ဝန်ထမ်း ၁၉,၀၀၀ ကျော် COVID-19 ကူးစက်ခံရကြောင်း Amazon ထုတ်ပြန်

ဝန်ထမ်း ၁၉,၀၀၀ ကျော် COVID-19 ကူးစက်ခံရကြောင်း Amazon ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
2 Oct 2020 1:34 pm တွင် တင်ခဲ့သည်
1083 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံးအီးကောမာ့စ်ကုမ္ပဏီ Amazon က ၎င်း၏ဝန်ထမ်းများအကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုနှင့်ပတ်သက်၍ ပြည့်စုံသောအချက်အလက်များကို အောက်တိုဘာ ၁ တွင် ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ၎င်းတို့ဝန်ထမ်းဦးရေစုစုပေါင်း၏ ၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်သော ဝန်ထမ်း ၁၉,၀၀၀ ကျော်သည် ယခုနှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းကို ပထမဆုံးအကြိမ် ဖွင့်ပြောလာခြင်းဖြစ်သည်။

မတ် ၁ မှ စက်တင်ဘာ ၁၉ အကြား Amazon ဝန်ထမ်း ၁ ဒသမ ၃၇ သန်းခန့်အနက် ၁၉,၈၁၆ ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ကြသည်။

အလုပ်သမားအဖွဲ့အစည်းများ၊ နိုင်ငံရေးသမားများနှင့် စည်းမျဉ်းရေးဆွဲသူများက COVID-19 ကူးစက်ခံရသူဝန်ထမ်းဦးရေနှင့်ပတ်သက်၍ ဖွင့်ချရန် Amazon အား အကြိမ်ကြိမ်ဖိအားပေးခဲ့ပြီးနောက် လများအကြာတွင် ထိုသို့ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ထိုအချက်အလက်များကို ဝေမျှရန် ယခင်က ငြင်းဆန်ခဲ့သည့် Amazon က အောက်တိုဘာ ၁ က ထုတ်ပြန်ချက်တွင် ယင်းစုစုပေါင်းကူးစက်ခံရသူအရေအတွက်သည် အခြားကုမ္ပဏီများမှ အလားတူအချက်အလက်များ ထုတ်ပြန်ပါက COVID-19 ထိန်းချုပ်ကာကွယ်ရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာပို၍အထောက်အကူဖြစ်မည်ဟု ဆိုခဲ့သည်။

COVID-19 ကူးစက်ခံရသည့် Amazon ဝန်ထမ်းများအနက် ၎င်းကပ်ရောဂါကြောင့် သေဆုံးသူ ၈ ဦးထက်မနည်းလည်း ယခုနှစ်အတွင်း ရှိသည်။ သို့သော်လည်း Amazon က အောက်တိုဘာ ၁ ထုတ်ပြန်ချက်တွင် ယင်းနှင့်ပတ်သက်၍ မကြေညာခဲ့ပေ။

ဝန်ထမ်းများအကြား ကူးစက်နှုန်းသည် အမေရိကန်ရှိ ယေဘုယျလူဦးရေနှုန်းနှင့်ယှဉ်လျှင် ခန့်မှန်းထားခဲ့သည်‌အောက် ၄၂ ရာခိုင်နှုန်း လျော့နည်းကြောင်း Amazon က ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အမေရိကန်လူထုအကြား ယေဘုယျကူးစက်နှုန်းအတိုင်းဖြစ်ပါမူ Amazon တွင် ကူးစက်ခံရသည်ဝန်ထမ်းဦးရေသည် ၃၃,၉၅၂ ရှိမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ခဲ့သေးသည်။

ကမ္ဘာတစ်ဝန်း COVID-19 အကျပ်အတည်းကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုတ်ယုတ်ကာ အလုပ်လက်မဲ့များ ပိုမိုများပြားလာသည့်တိုင် Amazon သည် အမေရိကန်၊ ကနေဒါ၊ ယူကေ၊ စပိန်နှင့် ဂျာမနီတို့တွင် အလုပ်အကိုင်ပေါင်း ၈၅,၀၀၀ ကျော်ကို ထပ်ဖြည့်ထားပြီးဖြစ်ကာ နောက်ထပ်အလုပ်အကိုင်ထောင်ပေါင်များစွာကို ခေါ်ယူရန်လည်း ကြေညာထားကြောင်း သိရသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Amazon says more than 19,000 workers got Covid-19 (cnbc)

[Zawgyi]

ဝန္ထမ္း ၁၉,၀၀၀ ေက်ာ္ COVID-19 ကူးစက္ခံရေၾကာင္း Amazon ထုတ္ျပန္

အေမရိကန္အေျခစိုက္ ကမ႓ာ့အႀကီးဆုံးအီးေကာမာ့စ္ကုမၸဏီ Amazon က ၎၏ဝန္ထမ္းမ်ားအၾကား ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံမႈႏွင့္ပတ္သက္၍ ျပည့္စုံေသာအခ်က္အလက္မ်ားကို ေအာက္တိုဘာ ၁ တြင္ ထုတ္ျပန္ခဲ့သည္။

ယင္းမွာ ၎တို႔ဝန္ထမ္းဦးေရစုစုေပါင္း၏ ၁ ဒသမ ၄၄ ရာခိုင္ႏႈန္းျဖစ္ေသာ ဝန္ထမ္း ၁၉,၀၀၀ ေက်ာ္သည္ ယခုႏွစ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္းကို ပထမဆုံးအႀကိမ္ ဖြင့္ေျပာလာျခင္းျဖစ္သည္။

မတ္ ၁ မွ စက္တင္ဘာ ၁၉ အၾကား Amazon ဝန္ထမ္း ၁ ဒသမ ၃၇ သန္းခန္႔အနက္ ၁၉,၈၁၆ ဦးသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ၾကသည္။

အလုပ္သမားအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးသမားမ်ားႏွင့္ စည္းမ်ဥ္းေရးဆြဲသူမ်ားက COVID-19 ကူးစက္ခံရသူဝန္ထမ္းဦးေရႏွင့္ပတ္သက္၍ ဖြင့္ခ်ရန္ Amazon အား အႀကိမ္ႀကိမ္ဖိအားေပးခဲ့ၿပီးေနာက္ လမ်ားအၾကာတြင္ ထိုသို႔ထုတ္ျပန္လာခဲ့ျခင္းျဖစ္သည္။

ထိုအခ်က္အလက္မ်ားကို ေဝမွ်ရန္ ယခင္က ျငင္းဆန္ခဲ့သည့္ Amazon က ေအာက္တိုဘာ ၁ က ထုတ္ျပန္ခ်က္တြင္ ယင္းစုစုေပါင္းကူးစက္ခံရသူအေရအတြက္သည္ အျခားကုမၸဏီမ်ားမွ အလားတူအခ်က္အလက္မ်ား ထုတ္ျပန္ပါက COVID-19 ထိန္းခ်ဳပ္ကာကြယ္ေရးႏွင့္ပတ္သက္၍ တစ္စုံတစ္ရာပို၍အေထာက္အကူျဖစ္မည္ဟု ဆိုခဲ့သည္။

COVID-19 ကူးစက္ခံရသည့္ Amazon ဝန္ထမ္းမ်ားအနက္ ၎ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၈ ဦးထက္မနည္းလည္း ယခုႏွစ္အတြင္း ႐ွိသည္။ သို႔ေသာ္လည္း Amazon က ေအာက္တိုဘာ ၁ ထုတ္ျပန္ခ်က္တြင္ ယင္းႏွင့္ပတ္သက္၍ မေၾကညာခဲ့ေပ။

ဝန္ထမ္းမ်ားအၾကား ကူးစက္ႏႈန္းသည္ အေမရိကန္႐ွိ ေယဘုယ်လူဦးေရႏႈန္းႏွင့္ယွဥ္လွ်င္ ခန္႔မွန္းထားခဲ့သည္‌ေအာက္ ၄၂ ရာခိုင္ႏႈန္း ေလ်ာ့နည္းေၾကာင္း Amazon က ေၾကညာခ်က္တြင္ ေဖာ္ျပခဲ့သည္။ အေမရိကန္လူထုအၾကား ေယဘုယ်ကူးစက္ႏႈန္းအတိုင္းျဖစ္ပါမူ Amazon တြင္ ကူးစက္ခံရသည္ဝန္ထမ္းဦးေရသည္ ၃၃,၉၅၂ ႐ွိမည္ျဖစ္သည္ဟုလည္း ထုတ္ျပန္ခဲ့ေသးသည္။

ကမ႓ာတစ္ဝန္း COVID-19 အက်ပ္အတည္းေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္ဆုတ္ယုတ္ကာ အလုပ္လက္မဲ့မ်ား ပိုမိုမ်ားျပားလာသည့္တိုင္ Amazon သည္ အေမရိကန္၊ ကေနဒါ၊ ယူေက၊ စပိန္ႏွင့္ ဂ်ာမနီတို႔တြင္ အလုပ္အကိုင္ေပါင္း ၈၅,၀၀၀ ေက်ာ္ကို ထပ္ျဖည့္ထားၿပီးျဖစ္ကာ ေနာက္ထပ္အလုပ္အကိုင္ေထာင္ေပါင္မ်ားစြာကို ေခၚယူရန္လည္း ေၾကညာထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Amazon says more than 19,000 workers got Covid-19 (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service