ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကိုဗစ်ကာလဖြစ်တာကြောင့် လူတိုင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အနည်းနဲ့ အများတော့ရှိကြပါတယ်။ ဒီထဲမှာ ကလေးတွေလည်း ပါတာပေါ့။ အရင်ကဆို ကျောင်းသွားရတယ်။ သူငယ်ချင်းတွေနဲ့ ဆော့ရတယ်။ အပြင်ထွက် မုန့်စားရတယ်။ ခုတော့ အိမ်မှာပဲ နေရတယ်။ ကျောင်းလည်း မသွားရဘူး။ သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး။
သူတို့လေးတွေမှာလည်း ခံစားချက်ရှိတာမို့လို့ ဒီလိုအပြောင်းအလဲကို လက်ခံနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒီတော့ မိဘတွေ အနေနဲ့ ကလေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ New normal နည်းလမ်းတွေနဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။
ကိုဗစ်မတိုင်ခင်က ကလေးကို ဘယ်လိုထိန်းကျောင်းခဲ့သလဲဆိုရင်
ကိုဗစ်မတိုင်ခင်ကဆိုရင် မနက်မိုးလင်းတာနဲ့ မိဘတွေလည်း အလုပ်သွား၊ ကလေးတွေလည်း ကျောင်းသွား၊ မူကြိုသွား စသဖြင့် အသီးသီး ထွက်သွားကြပါတယ်။ ညနေလောက်မှ ပြန်ဆုံတာပါ။ အိမ်ပြန်ရောက်တော့လည်း ကလေးတွေလည်း အိမ်စာလုပ်၊ ဆော့ချင်လည်းဆော့။ မိဘတွေလည်း အိမ်အလုပ်လုပ်။ အားလပ်ရက်တွေဆို အပြင်သွား လျှောက်လည်၊ မုန့်တွေစား၊ ကစားကွင်းသွား၊ အမျိုးတွေအိမ် လျှောက်လည် ဒါမျိုး နေခဲ့ကြတာပါ။
ကိုဗစ်ကာလကျတော့
တတ်နိုင်သမျှ အိမ်မှာပဲ နေကြတယ်။ မိဘတွေလည်း အိမ်ကနေပဲ အလုပ်လုပ်ကြတယ်။ သူလည်း ကျောင်းမသွားရဘူး။ သူငယ်ချင်းတွေနဲ့ပဲ တွေ့ရတယ်။ ဘယ်မှလည်း မသွားရဘူး။ နည်းနည်းကြီးတဲ့ ကလေးတွေဆို အိမ်ကနေပဲ စာသင်ရတော့တယ်။ ဒီလိုအပြောင်းအလဲလေးတွေ ဖြစ်လာပါတယ်။
ကိုဗစ်ကာလမှာ ကလေးတွေ ဘယ်လိုစိတ်ခံစားမှုတွေ ခံစားရတတ်သလဲ။
အဓိကက ကလေးတွေ စိတ်ဖိစီးတာပါ။ Covid-19 အကြောင်း သိချင်သိမယ်။ သိချင်မှလည်း သိမယ်။ ဒါပေမယ့် ဒီအခြေအနေကို နေသားမကျပါဘူး။ ဒါကြောင့် စိတ်ဖိစီးပြီး တုံ့ပြန်ပါတယ်။ တုံ့ပြန်ပုံချင်းကလည်း ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။
ကလေးငယ်လေးတွေဆိုရင် ငိုမယ်၊ ဂျီကျမယ်။ အရင်က ပျောက်ပြီးသား အကျင့်တွေ ပြန်ပေါ်လာမယ်။ (ဥပမာ အိပ်ရာထဲ ရှူးပေါက်ချတာ) အစိုးရိမ်လွန်နေမယ်၊ ဝမ်းနည်းမယ်။ စားတဲ့ ပုံစံတွေ၊ အိပ်တဲ့ ပုံစံတွေ ပြောင်းသွားမယ်။ အရင်ကလောက်လည်း ကောင်းကောင်းမဆော့တော့ဘူး။
ကလေးကြီးတွေမှာ ဂျစ်ကန်ကန်အကျင့်လေးတွေ ဖြစ်လာမယ်။ ကျောင်းစာတွေ မလုပ်ချင်ဘူး။ အာရုံစူးစိုက်မှု အားနည်းလာတယ်။ အကြောင်းအရင်း မရှိဘဲ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေ ကိုက်တာ စတာတွေ ဖြစ်လာပါတယ်။
ဒါဆို ကလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ။
ကိုဗစ်အကြောင်းပြောပြပါ။
သူတို့နားလည်နိုင်တဲ့ စကားလုံးတွေ သုံးပြီး ရောဂါအကြောင်းကို ရှင်းပြပါ။ ဘာကြောင့် ဒီလိုနေနေရတာလည်းဆိုတာ ရှင်းပြပါ။
အချိန်ပေးပါ။
အရင်က အလုပ်သွားနေရတဲ့အတွက် ကလေးတွေကို ကောင်းကောင်း အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။ ခုချိန်ကို အခွင့်အရေးယူပြီး ကလေးတွေနဲ့ များများ ထိတွေ့ပါ။ အိမ်ကနေ အလုပ်လုပ်ရတယ်ဆိုရင်တောင် တစ်နေ့ကို မိနစ်၂၀လောက်ဖြစ်ဖြစ် အတူတူဆော့ပေးပါ။
ကလေးငယ်လေးတွေဆို မြှူပေးပါ။ သီချင်းလေးတွေ ဆိုပြပါ။ သူတို့အရုပ်တွေနဲ့ အတူဆော့ပါ။ လမ်းလျှောက်တတ်တဲ့အရွယ်ဆို စာအုပ်တူတူဖတ်တာမျိုး၊ ခြံထဲမှာ လမ်းဆင်းလျှောက်တာမျိုး၊ အိမ်အလုပ်တွေ အတူလုပ်တာ၊ မုန့်အတူလုပ်စားတာ စတာလေးတွေ လုပ်ပေးပါ။ အွန်လိုင်းကနေ စာသင်နေတဲ့ ကလေးတွေဆိုရင် အတူတူ အိမ်စာလုပ်ပေးပါ။ အာဟာရပြည့်ဝတာတွေ အတူတူစားကြပါ။
တစ်ယောက် ဖုန်းတစ်လုံးစီကိုင်ပြီး အခန်းအောင်းနေမယ့်အစား တစ်ယောက်နဲ့ တစ်ယောက် များများ စကားပြောပေးပါ။
အကောင်းမြင်ပေးပါ။
မိဘတွေပဲ စိတ်ဖိစီးတာမဟုတ်ပါဘူး။ ကလေးတွေလည်း စိတ်ဖိစီးတဲ့အတွက် အရင်ကထက်ပိုပြီး ဂျီကျပါလိမ့်မယ်။ ဒီလိုဆို အော်မိပါလိမ့်မယ်။ ကလေးလည်း စိတ်ညစ်နေနိုင်တာကို နားလည်ပေးပြီး ကောင်းကောင်းမွန်မွန်ပြောပါ။ ချီးကျူးပေးပါ။ အော်ဟစ်ဆူပူတာက အခြေအနေကို ပိုဆိုးစေပါတယ်။
ကလေးက အိမ်ထဲမှာပဲ နေရလို့ ငြိမ်ငြိမ်လေးနေမှာ မဟုတ်ပါဘူး။ ဆူပူဆော့ကစားပါလိမ့်မယ်။ မိဘတွေကလည်း အိမ်ကနေပဲ အလုပ်လုပ်ရတော့ မျက်စိနောက်မိ အော်မိနိုင်ပါတယ်။ တော်ရုံဆို လွှတ်ထားပေးလိုက်ပါ။ တစ်ချိန်လုံး တိတ်တိတ်နေမယ့်အစား မေမေအလုပ်လုပ်နေတဲ့အချိန်လေးတော့ တိတ်တိတ်နေပေးဖို့ တောင်းဆိုကြည့်ပါ။
သူတစ်ယောက်တည်းဆို ပျင်းနေမှာပါ။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ အွန်လိုင်းကနေ စကားပြောနိုင်အောင် ကူညီပေးလိုက်ပါ။
အချိန်ဇယားဆွဲပါ။
အိမ်မှာပဲ နေရတဲ့အခါကျတော့ အကျင့်ပျက်တတ်ပါတယ်။ စားချင်တဲ့အချိန်စား၊ အိပ်ချင်တဲ့အချိန် အိပ်ပါတယ်။ ဒီလိုမဖြစ်အောင် အချိန်ဇယားတိတိကျကျဆွဲထားပါ။ ကလေးတွေကို နားနေချိန်အပါအဝင် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ကို ဇယားဆွဲထားပေးပါ။ သူတို့ကို ပိုပြီး စည်းကမ်းရှိ စနစ်ကျစေပါတယ်။ ကျောင်းတက်နေတယ်ဆိုရင် ကျောင်းချိန်ပါထည့်ဆွဲပေးပါ။ အိမ်မှာပဲ နေရတဲ့အတွက် လှုပ်ရှားမှုနည်းနေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်ပါ ထည့်ထားပေးပါ။
ကလေးသောင်းကျန်းတာကို နည်းမှန်လမ်းမှန် ထိန်းချုပ်ပါ။
ကလေးတွေက သောင်းကျန်းတတ်တာ သဘာဝပါပဲ။ မိဘတွေ ဆုံးမတဲ့ ပုံစံအပေါ် မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ကလေးက မိဘမကြိုက်တာ တစ်ခုခု လုပ်နေပြီဆိုရင် ဒါကို မလုပ်ရဘူး။ ဒီလိုလုပ်ရတယ် စသဖြင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြပါ။ ဂျီကျတော့မယ့် အရိပ်အရောင်ပေါ်ရင် အာရုံပြောင်းပါ။ ဥပမာ- ပုံသွားဆွဲကြမယ်၊ စားစရာသွားလုပ်ကြမယ် စသဖြင့်ပေါ့။
ကလေးကို စိတ်မထိန်းနိုင်ဘဲ အော်မိတော့မယ်ဆိုရင် ၁၀စက္ကန့်လောက်စောင့်ပါ။ ၁၀စက္ကန့်လောက် အသက်ကို ပြင်းပြင်း ရှူသွင်း ရှူထုတ်ပါ။ ဒီနည်းလမ်းက တော်တော်အဆင်ပြေတယ်လို့ မိဘတွေက ထောက်ခံကြပါတယ်။
မိဘကိုယ်တိုင်လည်း စိတ်ထိန်းပါ။
အလုပ်တွေက အဆင်မပြေရတဲ့အထဲ ကလေးက ဂျစ်တိုက်နေပြီဆို တော်တော်လေး စိတ်ညစ်စရာပါ။ ဒီအခါမှာ တွေးသင့်တာက
-သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ကလေးမိဘတွေ ဒီပြဿနာကို အနည်းနဲ့အများကြုံနေကြတာပါ။ ဒါကြောင့် အားတင်းထားပါ။
-အနားယူပါ။ တစ်ခါတလေလည်း ကလေးအိပ်တဲ့အချိန်တွေ၊ သူတို့ဟာ သူတို့ ဆော့နေတဲ့အချိန်ဆို ကိုယ်လည်း ကိုယ်စိတ်ချမ်းသာမယ့် အလုပ်တွေ လုပ်နေပါ။
-စိတ်ထဲမှာ အရမ်းဖိစီးလာရင် လုပ်လက်စတွေ ခဏရပ်ပြီး စိတ်ကို ဖြေလျှော့ပေးလိုက်ပါ။
ကလေးတွေကို new normalနဲ့ ရင်းနှီးအောင် သင်ပေးပါ။ ကိုဗစ်က ဘယ်တော့မှ ပြီးမလဲ မသိနိုင်တဲ့အတွက် ကလေးတွေက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ new normalနဲ့ ရင်းနှီးနေဖို့ လို့ပါတယ်။ ဒါကြောင့် လက်ဆေးနည်းတွေ၊ လက်သန့်ဆေးရည်အသုံးပြုနည်းတွေ၊ နှာခေါင်းစည်းတပ်နည်းတွေ၊ အချင်းချင်း ခပ်ခွာခွာနေနည်းတွေ၊ နှာချေ ချောင်းဆိုးရင် အုပ်ရမယ်ဆိုတာတွေ သင်ပေးထားရမှာပါ။
ကိုဗစ်ကာလမှာ လူတိုင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အနည်းနဲ့ အများ ရှိနေပါတယ်။ ကလေးတွေမှာလည်း ရှိပါတယ်။ ဒါကြောင့် အရင်ကထက် ပိုစိတ်ရှည်ပြီး ပိုချစ်ပေးဖို့ လိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Dr. Htet Htet Zaw Win
[Zawgyi]
ကိုဗစ္ကာလမွာကေလးေတြကို ဒီနည္းလမ္းေတြနဲ႔ ထိန္းေက်ာင္းပါ။
ကိုဗစ္ကာလျဖစ္တာေၾကာင့္ လူတိုင္းက စိတ္ပိုင္းဆိုင္ရာထိခိုက္မႈေတြ အနည္းနဲ႔ အမ်ားေတာ့႐ွိၾကပါတယ္။ ဒီထဲမွာ ကေလးေတြလည္း ပါတာေပါ့။ အရင္ကဆို ေက်ာင္းသြားရတယ္။ သူငယ္ခ်င္းေတြနဲ႔ ေဆာ့ရတယ္။ အျပင္ထြက္ မုန္႔စားရတယ္။ ခုေတာ့ အိမ္မွာပဲ ေနရတယ္။ ေက်ာင္းလည္း မသြားရဘူး။ သူငယ္ခ်င္းေတြနဲ႔ မေတြ႕ရေတာ့ဘူး။
သူတို႔ေလးေတြမွာလည္း ခံစားခ်က္႐ွိတာမို႔လို႔ ဒီလိုအေျပာင္းအလဲကို လက္ခံႏိုင္ဦးမွာ မဟုတ္ပါဘူး။ ဒီေတာ့ မိဘေတြ အေနနဲ႔ ကေလးကို ပိုၿပီး ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ New normal နည္းလမ္းေတြနဲ႔ ကေလးကို ျပဳစုပ်ိဳးေထာင္ဖို႔ လိုအပ္ပါတယ္။
ကိုဗစ္မတိုင္ခင္က ကေလးကို ဘယ္လိုထိန္းေက်ာင္းခဲ့သလဲဆိုရင္
ကိုဗစ္မတိုင္ခင္ကဆိုရင္ မနက္မိုးလင္းတာနဲ႔ မိဘေတြလည္း အလုပ္သြား၊ ကေလးေတြလည္း ေက်ာင္းသြား၊ မူႀကိဳသြား စသျဖင့္ အသီးသီး ထြက္သြားၾကပါတယ္။ ညေနေလာက္မွ ျပန္ဆုံတာပါ။ အိမ္ျပန္ေရာက္ေတာ့လည္း ကေလးေတြလည္း အိမ္စာလုပ္၊ ေဆာ့ခ်င္လည္းေဆာ့။ မိဘေတြလည္း အိမ္အလုပ္လုပ္။ အားလပ္ရက္ေတြဆို အျပင္သြား ေလွ်ာက္လည္၊ မုန္႔ေတြစား၊ ကစားကြင္းသြား၊ အမ်ိဳးေတြအိမ္ ေလွ်ာက္လည္ ဒါမ်ိဳး ေနခဲ့ၾကတာပါ။
ကိုဗစ္ကာလက်ေတာ့
တတ္ႏိုင္သမွ် အိမ္မွာပဲ ေနၾကတယ္။ မိဘေတြလည္း အိမ္ကေနပဲ အလုပ္လုပ္ၾကတယ္။ သူလည္း ေက်ာင္းမသြားရဘူး။ သူငယ္ခ်င္းေတြနဲ႔ပဲ ေတြ႕ရတယ္။ ဘယ္မွလည္း မသြားရဘူး။ နည္းနည္းႀကီးတဲ့ ကေလးေတြဆို အိမ္ကေနပဲ စာသင္ရေတာ့တယ္။ ဒီလိုအေျပာင္းအလဲေလးေတြ ျဖစ္လာပါတယ္။
ကိုဗစ္ကာလမွာ ကေလးေတြ ဘယ္လိုစိတ္ခံစားမႈေတြ ခံစားရတတ္သလဲ။
အဓိကက ကေလးေတြ စိတ္ဖိစီးတာပါ။ Covid-19 အေၾကာင္း သိခ်င္သိမယ္။ သိခ်င္မွလည္း သိမယ္။ ဒါေပမယ့္ ဒီအေျခအေနကို ေနသားမက်ပါဘူး။ ဒါေၾကာင့္ စိတ္ဖိစီးၿပီး တုံ႔ျပန္ပါတယ္။ တုံ႔ျပန္ပုံခ်င္းကလည္း ကေလးတစ္ေယာက္နဲ႔ တစ္ေယာက္ မတူပါဘူး။
ကေလးငယ္ေလးေတြဆိုရင္ ငိုမယ္၊ ဂ်ီက်မယ္။ အရင္က ေပ်ာက္ၿပီးသား အက်င့္ေတြ ျပန္ေပၚလာမယ္။ (ဥပမာ အိပ္ရာထဲ ႐ွဴးေပါက္ခ်တာ) အစိုးရိမ္လြန္ေနမယ္၊ ဝမ္းနည္းမယ္။ စားတဲ့ ပုံစံေတြ၊ အိပ္တဲ့ ပုံစံေတြ ေျပာင္းသြားမယ္။ အရင္ကေလာက္လည္း ေကာင္းေကာင္းမေဆာ့ေတာ့ဘူး။ ကေလးႀကီးေတြမွာ ဂ်စ္ကန္ကန္အက်င့္ေလးေတြ ျဖစ္လာမယ္။ ေက်ာင္းစာေတြ မလုပ္ခ်င္ဘူး။ အာ႐ုံစူးစိုက္မႈ အားနည္းလာတယ္။ အေၾကာင္းအရင္း မ႐ွိဘဲ ေခါင္းကိုက္တာ၊ ကိုယ္လက္ေတြ ကိုက္တာ စတာေတြ ျဖစ္လာပါတယ္။
ဒါဆို ကေလးေတြကို ဘယ္လိုထိန္းေက်ာင္းၾကမလဲ။
ကိုဗစ္အေၾကာင္းေျပာျပပါ။
သူတို႔နားလည္ႏိုင္တဲ့ စကားလုံးေတြ သုံးၿပီး ေရာဂါအေၾကာင္းကို ႐ွင္းျပပါ။ ဘာေၾကာင့္ ဒီလိုေနေနရတာလည္းဆိုတာ ႐ွင္းျပပါ။
အခ်ိန္ေပးပါ။
အရင္က အလုပ္သြားေနရတဲ့အတြက္ ကေလးေတြကို ေကာင္းေကာင္း အခ်ိန္ေပးႏိုင္မွာ မဟုတ္ပါဘူး။ ခုခ်ိန္ကို အခြင့္အေရးယူၿပီး ကေလးေတြနဲ႔ မ်ားမ်ား ထိေတြ႕ပါ။ အိမ္ကေန အလုပ္လုပ္ရတယ္ဆိုရင္ေတာင္ တစ္ေန႔ကို မိနစ္၂၀ေလာက္ျဖစ္ျဖစ္ အတူတူေဆာ့ေပးပါ။
ကေလးငယ္ေလးေတြဆို ျမႇဴေပးပါ။ သီခ်င္းေလးေတြ ဆိုျပပါ။ သူတို႔အ႐ုပ္ေတြနဲ႔ အတူေဆာ့ပါ။ လမ္းေလွ်ာက္တတ္တဲ့အ႐ြယ္ဆို စာအုပ္တူတူဖတ္တာမ်ိဳး၊ ျခံထဲမွာ လမ္းဆင္းေလွ်ာက္တာမ်ိဳး၊ အိမ္အလုပ္ေတြ အတူလုပ္တာ၊ မုန္႔အတူလုပ္စားတာ စတာေလးေတြ လုပ္ေပးပါ။ အြန္လိုင္းကေန စာသင္ေနတဲ့ ကေလးေတြဆိုရင္ အတူတူ အိမ္စာလုပ္ေပးပါ။ အာဟာရျပည့္ဝတာေတြ အတူတူစားၾကပါ။
တစ္ေယာက္ ဖုန္းတစ္လုံးစီကိုင္ၿပီး အခန္းေအာင္းေနမယ့္အစား တစ္ေယာက္နဲ႔ တစ္ေယာက္ မ်ားမ်ား စကားေျပာေပးပါ။
အေကာင္းျမင္ေပးပါ။
မိဘေတြပဲ စိတ္ဖိစီးတာမဟုတ္ပါဘူး။ ကေလးေတြလည္း စိတ္ဖိစီးတဲ့အတြက္ အရင္ကထက္ပိုၿပီး ဂ်ီက်ပါလိမ့္မယ္။ ဒီလိုဆို ေအာ္မိပါလိမ့္မယ္။ ကေလးလည္း စိတ္ညစ္ေနႏိုင္တာကို နားလည္ေပးၿပီး ေကာင္းေကာင္းမြန္မြန္ေျပာပါ။ ခ်ီးက်ဴးေပးပါ။ ေအာ္ဟစ္ဆူပူတာက အေျခအေနကို ပိုဆိုးေစပါတယ္။
ကေလးက အိမ္ထဲမွာပဲ ေနရလို႔ ၿငိမ္ၿငိမ္ေလးေနမွာ မဟုတ္ပါဘူး။ ဆူပူေဆာ့ကစားပါလိမ့္မယ္။ မိဘေတြကလည္း အိမ္ကေနပဲ အလုပ္လုပ္ရေတာ့ မ်က္စိေနာက္မိ ေအာ္မိႏိုင္ပါတယ္။ ေတာ္႐ုံဆို လႊတ္ထားေပးလိုက္ပါ။ တစ္ခ်ိန္လုံး တိတ္တိတ္ေနမယ့္အစား ေမေမအလုပ္လုပ္ေနတဲ့အခ်ိန္ေလးေတာ့ တိတ္တိတ္ေနေပးဖို႔ ေတာင္းဆိုၾကည့္ပါ။
သူတစ္ေယာက္တည္းဆို ပ်င္းေနမွာပါ။ သူငယ္ခ်င္းေတြ၊ ေဆြမ်ိဳးေတြနဲ႔ အြန္လိုင္းကေန စကားေျပာႏိုင္ေအာင္ ကူညီေပးလိုက္ပါ။
အခ်ိန္ဇယားဆြဲပါ။
အိမ္မွာပဲ ေနရတဲ့အခါက်ေတာ့ အက်င့္ပ်က္တတ္ပါတယ္။ စားခ်င္တဲ့အခ်ိန္စား၊ အိပ္ခ်င္တဲ့အခ်ိန္ အိပ္ပါတယ္။ ဒီလိုမျဖစ္ေအာင္ အခ်ိန္ဇယားတိတိက်က်ဆြဲထားပါ။ ကေလးေတြကို နားေနခ်ိန္အပါအဝင္ ဘယ္အခ်ိန္မွာ ဘာလုပ္ရမယ္ကို ဇယားဆြဲထားေပးပါ။ သူတို႔ကို ပိုၿပီး စည္းကမ္း႐ွိ စနစ္က်ေစပါတယ္။ ေက်ာင္းတက္ေနတယ္ဆိုရင္ ေက်ာင္းခ်ိန္ပါထည့္ဆြဲေပးပါ။ အိမ္မွာပဲ ေနရတဲ့အတြက္ လႈပ္႐ွားမႈနည္းေနႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ပါ ထည့္ထားေပးပါ။
ကေလးေသာင္းက်န္းတာကို နည္းမွန္လမ္းမွန္ ထိန္းခ်ဳပ္ပါ။
ကေလးေတြက ေသာင္းက်န္းတတ္တာ သဘာဝပါပဲ။ မိဘေတြ ဆုံးမတဲ့ ပုံစံအေပၚ မူတည္ၿပီး ေျပာင္းလဲသြားပါတယ္။ ကေလးက မိဘမႀကိဳက္တာ တစ္ခုခု လုပ္ေနၿပီဆိုရင္ ဒါကို မလုပ္ရဘူး။ ဒီလိုလုပ္ရတယ္ စသျဖင့္ အက်ိဳးသင့္ အေၾကာင္းသင့္ ႐ွင္းျပပါ။ ဂ်ီက်ေတာ့မယ့္ အရိပ္အေရာင္ေပၚရင္ အာ႐ုံေျပာင္းပါ။ ဥပမာ- ပုံသြားဆြဲၾကမယ္၊ စားစရာသြားလုပ္ၾကမယ္ စသျဖင့္ေပါ့။
ကေလးကို စိတ္မထိန္းႏိုင္ဘဲ ေအာ္မိေတာ့မယ္ဆိုရင္ ၁၀စကၠန္႔ေလာက္ေစာင့္ပါ။ ၁၀စကၠန္႔ေလာက္ အသက္ကို ျပင္းျပင္း ႐ွဴသြင္း ႐ွဴထုတ္ပါ။ ဒီနည္းလမ္းက ေတာ္ေတာ္အဆင္ေျပတယ္လို႔ မိဘေတြက ေထာက္ခံၾကပါတယ္။
မိဘကိုယ္တိုင္လည္း စိတ္ထိန္းပါ။
အလုပ္ေတြက အဆင္မေျပရတဲ့အထဲ ကေလးက ဂ်စ္တိုက္ေနၿပီဆို ေတာ္ေတာ္ေလး စိတ္ညစ္စရာပါ။ ဒီအခါမွာ ေတြးသင့္တာက
-သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ တစ္ကမ႓ာလုံးက ကေလးမိဘေတြ ဒီျပႆနာကို အနည္းနဲ႔အမ်ားၾကဳံေနၾကတာပါ။ ဒါေၾကာင့္ အားတင္းထားပါ။
-အနားယူပါ။ တစ္ခါတေလလည္း ကေလးအိပ္တဲ့အခ်ိန္ေတြ၊ သူတို႔ဟာ သူတို႔ ေဆာ့ေနတဲ့အခ်ိန္ဆို ကိုယ္လည္း ကိုယ္စိတ္ခ်မ္းသာမယ့္ အလုပ္ေတြ လုပ္ေနပါ။
-စိတ္ထဲမွာ အရမ္းဖိစီးလာရင္ လုပ္လက္စေတြ ခဏရပ္ၿပီး စိတ္ကို ေျဖေလွ်ာ့ေပးလိုက္ပါ။
ကေလးေတြကို new normalနဲ႔ ရင္းႏွီးေအာင္ သင္ေပးပါ။
ကိုဗစ္က ဘယ္ေတာ့မွ ၿပီးမလဲ မသိႏိုင္တဲ့အတြက္ ကေလးေတြက ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္ဖို႔ new normalနဲ႔ ရင္းႏွီးေနဖို႔ လို႔ပါတယ္။ ဒါေၾကာင့္ လက္ေဆးနည္းေတြ၊ လက္သန္႔ေဆးရည္အသုံးျပဳနည္းေတြ၊ ႏွာေခါင္းစည္းတပ္နည္းေတြ၊ အခ်င္းခ်င္း ခပ္ခြာခြာေနနည္းေတြ၊ ႏွာေခ် ေခ်ာင္းဆိုးရင္ အုပ္ရမယ္ဆိုတာေတြ သင္ေပးထားရမွာပါ။
ကိုဗစ္ကာလမွာ လူတိုင္း စိတ္ပိုင္းဆိုင္ရာထိခိုက္မႈ အနည္းနဲ႔ အမ်ား ႐ွိေနပါတယ္။ ကေလးေတြမွာလည္း ႐ွိပါတယ္။ ဒါေၾကာင့္ အရင္ကထက္ ပိုစိတ္႐ွည္ၿပီး ပိုခ်စ္ေပးဖို႔ လိုပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: Dr. Htet Htet Zaw Win