လိုအပ်တဲ့ပစ္စည်းနည်းနည်းနဲ့ နေတတ်တဲ့ Minimalist အဖြစ် နေထိုင်တဲ့အခါ ရလာမယ့်အကျိုးများ

လိုအပ်တဲ့ပစ္စည်းနည်းနည်းနဲ့ နေတတ်တဲ့ Minimalist အဖြစ် နေထိုင်တဲ့အခါ ရလာမယ့်အကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
29 Sep 2020 2:51 pm တွင် တင်ခဲ့သည်
1126 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဒီနေ့ခေတ်လိုမျိုး ဈေးနှုန်းသင့်တင့်တဲ့ အရည်အသွေးကောင်းပစ္စည်းတွေ နေ့စဉ်နဲ့အမျှ အသစ်အဆန်းတွေ ထွက်နေတဲ့အချိန်မှာ ဘယ်လိုပစ္စည်းတွေကို ဘယ်လိုအကြောင်းပြချက်ခိုင်ခိုင်နဲ့ ဝယ်ယူမယ်ဆိုတာ ထားရှိဖို့လိုပါတယ်။ လိုချင်စိတ်တစ်ခုတည်းနဲ့ ဆုံးဖြတ်ပြီး ပစ္စည်းကို ဝယ်ယူတာထက် တကယ်ရော အသုံးဝင်မှု ရှိမလားနဲ့ သုံးဖြစ်မှာ သေချာလား တွေးပြီးမှသာ ဝယ်ယူသင့်ပါတယ်။ ပစ္စည်းတွေ အများကြီး ဝယ်ပြီး မသုံးဖြစ်တာမျိုးထက်စာရင် လိုအပ်တဲ့ ပစ္စည်းနည်းနည်းနဲ့ နေတတ်တဲ့ minimalist တွေကတော့ အခုလိုမျိုး တွေးပြီး အကျိုးရှိအောင် နေနေတတ်ကြပါတယ်။

(၁) ငွေကြေးအကုန်အကျ သက်သာတယ်

ပစ္စည်းတစ်ခုဆိုတာ ပုံမှန်အသုံးပြုဖြစ်မှ သူ့ရဲ့ အသုံးဝင်တန်ဖိုးဆိုတာ ရှိလာတာပါ။ အသုံးဝင်မှ သုံးဖြစ်မှလည်း ကိုယ့်ဘက်က ငွေကုန်ရကျိုးနပ်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံလောက် အသုံးပြုရမယ့် ပစ္စည်းတွေကို မဝယ်ဘဲ နေလိုက်တဲ့အခါမှာ ငွေကုန်ကြေးကျ သက်သာသွားစေပါတယ်။ ဒါကြောင့် တကယ်လိုအပ်တဲ့နေရာတွေမှာ ပိုပြီး အသုံးတည့်သွားစေနိုင်ပါတယ်။

(၂) နေရာပေးစရာမလိုတော့ဘူး

ပစ္စည်းတစ်ခု ဝယ်ယူပြီဆိုတာနဲ့ အဲ့ဒီပစ္စည်းရဲ့ အရွယ်အစားအလိုက် ကိုယ့်အိမ်ရဲ့ ရှိနေတဲ့နေရာထဲကနေ နေရာတစ်ခုကို ပေးရမှာပဲဖြစ်ပါတယ်။ ပုံမှန်အသုံးမပြုဖြစ်တဲ့ ပစ္စည်းတွေ ဝယ်မယ်ဆိုရင် မလိုအပ်ဘဲ ကိုယ့်အိမ်ရဲ့ နေရာတစ်နေရာစာ ပေးထားရမှာဖြစ်ပါတယ်။ ပစ္စည်းတွေနဲ့ ရှုပ်ပွနေတဲ့အိမ်ဟာ စိတ်ရှုပ်စရာကောင်းတာ အမှန်ပါပဲ။ လိုအပ်သလောက်နဲ့ ပစ္စည်းနည်းနည်းပဲ ထားရှိပြီး နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ နေထိုင်တဲ့ Minimalist တွေကတော့ စိတ်ကြည်လင်မှုတွေကိုပါ ရနေကြပါတယ်။

(၃) ပြုပြင်ထိန်းသိမ်းဖို့ အချိန်ပေးရတာ နည်းသွားမယ်

အိမ်မှာ ပစ္စည်းတွေ ရှိနေပြီဆိုရင်တော့ အနိမ့်ဆုံးအနေနဲ့ကတော့ အဲ့ဒီပစ္စည်းတွေကို ဖုန်သုတ်တာ လုပ်ပေးရမှာပါနော်။ အသုံးမပြုတဲ့ ပစ္စည်းတွေကို ဖုန်သုတ်ရတာများလေလေ ကိုယ့်အချိန်ကို တန်ဖိုးမဲ့သုံးရသလို ဖြစ်လေလေပါပဲ။ လိုအပ်သလောက် ပစ္စည်းနည်းနည်းနဲ့ နေထိုင်ခြင်းက ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းရချိန် နည်းသွားစေမှာ ဖြစ်တဲ့အတွက် အနားယူချိန်နဲ့ တခြား ကိုယ်လုပ်စရာရှိတာတွေအတွက် အချိန်တွေ ပိုထွက်လာစေပါတယ်။ ဒါကြောင့် Minimalist ဘဝက သိပ်ကို ကောင်းပါတယ်။

(၄) ကမ္ဘာကြီးအတွက် အမှိုက်နည်းသွားမယ်

ပစ္စည်းတစ်ခု ဝယ်ယူလိုက်ပြီဆိုတာနဲ့ သေချာတာက ကမ္ဘာကြီးအတွက် အမှိုက်တစ်ခု ဝန်ပိစေတာပဲ ဖြစ်ပါတယ်။ ပစ္စည်းကို ထုပ်ပိုးထားတဲ့ အိတ်တွေ၊ စက္ကူခွံတွေက ကမ္ဘာကြီးအတွက် အမှိုက်တွေ ဖြစ်ပါတယ်။ လိုအပ်သလောက်ပဲ ပစ္စည်းဝယ်ယူခြင်းက ကမ္ဘာကြီးအတွက် အမှိုက်တစ်ခု ပိုနည်းသွားစေပါတယ်နော်။ Minimalist တွေကတော့ ဒီလိုမျိုးအချက်ကြောင့် ပစ္စည်းအမှိုက်တွေ မပိုစေတော့ပါဘူး။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Aunty May

 

[Zawgyi]











 




Credit: Aunty May

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service