုတ်ပြန်သည်။

အခွန်ထမ်းကုမ္ပဏီများအခွန်ငွေပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကိုအကာအကွယ်ဖြစ်စေရန် အီလက်ထရွန်နစ်စနစ်ဖြင့်ပုဂ္ဂလိကဘဏ်များ၏ Banking အသုံးပြု၍ငွေရေးကြေးရေးဝန်ဆောင်မှုများဖြင့်အခွန်ပေးဆောင်နိုင်မှုများကို ဆက်လက်အကောင်အထည်ဖော်မည်ဟု အသိပေးသည်။

အခွန်ထမ်းများအနေဖြင့် MPU Corporate Debit Card များကိုအသုံးပြု၍အွန်လိုင်းမှ CB ဘဏ်၊ဧရာဝတီဘဏ်၊ UAB ဘဏ်၊ KBZ ဘဏ်၊ MAB ဘဏ်များ၏အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်များနှင့် AGD ဘဏ်၏ Onepay စနစ်ကိုအသုံးပြု၍ရရှိနေပြီဟုဆိုသည်။ အလားတူ အောက်တိုဘာပထမပတ်ကစ၍မြဝတီလီမိတက်ဘဏ်၏အွန်လိုင်းမှတစ်ဆင့် ကုမ္ပဏီများမှအခွန်ငွေပေးဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကကြေညာသည်။

ပုဂ္ဂလိကဘဏ်များသို့ အခွန်ငွေပေးဆောင်သည့်ငွေစာရင်းကိုမြန်မာနိုင်ငံဗဟိုဘဏ်၏ CBM - Net (ငွေပေးချေမှုကွန်ရက်) ထဲသို့ ကနဦးရရှိပြီးနောက်ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ငွေပေးသွင်းမှုအထောက်အထားကို အီးမေးလ်မှတစ်ဆင့်ပြန်လည် အကြောင်းကြားမည်ဖြစ်သည်။

ထို့ကြောင့် အခွန်ထမ်းသူများအနေဖြင့် ဘဏ်များသို့ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ငွေသားချက်လက်မှတ်ဖြင့်သွားရောက်ပေးသွင်းမှုအစားအီလက်ထရွန်နစ်ဖြင့်ငွေပေးချေမှုဆောင်ရွက်ရန်ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်သိန်းကတိုက်တွန်းသည်။

‘‘နောက်ထပ်အခွန်ထမ်းတွေလက်လှမ်းမီနိုင်တဲ့အီလက်ထရွန်နစ်ငွေပေးချေမှုပုံစံတွေဆက်လက်အကောင်အထည်ဖော်ဖို့ရှိပါတယ်’’ ဟုဦးကျော်သိန်းကပြောသည်။

အခွန်ကင်းလွတ်ခွင့်၊အခွန်လျှော့ချမှုနှင့်အခွန်ပေးဆောင်ရန်သတ်မှတ်ကာလရွှေ့ဆိုင်းသည့် မူဝါဒမှရငွေလျော့နည်းမှုတွင်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနသည် ကျပ်ဘီလီယံ ၆၀၀ကျော်လျော့နည်းခဲ့သည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အခွန်ငွေကျပ်တစ်ဘီလီယံလျာထားချက်၌ ကျပ်သန်း ၄၀၀ကျော်သာရရှိခဲ့သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်ဧပြီမှဇွန်လကုန်အထိနိုင်ငံတော်သမ္မတရုံး၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ဝန်ကြီးဌာန ၂၄ခု၊ဗဟိုဘဏ်နှင့်နိုင်ငံပိုင်စီးပွာရေးအဖွဲ့အစည်း(ကော်မတီ)များမှအခွန်နှင့်သာမန်ရငွေစာရင်းလျာထားမှုစုစုပေါင်းကျပ် ၂,၁၇၄ဘီလီယံတွင်ကျပ်ဘီလီယံ ၉၅၀ကျော်သာရရှိခဲ့ခြင်းဖြစ်သည်။

လစာဝင်ငွေခွန်ကိုလည်းအွန်လိုင်းစနစ်အသုံးပြု၍အောက်တိုဘာ ၁ရက်ကစတင်ကာအထက်ပါပုဂ္ဂလိကဘဏ်များမှတစ်ဆင့်ငွေပေးချေနိုင်ပြီဖြစ်ကြောင်းပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဘဏ္ခုႏွစ္ဘဏ္ကေနအြန္လိုင္းစနစ္နဲ႔ အခြန္ေပးေဆာင္ႏိုင္ၿပီျဖစ္

အြန္လိုင္းစနစ္ျဖင့္ အခြန္ေငြေပးေဆာင္ႏိုင္ေသာပုဂၢလိကဘဏ္ခုနစ္ခုအထိ႐ွိလာေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ေအာက္တိုဘာပထမပတ္တြင္ ထုတ္ျပန္သည္။

အခြန္ထမ္းကုမၸဏီမ်ားအခြန္ေငြေပးသြင္းျခင္းလုပ္ငန္းစဥ္တြင္ လက္႐ွိကူးစက္ျပန္႔ပြားလ်က္႐ွိေသာ COVID-19 ေရာဂါကိုအကာအကြယ္ျဖစ္ေစရန္ အီလက္ထ႐ြန္နစ္စနစ္ျဖင့္ပုဂၢလိကဘဏ္မ်ား၏ Banking အသုံးျပဳ၍ေငြေရးေၾကးေရးဝန္ေဆာင္မႈမ်ားျဖင့္အခြန္ေပးေဆာင္ႏိုင္မႈမ်ားကို ဆက္လက္အေကာင္အထည္ေဖာ္မည္ဟု အသိေပးသည္။

အခြန္ထမ္းမ်ားအေနျဖင့္ MPU Corporate Debit Card မ်ားကိုအသုံးျပဳ၍အြန္လိုင္းမွ CB ဘဏ္၊ဧရာဝတီဘဏ္၊ UAB ဘဏ္၊ KBZ ဘဏ္၊ MAB ဘဏ္မ်ား၏အီလက္ထ႐ြန္နစ္ေငြေပးေခ်မႈစနစ္မ်ားႏွင့္ AGD ဘဏ္၏ Onepay စနစ္ကိုအသုံးျပဳ၍ရ႐ွိေနၿပီဟုဆိုသည္။ အလားတူ ေအာက္တိုဘာပထမပတ္ကစ၍ျမဝတီလီမိတက္ဘဏ္၏အြန္လိုင္းမွတစ္ဆင့္ ကုမၸဏီမ်ားမွအခြန္ေငြေပးေဆာင္ႏိုင္ၿပီျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနကေၾကညာသည္။

ပုဂၢလိကဘဏ္မ်ားသို႔ အခြန္ေငြေပးေဆာင္သည့္ေငြစာရင္းကိုျမန္မာႏိုင္ငံဗဟိုဘဏ္၏ CBM - Net (ေငြေပးေခ်မႈကြန္ရက္) ထဲသို႔ ကနဦးရ႐ွိၿပီးေနာက္ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အခြန္ေငြေပးသြင္းမႈအေထာက္အထားကို အီးေမးလ္မွတစ္ဆင့္ျပန္လည္ အေၾကာင္းၾကားမည္ျဖစ္သည္။

ထို႔ေၾကာင့္ အခြန္ထမ္းသူမ်ားအေနျဖင့္ ဘဏ္မ်ားသို႔ကိုယ္တိုင္ (သို႔မဟုတ္) ကိုယ္စားလွယ္ျဖင့္ေငြသားခ်က္လက္မွတ္ျဖင့္သြားေရာက္ေပးသြင္းမႈအစားအီလက္ထ႐ြန္နစ္ျဖင့္ေငြေပးေခ်မႈေဆာင္႐ြက္ရန္ျပည္တြင္းအခြန္မ်ားဦးစီးဌာနၫႊန္ၾကားေရးမႉး ဦးေက်ာ္သိန္းကတိုက္တြန္းသည္။

‘‘ေနာက္ထပ္အခြန္ထမ္းေတြလက္လွမ္းမီႏိုင္တဲ့အီလက္ထ႐ြန္နစ္ေငြေပးေခ်မႈပုံစံေတြဆက္လက္အေကာင္အထည္ေဖာ္ဖို႔႐ွိပါတယ္’’ ဟုဦးေက်ာ္သိန္းကေျပာသည္။

အခြန္ကင္းလြတ္ခြင့္၊အခြန္ေလွ်ာ့ခ်မႈႏွင့္အခြန္ေပးေဆာင္ရန္သတ္မွတ္ကာလေ႐ႊ႕ဆိုင္းသည့္ မူဝါဒမွရေငြေလ်ာ့နည္းမႈတြင္စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာနသည္ က်ပ္ဘီလီယံ ၆၀၀ေက်ာ္ေလ်ာ့နည္းခဲ့သည္။စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏အခြန္ေငြက်ပ္တစ္ဘီလီယံလ်ာထားခ်က္၌ က်ပ္သန္း ၄၀၀ေက်ာ္သာရ႐ွိခဲ့သည္။

၂၀၁၉-၂၀ ဘ႑ာႏွစ္ဧၿပီမွဇြန္လကုန္အထိႏိုင္ငံေတာ္သမၼတ႐ုံး၊ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံး၊ဝန္ႀကီးဌာန ၂၄ခု၊ဗဟိုဘဏ္ႏွင့္ႏိုင္ငံပိုင္စီးပြာေရးအဖြဲ႕အစည္း(ေကာ္မတီ)မ်ားမွအခြန္ႏွင့္သာမန္ရေငြစာရင္းလ်ာထားမႈစုစုေပါင္းက်ပ္ ၂,၁၇၄ဘီလီယံတြင္က်ပ္ဘီလီယံ ၉၅၀ေက်ာ္သာရ႐ွိခဲ့ျခင္းျဖစ္သည္။

လစာဝင္ေငြခြန္ကိုလည္းအြန္လိုင္းစနစ္အသုံးျပဳ၍ေအာက္တိုဘာ ၁ရက္ကစတင္ကာအထက္ပါပုဂၢလိကဘဏ္မ်ားမွတစ္ဆင့္ေငြေပးေခ်ႏိုင္ၿပီျဖစ္ေၾကာင္းျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္ထားသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service