COVID-19 ကာလ အဝတ်အထည်များအား လျှော်ဖွပ်ခြင်း

COVID-19 ကာလ အဝတ်အထည်များအား လျှော်ဖွပ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
6 Oct 2020 11:28 am တွင် တင်ခဲ့သည်
926 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

COVID-19 ဗိုင်းရပ်စ်သည် အဝတ်အထည်များတွင် မည်မျှအသက်ရှင်တွယ်ကပ်နေနိုင်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ၎င်းဗိုင်းရပ်စ် နာရီအနည်းငယ်မှသည် ရက်အတန်ကြာသည်အထိ ရှင်သန်နေနိုင်သည့် သတ္တုနှင့် ပလတ်စတစ်ပစ္စည်းများ အဝတ်အထည်အများအပြားတွင် ပါရှိကြပါသည်။

ထို့ကြောင့် လူထူသောနေရာမှ နေအိမ်သို့ပြန်ရောက်သည့်အခါ ဖိနပ်ကို ချက်ချင်းချွတ်ကာ လက်ကို ဆပ်ပြာနှင့် ချက်ချင်းဆေးကာ သန့်ရှင်းသောအဝတ်များကို လဲသင့်ပါသည်။

နေအိမ်တွင် လျှော်ဖွပ်ခြင်း

အိပ်ရာခင်းများ၊ တဘက် မျက်နှာသုတ်ပဝါ ကိုယ်သုတ်ပဝါများနှင့် အဝတ်များကို ပုံမှန်လျှော်ဖွပ်ပါ။

• ဗိုင်းရပ်စ် လေထဲလွင့်စင်ကွဲထွက်သွားနိုင်ခြင်းအား လျှော့ချရန် မလျှော်ရသေးသည့် အဝတ်အထည်များအား မခါပါနှင့်။

• စက်ဖြင့်ဖြစ်စေ လက်ဖြင့်ဖြစ်စေ မည်သည့်နည်းဖြင့်လျှော်လျှော် ရေနွေးပူပူနှင့် အဝတ်လျှော်ဆပ်ပြာမှုန့် (သို့) အဝတ်လျှော်ဆပ်ပြာရည်တို့ဖြင့် ရေအေးသည်အထိ မိနစ်အနည်းငယ်ကြာစိမ်ထားပြီးမှ လျှော်ပါ။ ပြီးလျှင် အဝတ်များအား ရေသေချာညှစ်၍ ကောင်းစွာခြောက်သွေ့သည်အထိ လှန်းပါ။ ယင်းနှစ်ဆင့်စလုံးက ၎င်းကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သည်။

• ထို့နောက် သင့်လက်များအား ဆပ်ပြာနှင့် ရေတို့ဖြင့် သေချာဆေးကြောပါ သို့မဟုတ် အရက်ပြန်ပါဝင်သည့် ရေမလိုလက်သန့်ဆေးရည်ဖြင့် ပွတ်ပါ။

• လျှော်ဖွပ်ပြီးသည့် အဝတ်များထည့်သည့်ခြင်းတောင်းကိုလည်း ပိုသတ်ပါ သို့မဟုတ် ဆေးကြောပါ။ ခြင်းအပေါ်မှ တစ်ခါသုံးအိတ်စွပ်၍ လျှော်ပြီးသည့်အဝတ်များထည့်သည့်နည်းကိုလည်း အသုံးပြုနိုင်သည်။

နေအိမ်ပြင်ပသို့သွားရောက်၍ အဝတ်လျှော်ခြင်း လျှော်စက်မျိုးစုံဖြင့် မိမိစိတ်ကြိုက်လျှော်နိုင်သည့် အဝတ်လျှော်ဆိုင်ကဲ့သို့သော မိမိအိမ်မဟုတ်သည့် အခြားနေရာတွင် သွားလျှော်ရပါက ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ပါ။

• လျှော်မည့်ပုံစံမတူသော အဝတ်အထည်များအား နေအိမ်မှမထွက်မီကတည်းက အမျိုးအစားခွဲခြားထားပါ။ အပြင်တွင်ရှိမည့်အချိန်ကို လျော့နည်းစေရန်ဖြစ်သည်။

• လူနည်းမည့်အချိန်ကို သွားပါ။

• အခြားသူများနှင့် အနည်းဆုံး ၁ မီတာ ခွာ၍နေပါ။

• ဖြစ်နိုင်လျှင် တစ်ခါသုံးလက်အိတ်များ ဝတ်ဆင်ပါ။ သင်သုံးမည့်စက်များ၏ မျက်နှာပြင်များကို ပိုးသတ်ပါ။ သင့်မျက်နှာကို မထိပါနှင့်။

• အလုံပိတ်အခန်းတွင် ဖွင့်လှစ်ထားသည့် အဝတ်လျှော်ဆိုင်ဖြစ်ပါက စက်လှည့်နေစဉ် အထဲ၌ စောင့်ဆိုင်းမည့်အစား ဖြစ်နိုင်လျှင် အပြင်ဘက်တွင် သွားရောက်စောင့်ဆိုင်းပါ။

• အဝတ်များအား သင့်အိမ်တွင်သာ ခေါက်ပါ။

• ထို့နောက် သင့်လက်များအား ဆပ်ပြာနှင့် ရေတို့ဖြင့် သေချာဆေးကြောပါ သို့မဟုတ် အရက်ပြန်ပါဝင်သည့် ရေမလိုလက်သန့်ဆေးရည်ဖြင့် ပွတ်ပါ။

• လျှော်ဖွပ်ပြီးသည့် အဝတ်များထည့်သည့်ခြင်းတောင်းကိုလည်း ပိုသတ်ပါ သို့မဟုတ် ဆေးကြောပါ။ ခြင်းအပေါ်မှ တစ်ခါသုံးအိတ်စွပ်၍ လျှော်ပြီးသည့်အဝတ်များထည့်သည့်နည်းကိုလည်း အသုံးပြုနိုင်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 ကာလ အဝတ္အထည္မ်ားအား ေလ်ွာ္ဖြပ္ျခင္း

COVID-19 ဗုိင္းရပ္စ္သည္ အဝတ္အထည္မ်ားတြင္ မည္မ်ွအသက္ရွင္တြယ္ကပ္ေနႏိုင္သည္ကို ရွင္းရွင္းလင္းလင္းမသိရေသးေသာ္လည္း ၎ဗုိင္းရပ္စ္ နာရီအနည္းငယ္မွသည္ ရက္အတန္ၾကာသည္အထိ ရွင္သန္ေနနုိင္သည့္ သတၱဳနွင့္ ပလတ္စတစ္ပစၥည္းမ်ား အဝတ္အထည္အမ်ားအျပားတြင္ ပါရွိၾကပါသည္။

ထုိ႔ေၾကာင့္ လူထူေသာေနရာမွ ေနအိမ္သို႔ျပန္ေရာက္သည့္အခါ ဖိနပ္ကို ခ်က္ခ်င္းခၽြတ္ကာ လက္ကို ဆပ္ျပာႏွင့္ ခ်က္ခ်င္းေဆးကာ သန္႔ရွင္းေသာအဝတ္မ်ားကို လဲသင့္ပါသည္။

ေနအိမ္တြင္ ေလ်ွာ္ဖြပ္ျခင္း

အိပ္ရာခင္းမ်ား၊ တဘက္ မ်က္ႏွာသုတ္ပဝါ ကိုယ္သုတ္ပဝါမ်ားနွင့္ အဝတ္မ်ားကို ပံုမွန္ေလ်ွာ္ဖြပ္ပါ။

• ဗုိင္းရပ္စ္ ေလထဲလြင့္စင္ကြဲထြက္သြားႏိုင္ျခင္းအား ေလ်ွာ့ခ်ရန္ မေလ်ွာ္ရေသးသည့္ အဝတ္အထည္မ်ားအား မခါပါႏွင့္။

• စက္ျဖင့္ျဖစ္ေစ လက္ျဖင့္ျဖစ္ေစ မည္သည့္နည္းျဖင့္ေလ်ွာ္ေလ်ွာ္ ေရေႏြးပူပူႏွင့္ အဝတ္ေလ်ွာ္ဆပ္ျပာမွုန္႔ (သို႔) အဝတ္ေလ်ွာ္ဆပ္ျပာရည္တို႔ျဖင့္ ေရေအးသည္အထိ မိနစ္အနည္းငယ္ၾကာစိမ္ထားၿပီးမွ ေလ်ွာ္ပါ။ ၿပီးလ်ွင္ အဝတ္မ်ားအား ေရေသခ်ာညႇစ္၍ ေကာင္းစြာေျခာက္ေသြ႕သည္အထိ လွန္းပါ။ ယင္းႏွစ္ဆင့္စလံုးက ၎ကို႐ိုနာဗိုင္းရပ္စ္ကို ေသေစႏိုင္သည္။

• ထို႔ေနာက္ သင့္လက္မ်ားအား ဆပ္ျပာႏွင့္ ေရတို႔ျဖင့္ ေသခ်ာေဆးေၾကာပါ သို႔မဟုတ္ အရက္ျပန္ပါဝင္သည့္ ေရမလိုလက္သန႔္ေဆးရည္ျဖင့္ ပြတ္ပါ။

• ေလ်ွာ္ဖြပ္ၿပီးသည့္ အဝတ္မ်ားထည့္သည့္ျခင္းေတာင္းကိုလည္း ပိုသတ္ပါ သို႔မဟုတ္ ေဆးေၾကာပါ။ ျခင္းအေပၚမွ တစ္ခါသံုးအိတ္စြပ္၍ ေလ်ွာ္ၿပီးသည့္အဝတ္မ်ားထည့္သည့္နည္းကိုလည္း အသံုးျပဳနုိင္သည္။

ေနအိမ္ျပင္ပသို႔သြားေရာက္၍ အဝတ္ေလ်ွာ္ျခင္း ေလ်ွာ္စက္မ်ဳိးစံုျဖင့္ မိမိစိတ္ႀကိဳက္ေလ်ွာ္ႏိုင္သည့္ အဝတ္ေလ်ွာ္ဆုိင္ကဲ့သို႔ေသာ မိမိအိမ္မဟုတ္သည့္ အျခားေနရာတြင္ သြားေလ်ွာ္ရပါက ႀကိဳတင္ကာကြယ္မွုမ်ား လုပ္ေဆာင္ပါ။

• ေလ်ွာ္မည့္ပံုစံမတူေသာ အဝတ္အထည္မ်ားအား ေနအိမ္မွမထြက္မီကတည္းက အမ်ဳိးအစားခြဲျခားထားပါ။ အျပင္တြင္ရွိမည့္အခ်ိန္ကို ေလ်ာ့နည္းေစရန္ျဖစ္သည္။

• လူနည္းမည့္အခ်ိန္ကို သြားပါ။

• အျခားသူမ်ားနွင့္ အနည္းဆံုး ၁ မီတာ ခြာ၍ေနပါ။

• ျဖစ္ႏိုင္လ်ွင္ တစ္ခါသံုးလက္အိတ္မ်ား ဝတ္ဆင္ပါ။ သင္သံုးမည့္စက္မ်ား၏ မ်က္ႏွာျပင္မ်ားကို ပိုးသတ္ပါ။ သင့္မ်က္ႏွာကို မထိပါႏွင့္။

• အလံုပိတ္အခန္းတြင္ ဖြင့္လွစ္ထားသည့္ အဝတ္ေလ်ွာ္ဆုိင္ျဖစ္ပါက စက္လွည့္ေနစဥ္ အထဲ၌ ေစာင့္ဆုိင္းမည့္အစား ျဖစ္ႏိုင္လ်ွင္ အျပင္ဘက္တြင္ သြားေရာက္ေစာင့္ဆုိင္းပါ။

• အဝတ္မ်ားအား သင့္အိမ္တြင္သာ ေခါက္ပါ။

• ထို႔ေနာက္ သင့္လက္မ်ားအား ဆပ္ျပာႏွင့္ ေရတို႔ျဖင့္ ေသခ်ာေဆးေၾကာပါ သို႔မဟုတ္ အရက္ျပန္ပါဝင္သည့္ ေရမလိုလက္သန႔္ေဆးရည္ျဖင့္ ပြတ္ပါ။

• ေလ်ွာ္ဖြပ္ၿပီးသည့္ အဝတ္မ်ားထည့္သည့္ျခင္းေတာင္းကိုလည္း ပိုသတ္ပါ သို႔မဟုတ္ ေဆးေၾကာပါ။ ျခင္းအေပၚမွ တစ္ခါသံုးအိတ္စြပ္၍ ေလ်ွာ္ၿပီးသည့္အဝတ္မ်ားထည့္သည့္နည္းကိုလည္း အသံုးျပဳနုိင္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service