COVID အတွင်း ချွေတာရေး (၁၀ ) ချက်
COVID အတွင်း ချွေတာရေး (၁၀ ) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2020 2:50 pm တွင် တင်ခဲ့သည်
4480 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ယခုလိုအချိန်ကာလမှာ လူတွေဟာ အစားအစာအတွက်အပြင်လူနဲ့ ထိတွေ့နေကြရတာပိုများပါတယ်။ဒီလိုအခြေအနေမှာ ကိုယ့်အိမ်မှာရှိတဲ့ အစားအစာတွေ မလေလွင့်စေဖို့နဲ့ တော်တန်ရုံနဲ့ ထပ်မဝယ်ရဖို့က ကျန်းမာရေးအရရော စီးပွားရေးအရပါ အရေးပါပါတယ်။ဒါကြောင့် ယုဝေက ယုဝေစဉ်းစားမိတာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
1️⃣ စာရင်းအသေအချာလုပ်ခြင်း
စာရင်းလုပ်တဲ့နေရာမှာ အရင်ဆုံးက တစ်ပတ်စာ ဟင်းလျာဇယားလေး ပြုလုပ်သင့်ပါတယ်။အဲဒီ့ဇယားလေးမှာ အဖိုးနှုန်းသင့်ပြီး အာဟာရဖြစ်စေမယ့် ဟင်းလျာမျိုးလေးတွေ ရေးဆွဲနိုင်ရင် ကောင်းပါတယ်။ဟင်းလျာစာရင်းရလျှင် ဈေးစာရင်းပြင်ပါ။လိုအပ်တာပဲဝယ်ပါ။ဈေးမဝယ်ခင် ကြောင်အိမ်ကို စစ်ပါ။
2️⃣ တချို့ဟင်းခတ်အတွက် အပင်တွေကို အိမ်ထဲမှာပဲစိုက်ထားပါ။
ဥပမာ - ပင်စိမ်း၊ရှမ်းနံနံ၊ငရုပ်သီးစိမ်း၊ကြက်သွန်မြိတ်၊နံနံပင်၊ပူစီနံ၊ပျဉ်းတော်သိမ် စတာတွေကို မိမိအိမ်မှာစိုက်ပျိုးထားခြင်းဟာ နေရာလည်းသိပ်မယူသလို မကြာခဏလည်းဈေးဝယ်ဖို့မလိုလောက်တော့ပါဘူး။(အနံအရသာနဲ့ပြည့်စုံတဲ့ဟင်းလျာကိုလည်းအမြဲရစေပါမယ်)။ ဒီထက်ပိုပြီး ဖြစ်နိုင်ရင် ခရမ်းချဉ်ပင် ၊ကင်ပွန်း၊ဂွေးတောက်၊ဒန့်သလွန်စတာတွေပါရှိရင် တော်ရုံနဲ့ ဈေးမဝယ်ရတော့ပါဘူး။အသားအတွက်က ခဲထားရင် ရပြီလေနော်။
3️⃣ Recycle ဖြစ်တာတွေကို ပိုသုံးပါ။
ဒါမှမကြာခဏ မဝယ်ရမှာဖြစ်ပါတယ်။
4️⃣ အရာရာကိုယ်တိုင်ဖန်တီးဖို့
ရယ်ဒီမိတ်နို့ဗူးတွေဝယ်သိမ်းထားမယ့်အစား နို့မှုန့်ဆောင်ထားပြီး ဖျော်တိုက်တာ၊သွားရည်စာတွေကို မိမိဖာသာ ပြုလုပ်ပေးတာ၊အိမ်မှာရှိတာနဲ့ပဲ ဖန်တီးပေးတာတွေက ကျန်းမာရေးအရလည်း လုံခြုံပြီး ငွေကုန်လည်း သက်သာပါတယ်။ဒါ့အပြင် ကလေးများအတွက်လည်း အာဟာရပြည့်ဝစေပါတယ်။
5️⃣ ဇာမချဲ့ခြင်းအနုပညာ
ယခုလိုကာလမှာ ကျမတို့အားလုံး အကြော်မပါသော မုန့်ဟင်းခါးကိုလည်းစားဖူးကြပြီ။ရှမ်းခေါက်ဆွဲဖတ်ကိုလည်း ပဲမှုန့်နဲ့သုပ်စားတတ်ပြီ လို့ကျမ ထင်ပါတယ်။
6️⃣ အာဟာရတန်ဖိုးကို အမြဲတွက်ချက်ဖို့တော့ မမေ့ပါနဲ့။
ကျမတို့တွေဟာ ခြိုးခြံကြရသည်မှန်သော်လည်း အာဟာရတန်ဖိုးကိုလည်း မမေ့ကြစေလို။များများစားစားမဟုတ် အာဟာရအုပ်စု (၃)စု စုံစေအောင် ဒါမှမဟုတ် နေ့စဉ် ဗီတာမင်ပါသော အသီးအရွက် တစ်ခုခုပါစေအောင် စီမံချက်ပြုတ်စားသောက်ကြဖို့ အရေးကြီးပါတယ်။
7️⃣ လွယ်ကူမြန်ဆန်ပြီး အာဟာရတန်ဖိုးပါသော တစ်ခွက်ကောင်းဟင်းလျာများ ချက်ပြုတ်ခြင်း
ဒီနည်းလမ်းက စရိတ်စကလည်း သက်သာ၊လူလည်းမပင်ပန်းတာမို့ WFH မေမေတွေ စမ်းကြည့်သင့်ပါတယ်။
8️⃣ မလိုအပ်သည်များကို လုံးဝထပ်မဝယ်မိစေရန်
အခုကာလမှာ ​မဖြစ်မနေ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းမှအပ ကျန်ပစ္စည်းများဝယ်ယူကာနီးတိုင်း အကြိမ်ကြိမ် ချင့်ချိန်နိုင်ဖို့အရေးကြီးပါတယ်။
9️⃣အိမ်ထဲမှာရှိတဲ့ ပစ္စည်းအားလုံးကို ရှင်းပါ။
မိမိအိမ်မှာရှိသမျှ ပစ္စည်းတွေကို ရှင်းလင်းကြည့်ခြင်းအားဖြင့် မသုံးဖြစ်တဲ့ပစ္စည်းတွေကို ပြန်သုံးနိုင်ဖို့အားထုတ်ပါ။အသစ်မဝယ်ပါနဲ့။ကျမဆို ဗူး၊ပုလင်း၊ခွက်တွေ လုံးဝထပ်မဝယ်ပဲ သိမ်းထားတဲ့အထဲကပဲ ရှာသုံးပါတော့တယ်။
? ကိုယ်သိပ်မကျွမ်းကျင်တဲ့အရာတွေကို လက်တည့်မစမ်းပါနဲ့။တစိုက်မတ်မတ် ဖြစ်ပါစေ။
Stay Home တုန်းလေးဆိုပြီး Online သင်တန်းတွေအပ်တယ်။ပြီးရင် မတက်ဖြစ်တဲ့အခါ ပိုက်ဆံလေပါတယ်။ ကိတ်မုန့်ပေါင်မုန့်တွေကိုစမ်းလုပ်ကြည့်တယ်။အကုန်ပျက်ကုန်ပြန်ရင်လည်းပိုက်ဆံကုန်ပါတယ်။အပင်လေးတွေစမ်းစိုက်တယ်။သေကုန်လို့ ပိုက်ဆံကုန်ပါတယ်။ဒီတော့ မတက်ရင်လည်း မတက်နဲ့။တက်ရင်လည်း အသေအချာ အလေးအနက် တက်ရပါမယ်။မုန့်မဖုတ်ချင်မဖုတ်နဲ့။ဖုတ်မယ်ဆိုရင်တော့ အသေအချာ မရ..ရသည်အထိ ကြိုးစားလိုက်ပါ။ အပင်တွေစိုက်ကြည့်မယ်လို့ ဆုံးဖြတ်ရင်လည်း နားလည်သူတွေနဲ့အရင်တိုင်ပင်၊သင်ယူပါ။
ပိုက်ဆံချွေတာပါ။
အချိန်ချွေတာပါ။
အထိအတွေ့ ဖြစ်စေမယ့်အကြောင်းတွေကို ချွေတာပါ လို့အကြံပြုအပ်ပါတယ်ရှင်။
ချစ်ခြင်းအားဖြင့် ပေးသောအကြံများဖြစ်ပါတယ်။မေမေတို့အနေနဲ့လည်း ဒီအချက်တွေဟာ သိပြီးသားလည်းဖြစ်သလို လိုက်နာကျင့်သုံးပြီးသားတောင် ဖြစ်နေလောက်ပါပြီ။
ကျမရဲ့စာလေးက ထပ်ပြီး လက်တို့၊သတိဖော်ပေးရုံ သက်သက်ပါ။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Mommy Yu's Journey
[Zawgyi]
5️⃣ ဇာမချဲ့ခြင်းအနုပညာ
ပိုက်ဆံချွေတာပါ။
အချိန်ချွေတာပါ။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
MIngalardon Garden City
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service