အိန္ဒိယက COVID-19 ကုသဆေး Remdesivir ဆေး အလုံး ၃၀၀၀ မြန်မာနိုင်ငံအား ထောက်ပံ့ကူညီ

အိန္ဒိယက COVID-19 ကုသဆေး Remdesivir ဆေး အလုံး ၃၀၀၀ မြန်မာနိုင်ငံအား ထောက်ပံ့ကူညီ - Property News in Myanmar from iMyanmarHouse.com
6 Oct 2020 12:07 pm တွင် တင်ခဲ့သည်
1013 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် မိတ်ဖက်အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံအား ကူညီရန်အတွက် အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ် အမ် နာရာဗိန်းနှင့် နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ဗာဒန် ရှရင်ဂလာတို့သည် အမေရိကန်ထုတ် ကိုရိုနာဗိုင်းရပ်စ် ကုသဆေး Remdesivir အလုံးရေ ၃၀၀၀ ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အောက်တိုဘာလ ၅ ရက်က ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး နာရာဗိန်းနှင့် ရှရင်ဂလာတို့သည် မြန်မာနိုင်ငံသို့ ၂ ရက်တာ အလည်အပတ်ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်သို့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့ကြသည်။ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများ အပါအဝင် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် ရည်ရွယ်ချက်ဖြင့် အလည်အပတ်လာရောက်ကြခြင်း ဖြစ်သည်။

အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် နိုင်ငံခြားရေး အတွင်းဝန်တို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဆော်ရက်ဘ် ကူးမား (Saurabh Kumar) လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့ပြီး အရေးကြီးသည့် နှစ်နိုင်ငံရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။

“Covid-19 အားတိုက်ဖျက်ရေးတွင် မိတ်ဆွေအိမ်နီးချင်း မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံမှ ကူညီမှု တစိတ်တဒေသအနေဖြင့် ဗိုလ်ချုပ်ကြီး နာရာဗိန်းနှင့် ရှရင်ဂလာတို့သည် Remdesivir ဆေး အလုံး ၃၀၀၀ ကို ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်” ဟု အိန္ဒိယ သံရုံး၏ တွစ်တာစာမျက်နှာတွင် ဖော်ပြသည်။

ဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အသုံးပြုသည့် အကြောဆေးဖြစ်သော Remdesivir ကို COVID-19 ကို ကုသရာတွင် အသုံးပြုနေကြသည်။

ပြီးခဲ့သော ရက်သတ္တပတ်က COVID-19 ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း Remdesivir ထိုးဆေးဖြင့် ကုသပေးနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်တွင် စစ်ရေးတင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် ဗိုလ်ချုပ်ကြီး နာရာဗိန်းနှင့် ရှရင်ဂလာတို့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းမှာ အရေးပါနေပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပမှ လည်ပတ်မှုများကို တင်းကြပ်ထားချိန်မျိုးတွင် အလည်အပတ် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး နာရာဗိန်းသည် ကြည်းတပ်ဦးစီးချုပ်တာဝန်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ရရှိခဲ့ပြီးနောက်ပိုင်း ပြည်ပသို့ ပထမဆုံး လည်ပတ်သည့် ခရီးစဉ်လည်း ဖြစ်သည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်ခဲ့ရာ ရေကြောင်း လုံခြုံရေးကဏ္ဍလည်း အပါအဝင်ဖြစ်သည်။

အိန္ဒိယသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးတွင် ပူးပေါင်းဆောင်ရွက်မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်ဖိုး ရှိခဲ့ပြီဟု ခန့်မှန်းရသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ အချက်အလက်များအရ Remdesivir ဆေးတစ်လုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၅၂၀ (မြန်မာငွေ ၆၇၀,၀၀၀ ကျပ်ခန့်) ကျသင့်ပြီး ၅ ရက်ကုသရမည်ဖြစ်ရာ လူတစ်ဦး ကုသမှုအတွက် ကန်ဒေါ်လာ ၃၁၂၀ ခန့် (မြန်မာငွေ ကျပ်သိန်း ၄၀ ကျော်) ကုန်ကျမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India gives 3,000 vials of Remdesivir to ‘friendly neighbour’ Myanmar to help fight coronavirus (india today, npr.org)

[Zawgyi]

အိႏိၵယက COVID-19 ကုသေဆး Remdesivir ေဆး အလံုး ၃၀၀၀ ျမန္မာႏိုင္ငံအား ေထာက္ပံ့ကူညီ

ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးတြင္ မိတ္ဖက္အိမ္နီးခ်င္းျဖစ္ေသာ ျမန္မာႏိုင္ငံအား ကူညီရန္အတြက္ အိႏိၵယ တပ္မေတာ္ ၾကည္းတပ္ ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီး အမ္ အမ္ နာရာဗိန္းႏွင့္ ႏိုင္ငံျခားေရးအတြင္းဝန္ ဟာ့ရွ္ ဗာဒန္ ရွရင္ဂလာတို႔သည္ အေမရိကန္ထုတ္ ကိုရိုနာဗိုင္းရပ္စ္ ကုသေဆး Remdesivir အလံုးေရ ၃၀၀၀ ကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ ေအာက္တိုဘာလ ၅ ရက္က ေပးအပ္ခဲ့သည္။

ျမန္မာႏိုင္ငံ၏ ျမိဳ ႔ေတာ္ျဖစ္ေသာ ေနျပည္ေတာ္တြင္ ေတြ႔ဆံုေဆြးေႏြးစဥ္ ယင္းသို႔ေပးအပ္ခဲ့ျခင္းလည္း ျဖစ္သည္။

ဗိုလ္ခ်ဳပ္ၾကီး နာရာဗိန္းႏွင့္ ရွရင္ဂလာတို႔သည္ ျမန္မာႏိုင္ငံသုိ႔ ၂ ရက္တာ အလည္အပတ္ခရီးစဥ္အျဖစ္ လာေရာက္ခဲ့ျခင္းျဖစ္ျပီး ေနျပည္ေတာ္သုိ႔ တနဂၤေႏြေန႔က ေရာက္ရွိခဲ့ၾကသည္။ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္ရြက္ေရး၊ ကာကြယ္ေရးႏွင့္ လံုျခံဳေရးက႑မ်ား အပါအဝင္ နယ္ပယ္မ်ားစြာတြင္ ပူးေပါင္းေဆာင္ရြက္မႈမ်ား တိုးခ်ဲ ႔သြားရန္ ရည္ရြယ္ခ်က္ျဖင့္ အလည္အပတ္လာေရာက္ၾကျခင္း ျဖစ္သည္။

အိႏိၵယ တပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရး အတြင္းဝန္တို႔အျပင္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏိၵယ သံအမတ္ၾကီး ေဆာ္ရက္ဘ္ ကူးမား (Saurabh Kumar) လည္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႔ဆံုရာတြင္ ပါဝင္ခဲ့ျပီး အေရးၾကီးသည့္ ႏွစ္ႏိုင္ငံေရးရာ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း အိႏိၵယသံရံုးက ထုတ္ျပန္သည္။

“Covid-19 အားတိုက္ဖ်က္ေရးတြင္ မိတ္ေဆြအိမ္နီးခ်င္း ျမန္မာႏိုင္ငံအား အိႏိၵယႏိုင္ငံမွ ကူညီမႈ တစိတ္တေဒသအေနျဖင့္ ဗိုလ္ခ်ဳပ္ၾကီး နာရာဗိန္းႏွင့္ ရွရင္ဂလာတို႔သည္ Remdesivir ေဆး အလံုး ၃၀၀၀ ကို ေဒၚေအာင္ဆန္းစုၾကည္ထံ လႊဲေျပာင္းေပးအပ္ခဲ့ပါသည္” ဟု အိႏိၵယ သံရံုး၏ တြစ္တာစာမ်က္ႏွာတြင္ ေဖာ္ျပသည္။

ဗိုင္းရပ္စ္ တိုက္ဖ်က္ေရးတြင္ အသံုးျပဳသည့္ အေၾကာေဆးျဖစ္ေသာ Remdesivir ကို COVID-19 ကို ကုသရာတြင္ အသံုးျပဳေနၾကသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္က COVID-19 ေပါ့စတစ္ စစ္ေဆးေတြ႔ရွိခဲ့ေသာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုလည္း Remdesivir ထိုးေဆးျဖင့္ ကုသေပးေနျခင္း ျဖစ္သည္။

တရုတ္ႏိုင္ငံႏွင့္ နယ္စပ္တြင္ စစ္ေရးတင္းမာမႈမ်ား ေပၚေပါက္ေနခ်ိန္တြင္ ဗိုလ္ခ်ဳပ္ၾကီး နာရာဗိန္းႏွင့္ ရွရင္ဂလာတို႔ ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ျခင္းမွာ အေရးပါေနျပီး ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျပည္ပမွ လည္ပတ္မႈမ်ားကို တင္းၾကပ္ထားခ်ိန္မ်ဳိးတြင္ အလည္အပတ္ ေရာက္ရွိလာခဲ့ျခင္းလည္း ျဖစ္သည္။

ဗိုလ္ခ်ဳပ္ၾကီး နာရာဗိန္းသည္ ၾကည္းတပ္ဦးစီးခ်ဳပ္တာဝန္ကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္တြင္ ရရွိခဲ့ျပီးေနာက္ပိုင္း ျပည္ပသို႔ ပထမဆံုး လည္ပတ္သည့္ ခရီးစဥ္လည္း ျဖစ္သည္။ ျပီးခဲ့ေသာ ႏွစ္အနည္းငယ္အတြင္း ႏွစ္ႏိုင္ငံအၾကား ကာကြယ္ေရးႏွင့္ လံုျခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ား ျမင့္တက္ခဲ့ရာ ေရေၾကာင္း လံုျခံဳေရးက႑လည္း အပါအဝင္ျဖစ္သည္။

အိႏိၵယသည္ ျမန္မာႏိုင္ငံ၏ ဖြံ႔ျဖိဳးေရးတြင္ ပူးေပါင္းေဆာင္ရြက္မႈမွာ ကန္ေဒၚလာ ၁ ဒသမ ၄ ဘီလီယံေက်ာ္ဖိုး ရွိခဲ့ျပီဟု ခန္႔မွန္းရသည္။

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ အခ်က္အလက္မ်ားအရ Remdesivir ေဆးတစ္လံုး၏ တန္ဖုိးမွာ ကန္ေဒၚလာ ၅၂၀ (ျမန္မာေငြ ၆၇၀,၀၀၀ က်ပ္ခန္႔) က်သင့္ျပီး ၅ ရက္ကုသရမည္ျဖစ္ရာ လူတစ္ဦး ကုသမႈအတြက္ ကန္ေဒၚလာ ၃၁၂၀ ခန္႔ (ျမန္မာေငြ က်ပ္သိန္း ၄၀ ေက်ာ္) ကုန္က်မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India gives 3,000 vials of Remdesivir to ‘friendly neighbour’ Myanmar to help fight coronavirus (india today, npr.org)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service