အိမ်ထောင်ကြီးသားသမီးများနှင့် ဆက်နွယ်သည့် အိမ် နှင့် မြေကို ဝယ်မည်ဆိုလျှင်

အိမ်ထောင်ကြီးသားသမီးများနှင့် ဆက်နွယ်သည့် အိမ် နှင့် မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2020 12:57 pm တွင် တင်ခဲ့သည်
998 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

'' လာဗျာ ဦးသော်တာ၊ အရေးတ ကြီး ကိစ္စရှိတယ်ထင်တယ်''

စာရေး သူ၏ ရုံးခန်းသို့ မောပန်း စွာတက်လာဟန်ရှိသည့် ဦးသော်တာ ကို စာရေးသူက နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

'' အင်းဗျာ၊ ဆရာ့ရုံးခန်းကလည်း လေးထပ်ဆိုတော့ ကျွန်တော့်အသက် နဲ့ မောတယ်ဗျာ။ ဆရာဘယ်လိုများ နေ့တိုင်းတက်သလဲလို့''

''တက်နေကျဖြစ်တော့လည်း မမောတော့ဘူးပေါ့ဗျာ။ ဒီရုံးခန်း ရောက်တာပဲ အနှစ် ၄ဝ နီးပါးရှိနေ ပြီ။ ရှေ့နေပေါက်စကတည်းကပေါ့''

" အပေါ်ရောက်မှ ဆရာနဲ့မတွေ့ ရင်ပိုမောသွားမှာ''

'' တယ်လီဖုန်းတစ်ချက်ခေါ် လိုက်ရင်ဖြစ်တာပဲ''

'' ဖုန်းနံပါတ်လည်း မမှတ်မိတော့ ဘူးဗျာ။ ရုံးခန်းတော့ လက်ဖက်ရည် ဆိုင်မှာ တွေ့ရင်းပြောတာ မှတ်မိနေလို့''

''ကဲ-ဘာအခက်အခဲတွေရှိလာလို့လဲ ပြောပါဦး''

'' အခုမှ ဆုပ်လည်းစူးစားလည်း ရူးဆိုးတာမျိုးဖြစ်နေလို့''

'' အိမ် ခြံ မြေလုပ်ငန်း လုပ်နေ သူက ထူးထူးဆန်းဆန်းပြောနေပြန်ပြီ''

'' တစ်ခါတစ်ခါကျတော့လည်း မြင်းကောင်းခွာလိပ်တာမျိုးလည်းဖြစ် တတ်တယ်လေ''

''ဟုတ်ပါပြီ။ အဖြစ်အပျက်ဆီ မရောက်တော့ဘူး''

'' မိတ်ဆွေတစ်ဦးကို ကျွန်တော် က အိမ် ခြံ မြေတစ်ခုကို ဝယ်ဖို့ တိုက်တွန်းလိုက်မိတယ်''

'' ဝယ်ဖြစ်သွားတယ်ပေါ့ ''

'' အဲဒီလိုပဲဆိုပါတော့ဗျာ။ စရန် ငွေပေးပြီးမှ ကန့်ကွက်သူပေါ်လာလို့ ကိုယ်ကပဲ စိုက်လျော်ရမလို ဖြစ်နေ တယ်''

''စာရွက်စာတမ်းအတုဖြစ်နေလို့လား''

''စာရွက်စာတမ်းအတုတော့ မဟုတ်ဘူး။ အမွေဆိုင်အိမ်ဖြစ်နေ လို့''

''ဘယ်လိုဖြစ်ပြီး အမွေဆိုင်အိမ် ဖြစ်သွားတာလဲ''

''မြေဂရန်အမည်ပေါက်က လင် မယားနှစ်ယောက်အမည်ပေါက် တယ်။ လင်မယား နှစ်ယောက်လုံး ကွယ်လွန်သွားတော့ သမီးတစ်ဦး ကျန်ခဲ့တယ်''

''အခုအဲဒီသမီးက မြေနဲ့အိမ်ကို ရောင်းမှာ မဟုတ်လား''

''ဟုတ်တယ်ဆရာ။ ဒီနေရာမှာ ထူးခြားတာက မိဘတွေက သမီးကို အပေးစာချုပ်ပြုလုပ်ပြီး အဲဒီမြေနဲ့ အိမ်ကို ပေးသွားတယ်''

''သမီးတစ်ယောက်တည်းဆို တော့ အပေးစာချုပ်လုပ်ဖို့ မလိုပါ ဘူး။ မိဘကွယ်လွန်ရင် ကိုယ်က အမွေရမှာပဲ မဟုတ်လား''

''ဒါပေမယ့် မိဘဆိုတာ မိမိမျက် စိနှစ်လုံး ပိတ်မသွားမီမှာ စိတ်ချ အောင် အပေးစာချုပ်ပြုလုပ်သွားတာ ဖြစ်ပါလိမ့်မယ်''

''အပေးစာချုပ်က မှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ ပြုလုပ်ချုပ်ဆို ထားတဲ့ အပေးစာချုပ်လား''

''မေတ္တာနဲ့ ပေးကမ်းတဲ့ အပေး စာချုပ်က မှတ်ပုံတင်စာချုပ်စာတမ်း ပြုလုပ်ထားပါတယ်''

''မြေအမည်ပေါက် ပြောင်းထား သေးလား''

''မြေအမည်ပေါက်တော့ ပြောင်း တာမတွေ့ရဘူး။ ဂရန်မှာတော့ မိဘနှစ် ဦးအမည်ပေါက်အနေနဲ့ ရှိနေပါတယ်''

''ဒါဆိုရင်တော့လည်း အရှုပ် အထွေးမရှိ ရှင်းနေတာပဲလေ''

''ဟုတ်ပါတယ်။ ဒါကြောင့် ကျွန် တော်လည်း မိတ်ဆွေကို ဝယ်ဖို့ တိုက် တွန်းလိုက်တာပါ''

''ငွေအကြေတော့ မချေရသေး ဘူး မဟုတ်လား''

''စရန်ငွေပေးပြီး သတင်းစာထဲ ကန့်ကွက်သူရှိ မရှိ ကြေညာပါတယ်''

''ဒီမှာပဲ အမွေဆိုင်အဖြစ် ကန့် ကွက်သူပေါ်လာတယ်ဆိုပါတော့''

''ဟုတ်ပါတယ် ဆရာ''

''ဘယ်အချက်နဲ့ အခြေခံပြီး ကန့်ကွက်တာလဲ ပြောပါဦး''

''ကွယ်လွန်သူဖခင်ရဲ့ ပထမ အိမ်ထောင်မှ မွေးဖွားတဲ့သားလို့ အဆို ပြုကန့်ကွက်တာပါ ဆရာ''

''ဥပဒေအရဆိုရင်တော့ လင်ပါ သားပေါ့''

''ဟုတ်ကဲ့ ဆရာ။ ဒါနဲ့ သက် ဆိုင်တဲ့ ရောင်းမယ့်မိန်းကလေးကို မေးကြည့်တော့ ဟုတ်တယ်လို့ ပြော ပါတယ်။ ဒါပေမယ့် သူ့အမေနဲ့ အိမ် ထောင်ပြုတဲ့အချိန်မှာ အမွေခွဲပေးပြီး သားလို့ ပြောတယ်။ အခုအိမ်နဲ့ မြေ က သူ့အမေနဲ့ လက်ထပ်ပြီးမှ ဝယ်တဲ့ အိမ်ဖြစ်တယ်လို့ သိရတယ်''

''ဒါဆိုရင် ကွယ်လွန်သူ မိဘ များရဲ့ လက်ထက်ပွားနှစ်ပါးစုံ ပစ္စည်း ဖြစ်နေတာပေါ့''

''ဟုတ်ပါတယ် ဆရာ။ မိန်းက လေးပြောသလို လင်ပါသားကို ဖခင် က နောက်အိမ်ထောင်ပြုစဉ်မှာ အမွေခွဲဝေပေးထားရင် ရပိုင်ခွင့်မရှိ တော့ဘူး မဟုတ်လား''

''မှန်ပါတယ်။ မိဘနှစ်ဦးအနက် တစ်ဦး ကွယ်လွန်ပြီး ကျန်တစ်ဦးက နောက်အိမ်ထောင်ပြုခဲ့ရင် ကျန်ရှိတဲ့ သားသမီးက အမွေတောင်းခွင့်ရှိတယ် လို့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ရောင်းသူ မိန်း ကလေးပြောသလို ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုစဉ်မှာ သားဖြစ် သူကို အမွေခွဲဝေပေးပြီးကြောင်း အ ထောက်အထားရှိရင်တော့ ထပ်မံ တောင်းခွင့်မရှိတော့ဘူးပေါ့''

''တကယ်လို့ ဖခင်ကွယ်လွန်ချိန် က အမွေခွဲဝေရယူခဲ့ခြင်းမရှိဘဲ မိထွေးဖြစ်သူ ကွယ်လွန်မှ အမွေ တောင်းခွင့်ရှိပါသလား''

''ဒါကတော့ တောင်းခွင့်ရှိပါ တယ်။ ဖခင်ထံမှ အမွေလုံးဝမရသေး ဖို့ပဲ လိုပါတယ်''

''မိဘတွေက အိမ်နဲ့မြေကို မှတ်ပုံတင်စာချုပ်ပြုလုပ်ပေးထားတဲ့ ကိစ္စဆိုရင် ဘယ်လိုဖြစ်နိုင်ပါသလဲ''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာ အမွေပုံပစ္စည်းအားလုံးကို သား သမီးတစ်ဦးတည်းထံပေးပိုင်ခွင့်မရှိ ဘူး။ ဥပဒေအရ ပျက်ပြယ်တယ်။ မိဘများ ကွယ်လွန်ချိန်မှာ ခွဲဝေဖို့ ပစ္စည်းကျန်ရှိရမှာဖြစ်ပါတယ်''

''တရားစွဲပယ်ဖျက်ရမယ့် သဘောပေါ့''

''မှန်ပါတယ်။ ဖခင်ထံက အမွေ လုံးဝမရသေးကြောင်း အထောက်အ ထား ခိုင်လုံမယ်။ မိဘများ ကွယ် လွန်သည့်အခါ ပေးကမ်းစာချုပ် ချုပ် ဆိုထားသည့် ပစ္စည်းတစ်ခုတည်းသာ ကျန်ခဲ့မယ်ဆိုရင် အဲဒီမြေနဲ့ အိမ်ဟာ အမွေဆိုင်အိမ်အဖြစ် ရပ်တည်နေမှာ ပဲ ဖြစ်တယ်''

''ကန့်ကွက်စာထဲမှာ အချက် တစ်ချက်ပါသေးတယ် ဆရာ။ အခု ရောင်းမယ်ဆိုတဲ့ အမျိုးသမီးက သူ့ ဖခင်နဲ့ မွေးဖွားတဲ့ သမီးမဟုတ်ဘူး။ ပထမအိမ်ထောင်ကပါလာတဲ့ သမီးလို့ လည်း ဖော်ပြထားတယ်''

''သြော်-ဒါဆိုရင် အိမ်ထောင် ကြီးချင်း လက်ထပ်တဲ့သဘောပေါ့''

''ဟုတ်ပါတယ် ဆရာ''

''ဒါဆိုရင် ပိုပြီးရှင်းလင်းလို့ လွယ်ပါတယ်'

''ရှင်းပြပါဦး ဆရာ၊ ဥပဒေအရ ဘယ်လိုရှိပါသလဲ''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာတော့ လင်ပါမယားပါ သားသမီး များနဲ့ ပတ်သက်လို့ ပထမအိမ်ထောင် မှပါရင်း ပစ္စည်းအနေနဲ့ တစ်ဦးမျှမပါ ရှိဘဲ ဒုတိယအိမ်ထောင်လက်ထက်မှ ဖြစ်ထွန်းတဲ့ ပစ္စည်းများဖြစ်လျှင် လင် ပါသားသမီးနှင့် မယားပါ သားသမီး တို့ အမွေပုံ ထက်ဝက်စီရတယ်လို့ မောင်ဖိုးစန်နှင့် မောင်ဖိုးသက် ရန် ကုန်တရားစီရင်ထုံး အတွဲ ၃ စာမျက် နှာ-၄၃၈ မှာ အတိအလင်းပြဋ္ဌာန်း ထားပါတယ်''

''ဒါဆိုရင် ဒီကိစ္စမှာ တစ် ယောက်တစ်ဝက်စီယူရင်ဖြစ်ပြီပေါ့''

''မှန်ပါတယ်။ ဒါပေမယ့် မှတ်ပုံ တင် အပေးစာချုပ်ရှိနေတော့ တရား စွဲဆို ပယ်ဖျက်ရမယ့် သဘောဖြစ်လို့ စရန်ငွေပြန်ပေးရင် ပြန်ယူလိုက်တာ ကောင်းလိမ့်မယ်''ဟု အကြံပြုဆွေး နွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ေထာင္ႀကီးသားသမီးမ်ားႏွင့္ ဆက္ႏြယ္သည့္ အိမ္ ႏွင့္ ေျမကို ၀ယ္မည္ဆိုလွ်င္

'' လာဗ်ာ ဦးေသာ္တာ၊ အေရးတ ႀကီး ကိစၥရွိတယ္ထင္တယ္''

စာေရး သူ၏ ႐ုံးခန္းသုိ႔ ေမာပန္း စြာတက္လာဟန္ရွိသည့္ ဦးေသာ္တာ ကုိ စာေရးသူက ႏႈတ္ဆက္လုိက္ျခင္း ျဖစ္သည္။

'' အင္းဗ်ာ၊ ဆရာ့႐ုံးခန္းကလည္း ေလးထပ္ဆုိေတာ့ ကြၽန္ေတာ့္အသက္ နဲ႔ ေမာတယ္ဗ်ာ။ ဆရာဘယ္လုိမ်ား ေန႔တုိင္းတက္သလဲလုိ႔''

''တက္ေနက်ျဖစ္ေတာ့လည္း မေမာေတာ့ဘူးေပါ့ဗ်ာ။ ဒီ႐ံုးခန္း ေရာက္တာပဲ အႏွစ္ ၄ဝ နီးပါးရွိေန ၿပီ။ ေရွ႕ေနေပါက္စကတည္းကေပါ့''

" အေပၚေရာက္မွ ဆရာနဲ႔မေတြ႔ ရင္ပိုေမာသြားမွာ''

'' တယ္လီဖုန္းတစ္ခ်က္ေခၚ လုိက္ရင္ျဖစ္တာပဲ''

'' ဖုန္းနံပါတ္လည္း မမွတ္မိေတာ့ ဘူးဗ်ာ။ ႐ုံးခန္းေတာ့ လက္ဖက္ရည္ ဆုိင္မွာ ေတြ႔ရင္းေျပာတာ မွတ္မိေနလုိ႔''

''ကဲ-ဘာအခက္အခဲေတြရွိလာလုိ႔လဲ ေျပာပါဦး''

'' အခုမွ ဆုပ္လည္းစူးစားလည္း ႐ူးဆုိးတာမ်ဳိးျဖစ္ေနလုိ႔''

'' အိမ္ ၿခံ ေျမလုပ္ငန္း လုပ္ေန သူက ထူးထူးဆန္းဆန္းေျပာေနျပန္ၿပီ''

'' တစ္ခါတစ္ခါက်ေတာ့လည္း ျမင္းေကာင္းခြာလိပ္တာမ်ဳိးလည္းျဖစ္ တတ္တယ္ေလ''

''ဟုတ္ပါၿပီ။ အျဖစ္အပ်က္ဆီ မေရာက္ေတာ့ဘူး''

'' မိတ္ေဆြတစ္ဦးကို ကြၽန္ေတာ္ က အိမ္ ၿခံ ေျမတစ္ခုကို ဝယ္ဖုိ႔ တုိက္တြန္းလုိက္မိတယ္''

'' ဝယ္ျဖစ္သြားတယ္ေပါ့ ''

'' အဲဒီလုိပဲဆုိပါေတာ့ဗ်ာ။ စရန္ ေငြေပးၿပီးမွ ကန္႔ကြက္သူေပၚလာလုိ႔ ကုိယ္ကပဲ စုိက္ေလ်ာ္ရမလုိ ျဖစ္ေန တယ္''

''စာရြက္စာတမ္းအတုျဖစ္ေနလုိ႔လား''

''စာရြက္စာတမ္းအတုေတာ့ မဟုတ္ဘူး။ အေမြဆုိင္အိမ္ျဖစ္ေန လုိ႔''

''ဘယ္လုိျဖစ္ၿပီး အေမြဆုိင္အိမ္ ျဖစ္သြားတာလဲ''

''ေျမဂရန္အမည္ေပါက္က လင္ မယားႏွစ္ေယာက္အမည္ေပါက္ တယ္။ လင္မယား ႏွစ္ေယာက္လုံး ကြယ္လြန္သြားေတာ့ သမီးတစ္ဦး က်န္ခဲ့တယ္''

''အခုအဲဒီသမီးက ေျမနဲ႔အိမ္ကို ေရာင္းမွာ မဟုတ္လား''

''ဟုတ္တယ္ဆရာ။ ဒီေနရာမွာ ထူးျခားတာက မိဘေတြက သမီးကို အေပးစာခ်ဳပ္ျပဳလုပ္ၿပီး အဲဒီေျမနဲ႔ အိမ္ကို ေပးသြားတယ္''

''သမီးတစ္ေယာက္တည္းဆုိ ေတာ့ အေပးစာခ်ဳပ္လုပ္ဖုိ႔ မလုိပါ ဘူး။ မိဘကြယ္လြန္ရင္ ကုိယ္က အေမြရမွာပဲ မဟုတ္လား''

''ဒါေပမယ့္ မိဘဆုိတာ မိမိမ်က္ စိႏွစ္လုံး ပိတ္မသြားမီမွာ စိတ္ခ် ေအာင္ အေပးစာခ်ဳပ္ျပဳလုပ္သြားတာ ျဖစ္ပါလိမ့္မယ္''

''အေပးစာခ်ဳပ္က မွတ္ပုံတင္ စာခ်ဳပ္စာတမ္း႐ုံးမွာ ျပဳလုပ္ခ်ဳပ္ဆုိ ထားတဲ့ အေပးစာခ်ဳပ္လား''

''ေမတၱာနဲ႔ ေပးကမ္းတဲ့ အေပး စာခ်ဳပ္က မွတ္ပုံတင္စာခ်ဳပ္စာတမ္း ျပဳလုပ္ထားပါတယ္''

''ေျမအမည္ေပါက္ ေျပာင္းထား ေသးလား''

''ေျမအမည္ေပါက္ေတာ့ ေျပာင္း တာမေတြ႔ရဘူး။ ဂရန္မွာေတာ့ မိဘႏွစ္ ဦးအမည္ေပါက္အေနနဲ႔ ရွိေနပါတယ္''

''ဒါဆုိရင္ေတာ့လည္း အ႐ႈပ္ အေထြးမရွိ ရွင္းေနတာပဲေလ''

''ဟုတ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ ေတာ္လည္း မိတ္ေဆြကို ဝယ္ဖုိ႔ တုိက္ တြန္းလုိက္တာပါ''

''ေငြအေၾကေတာ့ မေခ်ရေသး ဘူး မဟုတ္လား''

''စရန္ေငြေပးၿပီး သတင္းစာထဲ ကန္႔ကြက္သူရွိ မရွိ ေၾကညာပါတယ္''

''ဒီမွာပဲ အေမြဆုိင္အျဖစ္ ကန္႔ ကြက္သူေပၚလာတယ္ဆုိပါေတာ့''

''ဟုတ္ပါတယ္ ဆရာ''

''ဘယ္အခ်က္နဲ႔ အေျခခံၿပီး ကန္႔ကြက္တာလဲ ေျပာပါဦး''

''ကြယ္လြန္သူဖခင္ရဲ႕ ပထမ အိမ္ေထာင္မွ ေမြးဖြားတဲ့သားလုိ႔ အဆုိ ျပဳကန္႔ကြက္တာပါ ဆရာ''

''ဥပေဒအရဆုိရင္ေတာ့ လင္ပါ သားေပါ့''

''ဟုတ္ကဲ့ ဆရာ။ ဒါနဲ႔ သက္ ဆုိင္တဲ့ ေရာင္းမယ့္မိန္းကေလးကုိ ေမးၾကည့္ေတာ့ ဟုတ္တယ္လုိ႔ ေျပာ ပါတယ္။ ဒါေပမယ့္ သူ႔အေမနဲ႔ အိမ္ ေထာင္ျပဳတဲ့အခ်ိန္မွာ အေမြခဲြေပးၿပီး သားလုိ႔ ေျပာတယ္။ အခုအိမ္နဲ႔ ေျမ က သူ႔အေမနဲ႔ လက္ထပ္ၿပီးမွ ဝယ္တဲ့ အိမ္ျဖစ္တယ္လုိ႔ သိရတယ္''

''ဒါဆုိရင္ ကြယ္လြန္သူ မိဘ မ်ားရဲ႕ လက္ထက္ပြားႏွစ္ပါးစုံ ပစၥည္း ျဖစ္ေနတာေပါ့''

''ဟုတ္ပါတယ္ ဆရာ။ မိန္းက ေလးေျပာသလုိ လင္ပါသားကုိ ဖခင္ က ေနာက္အိမ္ေထာင္ျပဳစဥ္မွာ အေမြခြဲေဝေပးထားရင္ ရပုိင္ခြင့္မရွိ ေတာ့ဘူး မဟုတ္လား''

''မွန္ပါတယ္။ မိဘႏွစ္ဦးအနက္ တစ္ဦး ကြယ္လြန္ၿပီး က်န္တစ္ဦးက ေနာက္အိမ္ေထာင္ျပဳခဲ့ရင္ က်န္ရွိတဲ့ သားသမီးက အေမြေတာင္းခြင့္ရွိတယ္ လုိ႔ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒမွာ ျပ႒ာန္းထားပါတယ္။ ေရာင္းသူ မိန္း ကေလးေျပာသလုိ ဖခင္ျဖစ္သူက ေနာက္အိမ္ေထာင္ျပဳစဥ္မွာ သားျဖစ္ သူကို အေမြခြဲေဝေပးၿပီးေၾကာင္း အ ေထာက္အထားရွိရင္ေတာ့ ထပ္မံ ေတာင္းခြင့္မရွိေတာ့ဘူးေပါ့''

''တကယ္လုိ႔ ဖခင္ကြယ္လြန္ခ်ိန္ က အေမြခဲြေဝရယူခဲ့ျခင္းမရွိဘဲ မိေထြးျဖစ္သူ ကြယ္လြန္မွ အေမြ ေတာင္းခြင့္ရွိပါသလား''

''ဒါကေတာ့ ေတာင္းခြင့္ရွိပါ တယ္။ ဖခင္ထံမွ အေမြလုံးဝမရေသး ဖုိ႔ပဲ လုိပါတယ္''

''မိဘေတြက အိမ္နဲ႔ေျမကို မွတ္ပုံတင္စာခ်ဳပ္ျပဳလုပ္ေပးထားတဲ့ ကိစၥဆုိရင္ ဘယ္လုိျဖစ္ႏုိင္ပါသလဲ''

''ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒ မွာ အေမြပုံပစၥည္းအားလံုးကို သား သမီးတစ္ဦးတည္းထံေပးပုိင္ခြင့္မရွိ ဘူး။ ဥပေဒအရ ပ်က္ျပယ္တယ္။ မိဘမ်ား ကြယ္လြန္ခ်ိန္မွာ ခြဲေဝဖုိ႔ ပစၥည္းက်န္ရွိရမွာျဖစ္ပါတယ္''

''တရားစြဲပယ္ဖ်က္ရမယ့္ သေဘာေပါ့''

''မွန္ပါတယ္။ ဖခင္ထံက အေမြ လုံးဝမရေသးေၾကာင္း အေထာက္အ ထား ခုိင္လုံမယ္။ မိဘမ်ား ကြယ္ လြန္သည့္အခါ ေပးကမ္းစာခ်ဳပ္ ခ်ဳပ္ ဆုိထားသည့္ ပစၥည္းတစ္ခုတည္းသာ က်န္ခဲ့မယ္ဆုိရင္ အဲဒီေျမနဲ႔ အိမ္ဟာ အေမြဆုိင္အိမ္အျဖစ္ ရပ္တည္ေနမွာ ပဲ ျဖစ္တယ္''

''ကန႔္ကြက္စာထဲမွာ အခ်က္ တစ္ခ်က္ပါေသးတယ္ ဆရာ။ အခု ေရာင္းမယ္ဆုိတဲ့ အမ်ဳိးသမီးက သူ႔ ဖခင္နဲ႔ ေမြးဖြားတဲ့ သမီးမဟုတ္ဘူး။ ပထမအိမ္ေထာင္ကပါလာတဲ့ သမီးလုိ႔ လည္း ေဖာ္ျပထားတယ္''

''ေၾသာ္-ဒါဆုိရင္ အိမ္ေထာင္ ႀကီးခ်င္း လက္ထပ္တဲ့သေဘာေပါ့''

''ဟုတ္ပါတယ္ ဆရာ''

''ဒါဆုိရင္ ပုိၿပီးရွင္းလင္းလုိ႔ လြယ္ပါတယ္'

''ရွင္းျပပါဦး ဆရာ၊ ဥပေဒအရ ဘယ္လုိရွိပါသလဲ''

''ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒ မွာေတာ့ လင္ပါမယားပါ သားသမီး မ်ားနဲ႔ ပတ္သက္လုိ႔ ပထမအိမ္ေထာင္ မွပါရင္း ပစၥည္းအေနနဲ႔ တစ္ဦးမွ်မပါ ရွိဘဲ ဒုတိယအိမ္ေထာင္လက္ထက္မွ ျဖစ္ထြန္းတဲ့ ပစၥည္းမ်ားျဖစ္လွ်င္ လင္ ပါသားသမီးႏွင့္ မယားပါ သားသမီး တုိ႔ အေမြပုံ ထက္ဝက္စီရတယ္လုိ႔ ေမာင္ဖုိးစန္ႏွင့္ ေမာင္ဖုိးသက္ ရန္ ကုန္တရားစီရင္ထုံး အတြဲ ၃ စာမ်က္ ႏွာ-၄၃၈ မွာ အတိအလင္းျပ႒ာန္း ထားပါတယ္''

''ဒါဆုိရင္ ဒီကိစၥမွာ တစ္ ေယာက္တစ္ဝက္စီယူရင္ျဖစ္ၿပီေပါ့''

''မွန္ပါတယ္။ ဒါေပမယ့္ မွတ္ပံု တင္ အေပးစာခ်ဳပ္ရွိေနေတာ့ တရား စြဲဆုိ ပယ္ဖ်က္ရမယ့္ သေဘာျဖစ္လုိ႔ စရန္ေငြျပန္ေပးရင္ ျပန္ယူလုိက္တာ ေကာင္းလိမ့္မယ္''ဟု အႀကံျပဳေဆြး ေႏြးလုိက္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service