မြန်မာနိုင်ငံသားတစ်ဦးသည်အခြားနိုင်ငံ၌နိုင်ငံသားခံယူလျှင် ၎င်းပိုင်အိမ်ခြံမြေများမည်သို့ ဖြစ်သွားမည်နည်း။

မြန်မာနိုင်ငံသားတစ်ဦးသည်အခြားနိုင်ငံ၌နိုင်ငံသားခံယူလျှင် ၎င်းပိုင်အိမ်ခြံမြေများမည်သို့ ဖြစ်သွားမည်နည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
6 Oct 2020 1:25 pm တွင် တင်ခဲ့သည်
928 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မြန်မာနိုင်ငံသားတစ်ဦးသည်အခြားနိုင်ငံ၌နိုင်ငံသားခံယူလိုက်သည့်အခါမြန်မာနိုင်ငံတွင်၎င်းအမည်ပေါက်ပိုင်ဆိုင်သည့်အိမ်ခြံမြေများသည်အပြောင်းအလဲဖြစ်ဖြစ်သွားမှာပါ။

မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ပုဒ်မ-၃ နှင့် ၄ တို့အရ နိုင်ငံသားခြားသားတစ်ဦးသည် အောက်ပါတို့ကိုတားမြစ်ထားပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း သို့မဟုတ်အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည် ကို လက်ခံခြင်း မပြုရ ဟု တားမြစ်ထားပါသည်။

ထိုသို့တားမြစ်ထားသည့်အတွက် မြန်မာနိုင်ငံသားတစ်ဦးသည်အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူလိုက်မည်ဆိုလျှင်နိုင်ငံခြားသားဖြစ်သွားသည့်အတွက်၎င်းအမည်ဖြင့်ပိုင်ဆိုင်သည့်အိမ်ခြံမြေများကိုမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေပုဒ်မ-၆အတိုင်းဆောင်ရွက်ရမှာဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေပုဒ်မ-၆တွင်အောက်ပါအတိုင်းပြဌာန်းထားသည့်အတွက်ဖြစ်ပါသည်။နိုင်ငံခြားသားတစ်ဦးကွယ်လွန်လျှင်ဖြစ်စေ၊မည်သူမဆိုနိုင်ငံခြားသို့အပြီးအပိုင်ထွက်ခွာသွားလျှင်ဖြစ်စေ၊ပြည်နှင်ဒဏ်ချမှတ်ခံရလျှင်ဖြစ်စေထိုသူပိုင်ဆိုင်သည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်း၍သက်ဆိုင်ရာဝန်ကြီးဌာနကကိစ္စတစ်ခုရပ်တစ်ခုခြင်းအလိုက်စိစစ်၍လုပ်ထုံးလုပ်နည်းများနှင့်အညီအောက်ပါအတိုင်းဆောင်ရွက်နိုင်သည်-

(က) ဥပဒေနှင့်အညီအမွေဆက်ခံခွင့်ပေးခြင်း။

(ခ) ပြည်သူ့ဘဏ္ဍအဖြစ်သိမ်းဆည်းခြင်း။

ထို့အတွက်ကြောင့်မြန်မာနိုင်ငံသားတစ်ဦးအခြားနိုင်ငံ၏နိုင်ငံသားမခံယူမီ၎င်းပိုင်ဆိုင်သောအိမ်ခြံမြေများကိုရောင်းချခြင်း၊အမွေပေးခြင်းများဆောင်ရွက်ရန်လိုအပ်မှာဖြစ်ပါသည်။ထိုသို့မဟုတ်ဘဲပိုင်ဆိုင်မှုလည်းရှိနေမည်အမွေဆက်ခံမည့်သူလည်းမရှိနေဘူးဆိုလျှင်တော့နိုင်ငံတော်မှပြည်သူ့ဘဏ္ဍအဖြစ်သိမ်းဆည်းခြင်းခံရမှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ျမန္မာႏိုင္ငံသားတစ္ဦးသည္အျခားႏိုင္ငံ၌ႏိုင္ငံသားခံယူလွ်င္ ၄င္းပိုင္အိမ္ျခံေျမမ်ားမည္သို႔ ျဖစ္သြားမည္နည္း။

ျမန္မာႏိုင္ငံသားတစ္ဦးသည္အျခားႏိုင္ငံ၌ႏိုင္ငံသားခံယူလိုက္သည့္အခါ ျမန္မာႏိုင္ငံတြင္၄င္းအမည္ေပါက္ပိုင္ဆိုင္သည့္အိမ္ျခံေျမမ်ားသည္ အေျပာင္းအလဲျဖစ္ျဖစ္သြားမွာပါ။

မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္း လႊဲေျပာင္းျခင္းကို ကန္႔သတ္သည္႔ဥပေဒ ပုဒ္မ-၃ ႏွင္႔ ၄ တို႔အရ ႏိုင္ငံသားျခားသားတစ္ဦးသည္ ေအာက္ပါတို႔ကိုတားျမစ္ထားပါသည္။

မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ ေပးကမ္းျခင္း၊ ေပးကမ္းသည္ကို လက္ခံျခင္း၊ ေပါင္ႏွံျခင္း၊ ေပါင္ႏွံသည္ကို လက္ခံျခင္း၊ လဲလွယ္ျခင္း သို႔မဟုတ္အျခားနည္းတစ္ရပ္ရပ္ျဖင္႔ လႊဲေျပာင္းျခင္း၊ လႊဲေျပာင္းသည္ ကို လက္ခံျခင္း မျပဳရ ဟု တားျမစ္ထားပါသည္။

ထိုသို႔တားျမစ္ထားသည့္အတြက္ ျမန္မာႏိုင္ငံသားတစ္ဦးသည္အျခားႏိုင္ငံ၏ႏိုင္ငံသားအျဖစ္ခံယူလိုက္မည္ဆိုလွ်င္ႏိုင္ငံျခားသားျဖစ္သြားသည့္အတြက္၄င္းအမည္ျဖင့္ပိုင္ဆိုင္သည့္အိမ္ျခံေျမမ်ားကိုမေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းလႊဲေျပာင္းျခင္းကိုကန္႔သတ္သည့္ဥပေဒပုဒ္မ-၆အတိုင္းေဆာင္ရြက္ရမွာျဖစ္ပါသည္။

မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းလႊဲေျပာင္းျခင္းကိုကန္႔သတ္သည့္ဥပေဒပုဒ္မ-၆တြင္ေအာက္ပါအတိုင္းျပဌာန္းထားသည့္အတြက္ျဖစ္ပါသည္။ႏိုင္ငံျခားသားတစ္ဦးကြယ္လြန္လွ်င္ျဖစ္ေစ၊မည္သူမဆိုႏိုင္ငံျခားသို႔အၿပီးအပိုင္ထြက္ခြာသြားလွ်င္ျဖစ္ေစ၊ျပည္ႏွင္ဒဏ္ခ်မွတ္ခံရလွ်င္ျဖစ္ေစထိုသူပိုင္ဆိုင္သည့္မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းႏွင့္စပ္လ်ဥ္း၍သက္ဆိုင္ရာဝန္ႀကီးဌာနကကိစၥတစ္ခုရပ္တစ္ခုျခင္းအလိုက္စိစစ္၍လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီေအာက္ပါအတိုင္းေဆာင္ရြက္ႏိုင္သည္-

(က) ဥပေဒႏွင့္အညီအေမြဆက္ခံခြင့္ေပးျခင္း။

(ခ) ျပည္သူ႔ဘ႑အျဖစ္သိမ္းဆည္းျခင္း။

ထို႔အတြက္ေၾကာင့္ျမန္မာႏိုင္ငံသားတစ္ဦးအျခားႏိုင္ငံ၏ႏိုင္ငံသားမခံယူမီ၄င္းပိုင္ဆိုင္ေသာအိမ္ျခံေျမမ်ားကိုေရာင္းခ်ျခင္း၊အေမြေပးျခင္းမ်ားေဆာင္ရြက္ရန္လိုအပ္မွာျဖစ္ပါသည္။ထိုသုိ႔မဟုတ္ဘဲပိုင္ဆိုင္မႈလည္းရွိေနမည္အေမြဆက္ခံမည့္သူလည္းမရွိေနဘူးဆိုလွ်င္ေတာ့ႏိုင္ငံေတာ္မွျပည္သူ႔ဘ႑အျဖစ္သိမ္းဆည္းျခင္းခံရမွာျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service