"မြန်မာနိုင်ငံတွင် covid-19 ကပ်ဘေးအတွင်း ပညာသင်ယူခြင်း"

"မြန်မာနိုင်ငံတွင် covid-19 ကပ်ဘေးအတွင်း ပညာသင်ယူခြင်း" - Property News in Myanmar from iMyanmarHouse.com
6 Oct 2020 12:25 pm တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ကုလသမဂ္ဂသတင်းဌာနက ဖော်ပြသော Learning lessons from COVID-19 in Myanmar ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုသည်။)

သော်လေးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှ အထက်တန်းကျောင်းသားတစ်ဦး ဖြစ်သည်။ ယခုစာသင်နှစ်သည် အခြားမည်သည့်နှစ်နှင့်မျှ တူညီလိမ့်မည် မဟုတ်ကြောင်း သူသိထားသည်။

“ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် နှစ်ကုန်ပိုင်းမှာ ကျောင်းတွေပြန်ဖွင့်တဲ့အခါ အရာရာဟာ နည်းနည်းတော့ ခြားနားနေ လိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်”

သော်လေးနှင့် သူ၏သူငယ်ချင်း ကျောင်းသားများသည် ၎င်းတို့၏ ပညာရေးတွင် ယခင်က မကြုံဖူးသည့်အတိုင်းအတာအထိ အနှောင့်အယှက်များ ရင်ဆိုင်ခဲ့ကြရသည်။

ယခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုများ နှေးကွေးသွားခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာနက ကျောင်းများကို အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်သွားရန်နှင့် အထက်တန်းဆင့်မှစတင်ကာ ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။

“ကျောင်းတွေ ပိတ်တာကစပြီး ပြောင်းလဲမှု အမျိုးမျိုးဆက်ဖြစ်နေတာတွေအဆုံး ကျွန်မတို့ဟာ မျက်မှောက်ခေတ် ပညာရေးကဏ္ဍမှာ အကြီးမားဆုံး အကျပ်အတည်းတွေထဲကတစ်ခုကို ရင်ဆိုင်နေကြရပါတယ်” ရန်ကုန်ရှိ ယူနက်စကိုရုံးမှ အကြီးအကဲ Min Jeong Kim က ပြောကြားသည်။

Covid-19 ကပ်ဘေးကြီးသည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော ကလေးသူငယ်များနှင့် လူငယ်များကို မမျှတစွာ ရိုက်ခတ်ပြီး ရှိရင်းစွဲ ပညာရေးမညီမျှမှုများကို ပိုမိုဆိုးရွားစေမည်ဟု ခန့်မှန်းရသည်။

ခဲတံများ၊ ဘောလ်ပင်များ၊ နှာခေါင်းစည်းများနှင့် မျက်နှာဖုံးကာများ

စာသင်ကျောင်းများ ဖွင့်ခြင်း၊ ပိတ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ယူနက်စကို၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန က ချမှတ်ခဲ့သော Covid-19 တုံ့ပြန်ရေးနှင့် ပြန်လည်ကုစားရေး အစီအစဉ်အရ ပြုလုပ်ခြင်းဖြစ်သည်။

ကျောင်းသားကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ ဘေးကင်းစေရေး၊ ကပ်ဘေးကြီးအတွင်းနှင့် ကပ်ကြီးပြီးဆုံးပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပညာရေး ခရီးဆက်နိုင်ရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်သည်။

စာသင်ကျောင်းများတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရာတွင် မြန်မာအာဏာပိုင်တို့ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ လမ်းညွှန်ချက်များတွင် ဆရာများနှင့် ကျောင်းသားများကို ပညာသင်ယူလေ့လာမှုဝန်းကျင် ဘေးကင်းစေရေးအတွက် ရှင်းလင်းသော သတင်းအချက်အလက်များ ပေးအပ်ထားသည်။

မြန်မာနိုင်ငံအတွင်းရှိ စာသင်ကျောင်းနှင့် သင်ကြားရေးဌာနပေါင်း ၉၀၀၀၀ ကျော်တွင် အဆိုပါလမ်းညွှန်ချက်များ ရရှိထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ ခေတ္တပြန်လည်ဖွင့်လှစ်ခဲ့စဉ်ကာလအတွင်း ကျောင်းသူကျောင်းသားများ၊ ဆရာများနှင့် ပညာရေးဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ထပ်တိုးစည်းမျဉ်းများနှင့် ဘေးကင်းရေး အစီအမံများ ချမှတ်ခဲ့သည်။

နှာခေါင်းစည်းများနှင့် မျက်နှာဖုံးကာများကို ကျောင်းသားနှင့် ဆရာတိုင်းအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြန်မာနိုင်ငံတဝန်းရှိ စာသင်ကျောင်းများသို့ အပူချိန်တိုင်း သာမိုမီတာပေါင်း ၇၅၀၀၀ ခန့် ပေးအပ်ခဲ့သည့်အပြင် လက်ဆေးသည့်နေရာများလည်း တပ်ဆင်ပေးခဲ့သည်။

ကျောင်းသားများကို တန်းစီကာ လက်ဆေးစေပြီးမှ ကျောင်းအတွင်းသို့ ဝင်ရောက်စေခဲ့သည်။

ထို့နောက် ဆရာများက ကျောင်းသားတို့၏ ကိုယ်အပူချိန်ကို တိုင်းတာပြီး ကိုယ်အပူချိန်မြင့်မားနေသည့် ကျောင်းသားကျောင်းသူများကို အိမ်သို့ ပြန်လည်စေလွှတ်ခြင်း (သို့မဟုတ်) ဆရာဝန်ထံ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

စာသင်ကျောင်းများတွင် ကျောင်းသားများကို ပြန်လည်ကျောင်းတက်ခွင့်မပြုမီ ပညာရေးဝန်ကြီးဌာနက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကျန်းမာရေးဌာနမှ ဝင်ရောက်စစ်ဆေးကာ စာသင်ကျောင်းတို့ကို အဆင့်အမျိုးမျိုး ခွဲခြားသတ်မှတ်ပေးပြီး အဆင့်မြင့်မားစွာ သတ်မှတ်ခံရသည့် ကျောင်းများသာ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ခွင့်ရသော ကျောင်းများတွင်လည်း ၂ ဆိုင်း (သို့မဟုတ်) ၃ ဆိုင်းခွဲကာ သင်ကြားစေခြင်း၊ နေ့အလိုက် အလှည့်ကျ တက်စေခြင်း အစရှိသည့်နည်းလမ်းများ အသုံးပြုကြရသည်။

ယင်းအပြင် စာသင်ခန်းများတွင် လူမှုအလှမ်းခွါမှုလည်း ထားရှိစေသည်။ ထို့အပြင် ကျောင်းသားများ၏ ပညာရေးတိုးတက်မှုအဆင့်များကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှု နည်းပါးစေရေးအတွက် သင်ရိုးညွှန်းတမ်း အလိုက်သင့်ပြောင်းလဲမှုများလည်း ပြုလုပ်ခဲ့၏။

…. ကံမကောင်း အကြောင်းမလှစွာဖြင့်ပင် ဂရုတစိုက် စီစဉ်ထားသော နည်းလမ်းမှာ Covid-19 ဒုတိယလှိုင်းအဖြစ် ပြည်တွင်း ကူးစက်မှုများ ဖြစ်ပေါ်လာချိန် သြဂုတ်လကုန်ပိုင်းတွင် နိဂုံးချုပ်ခဲ့ရသည်။

ပြန်လည်ဖွင့်လှစ်ထားသော ကျောင်းများကို ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ရကာ ကျောင်းသားများမှာ အိမ်သို့ ပြန်ရောက်သွားကြသည်။

သို့သော် လေ့လာမှု အဆက်မပြတ်စေရန်အတွက် ပညာရေးဝန်ကြီးဌာနက ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အပြင် အခြားသော မိတ်ဖက်တို့နှင့် ပူးပေါင်းကာ ကလေးများအတွက် နေအိမ်အခြေပြု ပညာဆည်းပူးရေးနည်းလမ်းများ ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ နည်းလမ်းအားဖြင့် ကလေးများကို ပညာဆည်းပူးမှုနှင့် ထိတွေ့နေစေကာ နောက်တစ်တန်းသို့ ချောမွေ့စွာ ကူးပြောင်းစေနိုင်မည် ဖြစ်သည်။

UNICEF သည် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) နှင့်လည်း ပူးပေါင်းကာ မူလတန်းကလေးများကို ပြီးခဲ့သည့် သင်ခန်းစာများ ပြန်လည်ဆန်းစစ်ရေးအတွက် နေအိမ်အခြေပြုလေ့လာရေးပစ္စည်းများ ပုံနှိပ်ထုတ်ဝေရန်လည်း စီစဉ်နေသည်။

“နေအိမ်အခြေပြုသင်ယူလေ့လာရေးအတွက် ကိုယ်တိုင်လေ့လာမှုနဲ့ ကျွန်တော့်ရဲ့ကျောင်းစာတွေကို ဆက်လက်သင်ယူနေပါတယ်။ ဆရာတွေကလည်း အိမ်မှာလုပ်ဖို့ အိမ်စာတွေပေးပါတယ်” ဟု သော်လေးက ပြောကြားသည်။

ယူနက်စကို၏ ပံ့ပိုးမှုနှင့်အတူ ပညာရေးဝန်ကြီးဌာနက ဖြစ်ပေါ်နေသည့် ကပ်ဘေးအခြေအနေအရ ကျောင်းသားတို့၏ လိုအပ်ချက်အပေါ် အခြေခံပြီး အလိုက်သင့်ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ပါက သော်လေးကဲ့သို့ ကျောင်းသားများသည် ကျောင်းများသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ နိုင်မည်ဖြစ်ကာ ကပ်ဘေးကာလအတွင်း လေ့လာထားခဲ့သည့် သင်ခန်းစာများက အနာဂတ်အကျပ်အတည်းများအတွက် ပညာရေးစနစ် ၏ ကြံ့ကြံ့ခိုင်နိုင်မှုကို ပိုမိုအားကောင်းစေမည် ဖြစ်သည်။

“ဒီကပ်ဘေးကြီးက ကျွန်မတို့အားလုံးကို နည်းလမ်းမျိုးစုံနဲ့ စိန်ခေါ်ပါတယ်။ Covid-19 အရေးပေါ်တုံ့ပြန်မှုနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်အတွက် ပညာရေးဝန်ကြီးဌာနနဲ့ ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အစွမ်းကုန် အရေးပေါ်အခြေအနေဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပညာဆည်းပူးသူအားလုံးရဲ့ ပညာရေး၊ အထူးသဖြင့် ထိခိုက်လွယ်မှုအရှိဆုံးဖြစ်တဲ့ ကလေးတွေနဲ့ လူငယ်တွေအတွက် ပညာဆက်လက်ဆည်းပူးနိုင်စေဖို့အတွက် နည်းပညာမြင့်၊ နည်းပညာနိမ့်၊ နည်းပညာမဲ့ နည်းလမ်းတွေ ရှာဖွေဖော်ထုတ်သွားဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စ ကင်မ်က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Learning lessons from COVID-19 in Myanmar (United Nations)

 

[Zawgyi]

 

"ျမန္မာႏိုင္ငံတြင္ covid-19 ကပ္ေဘးအတြင္း ပညာသင္ယူျခင္း"

(ကုလသမဂၢသတင္းဌာနက ေဖာ္ျပေသာ Learning lessons from COVID-19 in Myanmar ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုသည္။)

ေသာ္ေလးသည္ ျမန္မာႏိုင္ငံ၏ စီးပြားေရးျမိဳ ႔ေတာ္ ရန္ကုန္ျမိဳ ႔မွ အထက္တန္းေက်ာင္းသားတစ္ဦး ျဖစ္သည္။ ယခုစာသင္ႏွစ္သည္ အျခားမည္သည့္ႏွစ္ႏွင့္မွ် တူညီလိမ့္မည္ မဟုတ္ေၾကာင္း သူသိထားသည္။

“ကၽြန္ေတာ္စိတ္လႈပ္ရွားမိပါတယ္။ ဒါေပမယ့္ ႏွစ္ကုန္ပိုင္းမွာ ေက်ာင္းေတြျပန္ဖြင့္တဲ့အခါ အရာရာဟာ နည္းနည္းေတာ့ ျခားနားေန လိမ့္မယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္”

ေသာ္ေလးႏွင့္ သူ၏သူငယ္ခ်င္း ေက်ာင္းသားမ်ားသည္ ၎တို႔၏ ပညာေရးတြင္ ယခင္က မၾကံဳဖူးသည့္အတိုင္းအတာအထိ အေႏွာင့္အယွက္မ်ား ရင္ဆိုင္ခဲ့ၾကရသည္။

ယခုႏွစ္ ဇူလိုင္လ ၂၁ ရက္ေန႔က ကိုရိုနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈမ်ား ေႏွးေကြးသြားခဲ့ျပီးေနာက္ ပညာေရးဝန္ၾကီးဌာနက ေက်ာင္းမ်ားကို အဆင့္ဆင့္ ျပန္လည္ဖြင့္လွစ္သြားရန္ႏွင့္ အထက္တန္းဆင့္မွစတင္ကာ ျပန္လည္ဖြင့္လွစ္မည္ဟု ေၾကညာခဲ့သည္။

“ေက်ာင္းေတြ ပိတ္တာကစျပီး ေျပာင္းလဲမႈ အမ်ဳိးမ်ဳိးဆက္ျဖစ္ေနတာေတြအဆံုး ကၽြန္မတို႔ဟာ မ်က္ေမွာက္ေခတ္ ပညာေရးက႑မွာ အၾကီးမားဆံုး အက်ပ္အတည္းေတြထဲကတစ္ခုကို ရင္ဆိုင္ေနၾကရပါတယ္” ရန္ကုန္ရွိ ယူနက္စကိုရံုးမွ အၾကီးအကဲ Min Jeong Kim က ေျပာၾကားသည္။

Covid-19 ကပ္ေဘးၾကီးသည္ ျမန္မာႏိုင္ငံရွိ ထိခိုက္လြယ္ေသာ ကေလးသူငယ္မ်ားႏွင့္ လူငယ္မ်ားကို မမွ်တစြာ ရိုက္ခတ္ျပီး ရွိရင္းစြဲ ပညာေရးမညီမွ်မႈမ်ားကို ပိုမိုဆိုးရြားေစမည္ဟု ခန္႔မွန္းရသည္။

ခဲတံမ်ား၊ ေဘာလ္ပင္မ်ား၊ ႏွာေခါင္းစည္းမ်ားႏွင့္ မ်က္ႏွာဖံုးကာမ်ား

စာသင္ေက်ာင္းမ်ား ဖြင့္ျခင္း၊ ပိတ္ျခင္းဆိုင္ရာ ဆံုးျဖတ္ခ်က္မ်ားကို ယူနက္စကို၏ ေထာက္ခံမႈျဖင့္ ျမန္မာႏိုင္ငံ ပညာေရးဝန္ၾကီးဌာန က ခ်မွတ္ခဲ့ေသာ Covid-19 တံု႔ျပန္ေရးႏွင့္ ျပန္လည္ကုစားေရး အစီအစဥ္အရ ျပဳလုပ္ျခင္းျဖစ္သည္။

ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား ေဘးကင္းေစေရး၊ ကပ္ေဘးၾကီးအတြင္းႏွင့္ ကပ္ၾကီးျပီးဆံုးျပီးေနာက္ပိုင္း ျမန္မာႏိုင္ငံ၏ ပညာေရး ခရီးဆက္ႏိုင္ရန္ ရည္မွန္းခ်က္ျဖင့္ ေဆာင္ရြက္ရျခင္း ျဖစ္သည္။

စာသင္ေက်ာင္းမ်ားတြင္ ဗိုင္းရပ္စ္ကူးစက္ပ်ံ ႔ပြားမႈ ၾကိဳတင္ကာကြယ္ေရးအတြက္ လမ္းညႊန္ခ်က္မ်ား အေကာင္အထည္ေဖာ္ရာတြင္ ျမန္မာအာဏာပိုင္တို႔ကို ကုလသမဂၢ ကေလးမ်ား ရန္ပံုေငြအဖြဲ႔ (UNICEF) က ကူညီေထာက္ပံ့မႈမ်ား ျပဳလုပ္ခဲ့သည္။ အဆိုပါ လမ္းညႊန္ခ်က္မ်ားတြင္ ဆရာမ်ားႏွင့္ ေက်ာင္းသားမ်ားကို ပညာသင္ယူေလ့လာမႈဝန္းက်င္ ေဘးကင္းေစေရးအတြက္ ရွင္းလင္းေသာ သတင္းအခ်က္အလက္မ်ား ေပးအပ္ထားသည္။

ျမန္မာႏိုင္ငံအတြင္းရွိ စာသင္ေက်ာင္းႏွင့္ သင္ၾကားေရးဌာနေပါင္း ၉၀၀၀၀ ေက်ာ္တြင္ အဆိုပါလမ္းညႊန္ခ်က္မ်ား ရရွိထားျပီး ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ စာသင္ေက်ာင္းမ်ား ေခတၱျပန္လည္ဖြင့္လွစ္ခဲ့စဥ္ကာလအတြင္း ေက်ာင္းသူေက်ာင္းသားမ်ား၊ ဆရာမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား ေဘးအႏၱရာယ္ ကင္းရွင္းေစေရးအတြက္ ထပ္တိုးစည္းမ်ဥ္းမ်ားႏွင့္ ေဘးကင္းေရး အစီအမံမ်ား ခ်မွတ္ခဲ့သည္။

ႏွာေခါင္းစည္းမ်ားႏွင့္ မ်က္ႏွာဖံုးကာမ်ားကို ေက်ာင္းသားႏွင့္ ဆရာတိုင္းအား အခမဲ့ျဖန္႔ေဝေပးခဲ့ျပီး ျမန္မာႏိုင္ငံတဝန္းရွိ စာသင္ေက်ာင္းမ်ားသို႔ အပူခ်ိန္တိုင္း သာမိုမီတာေပါင္း ၇၅၀၀၀ ခန္႔ ေပးအပ္ခဲ့သည့္အျပင္ လက္ေဆးသည့္ေနရာမ်ားလည္း တပ္ဆင္ေပးခဲ့သည္။

ေက်ာင္းသားမ်ားကို တန္းစီကာ လက္ေဆးေစျပီးမွ ေက်ာင္းအတြင္းသို႔ ဝင္ေရာက္ေစခဲ့သည္။

ထို႔ေနာက္ ဆရာမ်ားက ေက်ာင္းသားတို႔၏ ကိုယ္အပူခ်ိန္ကို တိုင္းတာျပီး ကိုယ္အပူခ်ိန္ျမင့္မားေနသည့္ ေက်ာင္းသားေက်ာင္းသူမ်ားကို အိမ္သို႔ ျပန္လည္ေစလႊတ္ျခင္း (သို႔မဟုတ္) ဆရာဝန္ထံ ပို႔ေဆာင္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

စာသင္ေက်ာင္းမ်ားတြင္ ေက်ာင္းသားမ်ားကို ျပန္လည္ေက်ာင္းတက္ခြင့္မျပဳမီ ပညာေရးဝန္ၾကီးဌာနက စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။

က်န္းမာေရးဌာနမွ ဝင္ေရာက္စစ္ေဆးကာ စာသင္ေက်ာင္းတို႔ကို အဆင့္အမ်ဳိးမ်ဳိး ခြဲျခားသတ္မွတ္ေပးျပီး အဆင့္ျမင့္မားစြာ သတ္မွတ္ခံရသည့္ ေက်ာင္းမ်ားသာ ျပန္လည္ဖြင့္လွစ္ခြင့္ ရရွိခဲ့ၾကသည္။

ထိုသို႔ ျပန္လည္ဖြင့္လွစ္ခြင့္ရေသာ ေက်ာင္းမ်ားတြင္လည္း ၂ ဆိုင္း (သို႔မဟုတ္) ၃ ဆိုင္းခြဲကာ သင္ၾကားေစျခင္း၊ ေန႔အလိုက္ အလွည့္က် တက္ေစျခင္း အစရွိသည့္နည္းလမ္းမ်ား အသံုးျပဳၾကရသည္။

ယင္းအျပင္ စာသင္ခန္းမ်ားတြင္ လူမႈအလွမ္းခြါမႈလည္း ထားရိွေစသည္။ ထို႔အျပင္ ေက်ာင္းသားမ်ား၏ ပညာေရးတိုးတက္မႈအဆင့္မ်ားကို ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္မႈ နည္းပါးေစေရးအတြက္ သင္ရိုးညႊန္းတမ္း အလုိက္သင့္ေျပာင္းလဲမႈမ်ားလည္း ျပဳလုပ္ခဲ့၏။

…. ကံမေကာင္း အေၾကာင္းမလွစြာျဖင့္ပင္ ဂရုတစိုက္ စီစဥ္ထားေသာ နည္းလမ္းမွာ Covid-19 ဒုတိယလႈိင္းအျဖစ္ ျပည္တြင္း ကူးစက္မႈမ်ား ျဖစ္ေပၚလာခ်ိန္ ၾသဂုတ္လကုန္ပိုင္းတြင္ နိဂံုးခ်ဳပ္ခဲ့ရသည္။

ျပန္လည္ဖြင့္လွစ္ထားေသာ ေက်ာင္းမ်ားကို ပိတ္သိမ္းရန္ အမိန္႔ထုတ္ခဲ့ရကာ ေက်ာင္းသားမ်ားမွာ အိမ္သို႔ ျပန္ေရာက္သြားၾကသည္။

သို႔ေသာ္ ေလ့လာမႈ အဆက္မျပတ္ေစရန္အတြက္ ပညာေရးဝန္ၾကီးဌာနက ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔ (UNICEF) အျပင္ အျခားေသာ မိတ္ဖက္တို႔ႏွင့္ ပူးေပါင္းကာ ကေလးမ်ားအတြက္ ေနအိမ္အေျချပဳ ပညာဆည္းပူးေရးနည္းလမ္းမ်ား ၾကိဳးပမ္းလ်က္ရွိသည္။

အဆိုပါ နည္းလမ္းအားျဖင့္ ကေလးမ်ားကို ပညာဆည္းပူးမႈႏွင့္ ထိေတြ႔ေနေစကာ ေနာက္တစ္တန္းသို႔ ေခ်ာေမြ႔စြာ ကူးေျပာင္းေစႏိုင္မည္ ျဖစ္သည္။

UNICEF သည္ ဂ်ပန္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈ ေအဂ်င္စီ (JICA) ႏွင့္လည္း ပူးေပါင္းကာ မူလတန္းကေလးမ်ားကို ျပီးခဲ့သည့္ သင္ခန္းစာမ်ား ျပန္လည္ဆန္းစစ္ေရးအတြက္ ေနအိမ္အေျချပဳေလ့လာေရးပစၥည္းမ်ား ပံုႏွိပ္ထုတ္ေဝရန္လည္း စီစဥ္ေနသည္။

“ေနအိမ္အေျချပဳသင္ယူေလ့လာေရးအတြက္ ကိုယ္တိုင္ေလ့လာမႈနဲ႔ ကၽြန္ေတာ့္ရဲ ႔ေက်ာင္းစာေတြကို ဆက္လက္သင္ယူေနပါတယ္။ ဆရာေတြကလည္း အိမ္မွာလုပ္ဖို႔ အိမ္စာေတြေပးပါတယ္” ဟု ေသာ္ေလးက ေျပာၾကားသည္။

ယူနက္စကို၏ ပံ့ပိုးမႈႏွင့္အတူ ပညာေရးဝန္ၾကီးဌာနက ျဖစ္ေပၚေနသည့္ ကပ္ေဘးအေျခအေနအရ ေက်ာင္းသားတို႔၏ လိုအပ္ခ်က္အေပၚ အေျခခံျပီး အလိုက္သင့္ေျပာင္းလဲမႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္သည္။

စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ပါက ေသာ္ေလးကဲ့သို႔ ေက်ာင္းသားမ်ားသည္ ေက်ာင္းမ်ားသုိ႔ ေဘးကင္းစြာ ျပန္လည္ေရာက္ရွိ ႏိုင္မည္ျဖစ္ကာ ကပ္ေဘးကာလအတြင္း ေလ့လာထားခဲ့သည့္ သင္ခန္းစာမ်ားက အနာဂတ္အက်ပ္အတည္းမ်ားအတြက္ ပညာေရးစနစ္ ၏ ၾကံ ႔ၾကံ ႔ခိုင္ႏိုင္မႈကို ပိုမိုအားေကာင္းေစမည္ ျဖစ္သည္။

“ဒီကပ္ေဘးၾကီးက ကၽြန္မတို႔အားလံုးကို နည္းလမ္းမ်ဳိးစံုနဲ႔ စိန္ေခၚပါတယ္။ Covid-19 အေရးေပၚတုံ႔ျပန္မႈနဲ႔ ျပန္လည္ထူေထာင္ေရး အစီအစဥ္အတြက္ ပညာေရးဝန္ၾကီးဌာနနဲ႔ ကၽြန္မတို႔ရဲ ႔ ပူးေပါင္းေဆာင္ရြက္ေရးဟာ အစြမ္းကုန္ အေရးေပၚအေျခအေနျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက ပညာဆည္းပူးသူအားလံုးရဲ ႔ ပညာေရး၊ အထူးသျဖင့္ ထိခိုက္လြယ္မႈအရွိဆံုးျဖစ္တဲ့ ကေလးေတြနဲ႔ လူငယ္ေတြအတြက္ ပညာဆက္လက္ဆည္းပူးႏိုင္ေစဖို႔အတြက္ နည္းပညာျမင့္၊ နည္းပညာနိမ့္၊ နည္းပညာမဲ့ နည္းလမ္းေတြ ရွာေဖြေဖာ္ထုတ္သြားဖို႔ ပညာေရးဝန္ၾကီးဌာနနဲ႔ ဆက္လက္ပူးေပါင္းေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္” ဟု မစၥ ကင္မ္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Learning lessons from COVID-19 in Myanmar (United Nations)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service