အဝတ်တွေကို အသစ်အတိုင်း သစ်လွင်နေစေဖို့ ထိန်းသိမ်းရမယ့် နည်းလမ်း အသွယ်သွယ်
အဝတ်တွေကို အသစ်အတိုင်း သစ်လွင်နေစေဖို့ ထိန်းသိမ်းရမယ့် နည်းလမ်း အသွယ်သွယ် - Property Knowledge in Myanmar from iMyanmarHouse.com
2 Oct 2020 2:46 pm တွင် တင်ခဲ့သည်
2607 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
အဝတ်တွေ ထိန်းသိမ်းရတာ လွယ်တာတော့ မဟုတ်ပါဘူး။ အဝတ်တွေ နွမ်းသွားတာကို ဖြေရှင်းဖို့အတွက် နည်းလမ်းလေးတွေတော့ လိုပါတယ်။ အဝတ်ဆိုတာမျိုးကလည်း ဘယ်လောက်မှ မဝတ်လိုက်ရဘဲ နွမ်းသွားတယ်ဆိုရင် ဝယ်ဝတ်ရတာ မတန်ပါဘူး။ ဒါကြောင့် အဝတ်တွေကို အသစ်တွေလို သစ်လွင်နေစေဖို့ ဒီနည်းလေးတွေက အထောက်အကူပြုစေပါတယ်နော်။
၁။ အဝတ်မှာ အသီးထတယ်ဆိုရင်
ဆွယ်တာတွေနဲ့ တစ်ချို့သော အင်္ကျီတွေက အသီးအသီးတွေ ထနေတတ်ပါတယ်။ ဒီလို အသီးထနေတာက အဝတ်ကို ပိုပြီး ဟောင်းနွမ်းတဲ့ အသွင် ရှိနေစေပါတယ်။ ဒီလို ဖြစ်တဲ့အခါမှာတော့ အမွှေးအမျှင်တွေ ရိတ်တဲ့ ဂျုတ်နဲ့ အသီးထနေတာတွေကို ဖြည်းဖြည်းချင်း ရိတ်ပေးလို့ ရပါတယ်။ ဒီလိုဆို အဝတ်မျက်နှာပြင်က ပြန်သစ်လွင်သွားပါလိမ့်မယ်။
၂။ ဦးထုပ်တွေ ပုံကျစေဖို့
လျှာထိုးအုပ်တွေဆိုတာ ပုံကျနေမှ ခေါင်းပေါ်မှာ အံဝင်ဂွင်ကျ ဖြစ်ပြီး ကြည့်ကောင်းနေစေမှာပါ။ ဒါပေမယ့် အထားမတတ်တာ၊ ထိုးကြိတ်ထည့်မိတာတွေနဲ့ အချိန်ကြာသွားတာကြောင့် ပုံပျက်သွားတတ်ပါတယ်။ အဲ့သလို ဦးထုပ် ပုံပျက်သွားတဲ့အခါ ဦးထုပ်ကို ရေနွေးငွေ့ပေးရင် ပုံစံတကျ ပြန်ဖြစ်သွားစေပါတယ်။ မီးဖိုပေါ်မှာ ရေနွေးအိုးတင်ပြီး အဖုံးမပိတ်ဘဲ ဦးထုပ်နဲ့ ပိတ်ပြီး ရေနွေးငွေ့ ရအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၃။ အရောင်ပြယ် မသွားစေဖို့
အထည်တွေမှာ အရောင်လွင့်သွားပြီဆိုရင် ဟောင်းနွမ်းတဲ့ ပုံပေါက်ပြီး တော်တော်ကြည့်ရဆိုးစေပါတယ်။ ဒီအတွက် ဖြေရှင်းတော့ ရှိနေပါတယ်။ ဒါက အဝတ်လျှော်တဲ့အခါ ဆားထည့်လျှော်ပေးဖို့ပါပဲ။ အဝတ်လျှော်စက်ထဲကို ဆပ်ပြာမှုန့်ထည့်သလိုပဲ ဆားကို ထည့်လျှော်ပေးရင် အရောင်တွေကို ပုံမှန်အတိုင်းပဲ သစ်လွင်နေစေမှာ ဖြစ်ပါတယ်။
၄။ အဖြူတွေကို ထိန်းသိမ်းဖို့
အဖြူတွေက ထိန်းသိမ်းရ သိပ်ခက်တဲ့ အဝတ်မျိုးပါ။ အဖြူရောင် အဝတ်အထည်တွေက အဖြူရောင် ပြယ်သွားရင် ကြည့်ရဆိုးပါတယ်။ အဖြူရောင် အဝတ်အထည်တွေကို အဖြူရောင်အတိုင်း ဆက်ထိန်းသိမ်းဖို့ဆိုရင် အဝတ်လျှော်တဲ့အခါ မဲနယ် နည်းနည်းစီ ထည့်သုံးပေးရမှာ ဖြစ်ပါတယ်။
၅။ ရှပ်အင်္ကျီတွေကို လျှော်တဲ့အခါ
ရှပ်အင်္ကျီနဲ့ ဇစ်ပါတဲ့ အရာတွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်တဲ့သူတွေအတွက် အဝတ်အစား မပျက်စီးအောင် ဂရုစိုက်ပေးဖို့ လိုပါတယ်။ အဝတ်လျှော်တဲ့အခါမှာ အင်္ကျီကြယ်သီး အပြည့်တပ်ထားပြီး ဇစ်ဆိုရင်လည်း အပြည့်တပ်ထားဖို့ လိုပါတယ်။ ပြီးရင် အဝတ်ကို ပြောင်းပြန်လှန်ပြီး အဝတ်လျှော်အိတ်ထဲကို ထည့်လျှော်ရင် ကြယ်သီး ပြုတ်တာနဲ့ ဇစ်တွေ ပျက်တဲ့ အခြေအနေကနေ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
၆။ ရှူးဖိနပ် အနံ့ဆိုးမထွက်ရအောင်
ရှူးဖိနပ်တို့ ဒေါက်ဖိနပ်တို့ဆိုတာ လိုအပ်တဲ့ အသုံးအဆောင်ဆိုပေမယ့် အမြဲ ဝတ်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ သိမ်းထားတာ ကြာတဲ့အခါမှာလည်း အနံ့အသက်က ထွက်လာပါသေးတယ်။ ဒီအတွက် အဖြေကတော့ ရှူးဖိနပ်နဲ့ဒေါက်ဖိနပ်တွေရဲ့ အတွင်းဘက်ကို မုန့်ဖုတ်ဆိုဒါမှုန့် ဖြူးထားဖို့ပါပဲ။
၇။ ရှပ်အင်္ကျီကော်လံ ပုံပျက်နေတဲ့အခါ
ရှပ်အင်္ကျီဆိုတာ ကော်လံက အသက်ပါ။ ကော်လံက မီးပူတိုက်လည်း အဆင်မပြေလောက်အောင် ပုံပျက်နေတဲ့အခါ ဆံသားဖြောင့်တဲ့နေရာမှာ သုံးတဲ့စက်ကို ကော်လံမှာ ညှပ်ပြီး ကော်လံဆန့်သွားအောင် ပြုလုပ်လို့ ရပါတယ်နော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Aunty May
[Zawgyi]
Credit: Aunty May
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CarsDB
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service